< Isaïe 28 >

1 Malheur à la couronne d’orgueil des ivrognes d’Éphraïm, et à la fleur flétrie de son bel ornement, qui est sur le sommet de la riche vallée de ceux qui sont vaincus par le vin!
ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​မ​င်္ဂ​လာ​ရှိ​၏။ မိ​မိ ၏​သေ​သောက်​ကြူး​သော​ခေါင်း​ဆောင်​များ​ဆောင်း ထား​သည့်​ပန်း​ဦး​ရစ်​များ​နွမ်း​သ​ကဲ့​သို့၊ ထို နိုင်​ငံ​၏​ဘုန်း​အ​သ​ရေ​သည်​ညှိုး​နွမ်း​လျက် နေ​၏။ ထို​ခေါင်း​ဆောင်​တို့​သည်​ဝင့်​ဝါ​မော်​ကြွား ကာ၊ မိ​မိ​တို့​ဦး​ခေါင်း​ကို နံ့​သာ​ဆီ​မွှေး​ကောင်း စွာ​လိမ်း​၍​ထား​ကြ​သော်​လည်း​သေ​သောက် ကြူး​ကာ​လဲ​၍​နေ​ကြ​၏။-
2 Voici, le Seigneur a un [instrument] fort et puissant, comme un orage de grêle, un tourbillon de destruction: comme un orage de puissantes eaux qui débordent, il renversera par terre avec force.
ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​တိုက်​ခိုက် စေ​ရန် တန်​ခိုး​ခွန်​အား​ကြီး​မား​သူ​တစ်​ဦး ကို​အ​သင့်​ထား​ရှိ​တော်​မူ​၏။ ထို​သူ​သည် မိုး​သီး​မုန်​တိုင်း​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟုန် ပြင်း​သည့်​မိုး​ကဲ့​သို့​လည်း​ကောင်း၊ ထိန်း​ချုပ် ၍​မ​ရ​နိုင်​သည့်​မြစ်​လျှံ​ရေ​ကဲ့​သို့​လည်း ကောင်း တစ်​ပြည်​လုံး​ကို​လွှမ်း​ခြုံ​နှိမ်​နင်း ပစ်​လိမ့်​မည်။-
3 La couronne d’orgueil des ivrognes d’Éphraïm sera foulée aux pieds,
ထို​သေ​သောက်​ကြူး​သော​ခေါင်း​ဆောင်​တို့ ဂုဏ်​ယူ​ဝါ​ကြွား​မှု​သည် ခြေ​နှင့်​နင်း​ချေ ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-
4 et la fleur flétrie de son bel ornement qui est sur le sommet de la riche vallée sera comme un fruit précoce avant l’été: dès que celui qui l’aperçoit l’a vu, à peine il est dans sa main, il l’avale.
မာန်​မာ​န​ထောင်​လွှား​သူ​ခေါင်း​ဆောင်​များ ၏​မှေး​မှိန်​လျက်​နေ​သော​ဂုဏ်​အ​သ​ရေ​သည် မှည့်​သည်​နှင့်​တစ်​ပြိုင်​နက်​ခူး​ဆွတ်​စား​သုံး လိုက်​သည့်​ရာ​သီ​စာ​သ​င်္ဘော​သ​ဖန်း​သီး များ​ကဲ့​သို့​ကွယ်​ပျောက်​၍​သွား​လိမ့်​မည်။
5 En ce jour-là l’Éternel des armées sera pour couronne de beauté et pour diadème d’ornement au résidu de son peuple,
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​သက် မ​သေ​ဘဲ ကျန်​ရှိ​ခဲ့​သည့်​မိ​မိ​၏​လူ​မျိုး​တော် အ​တွက် ဘုန်း​အ​သ​ရေ​တောက်​ပ​သော​ဦး​ရစ် သ​ရ​ဖူ​သ​ဖွယ် ဖြစ်​တော်​မူ​မည့်​နေ့​ရက်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။-
6 et pour esprit de jugement à celui qui est assis pour juger, et pour force à ceux qui refoulent la guerre jusqu’à la porte.
