< Hébreux 10 >

1 Car la loi, ayant l’ombre des biens à venir, non l’image même des choses, ne peut jamais, par les mêmes sacrifices que l’on offre continuellement chaque année, rendre parfaits ceux qui s’approchent.
ယု​ဒ​ပ​ညတ်​တ​ရား​သည်​စစ်​မှန်​သည့်​အ​ရာ များ​၏ တိ​ကျ​မှန်​ကန်​သော​ပုံ​တူ​မ​ဟုတ်​ပေ။ သက်​ရောက်​လတ္တံ့​သော​ကောင်း​ကျိုး​ချမ်း​သာ​များ ၏​အ​ရိပ်​အ​ရောင်​မျှ​ကို​သာ​ဖော်​ပြ​ပေ​သည်။ ပ​ညတ်​တ​ရား​အ​ရ​နှစ်​စဉ်​နှစ်​တိုင်း​ယဇ်​ကို ပူ​ဇော်​ကြ​ရ​၏။ သို့​ဖြစ်​၍​ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​သူ​တို့​အား အ​ဘယ်​သို့​လျှင်​ပြည့်​ဝ​စုံ​လင်​သူ​များ​ဖြစ် လာ​စေ​နိုင်​ပါ​မည်​နည်း။-
2 Autrement n’auraient-ils pas cessé d’être offerts, puisque ceux qui rendent le culte, étant une fois purifiés, n’auraient plus eu aucune conscience de péchés?
အ​ကယ်​၍​သာ​ယင်း​သို့​ဖြစ်​လာ​စေ​နိုင်​မည်​ဆို ပါ​က၊ ကိုး​ကွယ်​ဝတ်​ပြု​သူ​တို့​သည်​တစ်​ခါ​တည်း သန့်​စင်​၍​သွား​ကြ​မည်​ဖြစ်​ရာ မိ​မိ​တို့​တွင် အ​ပြစ်​ရှိ​နေ​သေး​သည်​ဟူ​၍​မ​ထင်​မှတ်​ကြ တော့​ဘဲ​ယဇ်​များ​ကို​ပူ​ဇော်​ကြ​တော့​မည် မ​ဟုတ်​ပေ။-
3 Mais il y a dans ces [sacrifices], chaque année, un acte remémoratif de péchés.
ယ​ခု​မှာ​နွား​သွေး၊ ဆိတ်​သွေး​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ဖယ်​ရှား ၍​မ​ပေး​နိုင်​သ​ဖြင့် ယင်း​သို့​ယဇ်​ပူ​ဇော်​ခြင်း သည်​လူ​တို့​အား​နှစ်​စဉ်​နှစ်​တိုင်း မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​သာ​လျှင်​သ​တိ​ရ​စေ​သည်။
4 Car il est impossible que le sang de taureaux et de boucs ôte les péchés.
5 C’est pourquoi, en entrant dans le monde, il dit: « Tu n’as pas voulu de sacrifice ni d’offrande, mais tu m’as formé un corps.
ထို့​ကြောင့်​ခ​ရစ်​တော်​သည် ဤ​လော​က​သို့​ကြွ လာ​တော်​မူ​သော​အ​ခါ​၌​ဘု​ရား​သ​ခင်​အား၊ ``ကိုယ်​တော်​သည်​ယဇ်​နှင့်​ပူ​ဇော်​သကာ​ကို အ​လို​ရှိ​တော်​မ​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ်​အ​တွက်​ကိုယ်​ခန္ဓာ​ကို ပြင်​ဆင်​ထား​တော်​မူ​ပါ​ပြီ။
6 Tu n’as pas pris plaisir aux holocaustes ni aux sacrifices pour le péché;
မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ တို့​ကို ကိုယ်​တော်​နှစ်​သက်​တော်​မ​မူ​ပါ။
7 alors j’ai dit: Voici, je viens, – il est écrit de moi dans le rouleau du livre – pour faire, ô Dieu, ta volonté ».
