< 1 Rois 4 >

1 Le roi Salomon régna donc sur tout Israël.
ရှော​လ​မုန်​မင်း​သည်​ဣသ​ရေ​လ​နိုင်​ငံ​တစ် ဝှမ်း​လုံး​ကို အုပ်​စိုး​လျက်​နေ​တော်​မူ​၏။-
2 Et voici quels furent ses fonctionnaires: Azaryahou, fils de Çadok, le pontife:
သူ​၏​မှူး​တော်​မတ်​တော်​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​၏​သား​အာ​ဇ​ရိ၊
3 Elihoref et Ahiyya, fils de Chicha, secrétaires; Josaphat, fils d’Ahiloud, archiviste;
နန်း​တော်​အ​တွင်း​ဝန်​များ၊ ရှိ​ရှ​၏​သား​များ​ဖြစ် ကြ​သော​ဧ​လိ​ဟော​ရပ်​နှင့်​အ​ဟိ​ယ​မှတ်​တမ်း တာ​ဝန်​ခံ၊ အ​ဟိ​လုပ်​၏​သား​ယေ​ဟော​ရှ​ဖတ်၊
4 Benaïahou, fils de Joïada, chef de l’armée; Çadok et Ebiathar, prêtres;
တပ်​မ​တော်​ဗိုလ်​ချုပ်၊ ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ၊
5 Azaryahou, fils de Nathan, surintendant; Zaboud, fils de Nathan; prêtre, conseiller intime du roi;
နယ်​ဘု​ရင်​ခံ​ချုပ်၊ နာ​သန်​၏​သား​အာ​ဇ​ရိ၊ ဘု​ရင့် အ​တိုင်​ပင်​ခံ​အ​မတ်၊ နာ​သန်​၏​သား​ယဇ်​ပု​ရော ဟိတ်​ဇာ​ဗုဒ်၊
6 Ahichar, préposé au palais, et Adoniram, fils d’Abda, à l’impôt.
နန်း​တော်​အုပ်၊ အ​ဟိ​ရှာ၊ ချွေး​တပ်​ဝန်၊ အာ​ဗ​ဒ ၏​သား​အ​ဒေါ​နိ​ရံ၊
7 Douze intendants représentaient Salomon en Israël, chargés de l’entretien du roi et de sa maison; chacun d’eux remplissait cette charge pendant un mois de l’année.
ရှော​လ​မုန်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် နယ်​ဘု​ရင် ခံ​တစ်​ဆယ့်​နှစ်​ယောက်​ခန့်​ထား​လေ​သည်။ ထို​သူ တို့​သည်​တစ်​ယောက်​လျှင်​တစ်​လ​စီ၊ မင်း​ကြီး နှင့်​နန်း​တော်​အ​တွက်​မိ​မိ​၏​နယ်​မှ​ရိက္ခာ​များ ကို​ပေး​ဆက်​ရ​ကြ​၏။-
8 Et voici leurs noms: Ben-Hour, exerçant sa fonction dans la montagne d’Ephraïm;
ထို​ဘု​ရင်​ခံ​များ​နှင့်​သူ​တို့​ပိုင်​သည့်​နယ်​များ မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ဗင်​ဟု​ရ၊ဧ​ဖ​ရိမ်​တောင်​ကုန်း
9 Ben-Déker, à Mâquaç, à Schaalbim, à Bêth-Chémech et à Elôn-bêth-Hanan;
ဗင်​ဒေ​ကာ၊မာ​ကတ်​မြို့၊ရှာ​လ​ဗိမ်​မြို့၊ဗက်​ရှေ​မက်​မြို့၊ ဧ​လုဒ်​မြို့​နှင့်​ဗက်​ဟ​နန်​မြို့၊
10 Ben-Héced, à Aroubbot, gouvernant Sokho et tout le canton de Hêfer;
၁၀ဗင်​ဟေ​သက်၊အ​ရု​ဗုတ်​မြို့၊စော​ခေါ​မြို့​နှင့်​ဟေ​ဖာ နယ်​မြေ​တစ်​ခု​လုံး၊
11 Ben-Abinadab, ayant toute la région de Dor (il avait épousé Tafat, fille de Salomon);
၁၁ရှော​လ​မုန်​၏​သ​မီး​တော်​တာ​ဖတ်​နှင့်​စုံ​ဖက်​သည့် ဗင်​အ​ဘိ​န​ဒပ်၊ဒေါ​ရ​နယ်​မြေ​တစ်​ခု​လုံး၊