ကိုယ်​တော်​သည်​တ​ရား​သူ​ကြီး​အ​ဖြစ်​ဆောင် ရွက်​ရ​သူ​တို့​အား တ​ရား​မျှ​တ​စွာ​ပြု​ကျင့် တတ်​သော​စိတ်​နေ​သ​ဘော​ထား​ကို​လည်း​ကောင်း၊ ရန်​သူ​တို့​ကို​မြို့​တံ​ခါး​များ​မှ​နှင်​ထုတ်​ရ ကြ​သော​သူ​တို့​အား ရဲ​စွမ်း​သတ္တိ​ကို​လည်း ကောင်း​ပေး​တော်​မူ​လိမ့်​မည်။
7 Mais ceux-ci aussi ont erré par le vin et se sont égarés par la boisson forte. Le sacrificateur et le prophète ont erré par la boisson forte, ils sont dévorés par le vin, ils se sont égarés par la boisson forte; ils ont erré dans [leur] vision, ils ont bronché dans le jugement.
ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ပင် လျှင် သေ​သောက်​ကြူး​ကြ​သ​ဖြင့်​ယိမ်း​ထိုး​၍ နေ​ကြ​၏။ သူ​တို့​သည်​စ​ပျစ်​ရည်​နှင့်​သေ​ရည် အ​သောက်​လွန်​သ​ဖြင့် ဂ​ယောင်​ချောက်​ချား​ဖြစ် ကာ​ခြေ​ချော်​၍​လဲ​ကြ​၏။ ပ​ရော​ဖက်​တို့​သည် မူး​ယစ်​လျက်​နေ​ရ​ကား ဘု​ရား​သ​ခင်​ပြ တော်​မူ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​နား​မ​လည်​ကြ။ ယဇ်​ပု​ရော​ဟိတ် တို့​သည်​လည်း မိ​မိ​တို့​ထံ​သို့​ရောက်​ရှိ​လာ သည့်​အ​မှု​များ​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် မ​တတ်​ကြ။-
8 Car toutes les tables sont pleines de sales vomissements, de sorte qu’il n’y a plus de place.
သူ​တို့​၏​စား​ပွဲ​များ​သည်​ရ​စ​ရာ​မ​ရှိ အောင်​အန်​ဖတ်​များ​နှင့်​ပေ​ကျံ​၍​နေ​တော့​၏။
9 À qui enseignera-t-il la connaissance? et à qui fera-t-il comprendre ce qui est annoncé? À ceux qui sont sevrés du lait, arrachés aux mamelles.
သူ​တို့​က``ဤ​သူ​သည်​ငါ​တို့​အား​အ​ဘယ် သူ​ထင်​မှတ်​၍ သွန်​သင်​နေ​ပါ​သ​နည်း။ သူ ၏​သ​တင်း​စ​ကား​သည်​အ​ဘယ်​သူ​တို့ အ​တွက်​အ​ကျိုး​ရှိ​ပါ​မည်​နည်း။ နို့​ဖြတ် ကာ​စ​က​လေး​များ​နှင့်​သာ​လျှင်​သင့် တော်​ပေ​သည်။-
10 Car commandement sur commandement, commandement sur commandement; ligne sur ligne, ligne sur ligne; ici un peu, là un peu…
၁၀သူ​သည်​ငါ​တို့​အား​ကြိုး​စား​၍​လုံး​စေ့ ပတ်​စေ့၊ တစ်​ကြောင်း​ပြီး​တစ်​ကြောင်း​တစ်​ပိုဒ် ပြီး​တစ်​ပိုဒ်​သင်​ကြား​လျက်​နေ​၏'' ဟု​ငါ ၏​အ​ကြောင်း​ညဉ်း​ညူ​ပြော​ဆို​ကြ​လေ သည်။
11 Car par des lèvres bégayantes et par une langue étrangère il parlera à ce peuple,
၁၁အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်​ကြ​ပါ​မူ​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​အား​ကျောင်း​မှန်း​ကန်​မှန်း​သိ​အောင်​ထူး ဆန်း​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သူ လူ မျိုး​ခြား​တို့​ကို​အ​သုံး​ပြု​တော်​မူ​လိမ့်​မည်။-
12 auquel il avait dit: C’est ici le repos, faites reposer celui qui est las; et c’est ici ce qui rafraîchit. Mais ils n’ont pas voulu entendre.