သို့​ဖြစ်​၍​ပ​ညတ်​ကျမ်း​တွင်​အ​ကျွန်ုပ်​အ​ကြောင်း​ကို ရေး​သား​ဖော်​ပြ​ထား​သည်​နှင့်​အ​ညီ၊ `အို ဘု​ရား​သ​ခင်၊အ​ကျွန်ုပ်​သည်​အ​လို​တော်​ကို ဆောင်​ရွက်​ရန်​ရောက်​လာ​ပါ​ပြီ' ဟု​အ​ကျွန်ုပ်​ဝန်​ခံ ပါ​၏'' ဟု​လျှောက်​ထား​တော်​မူ​လေ​သည်။-
8 Ayant dit plus haut: « Tu n’as pas voulu de sacrifices, ni d’offrandes, ni d’holocaustes, ni de sacrifices pour le péché, et tu n’y as pas pris plaisir » – lesquels sont offerts selon la loi,
ကိုယ်​တော်​က​မီး​ရှို့​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ​နှင့်​ပူ​ဇော်​သ​ကာ​များ​သည် ပ​ညတ်​တ​ရား​အ​ရ​ပြု​အပ်​သည့်​ဝတ်​များ​ပင် ဖြစ်​သော်​လည်း ထို​အ​ရာ​များ​ကို​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မ​မူ​ကြောင်း၊ အား​ရ​နှစ်​သက် တော်​မ​မူ​ကြောင်း​ဦး​စွာ​ပ​ထ​မ​ဖော်​ပြ​၏။-
9 – alors il dit: « Voici, je viens pour faire ta volonté ». Il ôte le premier afin d’établir le second.
ထို​နောက်``အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​အ​လို တော်​ကို​ဆောင်​ရွက်​ရန်​ရောက်​ရှိ​လာ​ပါ​ပြီ'' ဟု လျှောက်​ထား​၏။ ထို​ကြောင့်​ဘု​ရား​သ​ခင်​သည် ယ​ခင်​တင်​လှူ​ပူ​ဇော်​မှု​အ​ပေါင်း​ကို​ပယ်​ဖျက်​၍ ခ​ရစ်​တော်​၏​တင်​လှူ​ပူ​ဇော်​မှု​ဖြင့်​အ​စား​ထိုး တော်​မူ​သည်။-
10 C’est par cette volonté que nous avons été sanctifiés, par l’offrande du corps de Jésus Christ [faite] une fois pour toutes.
၁၀ယေ​ရှု​ခ​ရစ်​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​လိုက်​၍ မိ​မိ​ကိုယ်​ခန္ဓာ​ကို​တစ်​ခါ​တည်း အ​ပြီး​အ​ပိုင်​တင်​လှူ​ပူ​ဇော်​တော်​မူ​သ​ဖြင့် ငါ​တို့​အ​ပေါင်း​သည်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။
11 – Et tout sacrificateur se tient debout chaque jour, faisant le service et offrant souvent les mêmes sacrifices qui ne peuvent jamais ôter les péchés;
၁၁ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​သည်​နေ့​စဉ်​နေ့​တိုင်း မိ​မိ ၏​ဝတ္တ​ရား​ကို​ရပ်​၍ ဆောင်​ရွက်​လျက်​အ​ဘယ် အ​ခါ​၌​မျှ အ​ပြစ်​ဖြေ​နိုင်​စွမ်း​မ​ရှိ​သည့်​ယဇ် ကို​အ​ဖန်​တ​လဲ​လဲ​ပူ​ဇော်​ရ​၏။-
12 mais celui-ci, ayant offert un seul sacrifice pour les péchés, s’est assis à perpétuité à la droite de Dieu,
၁၂သို့​သော်​ခ​ရစ်​တော်​မူ​ကား​အ​ပြစ်​များ​ကို ဖြေ​ရန် အ​ခါ​ခပ်​သိမ်း​အ​တွက်​ယဇ်​တစ်​ခု တည်း​ကို​ပူ​ဇော်​တော်​မူ​၏။ ထို့​နောက်​ဘု​ရား သ​ခင်​၏​လက်​ယာ​တော်​ဘက်​တွင်​ထိုင်​တော် မူ​ပြီး​လျှင်၊-
13 attendant désormais « jusqu’à ce que ses ennemis soient mis pour marchepied de ses pieds ».
၁၃ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ခြေ​ဖ​ဝါး​တော် အောက်​သို့​ရန်​သူ​များ​ရောက်​ရှိ​လာ​စေ​တော်​မူ သည်​တိုင်​အောင်​စောင့်​ဆိုင်း​လျက်​နေ​တော်​မူ​၏။-