12 Baana, fils d’Ahiloud, à Taanakh, à Meghiddo, et dans tout Bêth-Cheân, qui est près de Çarethân, au-dessous de Jezreël, depuis Bêth-Cheân jusqu’à la plaine de Mehola et jusqu’au delà de Yokmeâm;
၁၂အ​ဟိ​လုပ်​၏​သား​ဗာ​န၊တာ​နက်​မြို့၊မေ​ဂိဒ္ဒေါ​မြို့​နှင့် တ​ကွ အာ​ဗေ​လ​မ​ဟော​လ​မြို့​များ​နှင့်​ယုတ်​နန် မြို့​တိုင်​အောင်​ရှိ​သည့်​နယ်​မြေ​တစ်​ခု​လုံး။ ထို​နယ် မြေ​သည်​ဗက်​ရှန်​မြို့​နှင့်​ဇာ​တ​န​မြို့​များ​အ​နီး၊ ယေ​ဇ​ရေ​လ​မြို့​၏​တောင်​ဘက်​တွင်​ရှိ​သ​တည်း။
13 Ben-Ghéber, à Ramot-Galaad, avait les bourgs de Jaïr, fils de Manassé, qui sont situés en Galaad; il avait aussi le district d’Argob, dans le Basan, comprenant soixante grandes villes, avec murailles et verrous d’airain;
၁၃ဗင်​ဂေ​ဗာ မ​နာ​ရှေ​၏​သား၊ယာ​ဣ​ရ​၏​သား​ချင်း​စု ပိုင်​သည့်​မြို့​များ​ဖြစ်​သော​ဂိ​လဒ်​ပြည်​ရှိ​ရာ​မုတ်​မြို့ နှင့်​ရွာ​များ၊ဗာ​ရှန်​ပြည်၊အာ​ဂေါ​ဘ​ဒေ​သ၊မြို့​ရိုး​နှင့် ကြေး​ဝါ​တံ​ခါး​ကျင်​များ​ဆောက်​လုပ်​တပ်​ဆင် ထား​သည့်​မြို့​ကြီး​ပေါင်း​ခြောက်​ဆယ်၊
14 Ahinadab, fils d’Iddo, à Mahanaïm;
၁၄ဣ​ဒေါ​၏​သား​အ​ဟိ​န​ဒပ်၊မ​ဟာ​နိမ်​မြို့​နယ်၊
15 Ahimaaç, en Nephtali; il avait, lui aussi, épousé une fille de Salomon, Basmat;
၁၅ရှော​လ​မုန်​၏​သ​မီး​တော်​ဗာ​သ​မတ်​နှင့်​စုံ​ဖက် သည့် အ​ဟိ​မတ်၊န​ဿ​လိ​နယ်​မြေ
16 Baana, fils de Houchaï, en Aser et à Bealot;
၁၆ဟု​ရှဲ​၏​သား​ဗာ​နာ၊အာ​ရှာ​ဒေ​သ​နှင့်​အာ​လုပ်​မြို့
17 Josaphat, fils de Parouah, en Issachar;
၁၇ပါ​ရွာ​၏​သား​ယော​ရှ​ဖတ်၊ဣ​ဿ​ခါ​နယ်​မြေ
18 Séméi, fils d’Ela, en Benjamin;
၁၈ဧ​လာ​၏​သား​ရှိ​မိ၊ဗင်္ယာ​မိန်​နယ်​မြေ
19 Ghéber, fils d’Ouri, au pays de Galaad, territoire de Sihôn, roi des Amorréens, et d’Og, roi du Basan; il y avait un seul intendant pour cette contrée.
၁၉ဥ​ရိ​၏​သား​ဂေ​ဗ​အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန် နှင့်၊ဗာ​ရှန်​ဘု​ရင်​သြ​ဃ​အုပ်​စိုး​ခဲ့​သော​ဂိ​လဒ် နယ်​မြေ၊ ဤ​ဘု​ရင်​ခံ​တစ်​ဆယ်​နှစ်​ယောက် အ​ပြင် တစ်​ပြည်​လုံး​အုပ်​စိုး​ရ​သည့်​ဘု​ရင်​ခံ တစ်​ယောက်​ရှိ​သေး​သ​တည်း။
20 Juda et Israël étaient nombreux comme les grains de sable de l’Océan; on mangeait, on buvait et on était tout à la joie.
၂၀ယု​ဒ​နှင့်​ဣသ​ရေ​လ​ပြည်​သူ​ပြည်​သား​တို့​သည် သ​မုဒ္ဒ​ရာ​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား ကြ​၏။ သူ​တို့​သည်​ရွှင်​လန်း​စွာ​စား​သောက် နေ​ထိုင်​ကြ​၏။-
21 Salomon avait autorité sur tous les pays situés entre le Fleuve et le pays des Philistins, jusqu’à la frontière d’Egypte; ils lui apportaient des présents et lui restèrent soumis toute sa vie durant.
