< Isaïe 16 >
1 Envoyez l’agneau [du] dominateur du pays, – du rocher vers le désert – à la montagne de la fille de Sion.
၁မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့။သေလမြို့မှတောတရှောက်လုံး၊ ဇိအုန်သတို့သမီး၏ တောင်သို့ပေးလိုက်ကြလော့။
2 Et comme un oiseau fugitif, une nichée chassée, ainsi seront les filles de Moab, aux gués de l’Arnon.
၂မိမိအသိုက်ကို စွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူးရာကမ်းနားမှာ ရှိကြလိမ့်မည်။
3 Donne conseil, fais ce qui est juste; rends ton ombre comme la nuit, en plein midi: cache les exilés, ne découvre pas le fugitif.
၃အကြံပေးလော့။ တရားသဖြင့် စီရင်လော့။ မွန်းတည့်အလင်းထဲ၌ ညဉ့်ကဲ့သို့ သင်၏အရိပ်ကို ဖြစ်စေ လော့။ နှင်ထုတ်သောသူတို့ကို ဝှက်ထားလော့။ ပြေးသော သူတို့ကို မပြနှင့်။
4 Que mes exilés séjournent avec toi, Moab! Sois-leur une retraite de devant le destructeur. Car l’oppresseur ne sera plus, la dévastation finira; celui qui foule disparaîtra du pays.
၄မောဘပြည်မှ နှင်ထုတ်သော သူတို့သည် သင် နှင့်အတူနေကြစေလော့။ ဖျက်ဆီးသောသူ၏ လက်မှ လွတ်စေခြင်းငှါ သူတို့ကိုစောင့်မလော့။ သင်ကို ညှဉ်းဆဲ သောသူမရှိ။ ဖျက်ဆီးသောသူ ပြတ်လေ၏။ နှိပ်နင်းသော သူတို့ကို မြေပေါ်ကပယ်ရှားလေပြီ။
5 Et un trône sera établi par la bonté; et il y en aura un qui y siégera dans la vérité, dans la tente de David, jugeant, et recherchant la droiture, et hâtant la justice.
၅ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌တည်လိမ့် မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော၍၊ တရားမှုကို အလျင်အမြန် ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ်မင်း၏ တဲတော်၌ တရားစီရင်တော်မူလိမ့်မည်။
6 Nous avons entendu l’orgueil de Moab, le très hautain, sa fierté, et son orgueil, et sa rage; ses vanteries ne sont que vanité.
၆မောဘ၏ မာနကို ငါတို့သည်ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ ထောင်လွှားစော်ကားခြင်း၊ ဒေါသအမျက်ထွက်ခြင်းရှိ၍၊ အချည်းနှီးသက်သက်ဝါ ကြွားသော စကားကိုပြောတတ်၏။
7 C’est pourquoi Moab hurlera sur Moab; tout entier il hurlera! Vous gémirez sur les fondations de Kir-Haréseth, tout affligés.
၇ထို့ကြောင့်၊ မောဘသည် မိမိအတွက်ညည်းတွား မြည်တမ်းရလိမ့်မည်။ ပြည်သားရှိသမျှတို့သည် ညည်း တွားမြည်တမ်းကြလိမ့်မည်။ ကိရဟရက်မြို့ပျက်သည်အ တွက် သင်တို့သည်ညည်းတွားကြလိမ့်မည်။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ၏။
8 Car les campagnes de Hesbon languiront, – la vigne de Sibma. Les maîtres des nations ont abîmé ses ceps exquis: ils s’étendaient jusqu’à Jahzer, ils erraient dans le désert; ses provins s’étendaient et dépassaient la mer.
၈ဟေရှဘုန် လယ်ပြင်တို့သည် သွေ့ခြောက်ကြ ၏။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသားမင်းတို့သည် ချိုးကြပြီ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင် ရောက်၍၊တော၌လည် တတ်ကြ၏။ အလက်တို့သည် ရှည်လျား၍၊ ပင်လယ် ကိုလွန်ကြ၏။
9 C’est pourquoi je pleurerai des pleurs de Jahzer la vigne de Sibma; je vous arroserai de mes larmes, Hesbon et Elhalé, car un cri est tombé sur votre récolte et sur votre moisson.
၉ထို့ကြောင့်၊ ယာဇာမြို့အတွက်မျက်ရည်ကျသ ကဲ့သို့၊ စိဗမာစပျစ်နွယ်ပင်အတွက် ငါသည်မျက်ရည် ကျမည်။ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့၊ ငါသည် မျက်ရည်ကျလျက် သင့်ကိုရေလောင်းမည်။ အကြောင်းမူကား၊ သင်၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။
10 Et la joie et l’allégresse ont disparu des champs fertiles, et dans les vignes on ne chante pas, on ne pousse pas des cris de joie; celui qui foulait ne foule plus le vin dans les pressoirs: j’ai fait cesser le cri [du pressoir].
၁၀ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင် လန်းခြင်း ပြတ်လေပြီ။ စပျစ်ဥယျာဉ်၌ သီချင်းမဆိုရကြ။ မကြွေးကြော်ရကြ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီး ကိုနင်းသောသူလည်း မနင်းရ။ ကြွေးကြော်သော အသံ ကိုလည်းငါ ပြတ်စေပြီ။
11 C’est pourquoi mes entrailles mènent un bruit sourd au sujet de Moab, comme une harpe, et mon cœur, au sujet de Kir-Hérès.
၁၁ထို့ကြောင့်၊ ငါ့ဝမ်းသည် မောဘပြည်အတွက်၊ ငါ့အအူသည် ကိရဟရက်မြို့အတွက်၊ စောင်းကဲ့သို့ မြည်ရ လိမ့်မည်။
12 Et il arrivera que, quand Moab se présentera, se fatiguera sur le haut lieu, et entrera dans son sanctuaire pour prier, il ne prévaudra pas.
၁၂ထိုအခါ မောဘသည် မိမိမြင့်သောအရပ်၌ မိမိကို ပင်ပန်းစေခြင်း၊ ပဌနာပြုအံ့သောငှါ မိမိသန့်ရှင်း ရာ ဌာနသို့ ဝင်ခြင်းအရာသည် ထင်ရှားသော်လည်း၊ အကြံမမြောက်နိုင်ရာ။
13 Telle est la parole que l’Éternel a prononcée jadis sur Moab.
၁၃ထိုသို့ ထာဝရဘုရားသည် မောဘ၏ အ ကြောင်းစကားကို အထက်က မိန့်တော်မူ၏။
14 Et maintenant l’Éternel a parlé, disant: Dans trois ans, comme les années d’un mercenaire, la gloire de Moab sera réduite à rien avec toute sa grande multitude; et le reste sera petit, amoindri, peu de chose.
၁၄ယခုတဖန် မိန့်တော်မူသည်ကား၊ အခစား သောသူရေတွက်သည်အတိုင်း၊ သုံးနှစ်လွန်မှ၊ မောဘ ပြည်၏ ဘုန်းအသရေသည် မိမိအလုံးအရင်းနှင့်တကွ ရှုတ်ချခြင်းသို့ ရောက်ရမည်။ ကျန်ကြွင်းသောသူတို့သည် အလွန်နည်း၍၊ ခွန်အားကုန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။