< Nombres 8 >
1 Et l’Éternel parla à Moïse, disant:
၁ထာဝရဘုရားကလည်း၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ၊
2 Parle à Aaron et dis-lui: Quand tu allumeras les lampes, les sept lampes éclaireront sur le devant, vis-à-vis du chandelier.
၂မီးခွက်များကို ထွန်းသောအခါ၊ မီးခွက်ခုနစ်လုံး တို့သည် မီးခုံတဘက်တချက်၌ ထွန်းလင်းရမည်ဟု၊
3 Et Aaron fit ainsi; il alluma les lampes [pour éclairer] sur le devant, vis-à-vis du chandelier, comme l’Éternel l’avait commandé à Moïse.
၃မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန်ပြု၍ မီးခုံတဘက်တချက်၌ မီးခွက်များကို ထွန်းလေ၏။
4 Et le chandelier était fait ainsi: il était d’or battu; depuis son pied jusqu’à ses fleurs, il était [d’or] battu. Selon la forme que l’Éternel avait montrée à Moïse, ainsi il avait fait le chandelier.
၄မီးခုံမူကား၊ ထာဝရဘုရားသည် မောရှေအား ပြတော်မူသော ပုံနှင့်အညီ မီးခုံတိုင်မှစ၍ ကြာပွင့်တိုင် အောင် ရွှေဖြင့် တစပ်တည်းထုလုပ်သော မီးခုံဖြစ်သ တည်း။
5 Et l’Éternel parla à Moïse, disant:
၅ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား
6 Prends les Lévites du milieu des fils d’Israël, et purifie-les.
၆လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ အထဲက ရွေးကောက်၍ စင်ကြယ်စေလော့။
7 Et tu leur feras ainsi pour les purifier: tu feras aspersion sur eux de l’eau de purification du péché; et ils feront passer le rasoir sur toute leur chair, et ils laveront leurs vêtements, et se purifieront.
၇စင်ကြယ်စေခြင်းငှါ ပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်း မင်္ဂလာရေကို သူတို့အပေါ်မှာဖြန်း၍၊ သူတို့ သည် တကိုယ်လုံးကို အမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်း ကို ပြုသဖြင့် စင်ကြယ်စေရမည်။
8 Et ils prendront un jeune taureau, et son offrande de gâteau de fleur de farine pétrie à l’huile; et tu prendras un second jeune taureau, pour sacrifice pour le péché.
၈ဆီရောသော မုန့်ညက်တည်းဟူသော ဘောဇဉ် ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးတကောင်၊ အပြစ်ဖြေရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင် ကို ယူပြီးလျှင်၊
9 Et tu feras approcher les Lévites devant la tente d’assignation, et tu réuniras toute l’assemblée des fils d’Israël;
၉လေဝိသားတို့ကို ပရိသတ်စည်းဝေးရာ တဲတော် ရှေ့သို့ခေါ်ခဲ့၍၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်း တို့ကို စည်းဝေးစေပြီးမှ၊
10 et tu feras approcher les Lévites devant l’Éternel, et les fils d’Israël poseront leurs mains sur les Lévites;
၁၀လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့၍၊ သူတို့ခေါင်းပေါ်မှာ ဣသရေလအမျိုးသား တို့သည် လက်ကိုတင်သဖြင့်၊
11 et Aaron offrira les Lévites en offrande tournoyée devant l’Éternel, de la part des fils d’Israël, et ils seront employés au service de l’Éternel.
၁၁သူတို့သည် ထာဝရဘုရား၏ အမှုတော်ကို ထမ်း စေခြင်းငှါ၊ ဣသရေလအမျိုးသားတို့ပြုသော ပူဇော် သက္ကာတည်းဟူသော လေဝိသားတို့ကို အာရုန်သည် ထာဝရဘုရားအား ဆက်ရမည်။
12 Et les Lévites poseront leurs mains sur la tête des taureaux; et tu offriras l’un en sacrifice pour le péché, et l’autre en holocauste à l’Éternel, afin de faire propitiation pour les Lévites.
၁၂လေဝိသားတို့သည်လည်း၊ နွားခေါင်းပေါ်မှာ မိမိ တို့လက်ကို တင်၍၊ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလို သောငှါ၊ ထာဝရဘုရားရှေ့မှာ နွားတကောင်ကို အပြစ် ဖြေရာယဇ်၊ တကောင်ကို မီးရှို့ရာ ယဇ်ပြု၍ ပူဇော်ရကြ မည်။
13 Et tu feras tenir les Lévites devant Aaron et devant ses fils, et tu les offriras en offrande tournoyée à l’Éternel.
၁၃လေဝိသားတို့ကို၊ အာရုန်နှင့်သူ၏ သားတို့ရှေ့မှာ ထား၍ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည်။
14 Et tu sépareras les Lévites du milieu des fils d’Israël, et les Lévites seront à moi.
၁၄ထိုသို့ လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် တခြားစီခွဲထား၍၊ သူတို့သည် အထူးသဖြင့် ငါ့လူဖြစ်ရ ကြလိမ့်မည်။
15 – Après cela les Lévites viendront pour faire le service de la tente d’assignation, et tu les purifieras, et tu les offriras en offrande tournoyée;
၁၅ထိုနောက်မှ လေဝိသားတို့သည်၊ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ရကြ လိမ့်မည်။ သူတို့ကို စင်ကြယ်စေ၍ ပူဇော်သက္ကာ၊ ပြုရ သော အကြောင်းဟူမူကား၊
16 car ils me sont entièrement donnés du milieu des fils d’Israël: je les ai pris pour moi à la place de tous ceux qui ouvrent la matrice, de tous les premiers-nés d’entre les fils d’Israël.