14 Car, par une seule offrande, il a rendu parfaits à perpétuité ceux qui sont sanctifiés.
၁၄ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​ကို​တစ်​ကြိမ်​တည်း ပူ​ဇော်​ခြင်း​အား​ဖြင့် အ​ပြစ်​မှ​သန့်​စင်​လာ သူ​တို့​အား​ထာ​ဝ​စဉ်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ သူ​များ​ဖြစ်​လာ​စေ​တော်​မူ​သ​တည်း။
15 Et l’Esprit Saint aussi nous en rend témoignage; car, après avoir dit:
၁၅သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​လည်း၊ ``နောင်​အ​ခါ​သူ​တို့​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ် များ​မူ​ကား၊ ငါ​သည်​သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့ ငါ​၏​ပ​ညတ်​ကို​ထည့်​သွား​မည်။ သူ​တို့​၏​နှ​လုံး​သား​ပေါ်​တွင်​ရေး​ထား​မည်'' ဟု​ဦး​စွာ​ပ​ထ​မ​သက်​သေ​ခံ​တော်​မူ​၏။-
16 « C’est ici l’alliance que j’établirai pour eux après ces jours-là, dit le Seigneur: En mettant mes lois dans leurs cœurs, je les écrirai aussi sur leurs entendements »,
၁၆
17 [il dit]: « Et je ne me souviendrai plus jamais de leurs péchés ni de leurs iniquités ».
၁၇ထို​နောက်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က``သူ​တို့ ၏​အ​ပြစ်​များ​နှင့်​ဆိုး​သွမ်း​မှု​များ​ကို ငါ​သ​တိ ရ​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​ပေ​သည်။-
18 Or, là où il y a rémission de ces choses, il n’y a plus d’offrande pour le péché.
၁၈ဤ​သို့​အ​ပြစ်​များ​ဖြေ​လွှတ်​ခွင့်​ရ​ရှိ​ကြ​သော အ​ခါ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ​များ​ကို​ဆက် သ​ရန်​လို​တော့​မည်​မ​ဟုတ်​ပေ။
19 Ayant donc, frères, une pleine liberté pour entrer dans les lieux saints par le sang de Jésus,
၁၉သို့​ဖြစ်​၍​ငါ​၏​ညီ​အစ်​ကို​တို့၊ သ​ခင်​ယေ​ရှု အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​သည် လွတ်​လပ်​စွာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် သို့​ဝင်​ခွင့်​ရ​ကြ​၏။-
20 par le chemin nouveau et vivant qu’il nous a consacré à travers le voile, c’est-à-dire sa chair,
၂၀ကိုယ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ​တော်​တည်း ဟူ​သော​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​ကို​ဖြတ်​၍ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရာ အ​သက်​လမ်း​သစ်​ကို​ဖွင့်​၍​ပေး​တော်​မူ​ပြီ။-
21 et ayant un grand sacrificateur [établi] sur la maison de Dieu,
၂၁ငါ​တို့​တွင်​ဘု​ရား​သ​ခင်​၏​အိမ်​ထောင်​ကို အုပ်​စိုး​သည့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​ရှိ​၏။-
22 approchons-nous avec un cœur vrai, en pleine assurance de foi, [ayant] les cœurs par aspersion purifiés d’une mauvaise conscience et le corps lavé d’eau pure.
၂၂သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ​တို့​၏​သန့်​သော သြတ္တပ္ပ​စိတ်​စင်​ကြယ်​လျက် ငါ​တို့​၏​ကိုယ်​ခန္ဓာ များ​ကို​ရေ​စင်​ဖြင့်​ဆေး​ကြော​၍​ရိုး​သား​သော စိတ်၊ ခိုင်​မာ​သော​ယုံ​ကြည်​ခြင်း​တို့​ဖြင့်​ဘု​ရား သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-
23 Retenons la confession de notre espérance sans chanceler, car celui qui a promis est fidèle;
၂၃ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို စိတ်​ချ​ယုံ​ကြည်​နိုင်​သည်​ဖြစ်​၍ မိ​မိ​တို့​ဝန်​ခံ သော​မျှော်​လင့်​ခြင်း​ကို​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား ကြ​ကုန်​အံ့။-
24 et prenons garde l’un à l’autre pour nous exciter à l’amour et aux bonnes œuvres,
၂၄ငါ​တို့​သည်​တစ်​ယောက်​ကို​တစ်​ယောက်​အ​လေး ဂ​ရု​ပြု​လျက် ကူ​ညီ​ယိုင်း​ပင်း​လျက်​မေတ္တာ​ထား လျက်​ကျေး​ဇူး​ပြု​လျက်​နေ​ကြ​ကုန်​အံ့။-
25 n’abandonnant pas le rassemblement de nous-mêmes, comme quelques-uns ont l’habitude [de faire], mais nous exhortant [l’un l’autre], et cela d’autant plus que vous voyez le jour approcher.
