< Job 24 >
1 Pourquoi des temps ne sont-ils pas réservés par-devers le Tout-puissant, et ceux qui le connaissent ne voient-ils pas ses jours?
၁အနန္တ တန်ခိုးရှင်သည် အဘယ်ကြောင့် ကာလ အချိန်တို့ကို သိုထား တော်မ မူသနည်း။ နားလည် သောသူတို့ သည် တရားစီရင်တော်မူရာ နေ့ ရက်ကိုအဘယ်ကြောင့်မ မြင် ရသနည်း။
2 Ils reculent les bornes, ils pillent le troupeau et le paissent;
၂အချို့သောသူတို့သည် မြေ မှတ်တိုင်တို့ကို ရွှေ့ တတ်ကြ၏။ သူတပါး၏ သိုး ဆိတ်တို့ကို လုယူ ၍ ကိုယ်အဘို့ ထိန်းကျောင်း ကြ၏။
3 Ils emmènent l’âne des orphelins et prennent en gage le bœuf de la veuve;
၃မိဘ မရှိသောသူငယ်၏မြည်း ကို မောင်း သွား၍၊ မုတ်ဆိုးမ ၏နွား ကိုအပေါင် ယူကြ၏။
4 Ils détournent du chemin les pauvres; les malheureux de la terre se cachent ensemble:
၄ငတ်မွတ် သောသူတို့ ကို လမ်းလွဲ စေကြ၏။ ဆင်းရဲ သောပြည် သားတို့သည် စုဝေး ၍ ပုန်းရှောင် လျက် နေရကြ၏။
5 Voici, ânes sauvages dans le désert, ils sortent pour leur besogne dès le matin, pour chercher leur proie; le désert leur [fournit] le pain pour leurs enfants;
၅သူတို့သည်အလုပ် လုပ်ခြင်းငှါတော ၌ ရိုင်းသော မြည်း ကဲ့သို့ထွက် ရကြ၏။ စားစရာ ကို ရှာ ခြင်းငှါနံနက်စောစောသွား၍၊ ကိုယ် အဘို့ နှင့် သားသမီး တို့အဘို့ ကို တော ၌တွေ့ ရကြ၏။
6 Ils moissonnent le fourrage dans les champs, ils grappillent la vigne du méchant;
၆လယ်ပြင် ၌ ကား၊ ညှဉ်းဆဲ သောသူ၏ စပါး ကိုရိတ် ၍ ၊ သူ၏စပျစ်သီး ကို သိမ်း ရကြ၏။
7 Ils passent la nuit tout nus, sans vêtement, et n’ont pas de couverture par le froid;
၇ချမ်း သောကာလ၌ ကိုယ်ကိုဖုံးလွှမ်း စရာ အဝတ်မ ရှိ။ အချည်းစည်း အိပ် ရကြ၏။
8 Ils sont trempés par les averses des montagnes, et, sans refuge, ils se serrent contre le rocher…
၈တည်းခို စရာတဲမရှိ သောကြောင့်၊ တောင် ပေါ်၌ မိုဃ်းရေ စိုစွတ် လျက် ကျောက် ကြားမှာ ခို ရကြ၏။
9 Ils arrachent de la mamelle l’orphelin, et [de la main] des pauvres ils prennent des gages:
၉အဘ မရှိသောသူငယ်သည် အမိနို့ နှင့် ကွာ ရ၏။ ဆင်းရဲ သားသည် မိမိဥစ္စာကို ပေါင် ထားရ၏။
10 Ceux-ci vont nus, sans vêtement, et, affamés, ils portent la gerbe;
၁၀အဝတ် မရှိအချည်းစည်း လှည့်လည် ၍ မွတ်သိပ် လျက်၊ သူတပါး ကောက်လှိုင်း ကို ထမ်း ရ၏။
11 Entre leurs murailles ils font de l’huile, ils foulent le pressoir, et ont soif.
၁၁သူတပါး အိမ် မှာ ဆီ ကိုကြိတ်လျက်၊ စပျစ်သီး ကို နင်းနယ် လျက် အငတ် ခံရ၏။
12 Des villes sortent les soupirs des mourants, et l’âme des blessés à mort crie, et Dieu n’impute pas l’indignité [qui se commet].
၁၂လူ တို့သည်မြို့ ထဲ မှာ ညည်းတွား ကြ၏။ နာ သောသူတို့သည် အော်ဟစ် ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရား သခင်သည် ပမာဏ ပြုတော်မ မူ။
13 D’autres sont ennemis de la lumière, ils ne connaissent pas ses voies et ne demeurent pas dans ses sentiers.
၁၃အချို့သောသူတို့သည် အလင်း ကို ဆန့်ကျင် ဘက်ပြု၍ အလင်း သဘော ကိုမ သိ။ လင်းသောလမ်း သို့ မ လိုက် တတ်ကြ။
14 Le meurtrier se lève avec la lumière, il tue le malheureux et le pauvre, et la nuit il est comme le voleur.
၁၄လူသတ် သည် စောစော ထ ၍ ဆင်းရဲ ငတ်မွတ် သောသူတို့ ကိုသတ် တတ်၏။ ညဉ့် အခါ သူခိုး လုပ် တတ် ၏။
15 L’œil aussi de l’adultère guette le crépuscule, en disant: Aucun œil ne m’apercevra; et il met un voile sur son visage.
