< Néhémie 3 >
1 Alors Éliashib, le grand sacrificateur, et ses frères, les sacrificateurs, se levèrent et bâtirent la porte des brebis; ils la sanctifièrent, et en posèrent les battants; et ils la sanctifièrent jusqu’à la tour de Méa, jusqu’à la tour de Hananeël.
၁မြို့ရိုးကိုပြန်လည်တည်ဆောက်ကြပုံကား ဤ သို့တည်း။ ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်နှင့်သူ၏ အဖော်ယဇ်ပုရောဟိတ်တို့သည် သိုးတံခါး ကိုပြန်လည်တည်ဆောက်၍ဆက်ကပ်ပြီး လျှင် တံခါးရွက်များကိုတပ်ဆင်ကြ၏။ သူတို့သည်မြို့ရိုးကိုရာပြည့်ပြအိုးနှင့် ဟာနနေလပြအိုးတိုင်အောင်ဆက်ကပ် ကြ၏။
2 Et à côté d’eux bâtirent les hommes de Jéricho; et à côté d’eux bâtit Zaccur, fils d’Imri.
၂ယေရိခေါမြို့သားတို့သည်မြို့ရိုးနောက် တစ်ပိုင်းကိုတည်ဆောက်ကြ၍၊ ဣမရိ၏သားဇက္ကုရသည် နောက်ထပ်တစ် ပိုင်းကိုတည်ဆောက်လေသည်။
3 Et les fils de Senaa bâtirent la porte des poissons; ils en firent la charpenterie, et en posèrent les battants, les verrous et les barres.
၃ဟဿေနာသားချင်းစုသည်ငါးတံခါးကို တည်ဆောက်ပြီးလျှင်တံခါးထုပ်များ၊ တံခါး ရွက်များ၊ တံခါးပိတ်ရန်မင်းတုပ်များနှင့် ကန့်လန့်ကျင်တို့ကိုတပ်ဆင်ကြ၏။
4 Et à côté d’eux répara Merémoth, fils d’Urie, fils d’Hakkots. Et à côté d’eux répara Meshullam, fils de Bérékia, fils de Meshézabeël. Et à côté d’eux répara Tsadok, fils de Baana.
၄မြို့ရိုးနောက်တစ်ပိုင်းကိုဟက္ကု၏မြေး၊ ဥရိယ၏သားမေရမုတ်တည်ဆောက်၍၊ နောက်ထပ်တစ်ပိုင်းကိုမေရှဇဗေလ၏မြေး၊ ဗေရခိ၏သားမေရှုလံတည်ဆောက်လေ သည်။ နောက်တစ်ပိုင်းကိုဗာနာ၏သားဇာဒုတ် တည်ဆောက်၏။
5 Et à côté d’eux réparèrent les Thekohites; mais les principaux d’entre eux ne plièrent pas leur cou au service de leur Seigneur.
၅နောက်ထပ်တစ်ပိုင်းကိုတေကောမြို့သားတို့ တည်ဆောက်ကြလေသည်။ သို့ရာတွင်မြို့၏ အကြီးအကဲများကမူ မိမိတို့အားကြီး ကြပ်သူတို့ပေးအပ်သည့်ကာယအလုပ် ကိုငြင်းဆန်ကြ၏။
6 Et Jehoïada, fils de Paséakh, et Meshullam, fils de Besodia, réparèrent la porte du vieux [mur]; ils en firent la charpenterie, et en posèrent les battants, et les verrous et les barres.
၆ပါသာ၏သားယောယဒနှင့်ဗေသောဒေယ ၏သားမေရှုလံတို့သည်ယေရှာနာတံခါး ကိုပြန်လည်တည်ဆောက်ကြပြီးလျှင်တံခါး ထုပ်များ၊ တံခါးရွက်များ၊ တံခါးပိတ်ရန်မင်း တုပ်များနှင့်ကန့်လန့်ကျင်တို့ကိုတပ်ဆင် ကြ၏။
7 Et à côté d’eux réparèrent Melatia, le Gabaonite, et Jadon, le Méronothite, les hommes de Gabaon et de Mitspa, vers le siège du gouverneur de l’autre côté du fleuve.
၇မြို့ရိုးနောက်တစ်ပိုင်းကိုဂိဗောင်မြို့သားမေ လတိ၊ မေရောနုတ်မြို့သားယာဒုန်နှင့်ဂိဗောင် မြို့သား၊ မိဇပါမြို့သားတို့ကဥဖရတ်မြစ် အနောက်ဘက်ပြည်နယ်ဘုရင်ခံ၏အိမ်တော် တိုင်အောင်တည်ဆောက်ကြ၏။
8 À côté d’eux répara Uziel, fils de Harhaïa, [l’un] des orfèvres; et à côté de lui répara Hanania, d’entre les parfumeurs; et ils laissèrent Jérusalem [en son état], jusqu’à la muraille large.
