< 1 Rois 15 >

1 C’Est dans la dix-huitième année du règne de Jéroboam, fils de Nebat, qu’Abiam devint roi de Juda.
2 Il régna trois ans à Jérusalem. Sa mère se nommait Maakha, fille d’Abichalom.
နေဗတ် ၏သား ယေရောဗောင် မင်းကြီး နန်းစံတဆယ် ရှစ် နှစ် တွင် ၊ အဘိယ သည် ယေရုရှလင် မြို့၌ မင်းပြု ၍၊ ယုဒ ပြည်ကို သုံး နှစ် စိုးစံ ၏။ မယ်တော် ကား၊ အဘရှလုံ ၏ သမီး မာခါ အမည် ရှိ၏။
3 Il se rendit coupable de tous les péchés que son père avait commis avant lui, et son cœur n’appartint pas sans partage à l’Eternel, son Dieu, comme le cœur de son aïeul David.
ခမည်းတော် ပြုသောဒုစရိုက် ကို ပြု မြဲပြု၍ ၊ ဘေး တော်ဒါဝိဒ် ကဲ့သို့ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စိတ် နှလုံးစုံလင် သည်မ ဟုတ်။
4 Car, c’est en faveur de David que l’Eternel, son Dieu, lui avait accordé un domaine en Jérusalem, voulant conserver son descendant après lui et assurer la durée de Jérusalem;
သို့သော်လည်း ဒါဝိဒ် ၏မျက်နှာကိုထောက်၍ ၊ သူ ၏ဘုရားသခင် ထာဝရဘုရား သည် ဆွေ တော်မျိုးတော် ကို ချီးမြှောက် ၍၊ ယေရုရှလင် မြို့ကို တည် စေသဖြင့် ၊ ထိုမြို့ ၌ ဒါဝိဒ်၏မီးခွက် ကို ထွန်းလင်းစေတော်မူ၏။
5 parce que David avait fait ce qui est droit aux yeux de l’Eternel et n’avait contrevenu, toute sa vie, à aucune de ses prescriptions, à part l’affaire d’Urie, le Héthéen.
အကြောင်း မူကား၊ ဒါဝိဒ် သည် ဟိတ္တိ အမျိုး ဥရိယ အမှု ကိုထားလျှင်၊ တသက်လုံး ထာဝရဘုရားမှာ ထား တော်မူသော အမှု တစုံတခုကိုမျှ မ ရှောင် ၊ ရှေ့ တော်၌ တရား သဖြင့် ကျင့် သောအကြောင်းတည်း။
6 Il y eut guerre entre Roboam et Jéroboam tout le temps de sa vie.
ရောဗောင် သား အဘိယနှင့် ယေရောဗောင် တို့သည် အသက် ရှည်သမျှ ကာလပတ်လုံး ရန်ဘက် ပြု ကြ၏။
7 Pour le surplus des faits et gestes d’Abiam, ils sont mentionnés dans le livre des annales des rois de Juda, ainsi que la guerre entre Abiam et Jéroboam.
အဘိယ ပြုမူ သော အမှုအရာ ကြွင်း သမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
8 Abiam reposa avec ses pères, et fut enseveli dans la Cité de David. Asa, son fils, lui succéda.
အဘိယ သည်ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာသ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
9 C’Est dans la vingtième année du règne de Jéroboam sur Israël qu’Asa devint roi de Juda.
ဣသရေလ ရှင်ဘုရင် ယေရောဗောင် နန်းစံနှစ် ဆယ်တွင် ၊ အာသ သည် ယေရုရှလင် မြို့၌ လေး ဆယ်တ နှစ် မင်းပြု ၍ ယုဒ ပြည်ကို စိုးစံ လေ၏။
10 Il régna quarante et un ans à Jérusalem. Le nom de sa mère était Maakha, fille d’Abichalom.
၁၀အဘွားတော်ကား၊ အဘရှလုံ ၏သမီး မာခါ ဖြစ်၏။
11 Asa fit ce qui est agréable au Seigneur, à l’exemple de son aïeul David.
၁၁အာသ သည် အဘိ တော်ဒါဝိဒ် ပြုသကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ တရား သဖြင့်ပြု ၏။
12 Il fit disparaître du pays ceux qui se prostituaient, et il en éloigna toutes les impures idoles faites par ses pères.
