< Proverbes 12 >
1 Qui aime l’instruction aime la connaissance, et qui hait la répréhension est stupide.
၁နည်း ဥပဒေကို ခံ ချင်သောသူသည် ပညာ အတတ်ကို နှစ်သက် ၏။ ဆုံးမ ခြင်းကိုမုန်း သော သူမူကား ၊ တိရစ္ဆာန် သဘောရှိ၏။
2 L’homme de bien obtient la faveur de par l’Éternel, mais l’homme qui fait des machinations, il le condamne.
၂သူတော် ကောင်းသည် ထာဝရဘုရား ရှေ့တော်၌ မျက်နှာ ရ တတ်၏။ မ ကောင်းသောအကြံကို ကြံစည်သော သူမူကား ၊ အပြစ် စီရင်တော်မူခြင်းကို ခံရ၏။
3 L’homme n’est point affermi par la méchanceté, mais la racine des justes n’est pas ébranlée.
၃လူ သည်ဒုစရိုက် အားဖြင့် မြဲမြံ ခြင်းသို့ မ ရောက်ရာ။ ဖြောင့်မတ် သောသူ၏အမြစ် မူကား မ ရွေ့ ရာ။
4 Une femme vertueuse est la couronne de son mari, mais celle qui fait honte est comme de la pourriture dans ses os.
၄သီလ ရှိသော မိန်းမ သည် မိမိ လင် ၌ ဦးရစ် သရဖူ ဖြစ်၏။ အရှက် ခွဲတတ်သော မိန်းမမူကား ၊ လင် ၏အရိုး တို့၌ ဆွေးမြေ့ ခြင်းကဲ့သို့ ဖြစ်၏။
5 Les pensées des justes sont jugement, les desseins des méchants sont fraude.
၅ဖြောင့်မတ် သောသူ ၏အကြံ သည် ဖြောင့် ၏။ မ တရားသောသူ ပေးသော အကြံ မူကား မုသာ ဖြစ်၏။
6 Les paroles des méchants sont des embûches pour [verser] le sang, mais la bouche des hommes droits les délivrera.
၆မ တရားသောသူ ၏စကား သည် သူ့အသက် ကို သတ်ခြင်းငှါစောင်းမြောင်း တတ်၏။ ဖြောင့်မတ် သောသူ ၏နှုတ် မူကား ၊ သူတပါး တို့ကို ကယ်နှုတ် တတ်၏။
7 Renversez les méchants, et ils ne sont plus; mais la maison des justes demeure.
၇မ တရားသောသူ ၏အိမ်သည် ပြိုလဲ ပျောက်ပျက် ခြင်း၊ ဖြောင့်မတ် သောသူ၏ အိမ် မူကား ၊ အမြဲ တည် ခြင်းရှိတတ်၏။
8 Un homme est loué d’après sa prudence, mais le cœur perverti est en butte au mépris.
၈လူ သည်ဉာဏ် ပညာရှိသည်အတိုင်း ချီးမွမ်း ခြင်း ကိုခံရ၏။ သဘော ကောက် သော သူမူကား ၊ မထီမဲ့မြင် ပြုခြင်းကို ခံရ ၏။
9 Mieux vaut celui qui est d’humble condition, et qui a un serviteur, que celui qui fait l’important et qui manque de pain.
၉စားစရာ မ ရှိဘဲ ဝါကြွား သောသူထက် ၊ အသရေ မရှိ၊ ကိုယ် အလုပ် ကိုလုပ်ရသောသူသည် သာ၍ကောင်း ၏။
10 Le juste regarde à la vie de sa bête, mais les entrailles des méchants sont cruelles.
၁၀ဖြောင့်မတ် သောသူသည် မိမိ တိရစ္ဆာန် အသက် ကို နှမြော တတ်၏။ မ တရားသောသူမူကား ၊ ကရုဏာ အရာ၌ပင် ကြမ်းကြုတ် တတ်၏။
11 Celui qui laboure sa terre sera rassasié de pain, mais celui qui court après les fainéants est dépourvu de sens.
၁၁မိမိ လယ်ယာ ကို လုပ် သောသူသည် ဝ စွာစားရ ၏။ အချည်းနှီး သောအမှုကို စောင့် သောသူမူကား ၊ ဉာဏ် ချို့တဲ့ ၏။
12 Le méchant désire la proie des mauvaises gens, mais la racine des justes est productive.
၁၂မ တရားသောသူသည် လူဆိုး သုံးတတ်သော ကျော့ကွင်း ကို အလို ရှိ၏။ ဖြောင့်မတ် သောသူ ၏အမြစ် မူကား ၊ အသီး ကိုသီးတတ်၏။
13 Il y a un mauvais piège dans la transgression des lèvres, mais le juste sort de la détresse.
၁၃စကား လွန်ကျူး ရာတွင် ဆိုး သောကျော့ကွင်း ရှိ၏။ ဖြောင့်မတ် သောသူမူကား ၊ အမှု ထဲက ထမြောက် တတ်၏။