၁၆ဣသရေလ အမျိုးထဲက သူတို့ကို ရွေးကောက်၍၊ ငါ့အား အပိုင်ပေးရမည်။ ဣသရေလအမျိုးတွင် အဦး ဘွားမြင်သော သားဦးများအတွက် သူတို့ကို ငါသိမ်း ယူ၏။
17 Car tout premier-né parmi les fils d’Israël est à moi, tant les hommes que les bêtes; je me les suis sanctifiés le jour où je frappai tout premier-né dans le pays d’Égypte.
၁၇အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ကိုယ်အဘို့ သန့်ရှင်းစေသောကြောင့်၊ သားဦးအပေါင်းတို့ကို အထူး သဖြင့် ငါပိုင်ရမည်။
18 Et j’ai pris les Lévites à la place de tous les premiers-nés parmi les fils d’Israël.
၁၈တဖန် ဣသရေလအမျိုးသားဦး အပေါင်းတို့ အတွက်၊ လေဝိသားတို့ကို ငါယူ၏။
19 Et j’ai donné les Lévites en don à Aaron et à ses fils, du milieu des fils d’Israël, pour s’employer au service des fils d’Israël à la tente d’assignation, et pour faire propitiation pour les fils d’Israël, afin qu’il n’y ait pas de plaie au milieu des fils d’Israël quand les fils d’Israël s’approcheraient du lieu saint.
၁၉သူတို့သည်လည်း ပရိသတ်စည်းဝေးရာ တဲတော် ၌၊ ဣသရေလအမျိုးသားဆောင်ရွက်ရသော အမှုကို ဆောင်ရွက်စေခြင်းငှါ၎င်း၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းရာ ဌာနတော်သို့ ချဉ်းကပ်သောအခါ၊ ဘေးဒဏ်နှင့် လွတ်မည်အကြောင်း၊ အပြစ်ဖြေခြင်းကို ပြုစေခြင်းငှာ၎င်း၊ ဣသရေလအမျိုးထဲက လေဝိ သားတို့ကို အာရုန်နှင့် သူ၏သားတို့အား စွန့်ကြဲပေးကမ်း သည်ဟု၊
20 – Et Moïse et Aaron, et toute l’assemblée des fils d’Israël, firent à l’égard des Lévites tout ce que l’Éternel avait commandé à Moïse touchant les Lévites; les fils d’Israël firent ainsi à leur égard.
၂၀လေဝိသားအမှု၌၊ ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန် အစရှိသော ဣသလေရအမျိုးသား ပရိသတ် အပေါင်းတို့ သည် လေဝိသားတို့ကို ပြုကြလျှင်၊
21 Et les Lévites se purifièrent, et lavèrent leurs vêtements; et Aaron les offrit en offrande tournoyée devant l’Éternel; et Aaron fit propitiation pour eux, pour les purifier.
၂၁သူတို့သည် စင်ကြယ်ခြင်းသို့ရောက်၍ မိမိတို့ အဝတ်ကို လျှော်ကြ၏။ အာရုန်သည်လည်း၊ သူတို့ကို ထာဝရ ဘုရားအား ဆက်ကပ်၍ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့် စင်ကြယ်စေလေ၏။
22 Et après cela, les Lévites vinrent pour faire leur service à la tente d’assignation, devant Aaron et devant ses fils. Comme l’Éternel avait commandé à Moïse touchant les Lévites, ainsi on fit à leur égard.
၂၂ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့်သူ၏ သားတို့ရှေ့၌ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ကြ၏။ လေဝိသားတို့အမှု၌ ထာဝရဘုရားသည် မောရှောအားမှာထားတော်မူသည် အတိုင်း လူအပေါင်းတို့သည် ပြုကြ၏။
23 Et l’Éternel parla à Moïse, disant:
၂၃တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
24 C’est ici ce qui concerne les Lévites: Depuis l’âge de 25 ans et au-dessus, [le Lévite] entrera en service pour être employé à la tente d’assignation;
၂၄လေဝိသားတို့သည် အသက်နှစ်ဆယ်ငါးနှစ် လွန်မှ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက် ခြင်းငှါ ဝင်ရကြမည်။
25 et depuis l’âge de 50 ans, il se retirera du labeur du service, et ne servira plus;
၂၅အသက်ငါးဆယ်လွန်မှ အမှုလွတ်၍ နောက် တဖန် မဆောင်ရွက်ဘဲ ပရိသတ်စည်းဝေးရာ တဲတော်၌ မိမိညီအစ်ကိုတို့နှင်အတူ ကူညီ၍ အလှည့်လှည့်စောင့် ရကြမည်။ ထိုသို့ လေဝိသားများ စောင့်ရသောအမှုကို စီရင်ရမည်ဟု မိန့်တော်မူ၏။
26 et il s’emploiera avec ses frères à la tente d’assignation, pour garder ce qui doit être gardé, mais il ne fera pas de service. Tu feras ainsi à l’égard des Lévites touchant leurs charges.
၂၆