၂၅အ​ချင်း​ချင်း​တွေ့​ဆုံ​ဝတ်​ပြု​သည့်​အ​လေ့​အ​ထ ကို လူ​အ​ချို့​တို့​စွန့်​လွှတ်​သ​ကဲ့​သို့​ငါ​တို့​သည် မ​ပြု​ဘဲ​နေ​ကြ​စို့။ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​နီး​ကပ်​လာ​သည်​ကို​ထောက်​သ​ဖြင့် ငါ​တို့​သည်​ပို​၍​တစ်​ယောက်​ကို​တစ်​ယောက် အား​ပေး​ကြ​ကုန်​အံ့။
26 Car si nous péchons volontairement après avoir reçu la connaissance de la vérité, il ne reste plus de sacrifice pour les péchés,
၂၆ငါ​တို့​သည်​သမ္မာ​တ​ရား​ကို​သိ​ရှိ​ကြ​ပြီး​မှ တ​မင်​သက်​သက်​ဆက်​လက်​အ​ပြစ်​ကူး​နေ ကြ​မည်​ဆို​ပါ​မူ၊ ငါ​တို့​၏​အ​ပြစ်​များ အ​တွက်​ပူ​ဇော်​ရန်​ယဇ်​ရှိ​တော့​မည်​မ​ဟုတ်။-
27 mais une certaine attente terrible de jugement et l’ardeur d’un feu qui va dévorer les adversaires.
၂၇ငါ​တို့​သည်​တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို​လည်း ကောင်း၊ ဘု​ရား​သ​ခင်​ကို​အ​တိုက်​အ​ခံ​ပြု​သူ တို့​အား​ကျွမ်း​လောင်​စေ​မည့်​အ​မျက်​တော်​မီး ကို​လည်း​ကောင်း​ကြောက်​ရွံ့​တုန်​လှုပ်​လျက်​စောင့် မျှော်​နေ​ကြ​ရန်​သာ​ရှိ​တော့​၏။-
28 Si quelqu’un a méprisé la loi de Moïse, il meurt sans miséricorde sur [la déposition de] deux ou [de] trois témoins:
၂၈မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​မ​စောင့်​ထိန်း​သူ ယု​ဒ​အ​မျိုး​သား​မှန်​သ​မျှ​သည် အ​သိ​သက် သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက်​ဆို​ချက်​အ​ရ အ​ပြစ်​ရှိ​ကြောင်း​တွေ့​ရှိ​ရ​ပါ​မူ၊ သ​နား ညှာ​တာ​မှု​မ​ရှိ​ဘဲ​သေ​ဒဏ်​ပေး​ခြင်း​ကို ခံ​ကြ​ရ​၏။-
29 d’une punition combien plus sévère pensez-vous que sera jugé digne celui qui a foulé aux pieds le Fils de Dieu, et qui a estimé profane le sang de l’alliance par lequel il avait été sanctifié, et qui a outragé l’Esprit de grâce?
၂၉ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ရှုတ်​ချ​၍ မိ​မိ အား​အ​ပြစ်​မှ​သန့်​စင်​စေ​သည့်​ပ​ဋိ​ညာဉ် တ​ရား​ဆိုင်​ရာ​သွေး​တော်​ကို​မ​ထီ​မဲ့​မြင် ပြု​လျက် ကျေး​ဇူး​တော်​ကို​ပေး​သည့်​ဝိ​ညာဉ် တော်​ကို​စော်​ကား​သော​သူ​မူ​ကား အ​ဘယ်​မျှ ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို စဉ်း​စား​၍​ကြည့်​ကြ​လော့။-
30 Car nous connaissons celui qui a dit: « À moi la vengeance; moi je rendrai, dit le Seigneur »; et encore: « Le Seigneur jugera son peuple ».
၃၀``ငါ​သည်​လက်​စား​ချေ​မည်၊ ငါ​သည်​ဆပ်​ပေး မည်'' ဟူ​၍​လည်း​ကောင်း``ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​လူ​စု​တော်​အား​တ​ရား​စီ​ရင်​တော်​မူ မည်'' ဟူ​၍​လည်း​ကောင်း မိန့်​တော်​မူ​သော​အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​ငါ​တို့​သိ​ကြ​၏။-
31 C’est une chose terrible que de tomber entre les mains du Dieu vivant!
၃၁အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ လက်​တော်​သို့​ကျ​ရောက်​ရ​ခြင်း​သည် ကြောက် မက်​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။
32 Mais rappelez dans votre mémoire les jours précédents, dans lesquels, ayant été éclairés, vous avez enduré un grand combat de souffrances,
၃၂ယ​ခင်​နေ့​ရက်​များ​ကို​သ​တိ​ရ​ကြ​လော့။ ထို စဉ်​အ​ခါ​က​သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​အ​လင်း​တော်​ကို​ခံ​ယူ​ရ​ရှိ​ပြီး​နောက် ဆင်း​ရဲ​ဒုက္ခ​ကို​ပြင်း​ထန်​စွာ​ခံ​စား​ကြ ရ​သော်​လည်း​ခံ​နိုင်​ရည်​ရှိ​ခဲ့​ကြ​၏။-
33 soit en ce que vous avez été offerts en spectacle par des opprobres et des afflictions, soit en ce que vous vous êtes associés à ceux qui ont été ainsi traités.