၁၂ကိုယ်​တော်​သည်​သင်​တို့​အား​ငြိမ်း​အေး​ချမ်း​မြေ့ စွာ​နေ​ထိုင်​ခွင့်​ကို​ပေး​တော်​မူ​သော်​လည်း သင် တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​မ​ထောင် ကြ။-
13 Et la parole de l’Éternel leur a été commandement sur commandement, commandement sur commandement; ligne sur ligne, ligne sur ligne; ici un peu, là un peu; afin qu’ils marchent, et qu’ils tombent en arrière, et qu’ils soient brisés, et enlacés, et pris.
၁၃သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကျောင်း​မှန်း​ကန်​မှန်း​သိ​အောင်​လုံး​စေ့​ပတ်​စေ့ တစ်​ကြောင်း​ပြီး​တစ်​ကြောင်း​တစ်​ပိုဒ်​ပြီး​တစ် ပိုဒ် သွန်​သင်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့ သည်​ခြေ​လှမ်း​လိုက်​တိုင်း​လဲ​ကျ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ထိ​ခိုက်​ဒဏ်​ရာ​ရ​လျက်​ကျော့ ကွင်း​တွင်​မိ​ကာ​အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။
14 C’est pourquoi, écoutez la parole de l’Éternel, hommes moqueurs, qui gouvernez ce peuple qui est à Jérusalem.
၁၄ယ​ခု​ယေ​ရု​ရှ​လင်​မြို့​တွင် ဤ​လူ​တို့​အား အုပ်​စိုး​လျက်​ရှိ​သည့်​အ​ချင်း​မောက်​မာ ထောင်​လွှား​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့။-
15 Car vous avez dit: Nous avons fait une alliance avec la mort, et nous avons fait un pacte avec le shéol: si le fléau qui inonde passe, il n’arrivera pas jusqu’à nous; car nous avons fait du mensonge notre abri, et nous nous sommes cachés sous la fausseté. (Sheol h7585)
၁၅သင်​တို့​သည်​သေ​မင်း​နှင့်​မ​ဟာ​မိတ်​စာ​ချုပ် ချုပ်​ဆို​ထား​ပြီ​ဟူ​၍​လည်း​ကောင်း၊ မ​ရ​ဏ နိုင်​ငံ​နှင့်​သ​ဘော​တူ​ညီ​မှု​ရ​ရှိ​ပြီ​ဟူ​၍ လည်း​ကောင်း​ကြွား​ဝါ​တတ်​ကြ​၏။ သင်​တို့ သည်​လိမ်​လည်​လှည့်​စား​မှု​များ​ကို​အ​မှီ သ​ဟဲ​ပြု​ကာ​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရှာ​သူ များ​ဖြစ်​သ​ဖြင့် ဘေး​အန္တ​ရာယ်​ကျ​ရောက် ချိန်​၌​လည်း​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့် မည်​ဟု​စွဲ​မှတ်​ယုံ​ကြည်​ကြ​လေ​သည်။- (Sheol h7585)
16 C’est pourquoi ainsi dit le Seigneur, l’Éternel: Voici, je pose comme fondement, en Sion, une pierre, une pierre éprouvée, une précieuse [pierre] de coin, un sûr fondement: celui qui se fie [à elle] ne se hâtera pas.
၁၆ယ​ခု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား``ငါ​သည်​ဇိ​အုန်​တောင် တွင်​တည်​တံ့​ခိုင်​မြဲ​သည့်​အုတ်​မြစ်​ကို​ချ တော်​မူ​မည်။ ငါ​သည်`ခိုင်​မြဲ​စွာ​ယုံ​ကြည်​မျှော် လင့်​တတ်​သူ​သည် သည်း​ခံ​လျက်​စောင့်​ဆိုင်း တတ်​၏' ဟူ​သော​ကမ္ပည်း​စာ​တမ်း​ပါ​ရှိ​သည့် အ​ဖိုး​တန်​ထောင့်​ချုပ်​ကျောက်​ကို​လည်း​ထို အုတ်​မြစ်​တွင်​ထည့်​သွင်း​ထား​ရှိ​မည်။-