14 Du fruit de sa bouche un homme est rassasié de biens, et on rendra à l’homme l’œuvre de ses mains.
၁၄လူ သည်မိမိနှုတ်ခမ်း အသီး ကို ဝ စွာစားရ၏။ မိမိ လက် လုပ် ရာ အကျိုးအပြစ်ကိုလည်းခံရ ၏။
15 La voie du fou est droite à ses yeux, mais celui qui écoute le conseil est sage.
၁၅မိုက် သောသူသည် မိမိ ပြု သောအမှုကို မှန် သည် ဟု ထင် တတ်၏။ အကြံ ပေးသောစကားကို နားထောင် သော သူမူကား ပညာ ရှိ၏။
16 L’irritation du fou se connaît le jour même, mais l’homme avisé couvre sa honte.
၁၆မိုက် သောသူ၏ အမျက် ဒေါသသည် ချက်ခြင်း ထင်ရှား တတ်၏။ ပညာ သတိရှိသောသူမူကား ၊ ရှက် စရာ အမှုကို ဖုံး တတ်၏။
17 Celui qui dit la vérité annonce la justice, mais le faux témoin, la fraude.
၁၇မှန် သောစကားကို ပြော သောသူသည် ဖြောင့်မတ် ခြင်းတရား၊ မ မှန်သောသက်သေ ကို ခံသောသူမူကား ၊ မုသာ တရားကို ပြသ တတ်၏။
18 Il y a tel homme qui dit légèrement ce qui perce comme une épée, mais la langue des sages est santé.
၁၈သန်လျက် နှင့်ထိုး သကဲ့သို့ စကား ပြောတတ် သော လူတချို့ရှိ ၏။ ပညာရှိ တို့၏ လျှာ မူကား အနာ ကို ပင် ပျောက်စေတတ်၏။
19 La lèvre véridique est ferme pour toujours, mais la langue fausse n’est que pour un instant.
၁၉သစ္စာ နှုတ်ခမ်း သည် အစဉ် အမြဲတည် ၏။ မုသာ လျှာ မူကား ခဏသာတည် ၏။
20 La fraude est dans le cœur de ceux qui machinent le mal, mais il y a de la joie pour ceux qui conseillent la paix.
၂၀မ ကောင်းသောအကြံကို ကြံ သောသူတို့၏ စိတ် ထဲမှာ လှည့်စား တတ်သောသဘောရှိ၏။ ရန် ပြေစေ ခြင်းငှါ အကြံ ပေးသောသူတို့၌ကား ၊ ဝမ်းမြောက် စရာ အကြောင်းရှိ၏။
21 Aucun malheur n’arrive au juste, mais les méchants seront comblés de maux.
၂၁တရား သောသူ၌ အမင်္ဂလာ မ ရောက် ရာ။ မ တရားသော သူမူကား ၊ အမင်္ဂလာ နှင့်ပြည့်ဝ ရလိမ့်မည်။
22 Les lèvres menteuses sont en abomination à l’Éternel, mais ceux qui pratiquent la fidélité lui sont agréables.
၂၂မုသာ သုံးသောနှုတ်ခမ်း သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာ တရားကို စောင့်ရှောက် သောသူတို့မူကား ၊ နှစ်သက် တော်မူဘွယ် ဖြစ်ကြ ၏။
23 L’homme avisé couvre la connaissance, mais le cœur des sots proclame la folie.
၂၃ပညာ သတိရှိသောသူ သည် မိမိသိ သောအရာ ကိုပင်ထိမ်ဝှက် တတ်၏။ မိုက် သောသူမူကား ၊ မိမိစိတ် အလိုအလျောက်မိုက် သောသဘောကို ထင်ရှား ပြတတ် ၏။
24 La main des diligents dominera, mais la [main] paresseuse sera tributaire.
၂၄လုံ့လဝိရိယ ပြုသောသူသည် အစိုး ရတတ်၏။ ပျင်းရိ သောသူမူကား ၊ အခွန် ပေး ရ၏။
25 L’inquiétude dans le cœur d’un homme l’abat, mais une bonne parole le réjouit.
၂၅ဝမ်းနည်း ခြင်းအကြောင်းသည် ညှိုးငယ် စေ တတ်၏။ ကောင်း သောစကား မူကား ၊ ရွှင်လန်း စေတတ် ၏။
26 Le juste montre le chemin à son compagnon, mais la voie des méchants les fourvoie.
၂၆ဖြောင့်မတ် သောသူသည် အိမ်နီးချင်း ကို လမ်း ပြတတ်၏။ မ တရားသောသူလိုက်သော လမ်း မူကား ၊ သူ့ ကိုပင် လှည့်စား တတ်၏။
27 Le paresseux ne rôtit pas sa chasse; mais les biens précieux de l’homme sont au diligent.
၂၇ပျင်းရိ သောသူသည် မုဆိုး လုပ်သော်လည်း ၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လ ဝိရိယပြုသောသူ ၏ ဥစ္စာ မူကား၊ အဘိုး ထိုက်ပေ၏။
28 La vie est dans le sentier de la justice, et il n’y a pas de mort dans le chemin qu’elle trace.
၂၈ဖြောင့်မတ် ခြင်းတရားလမ်း ၌ သေ ဘေးမ ရှိ၊ အသက် ချမ်းသာလမ်း ဖြစ်၏။