၁၂ယောက်ျားအလိုသို့ လိုက်တတ်သောမိန်းမလျှာ တို့ကို၎င်း ၊ ဘိုး တော်ဘေးတော်လုပ် သော ရုပ်တု ရှိသမျှ တို့ကို၎င်း၊ ပြည် တော်ထဲက ပယ်ရှား တော်မူ၏။
13 Il destitua même de la régence sa mère Maakha, qui avait consacré une image à Achéra; par l’ordre d’Asa, cette image fut abattue et brûlée dans la vallée de Cédron.
၁၃အဘွားတော်မာခါ သည် အာရှရ ပင်အဘို့ ရုပ်တု ကိုလုပ် သောကြောင့် ၊ မိဖုရား အရာကိုနှုတ် ၍ ၊ ရုပ်တု ကို ဖျက်ဆီး ပြီးလျှင် ၊ ကေဒြုန် ချောင်း နား မှာ မီးရှို့ တော်မူ၏။
14 Toutefois, les hauts-lieux ne disparurent point; mais le cœur d’Asa resta fidèle à l’Eternel, son Dieu, toute sa vie.
၁၄မြင့် သောအရပ်တို့ကို မ ပယ်ရှား သော်လည်း ၊ လက်ထက်တော် ကာလ ပတ်လုံး၊ အာသ စိတ် နှလုံးသည် ထာဝရဘုရား ရှေ့ တော်၌ စုံလင် ခြင်းရှိ ၏။
15 Il fit porter dans la maison du Seigneur ce que son père et lui-même avaient consacré en fait d’argent, d’or et de vases précieux.
၁၅ခမည်းတော် လှူ သောဥစ္စာ၊ ကိုယ်တိုင်လှူ သော ဥစ္စာ၊ ရွှေ ၊ ငွေ ၊ တန်ဆာ များကို ဗိမာန် တော်ထဲသို့ သွင်း တော်မူ၏။
16 Il y eut guerre entre lui et Baasa, roi d’Israël, toute leur vie.
၁၆အာသ နှင့် ဣသရေလ ရှင်ဘုရင် ဗာရှာ တို့သည် အသက်ရှည်သမျှ ကာလ ပတ်လုံး ရန်ဘက် ပြု ကြ၏။
17 Baasa, roi d’Israël, étant venu attaquer Juda, fortifia Rama pour ne pas laisser l’entrée libre à Asa, roi de Juda.
၁၇ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ယုဒ ပြည်သို့ စစ်ချီ ၍ ၊ ယုဒ ရှင်ဘုရင် အာသ ထံ သို့အဘယ်သူမျှမ ထွက် မဝင်စေခြင်းငှါရာမ မြို့ကို တည် ၏။
18 Alors Asa prit tout l’argent et l’or qui restaient dans les trésors du temple, joints aux trésors de la maison du roi, les remit à ses serviteurs et les envoya à Ben-Hadad, fils de Tabrimmôn, fils de Hezyôn, roi de Syrie, résidant à Damas, avec ces paroles:
၁၈ထိုအခါ ကျန်ကြွင်း သော ဗိမာန် တော်ဘဏ္ဍာ နှင့် နန်း တော်ဘဏ္ဍာ တည်းဟူသောရွှေ ငွေ ရှိသမျှ ကို အာသ သည်ယူ ၍ မိမိ ကျွန် တို့၌ အပ် သဖြင့် ၊ ဒမာသက် မြို့မှာ နေ သောရှုရိ ရှင်ဘုရင် ရေဇုန် သား တာဗရိမုန် ၏သား ဗင်္ဟာဒဒ် ထံ သို့ပေး လိုက်၍၊
19 "Toi et moi soyons alliés, comme mon père fut allié du tien. Je t’envoie un cadeau d’argent et d’or, afin que tu rompes ton alliance avec Baasa, roi d’Israël, et qu’il se retire de chez moi."