17 Et j’ai mis le jugement pour cordeau, et la justice pour plomb, et la grêle balaiera l’abri de mensonge, et les eaux inonderont la retraite cachée;
၁၇ထို​အုတ်​မြစ်​အ​တွက်​တရား​မျှ​တ​မှု​ကို တံ​မျဉ်း​ကြိုး၊ ရိုး​သား​ဖြောင့်​မှန်​မှု​ကို​ချိန် သီး​ကြိုး​အ​ဖြစ်​အ​သုံး​ပြု​မည်။ ထို​ကြောင့်​ငါ​သည်​မိုး​သီး​မုန်​တိုင်း​သ​ဖွယ် သင်​တို့​၏​အ​မှီ​သ​ဟဲ​ဖြစ်​သည့်​လိမ်​လည် မှု​များ​ကို သိမ်း​ကျုံး​ဖယ်​ရှား​ကာ​မြစ်​လျှံ ရေ​ကဲ့​သို့ သင်​တို့​၏​လုံ​ခြုံ​မှု​ကို​လည်း​လွှမ်း မိုး​ပျက်​ပြား​စေ​တော်​မူ​မည်။
18 et votre alliance avec la mort sera abolie, et votre pacte avec le shéol ne subsistera pas. Lorsque le fléau qui inonde passera, vous serez foulés par lui; (Sheol h7585)
၁၈သင်​တို့​သည်​သေ​မင်း​နှင့်​ချုပ်​ဆို​ထား​သည့်​စာ ချုပ်​ကို​ပယ်​ဖျက်​၍ မ​ရ​ဏ​နိုင်​ငံ​နှင့်​ရ​ရှိ​ထား သည့်​သ​ဘော​တူ​ညီ​မှု​ကို​လည်း​ရုပ်​သိမ်း​ရ ကြ​လိမ့်​မည်။ ရန်​သူ​များ​ချင်း​နင်း​ဝင်​ရောက် လာ​သော​အ​ခါ သင်​တို့​သည်​အ​ရေး​ရှုံး​နိမ့် ကြ​လိမ့်​မည်။- (Sheol h7585)
19 dès qu’il passera, il vous prendra; car matin après matin il passera, de jour et de nuit, et ce ne sera qu’effroi d’en entendre la rumeur;
၁၉သူ​တို့​သည်​သင်​တို့​အား​နံ​နက်​တိုင်း​ထပ်​ကာ ထပ်​ကာ​တိုက်​ခိုက်​ကြ​လိမ့်​မည်။ သင်​တို့​သည် နေ့​ရော​ညဥ့်​ပါ​ဒုက္ခ​ရောက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ရောက်​ရှိ​လာ​သည့် အ​ခါ​တိုင်း ထိတ်​လန့်​၍​နေ​ကြ​လိမ့်​မည်။-
20 car le lit est trop court pour qu’on s’y allonge, et la couverture trop étroite quand on s’en enveloppe.
၂၀သင်​တို့​သည်``ငယ်​လွန်း​သော​စောင်​ကို​ခြုံ​၍ တို​လွန်း​သော​ကု​တင်​တွင်​အိပ်​ရန်​ကြိုး​စား သူ'' ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။-
21 Car l’Éternel se lèvera comme en la montagne de Peratsim, il sera ému de colère comme dans la vallée de Gabaon, pour faire son œuvre, son œuvre étrange, et pour accomplir son travail, son travail inaccoutumé.
၂၁ထာ​ဝ​ရ​ဘု​ရား​သည်​ပေ​ရ​ဇိမ်​တောင်​နှင့် ဂိ​ဗောင်​ချိုင့်​ဝှမ်း​တွင် ပြု​တော်​မူ​ခဲ့​သည့်​နည်း တူ​စစ်​ချီ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် မိ​မိ​ပြု​ရန်​ရှိ​သည့်​အ​မှု​ကို​ပြီး​ပြတ်​အောင် ဆောင်​ရွက်​တော်​မူ​လိမ့်​မည်။ ထို​အ​မှု​ကား နက်​နဲ​သိမ်​မွေ့​သည့်​အ​ရာ​ဖြစ်​၏။
22 Et maintenant ne soyez pas des moqueurs, de peur que vos liens ne soient renforcés; car j’ai entendu du Seigneur, l’Éternel des armées, [qu’il y a] une consomption, et une [consomption] décrétée, sur toute la terre.
