< Isaïe 39 >

1 En ce temps-là, Merodac-Baladan, fils de Baladan, roi de Babylone, envoya une lettre et un présent à Ézéchias; or il avait appris qu’il avait été malade, et qu’il était rétabli.
ထို ကာလ အခါ ဗာလဒန် သား ၊ ဗာဗုလုန် မင်းကြီး မေရောဒပ္ဗါလဒန် သည် ဟေဇကိမင်း နာ ၍ ၊ အနာ ပျောက်သည်ကို ကြား သောကြောင့် ၊ မေတ္တာစာ နှင့် လက်ဆောင် ပါလျက်၊ တမန်တို့ကို စေလွှတ် လေ၏။
2 Et Ézéchias se réjouit [de leur venue], et leur montra la maison [où étaient renfermés] ses objets précieux, l’argent et l’or, et les aromates et l’huile fine, et tout son arsenal, et tout ce qui se trouvait dans ses trésors; il n’y eut rien qu’Ézéchias ne leur montrât dans sa maison et dans tous ses domaines.
ဟေဇကိ မင်းသည် သူ တို့ရောက်သောကြောင့်ဝမ်းမြောက် ၍ ၊ ရွှေတိုက် မှစသောရွှေ ၊ ငွေ ၊ နံ့သာ မျိုး၊ အဘိုးထိုက် သော နံ့သာ ဆီ၊ လက်နက် တိုက် နှင့် ဘဏ္ဍာ တော်အလုံးစုံ တို့ကို ပြ လေ၏။ နန်းတော် မှစ၍ နိုင်ငံ တော်အရပ်ရပ် ၌ မ ပြ သော အရာ တစုံတခုမျှ မ ရှိ။
3 Et Ésaïe le prophète vint vers le roi Ézéchias, et lui dit: Qu’ont dit ces hommes, et d’où sont-ils venus vers toi? Et Ézéchias dit: Ils sont venus vers moi d’un pays éloigné, de Babylone.
ထိုအခါ ပရောဖက် ဟေရှာယ သည် ဟေဇကိ မင်းကြီး ထံ တော်သို့သွား ၍၊ ထိုသူတို့သည် အဘယ်သို့ ပြော ကြပါသနည်း။ အဘယ် ပြည်မှ အထံတော်သို့ လာ ကြပါသနည်းဟု မေး လျှောက်သော်၊ ဟေဇကိ မင်းက၊ ဝေး သောအရပ် ၊ ဗာဗုလုန် ပြည်မှ ရောက် လာကြသည်ဟု ပြန်ပြော ၏။
4 Et [Ésaïe] dit: Qu’ont-ils vu dans ta maison? Et Ézéchias dit: Ils ont vu tout ce qui est dans ma maison; il n’y a rien dans mes trésors que je ne leur aie montré.
နန်းတော် ၌ အဘယ် အရာကို မြင် ကြပြီနည်းဟုမေး ပြန်လျှင်၊ ဟေဇကိမင်း က၊ နန်းတော် ၌ ရှိသမျှ ကို မြင်ရကြပြီ။ ဘဏ္ဍာ တော်တွင် ငါမပြ သောအရာ တစုံတခုမျှ မ ရှိဟုပြန်ပြော ၏။
5 Et Ésaïe dit à Ézéchias: Écoute la parole de l’Éternel des armées:
ထိုအခါ ဟေရှာယ က၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် လော့။
6 Voici, des jours viennent où tout ce qui est dans ta maison, et ce que tes pères ont amassé jusqu’à ce jour, sera porté à Babylone; il n’en restera rien, dit l’Éternel.
နန်းတော် ၌ ရှိသမျှ ကို ၎င်း၊ ယနေ့ တိုင်အောင် ဘိုးဘေး တို့သည် ဆည်းဖူး သမျှကို၎င်း၊ ဗာဗုလုန် မြို့သို့ ယူသွား ရသောကာလ သည် ရောက် လိမ့်မည်။ တစုံတခု မျှ မ ကျန် ကြွင်းရဟု ထာဝရဘုရား မိန့် တော်မူ၏။
7 Et on prendra de tes fils, qui sortiront de toi, que tu auras engendrés, et ils seront eunuques dans le palais du roi de Babylone.
သင် နှင့်နွှယ်၍ရသောသင် ၏ သား မြေးတို့ကိုလည်း ယူ သွား၍ ၊ သူတို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ နန်းတော် ၌ ၊ လူပျို တော်လုပ် ရကြလိမ့်မည်ဟု ဟေဇကိ မင်းအား ပြောဆို လေ၏။
8 Et Ézéchias dit à Ésaïe: La parole de l’Éternel, que tu as prononcée, est bonne. Puis il dit: Car il y aura paix et stabilité pendant mes jours.
ဟေဇကိ မင်းကလည်း ၊ သင်ပြန် ရသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကောင်း ပါ၏ဟူ၍၎င်း၊ အကယ် စင်စစ်ငါ့ လက်ထက် ၌ ငြိမ်သက် ခြင်းနှင့် သစ္စာစောင့် ခြင်းရှိ ရလိမ့်မည်ဟူ၍၎င်း၊ ဟေရှာယ အား ဆို လေ ၏။

< Isaïe 39 >