၈နောက်တစ်ပိုင်းကိုဟာဟာယ၏သား၊ ပန်း ထိမ်သမားသြဇေလတည်ဆောက်၍ နောက် တစ်ပိုင်းကိုမြို့ရိုးကျယ်တိုင်အောင်နံ့သာ ဆီထုတ်လုပ်သူဟာနနိတည်ဆောက်လေ သည်။
9 Et à côté d’eux répara Rephaïa, fils de Hur, chef de la moitié du district de Jérusalem.
၉ဟုရ၏သား၊ ယေရုရှလင်နယ်တစ်ပိုင်းကို အုပ်ချုပ်ရသူ ရေဖာယသည်မြို့ရိုးနောက် တစ်ပိုင်းကိုတည်ဆောက်၏။
10 Et à côté d’eux répara Jedaïa, fils de Harumaph, savoir vis-à-vis de sa maison. Et à côté de lui répara Hattush, fils de Hashabnia.
၁၀ဟာရုမပ်၏သားယေဒါယသည်မိမိနေ အိမ်အနီးရှိမြို့ရိုးတစ်ပိုင်းကိုတည်ဆောက်၍၊ ဟာရှဗာနိ၏သားဟတ္တုတ်သည်နောက်တစ် ပိုင်းကိုတည်ဆောက်လေသည်။
11 Malkija, fils de Harim, et Hashub, fils de Pakhath-Moab, réparèrent une seconde portion et la tour des fours.
၁၁ဟာရိမ်၏သားမာလခိယနှင့်ပါတတ်မောဘ ၏သားဟာရှုတ်တို့သည် မြို့ရိုးနောက်တစ်ပိုင်း နှင့်မုန့်ဖိုပြအိုးကိုတည်ဆောက်ကြ၏။
12 Et à côté d’eux réparèrent Shallum, fils d’Hallokhesh, chef de la moitié du district de Jérusalem, lui et ses filles.
၁၂ဟာလောဟတ်၏သား၊ ယေရုရှလင်နယ်ကျန် တစ်ဝက်ကိုအုပ်ချုပ်ရသူရှလ္လုံသည် နောက်တစ် ပိုင်းကိုတည်ဆောက်၏။ (တည်ဆောက်မှုတွင် သူ၏သမီးများကဝိုင်းဝန်းကူညီကြ လေသည်။)
13 Hanun et les habitants de Zanoakh réparèrent la porte de la vallée; ils la bâtirent et posèrent ses battants, ses verrous et ses barres, et [firent] 1 000 coudées de la muraille, jusqu’à la porte du fumier.
၁၃ဟာနုန်နှင့်ဇာနောမြို့သားတို့သည် ချိုင့် တံခါးကိုပြန်လည်တည်ဆောက်ပြီးလျှင် တံခါးရွက်များ၊ တံခါးပိတ်ရန်မင်းတုပ် များနှင့်ကန့်လန့်ကျင်များကိုတပ်ဆင်ကြ၏။ ထို့နောက်မြို့ရိုးပေတစ်ထောင့်ငါးရာကို အမှိုက်ပုံတံခါးတိုင်အောင်ပြင်ဆင်ကြ၏။
14 Et Malkija, fils de Récab, chef du district de Beth-Hakkérem, répara la porte du fumier; il la bâtit et posa ses battants, ses verrous et ses barres.
၁၄ရေခပ်၏သားဗေသက္ကရင်နယ်ကိုအုပ်ချုပ်ရ သူမာလခိယသည် အမှိုက်ပုံတံခါးကိုပြန် လည်တည်ဆောက်၍တံခါးရွက်များ၊ မင်းတုပ် များနှင့်ကန့်လန့်ကျင်များကိုတပ်ဆင်လေ သည်။
15 Et Shallun, fils de Col-Hozé, chef du district de Mitspa, répara la porte de la fontaine; il la bâtit et la couvrit, et posa ses battants, ses verrous et ses barres; [il fit] aussi la muraille de l’étang de Siloé, près du jardin du roi, et jusqu’aux degrés qui descendent de la ville de David.
၁၅ကောလဟောဇ၏သား၊ မိဇပါနယ်ကိုအုပ် ချုပ်ရသူရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြန်လည်တည်ဆောက်ကာအမိုးမိုး၍တံခါး ရွက်များ၊ မင်းတုပ်များနှင့်ကန့်လန့်ကျင် များကိုတပ်ဆင်၏။ သူသည်ဘုရင်ဥယျာဉ် အနီး၊ ရှိလောင်ရေကန်မြို့ရိုးကိုဒါဝိဒ်မြို့ တော်လှေကားတိုင်အောင်တည်ဆောက်လေ သည်။
16 Après lui Néhémie, fils d’Azbuk, chef de la moitié du district de Beth-Tsur, répara jusque vis-à-vis des sépulcres de David, et jusqu’à l’étang qui avait été fait, et jusqu’à la maison des hommes forts.