၁၅သူ့မယားကို ခိုး သောသူသည် ညဦးယံ အချိန်ကို မြော်လင့် ၍၊ မိမိမျက်နှာ ကိုဖုံး လျက် အဘယ်သူမျှမ မြင် ရ ဟု ဆို တတ်၏။
16 Dans les ténèbres ils percent les maisons, de jour ils s’enferment; ils ne connaissent pas la lumière;
၁၆လူဆိုးတို့သည် ညဉ့် အချိန်၌ သူတပါး၏အိမ် ကို ဖောက်ထွင်း တတ်ကြ၏။ နေ့ အချိန်၌ ပုန်း လျက်နေ၍ အလင်း ကိုရှောင်တတ်ကြ၏။
17 Car le matin est pour eux tous l’ombre de la mort, car ils connaissent les terreurs de l’ombre de la mort.
၁၇နံနက်ယံ ကို သေမင်း အရိပ်ကဲ့သို့ထင်မှတ်၍၊ သေမင်း အရိပ်ကြောက်မက် ဘွယ်သောဘေးတို့ကို သိ ရကြ၏။
18 Ils sont rapides sur la face des eaux, leur part est maudite sur la terre; ils ne se tournent pas vers les vignes.
၁၈ရေ ပေါ် မှာပေါ့ပါး ကြ၏။ မြေ ပေါ် မှာ ကျိန်ဆဲ သောအဘို့ ကို ခံရ၍၊ စပျစ် ဥယျာဉ်အနီးသို့ မ ချဉ်း ရကြ။
19 La sécheresse et la chaleur emportent l’eau de neige; ainsi le shéol fait-il de ceux qui ont péché. (Sheol )
၁၉မိုဃ်း ရေသည် ခန်းခြောက် ခြင်းအားဖြင့်၎င်း၊ နေပူ အရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက် တတ်သကဲ့သို့၊ မတရား သောသူသည် သေမင်း နိုင်ငံ၌ ကွယ်ပျောက်တတ် ၏။ (Sheol )
20 Le sein maternel les oublie; les vers se repaissent d’eux; on ne se souvient plus d’eux: l’iniquité sera brisée comme du bois!
၂၀သူ၏အမိ သည် သူ့ ကိုမေ့လျော့ ၍၊ တီကောင် တို့သည် မြိန် စွာ စားလိမ့်မည်။ နောက် တဖန် အဘယ်သူမျှမ အောက်မေ့ ရ။ မတရား သောသူသည်သစ်ပင် ကဲ့သို့ ကျိုး ရလိမ့်မည်။
21 Ils dépouillent la femme stérile qui n’enfante pas, et ils ne font pas de bien à la veuve.
၂၁မတရားသောသူသည် သားမ ဘွား သောမိန်းမကို ညှဉ်းဆဲတတ်၏။ မုတ်ဆိုးမ ကိုလည်း ကျေးဇူး မ ပြုတတ်။
22 Et par leur force ils traînent les puissants; ils se lèvent et on n’est plus sûr de sa vie.
၂၂အားကြီး သောသူကိုပင် မိမိ တန်ခိုး ကြောင့် ပယ်ရှင်း တတ်၏။ ထ သောအခါလူတိုင်းကိုယ် အသက် အဘို့ စိုးရိမ်တတ်၏။
23 [Dieu] leur donne la sécurité, et ils s’appuient sur elle; mais il a ses yeux sur leurs voies.
၂၃သို့ရာတွင်ရဲရင့် စွာ ခိုလှုံ ရာအခွင့်ကို သူ့ အား ပေး ၍၊ ထိုသို့သောသူ တို့ ၏ အမှု များကို ပမာဏပြုတော်မူ ၏။
24 Ils sont élevés: dans peu, ils ne sont plus; ils défaillent, et sont recueillis comme tous; ils sont coupés comme la tête d’un épi.
၂၄ခဏ ချီးမြှောက် ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချ ခြင်းသို့ရောက်သဖြင့် ၊ အခြားသော သူကဲ့သို့ အသက်ချုပ် ခြင်းကို၎င်း ၊ စပါးနှံ အဖျား ကဲ့သို့ ရိတ်ဖြတ် ခြင်းကို၎င်းခံရကြ၏။
25 Et si cela n’est pas, qui me fera menteur et réduira mon discours à néant?
၂၅သို့မ ဟုတ်လျှင် ၊ ငါ ၏မုသာ အပြစ်ကို အဘယ်သူ ပြမည်နည်း။ ငါ ၏စကား ကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။