၁၉ငါ သည်သင် နှင့် ၎င်း၊ ငါ့ ခမည်းတော် သည် သင့် ခမည်းတော် နှင့်၎င်း၊ မိဿဟာယ ဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေ ငွေ ကို ငါလက်ဆောင် ပေး လိုက်၏။ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ငါ့ ထံမှ ထွက်သွား စေခြင်းငှါ ၊ သူနှင့် ဖွဲ့သော မိဿဟာယ ကို ဖျက် ၍လာ ပါဟု မှာ လိုက်လေ၏။
20 Ben-Hadad, accédant à la demande d’Asa, envoya ses généraux contre les villes d’Israël, et prit de vive force Iyyôn, Dan, Abel-Beth-Maakha, toute la région de Kinnerot avec tout le territoire de Nephtali.
၂၀အာသ မင်းကြီး ၏ စကားကို ဗင်္ဟာဒဒ် သည် နားထောင် ၍ ၊ ဣသရေလ မြို့ ရွာတို့ကို စစ်ချီစေခြင်းငှါမိမိ ဗိုလ် များကို စေလွှတ် သဖြင့် ၊ သူတို့သည် ဣယုန် မြို့၊ ဒန် မြို့၊ အာဗေလဗက်မာခါ မြို့မှစ၍ ဂင်္နေသရက် ပြည်လုံး ၊ နဿလိ ပြည် လုံး ကို လုပ်ကြံ ကြ၏။
21 Lorsque Baasa en fut informé, il renonça à fortifier Rama et s’établit à Tirça.
၂၁ထိုသိတင်းကို ဗာရှာ သည် ကြား သောအခါ ၊ ရာမ မြို့ကို လက်စ မသတ်ဘဲ တိရဇ မြို့၌ နေ ရ၏။
22 Le roi Asa convoqua alors tous les gens de Juda, sans dispenser personne; et ils enlevèrent les pierres et le bois employés par Baasa aux travaux de Rama; Asa s’en servit pour fortifier Ghéba-en-Benjamin et Miçpa.
၂၂ထိုအခါ အာသ မင်းကြီး သည် ယုဒ ပြည် တရှောက်လုံး တွင် အမိန့် တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတယောက် မျှ မလွတ် ၊ ရှိသမျှတို့သည် ရာမ မြို့၌ ဗာရှာ မင်းသွင်းသော ကျောက် နှင့် သစ်သား ကိုယူသွား ကြ၍ ၊ အာသ မင်းကြီး သည် ဗင်္ယာမိန် ခရိုင်၌ ဂေဘ မြို့နှင့် မိဇပါ မြို့ကို တည် ၏။
23 Pour le surplus de l’histoire d’Asa, ses exploits et ses travaux, et les villes qu’il a bâties, tous ces faits sont consignés dans le livre des annales des rois de Juda; il est à noter seulement que, dans sa vieillesse, il eut les pieds malades.
၂၃အာသ မင်းပြုမူ သော အမှုအရာ ကြွင်း သမျှ နှင့် တန်ခိုး ကြီးခြင်း၊ မြို့ များကိုတည် ခြင်းအရာတို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။ သို့ရာတွင် အသက် ကြီးသောအခါခြေ တော်၌ အနာ ရောဂါစွဲသဖြင့်၊
24 Asa s’endormit avec ses pères et fut inhumé auprès d’eux dans la Cité de David, son aïeul. Josaphat, son fils, régna à sa place.
၂၄ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ အဘိ တော်ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်ယောရှဖတ် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
25 Nadab, fils de Jéroboam, devint roi d’Israël la seconde année du règne d’Asa, roi de Juda, et régna deux ans sur Israël.