၂၁ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​ဖိ​လိတ္တိ​ပြည် နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် ရှိ​သ​မျှ သော​တိုင်း​နိုင်​ငံ​တို့​ကို​အ​စိုး​ရ​တော်​မူ​၏။ ထို​နိုင်​ငံ​တို့​သည်​မင်း​ကြီး​အား​အ​ခွန် ပဏ္ဏာ​ဆက်​သ​ကြ​၍ မင်း​ကြီး​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​သူ​၏​လက်​အောက် ခံ​နိုင်​ငံ​များ​ဖြစ်​ကြ​၏။
22 L’Entretien de Salomon exigeait chaque jour: trente kôr de fleur de farine et soixante kôr de farine commune;
၂၂တစ်​နေ့​အ​တွက် ရှော​လ​မုန်​လို​အပ်​သည့်​ရိက္ခာ မှာ ဂျုံ​မှုန့်​အ​နု​တင်း​တစ်​ရာ့​ငါး​ဆယ်​နှင့်​ဂျုံ မှုန့်​အ​ကြမ်း​တင်း​သုံး​ရာ။-
23 dix bœufs engraissés, vingt de libre pâture et cent pièces de menu bétail, sans compter les cerfs, chevreuils, daims et volailles grasses.
၂၃ဆတ်၊ သ​မင်၊ ဒ​ရယ်​နှင့်​ကြက်​များ​အ​ပြင်​ခြံ လှောင်​မွေး​သည့်​နွား​ဆယ်​ကောင်၊ စား​ကျက် နွား​အ​ကောင်​နှစ်​ဆယ်​နှင့်​သိုး​အ​ကောင် တစ်​ရာ​ဖြစ်​၏။
24 Car il commandait à tout le pays en deçà du Fleuve et à tous les rois de cette région, depuis Tifsah jusqu’à Gaza, et était en paix avec tous ses voisins d’alentour.
၂၄ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​ပေါ်​ရှိ​တိ​ဖ​သ မြို့​မှ အ​နောက်​ဘက်​ဂါ​ဇ​မြို့​တိုင်​အောင်​ဥ​ဖ​ရတ် မြစ်​အ​နောက်​ဘက်​ခြမ်း​နယ်​မြေ​အ​ပေါင်း​ကို အ​စိုး​ရ​တော်​မူ​၏။ ဥ​ဖ​ရတ်​မြစ်​၏​အ​နောက် ဘက်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည်​သူ​၏​လက် အောက်​ခံ​များ​ဖြစ်​ကြ​၏။ သူ​သည်​လည်း​မိ​မိ အိမ်​နီး​ချင်း​တိုင်း​ပြည်​ရှိ​သ​မျှ​နှင့်​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​တော်​မူ​၏။-
25 Juda et Israël, pendant toute la vie de Salomon, demeurèrent en sécurité, chacun sous sa vigne et sous son figuier, depuis Dan jusqu’à Bersabée.
၂၅သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ယု​ဒ ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တစ်​ဝန်း​လုံး​ရှိ​လူ တို့​သည် မိ​မိ​တို့​အိမ်​ထောင်​စု​အ​သီး​သီး​ပိုင် စ​ပျစ်​ခြံ၊ သင်္ဘော​သ​ဖန်း​ခြံ​တွင်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ကြ​လေ​သည်။
26 Salomon avait quarante mille attelages de chevaux pour ses chars et douze mille chevaux de selle.
၂၆ရှော​လ​မုန်​မင်း​တွင်​ရ​ထား​မြင်း​များ​အ​တွက် မြင်း​ဇောင်း​လေး​သောင်း​နှင့်​တိုက်​မြင်း​များ အ​တွက်​မြင်း​ဇောင်း​တစ်​သောင်း​နှစ်​ထောင် ရှိ​လေ​သည်။-
27 Les intendants en question, chacun dans son mois, pourvoyaient le roi Salomon et tous ceux qui étaient admis à sa table, sans les laisser manquer de rien.
၂၇တစ်​လ​လျှင်​တစ်​ယောက်​ကျ​ရိက္ခာ​ပေး​ဆက် ရန် တာ​ဝန်​ပေး​ခြင်း​ခံ​ရ​သည့်​ဘု​ရင်​ခံ​တစ် ဆယ့်​နှစ်​ယောက်​တို့​သည် ရှော​လ​မုန်​မင်း​ကိုယ် တိုင်​စား​သုံး​ရန်​အ​တွက်​နှင့် နန်း​တွင်း​သား အ​ပေါင်း​တို့​အ​တွက်​လို​အပ်​သော​ရိက္ခာ​များ ကို​ပေး​ဆက်​ရ​ကြ​၏။ သူ​တို့​သည်​နန်း​တော် တွင်​လို​အပ်​သော​အ​ရာ​မှန်​သ​မျှ​ကို​အ​စဉ် အ​မြဲ​ပေး​ဆက်​ရ​ကြ​လေ​သည်။-
28 L’Orge et la paille destinées aux chevaux et autres montures, ils les amenaient, chacun selon sa consigne, à l’endroit où se trouvait le roi.