၃၃သင်​တို့​သည်​တစ်​ခါ​တစ်​ရံ​လူ​တို့​ရှေ့​တွင် ကဲ့​ရဲ့ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ကြ​ရ​၏။ တစ်​ခါ​တစ်​ရံ အ​ခြား​သူ​တို့​ကဲ့​ရဲ့​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော အ​ခါ​၌ သင်​တို့​လည်း​ပါ​ဝင်​ကဲ့​ရဲ့​ညှဉ်း​ဆဲ ခြင်း​ခံ​ရန်​အ​သင့်​ရှိ​ကြ​သည်။-
34 Car vous avez montré de la sympathie pour les prisonniers et vous avez accepté avec joie l’enlèvement de vos biens, sachant que vous avez pour vous-mêmes des biens meilleurs et permanents.
၃၄သင်​တို့​သည်​အ​ကျဉ်း​ခံ​နေ​ရ​သူ​တို့​အ​တွက် ကြောင့် ကြင်​နာ​သော​စိတ်​ရှိ​ကြ​၏။ မိ​မိ​တို့​၏ ဥစ္စာ​ပစ္စည်း​များ​ကို​အ​တင်း​အ​ဋ္ဌမ္မ​သိမ်း​ယူ သည်​ကို​လည်း​ဝမ်း​မြောက်​စွာ​ခံ​ကြ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​မိ​မိ​တို့​၌​ထို​အ​ရာ​များ ထက်​ပို​၍ ကောင်း​မြတ်​တည်​မြဲ​သည့်​အ​ရာ ရှိ​ကြောင်း​ကို​သိ​ကြ​သော​ကြောင့်​ပင်​ဖြစ် ပေ​သည်။-
35 Ne rejetez donc pas loin votre confiance qui a une grande récompense.
၃၅သို့​ဖြစ်​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ​လော့။ ရဲ​စွမ်း သတ္တိ​ရှိ​ခြင်း​သည်​ကြီး​မြတ်​သော​ဆု​လာဘ် ကို​ရ​ရှိ​စေ​လိမ့်​မည်။-
36 Car vous avez besoin de patience, afin que, ayant fait la volonté de Dieu, vous receviez les choses promises.
၃၆ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​လိုက်​လျှောက် နိုင်​ရန်​နှင့် က​တိ​တော်​နှင့်​အ​ညီ​ခံ​စား​နိုင်​ရန် သင်​တို့​သည်​သည်း​ခံ​စိတ်​ရှိ​ရ​မည်။
37 Car encore très peu de temps, « et celui qui vient viendra, et il ne tardera pas.
၃၇``ကြွ​လာ​တော်​မူ​မည့်​အ​ရှင်​သည်​အ​ချိန် အ​နည်း​ငယ်​အ​တွင်း​၌​ကြွ​လာ​တော်​မူ​လိမ့် မည်။ နှောင့်​နှေး​လျက်​နေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
38 Or le juste vivra de foi; et: Si [quelqu’un] se retire, mon âme ne prend pas plaisir en lui ».
၃၈ဖြောင့်​မတ်​သူ​များ​ဖြစ်​ကြ​သော​ငါ​၏​လူ​စု တော်​သည် ယုံ​ကြည်​၍​အ​သက်​ရှင်​လိမ့်​မည်။ သို့​ရာ​တွင်​တွန့်​ဆုတ်​သွား​သူ​ကို​မူ​ကား ငါ​သည်​နှစ်​သက်​လိမ့်​မည်​မ​ဟုတ်'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​၏။-
39 Mais pour nous, nous ne sommes pas de ceux qui se retirent pour la perdition, mais de ceux qui croient pour la conservation de l’âme.
၃၉ငါ​တို့​သည်​တွန့်​ဆုတ်​သ​ဖြင့်​ဆုံး​ပါး​ပျက် စီး​ရ​သူ​များ​မ​ဟုတ်​ဘဲ ယုံ​ကြည်​သ​ဖြင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​သူ​များ​ဖြစ်​ကြ​၏။

< Hébreux 10 >