၂၅ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် နှစ် တွင် ၊ ယေရောဗောင် သား နာဒဒ် သည် ဣသရေလ နိုင်ငံ၌ မင်းပြု ၍ နှစ် နှစ်စိုးစံ ၏။
26 Il fit ce qui déplaît à l’Eternel, imitant la conduite de son père et les péchés qu’il avait fait commettre à Israël.
၂၆ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ခမည်းတော် လိုက် သောလမ်း ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော လမ်းသို့ လိုက်လေ၏။
27 Baasa, fils d’Ahiyya, de la maison d’Issachar, conspira contre lui et le fit périr à Ghibetôn, ville des Philistins, tandis que Nadab et tout Israël assiégeaient cette ville.
၂၇ဣသခါ အမျိုး ၊ အဟိယ သား ဗာရှာ သည် သင်းဖွဲ့ ၍ ၊ နာဒဒ် မင်းနှင့် ဣသရေလ အမျိုးသားအပေါင်း တို့သည် ဖိလိတ္တိ ပြည် ဂိဗေသုန် မြို့ကို ဝိုင်းထား ကြစဉ်၊
28 C’Est la troisième année du règne d’Asa, roi de Juda, que Baasa tua Nadab, à qui il succéda.
၂၈ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး နှစ် တွင် ၊ ဗာရှာ သည် နာဒဒ်မင်းကို လုပ်ကြံ ၍ နန်း ထိုင်လေ၏။
29 Devenu roi, il extermina toute la famille de Jéroboam, n’en épargnant pas une âme, jusqu’à ce qu’il l’eût anéantie, ainsi que le Seigneur l’avait annoncé par l’organe de son serviteur Ahiyya, de Silo,
၂၉နန်း ထိုင်သောအခါ ယေရောဗောင် အမျိုး ရှိသမျှ ကိုလည်း လုပ်ကြံ ၏။ ထာဝရဘုရား သည် မိမိ ကျွန် ၊ ရှိလော မြို့သားအဟိယ အားဖြင့် မိန့် တော်မူသည် အတိုင်း ၊ ယေရောဗောင် အမျိုးကို မဖျက် မှီတိုင်အောင် ၊ အသက်ရှူ သောသူတယောက် ကိုမျှ မ ချန် မထား။
30 à cause des péchés que Jéroboam avait commis et fait commettre à Israël, provoquant ainsi la colère du Seigneur, Dieu d’Israël.
၃၀အကြောင်း မူကား၊ ယေရောဗောင် သည် ကိုယ်တိုင်ပြစ်မှား သော အပြစ် နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော အပြစ်အားဖြင့်၊ ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်သောအကြောင်းတည်း။
31 Quant au reste de l’histoire et des actes de Nadab, ils sont consignés dans le livre des annales des rois d’Israël.
၃၁နာဒဒ် မင်းပြုမူ သော အမှုအရာ ကြွင်း သမျှ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
32 Il y eut guerre entre Asa et Baasa, toute leur vie.
၃၂အာသ နှင့် ဣသရေလ ရှင်ဘုရင် ဗာရှာ တို့သည် အသက်ရှည်သမျှ ကာလ ပတ်လုံး ရန်ဘက် ပြု ကြ၏။
33 C’Est dans la troisième année d’Asa, roi de Juda, que Baasa, fils d’Ahiyya, devint roi de tout Israël; il résida à Tirça et régna vingt-quatre ans.
၃၃ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး နှစ် တွင် ၊ အဟိယ သား ဗာရှာ သည် တိရဇ မြို့မှာ မင်းပြု၍၊ ဣသရေလ နိုင်ငံကို နှစ် ဆယ်လေး နှစ် စိုးစံ ၏။
34 Il fit ce qui déplaît au Seigneur, imitant la conduite de Jéroboam et les péchés qu’il avait fait commettre à Israël.
၃၄ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ယေရောဗောင် လိုက်သောလမ်း ၊ ဣသရေလ အမျိုးကိုပြစ်မှား စေသော လမ်းသို့ လိုက် လေ၏။

< 1 Rois 15 >