၂၈ဘု​ရင်​ခံ​တိုင်း​သည်​မိ​မိ​တို့​၏​ဝေ​ပုံ​ကျ မု​ယော​စ​ပါး​နှင့်​ကောက်​ရိုး​ကို​လည်း​စစ် ရ​ထား​မြင်း​များ၊ လား​များ​အ​တွက်​လို အပ်​သည့်​နေ​ရာ​အ​ရပ်​သို့​အ​ရောက်​ပေး ဆက်​ကြ​၏။
29 Or, Dieu avait donné à Salomon un très haut degré de sagesse et d’intelligence, et une compréhension aussi vaste que le sable qui est au bord de la mer.
၂၉ဘု​ရား​သ​ခင်​သည်​ရှော​လ​မုန်​အား ထူး​ကဲ သော​ဉာဏ်​ပ​ညာ​နှင့်​ထိုး​ထွင်း​ဉာဏ်​ကို​လည်း ကောင်း၊ အ​တိုင်း​မ​သိ​သော​အ​သိ​တ​ရား ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။-
30 La sagesse de Salomon était plus grande que celle de tous les Orientaux, plus grande que toute la sagesse des Egyptiens.
၃၀ရှော​လ​မုန်​သည်​အ​ရှေ့​တိုင်း​သား​ပညာ​ရှင် များ​နှင့် အီ​ဂျစ်​ပြည်​သား​ပ​ညာ​ရှင်​များ ထက်​ပင်​ပို​၍​ပ​ညာ​ရှိ​လေ​သည်။-
31 Plus savant que tout homme, plus qu’Ethan l’Ezrahite, que Hêman, Kalkol et Darda, les fils de Mahol, sa renommée s’étendit chez tous les peuples voisins.
၃၁သူ​သည်​ဧ​ဇ​ရ​ဟိတ်​အမျိုး​သား​ဧ​သန်​ထက် လည်း​ကောင်း၊ မ​ဟော​လ​၏​သား​များ​ဖြစ် သော​ဟေ​မန်၊ ခါ​လ​ကော​လ​နှင့်​ဒါ​ရ​ဒ​တို့ ထက်​လည်း​ကောင်း​ပ​ညာ​ရှိ​၏။ သူ​သည်​လူ အ​ပေါင်း​တို့​တွင်​ပ​ညာ​အ​ရှိ​ဆုံး​ဖြစ် သ​တည်း။ ပတ်​ဝန်း​ကျင်​တိုင်း​နိုင်​ငံ​အ​ပေါင်း သို့​သူ​၏​ပ​ညာ​သ​တင်း​ပျံ့​နှံ့​၍​သွား ၏။-
32 Il composa trois mille paraboles, mille cinq poésies;
၃၂သူ​စီ​ကုံး​ပြု​စု​သည့်​စ​ကား​ပုံ​သုံး​ထောင် နှင့်​သီ​ချင်း​တစ်​ထောင်​ကျော်​ရှိ​၏။-
33 discourut sur les végétaux, depuis le cèdre du Liban jusqu’à l’hysope qui rampe sur la muraille; discourut sur les quadrupèdes, les oiseaux, les reptiles et les poissons.
၃၃သူ​သည်​လေ​ဗ​နုန်​သစ်​က​တိုး​ပင်​မှ​သည် အုတ် ရိုး​ကပ်​ဟု​ဿုတ်​ပင်​အ​ထိ​သစ်​ပင်​ကြီး​ငယ် များ​အ​ကြောင်း​ကို​ဆွေး​နွေး​တင်​ပြ​ခဲ့​၏။ တိ​ရစ္ဆာန်​များ၊ ငှက်​များ၊ တွား​တတ်​သော​သတ္တ​ဝါ များ​နှင့်​ငါး​များ​၏​အ​ကြောင်း​ကို​လည်း ဖော်​ပြ​ခဲ့​ပေ​သည်။-
34 On venait de chez tous les peuples pour se rendre compte de la sagesse de Salomon, de la part de tous les rois de la terre qui avaient entendu parler de sa sagesse.
၃၄ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​မင်း​တို့​သည်​ရှော​လ​မုန်​၏ ပ​ညာ​သ​တင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ စေ​တ​မန်​များ​ကို​လွှတ်​၍​သူ​၏​သြ​ဝါ​ဒ များ​ကို​ကြား​နာ​စေ​ကြ​၏။

< 1 Rois 4 >