၁၆အာဇဗုတ်၏သားဗက်ဇုရနယ်တစ်ဝက် ကိုအုပ်ချုပ်ရသူနေဟမိသည် မြို့ရိုးနောက် တစ်ပိုင်းကိုဒါဝိဒ်သင်္ချိုင်း၊ ရေကန်နှင့်စစ် တန်းလျားများတိုင်အောင်ဆောက်လုပ်၏။
17 Et après lui réparèrent les Lévites: Rehum, fils de Bani. À côté de lui Hashabia, chef de la moitié du district de Kehila, répara pour son district.
၁၇အောက်ပါလေဝိအနွယ်ဝင်တို့သည် မြို့ရိုး တည်ဆောက်မှုတွင်ပါဝင်ကူညီကြလေ သည်။ ဗာနိ၏သားရေဟုံသည်မြို့ရိုးနောက်တစ် ပိုင်းကိုတည်ဆောက်၍၊ ကိလနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူဟာ ရှဘိသည် နောက်တစ်ပိုင်းကိုမိမိနယ်ကိုယ် စားတည်ဆောက်၏။
18 Après lui réparèrent leurs frères, Bavvaï, fils de Hénadad, chef de la moitié du district de Kehila.
၁၈နောက်တစ်ပိုင်းကိုဟေနဒဒ်၏သား၊ ကိလ နယ်အခြားတစ်ဝက်ကိုအုပ်ချုပ်ရသူ ဗာဝဲတည်ဆောက်၏။
19 Et, à côté de lui, Ézer, fils de Jéshua, chef de Mitspa, répara une seconde portion, vis-à-vis de la montée de l’arsenal de l’angle.
၁၉ယောရှ၏သား၊ မိဇပါမြို့ကိုအုပ်ချုပ်ရသူ ဧဇေရသည် လက်နက်တိုက်ရှေ့ရှိမြို့ရိုးကို မြို့ထောင့်တိုင်အောင်တည်ဆောက်လေသည်။
20 Après lui, Baruc, fils de Zabbaï, répara avec zèle une autre portion, depuis l’angle jusqu’à l’entrée de la maison d’Éliashib, le grand sacrificateur.
၂၀နောက်တစ်ပိုင်းကိုဇဗ္ဗဲ၏သားဗာရုတ်သည် ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏အိမ် တော်အဝင်ဝတိုင်အောင်တည်ဆောက်၏။
21 Après lui Merémoth, fils d’Urie, fils d’Hakkots, répara une autre portion, depuis l’entrée de la maison d’Éliashib jusqu’au bout de la maison d’Éliashib.
၂၁နောက်တစ်ပိုင်းကိုဟက္ကုတ်၏မြေး၊ ဥရိယ ၏သားမေရမုတ်သည် ဧလျာရှိပ်၏အိမ် တော်အစွန်ဆုံးတိုင်အောင်တည်ဆောက် သတည်း။
22 Et après lui réparèrent les sacrificateurs, hommes de la plaine [du Jourdain].
၂၂အောက်ပါယဇ်ပုရောဟိတ်တို့သည် မြို့ရိုးတည် ဆောက်မှုတွင်ပါဝင်ကူညီကြလေသည်။ ယေရုရှလင်မြို့အနီးတစ်ဝိုက်ရှိနယ်မြေမှ ယဇ်ပုရောဟိတ်များသည်မြို့ရိုးနောက်တစ် ပိုင်းကိုတည်ဆောက်ကြ၏။
23 Après eux, Benjamin et Hashub réparèrent vis-à-vis de leur maison. Après eux, Azaria, fils de Maascéïa, fils d’Anania, répara à côté de sa maison.
၂၃နောက်တစ်ပိုင်းကိုဗင်္ယာမိန်နှင့်ဟာရှုပ်တို့က မိမိတို့နေအိမ်များရှေ့တွင်တည်ဆောက် ကြ၍၊ အာနနိ၏မြေးမာသေယ၏သားအာဇရိ က မိမိအိမ်ရှေ့၌နောက်တစ်ပိုင်းကိုတည် ဆောက်လေသည်။
24 Après lui, Binnuï, fils de Hénadad, répara une seconde portion, depuis la maison d’Azaria jusqu’à l’angle et jusqu’au coin.