၂၂အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​တစ် ပြည်​လုံး​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​ရန် သန္နိ​ဋ္ဌာန် ချ​မှတ်​ပြီး​ကြောင်း​ငါ​ကြား​သိ​ရ​လေ​ပြီ။ သင်​တို့​အား​ငါ​သ​တိ​ပေး​သည်​ကို​ပြက် ရယ်​မ​ပြု​ကြ​နှင့်။ ပြက်​ရယ်​ပြု​ကြ​ပါ​မူ သင်​တို့​သည်​အ​သက်​ဘေး​မှ​လွတ်​ကင်း ရန်​ပို​၍​ပင်​ခဲ​ယဉ်း​ပေ​လိမ့်​မည်။
23 Prêtez l’oreille, et écoutez ma voix; soyez attentifs, et écoutez ma parole.
၂၃ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ သင်​တို့ အား​ငါ​ပြော​သည့်​စ​ကား​ကို​အာ​ရုံ​စိုက်​၍ နား​ထောင်​ကြ​လော့။-
24 Le laboureur laboure-t-il tout le jour pour semer? ouvre-t-il et herse-t-il [tout le jour] son terrain?
၂၄အ​ဘယ်​လယ်​သ​မား​မျှ​စိုက်​ပျိုး​မှု​အ​တွက် မိ​မိ​၏​လယ်​ကို​အ​စဉ်​အ​မြဲ​ထွန်​ယက်​ပြင် ဆင်​၍​မ​နေ​တတ်။-
25 N’est-ce pas que, lorsqu’il en a aplani la surface, il répand l’aneth, et sème le cumin, et met le froment par rangées, et l’orge au lieu désigné, et l’épeautre dans ses limites?
၂၅မြေ​ကို​ပြု​ပြင်​ပြီး​လျှင်​သူ​သည်​စ​မုန်​နက်၊ ဇီ​ယာ​အ​စ​ရှိ​သည့်​မျိုး​စေ့​များ​ကို​စိုက် ပျိုး​တတ်​၏။ ဂျုံ​စ​ပါး​နှင့်​မု​ယော​စ​ပါး​ကို အ​တန်း​လိုက်​စိုက်​ပျိုး​ကာ၊ လယ်​အ​နား​စွန်း တို့​တွင်​အ​ခြား​သော​သီး​နှံ​များ​ကို​စိုက် ပျိုး​တတ်​လေ​သည်။-
26 Son Dieu le dirige dans [son] jugement; il l’instruit.
၂၆ဘု​ရား​သ​ခင်​သည်​သူ့​အား​အ​သိ​ဉာဏ်​ပေး ထား​တော်​မူ​သ​ဖြင့် သူ​သည်​မိ​မိ​အ​ဘယ် သို့​လုပ်​ဆောင်​ရ​မည်​ကို​သိ​၏။-
27 Car il ne foule pas l’aneth avec un traîneau à tranchants et ne fait pas tourner la roue du chariot sur le cumin; car on bat l’aneth avec un bâton et le cumin avec une verge:
၂၇စ​မုန်​နက်​နှင့်​ဇီ​ယာ​နှံ​များ​ကို​တင်း​ပုတ်​နှင့် ရိုက်​၍​မ​နယ်​တတ်။ ယင်း​သို့​ပြု​မည့်​အ​စား ထိုက်​လျောက်​ရာ​တုတ်​ငယ်​ဖြင့်​သာ​လျှင် ရိုက်​နယ်​တတ်​၏။-
28 il broie le blé pour le pain, parce qu’il ne veut pas le battre toujours; il ne le broie pas en chassant par-dessus la roue de son chariot et ses chevaux.
၂၈သူ​သည်​ဂျုံ​နှံ​များ​ကို​လည်း​အ​ဆက်​မ​ပြတ် နင်း​နယ်​ခြင်း​အား​ဖြင့် ဂျုံ​ဆံ​အ​များ​ပျက်​စီး အောင်​မ​ပြု​တတ်။ ဂျုံ​ဆံ​များ​မ​ပွန်း​မ​ပဲ့​ရ လေ​အောင်​လှည်း​ဖြင့်​အ​ဘယ်​သို့​နင်း​နယ်​ရ မည်​ကို​သိ​၏။-
29 Cela aussi vient de l’Éternel des armées: il se montre merveilleux en conseil et grand en sagesse.
၂၉သူ​သည်​ဤ​အ​သိ​ပ​ညာ​မှန်​သ​မျှ​ကို အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ရ​ရှိ ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​ကြံ​အ​စည်​တော်​တို့​သည် ဉာဏ်​ပ​ညာ အ​မြော်​အ​မြင်​နှင့်​ပြည့်​စုံ​၍​အ​စဉ်​အောင် မြင်​မှု​ရှိ​ပါ​ပေ​သည်။

< Isaïe 28 >