၂၄ဟေနဒဒ်၏သားဗိန္နိသည်နောက်တစ်ပိုင်း ကိုအာဇရိ၏နေအိမ်မှမြို့ထောင့်တိုင် အောင်တည်ဆောက်၏။
25 Palal, fils d’Uzaï, [répara] vis-à-vis de l’angle et de la haute tour saillante de la maison du roi, qui touche à la cour de la prison. Après lui [répara] Pedaïa, fils de Parhosh.
၂၅ဥဇဲ၏သားပါလလသည်မြို့ရိုးထောင့်နှင့် အစောင့်တပ်ဝင်းအနီးရှိ အထက်နန်းတော် အိုးမှအစပြု၍မြို့ရိုးနောက်တစ်ပိုင်း ကိုတည်ဆောက်၏။ ပါရုပ်၏သားပေဒါယသည်နောက်တစ်ပိုင်း ကို အရှေ့ဘက်ရှိရေတံခါးနှင့်ဗိမာန်တော် အစောင့်ပြအိုးအနီးသို့တိုင်အောင်တည် ဆောက်လေသည်။ (ဤနေရာသည်ဗိမာန်တော် အလုပ်သမားများနေထိုင်ရာ ယေရုရှလင် မြို့ရှိသြဖေလဟုနာမည်တွင်သော ရပ်ကွက်တွင်ရှိသတည်း။)
26 (Or les Nethiniens demeuraient en Ophel, jusque vis-à-vis de la porte des eaux au levant, et de la tour saillante.)
၂၆
27 Après lui, les Thekohites réparèrent une seconde portion, vis-à-vis de la grande tour saillante, et jusqu’au mur d’Ophel.
၂၇တေကောမြို့သားတို့သည်ဒုတိယအကြိမ် မြို့ရိုးနောက်တစ်ပိုင်းကို ဗိမာန်တော်အစောင့် မျှော်စင်ကြီးရှေ့မှနေ၍သြဖေလအရပ် မြို့ရိုးအထိတည်ဆောက်ကြ၏။
28 Les sacrificateurs réparèrent au-dessus de la porte des chevaux, chacun vis-à-vis de sa maison.
၂၈နောက်တစ်ပိုင်းကိုယဇ်ပုရောဟိတ်တစ်စုက မြင်းတံခါးမှသည်မြောက်ဘက်သို့ မိမိတို့ နေအိမ်အသီးသီးရှေ့တွင်တည်ဆောက်ကြ လေသည်။
29 Après eux, Tsadok, fils d’Immer, répara vis-à-vis de sa maison. Et après lui répara Shemahia, fils de Shecania, gardien de la porte du levant.
၂၉ဣမေရ၏သားဇာဒုတ်သည် မိမိ၏အိမ်ရှေ့၌ နောက်တစ်ပိုင်းကိုတည်ဆောက်၏။ ထိုနောက်ရှေကနိ၏သား၊ အရှေ့တံခါးမှူး ရှေမာယသည် မြို့ရိုးတစ်ပိုင်းကိုဆက်လက် တည်ဆောက်၏။
30 Après lui, Hanania, fils de Shélémia, et Hanun, sixième fils de Tsalaph, réparèrent une seconde portion. Après eux, Meshullam, fils de Bérékia, répara vis-à-vis de sa demeure.
၃၀ရှေလမိ၏သားဟာနနိနှင့်ဇာလပ်၏ဆဋ္ဌ မသားဟာနုန်တို့သည် ဒုတိယအကြိမ်မြို့ ရိုးနောက်တစ်ပိုင်းကိုတည်ဆောက်ကြ၏။ နောက်တစ်ပိုင်းကိုဗေရခိ၏သားမေရှုလံ သည် မိမိ၏အိမ်ရှေ့တွင်တည်ဆောက်လေသည်။
31 Après lui, Malkija, d’entre les orfèvres, répara jusqu’à la maison des Nethiniens et des commerçants, vis-à-vis de la porte de Miphkad, et jusqu’à la montée du coin.
၃၁ပန်းထိမ်သမားမာလခိသည်နောက်တစ်ပိုင်း ကိုဗိမာန်တော်မိဖကဒ်တံခါးနှင့် မြို့ရိုး၏ အရှေ့မြောက်ထောင့်ထိပ်တွင်ရှိသောအခန်း အနီး၊ ဗိမာန်တော်အလုပ်သမားများနှင့် ကုန်သည်တို့အသုံးပြုရာအဆောက်အအုံ တိုင်အောင်တည်ဆောက်၏။
32 Et entre la montée du coin et la porte des brebis réparèrent les orfèvres et les commerçants.
၃၂နောက်ဆုံးအပိုင်းကိုပန်းထိမ်သမားများ နှင့်ကုန်သည်များကထိုမြို့ရိုးထောင့်ခန်း မှသိုးတံခါးတိုင်အောင်တည်ဆောက်ကြ သတည်း။