< Exode 38 >

1 Et il fit l’autel de l’holocauste de bois de sittim: sa longueur était de cinq coudées, et sa largeur de cinq coudées; il était carré, et sa hauteur était de trois coudées.
သူ​သည်​ယဇ်​ပလ္လင်​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ဆောက်​လုပ်​၏။ ထို​ပလ္လင်​သည်​အ​လျား​ခု​နစ် ပေ​ခွဲ၊ အ​နံ​ခု​နစ်​ပေ​ခွဲ၊ အ​မြင့်​လေး​ပေ​ခွဲ ရှိ​၏။-
2 Et il fit ses cornes à ses quatre coins; ses cornes étaient [tirées] de lui; et il le plaqua d’airain.
ထောင့်​လေး​ထောင့်​ရှိ​ဦး​ချို​သဏ္ဌာန်​အ​တက်​များ သည် ပလ္လင်​နှင့်​တစ်​သား​တည်း​ရှိ​၏။ ပလ္လင်​တစ်​ခု လုံး​ကို​ကြေး​ဝါ​ပြား​ကပ်​ထား​၏။-
3 Et il fit tous les ustensiles de l’autel: les vases, et les pelles, et les bassins, les fourchettes, et les brasiers; il fit tous ses ustensiles d’airain.
ပလ္လင်​နှင့်​ဆိုင်​သည့်​ပစ္စည်း​များ​ဖြစ်​သော​ပြာ​နှင့် အ​ဆီ​ခံ​အိုး၊ ဂေါ်ပြား၊ အင်​တုံ၊ ချိတ်၊ မီး​ကျီး​ခံ အိုး​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။-
4 Et il fit pour l’autel une grille en ouvrage de treillis, d’airain, au-dessous de son contour, en bas, jusqu’au milieu;
ကြေး​ဝါ​ဆန်​ခါ​ကို၊ ပလ္လင်​အ​နား​အောက် အ​မြင့်​ထက်​ဝက်​နေ​ရာ​တွင်​တပ်​ဆင်​ထား​၏။-
5 et il fondit quatre anneaux pour les quatre bouts de la grille d’airain, pour recevoir les barres.
ကြေး​ဝါ​ဆန်​ခါ​ထောင့်​လေး​ထောင့်​တွင်​ထမ်း ပိုး​လျှို​ရန် ကွင်း​ကို​ပြု​လုပ်​၏။-
6 Et il fit les barres de bois de sittim, et les plaqua d’airain;
ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် လုပ်​၍၊ ကြေး​ဝါ​ပြား​ကပ်​ထား​၏။-
7 et il fit entrer les barres dans les anneaux, sur les côtés de l’autel, pour le porter par elles; il le fit creux, avec des planches.
ထမ်း​ပိုး​များ​ကို​ပလ္လင်​နံ​ဘေး​နှစ်​ဘက်​ရှိ ကွင်း​များ​တွင်​လျှို​ထား​၏။ ပလ္လင်​ကို​ဟင်း လင်း​ဖြစ်​စေ​ရန်၊ ပျဉ်​ဖြင့်​စပ်​လုပ်​၏။
8 Et il fit la cuve d’airain, et son soubassement d’airain, avec les miroirs des femmes qui s’attroupaient à l’entrée de la tente d’assignation.
သူ​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​တွင် တာ​ဝန်​ကျ​သော​အ​မျိုး သ​မီး​တို့​၏​ကြေး​မုံ​များ​ဖြင့်၊ ကြေး​ဝါ အင်​တုံ​နှင့်​အောက်​ခံ​ကို​ပြု​လုပ်​၏။
9 Et il fit le parvis: pour le côté du midi vers le sud, les tentures du parvis de fin coton retors, de 100 coudées,
သူ​သည်​တဲ​တော်​ကို​ကာ​ရန်​ကန့်​လန့်​ကာ​များ ကို ပိတ်​ချော​ဖြင့်​ပြု​လုပ်​၏။ တောင်​ဘက်​၌​ကာ​ရန် ကန့်​လန့်​ကာ​သည်၊ အ​လျား​ကိုက်​ငါး​ဆယ်​ရှိ​၏။-
10 leurs 20 piliers, et leurs 20 bases d’airain; les crochets des piliers et leurs baguettes d’attache étaient d’argent.
၁၀ကန့်​လန့်​ကာ​ကို​ချိတ်​ဆွဲ​ရန်​တိုင်​နှစ်​ဆယ်​နှင့် တိုင်​ဖိ​နပ်​နှစ်​ဆယ်​တိုင်​ကို​ကြေး​ဝါ​ဖြင့်​လည်း ကောင်း၊ ချိတ်​များ​နှင့်​တန်း​များ​ကို​ငွေ​ဖြင့် လည်း​ကောင်း​ပြု​လုပ်​၏။-
11 Et pour le côté du nord, 100 coudées, leurs 20 piliers, et leurs 20 bases d’airain; les crochets des piliers et leurs baguettes d’attache, d’argent.
၁၁မြောက်​ဘက်​ကန့်​လန့်​ကာ​သည်​လည်း၊ တောင် ဘက်​ကန့်​လန့်​ကာ​အ​တိုင်း​ပင်​ဖြစ်​၏။-
12 Et pour le côté de l’occident, des tentures de 50 coudées, leurs dix piliers et leurs dix bases; les crochets des piliers et leurs baguettes d’attache étaient d’argent.
၁၂အ​နောက်​ဘက်​၌​ကာ​ရန်​ကန့်​လန့်​ကာ​သည်၊ အ​လျား​နှစ်​ဆယ့်​ငါး​ကိုက်​ရှိ​၍၊ တိုင်​ဆယ်​တိုင်၊ တိုင်​ဖိ​နပ်​ဆယ်​ခု၊ ချိတ်၊ တန်း​များ​ကို​ငွေ​ဖြင့် ပြု​လုပ်​၏။-
13 Et pour le côté de l’orient, vers le levant, 50 coudées;
၁၃တံ​ခါး​ဝ​ရှိ​ရာ​တဲ​တော်​အ​ရှေ့​ဘက်​ဝင်း​သည် လည်း နှစ်​ဆယ့်​ငါး​ကိုက်​ကျယ်​၏။-
14 sur un côté 15 coudées de tentures, leurs trois piliers et leurs trois bases;
၁၄တဲ​တော်​တံ​ခါး​ဝ​တစ်​ဘက်​တစ်​ချက်​တွင်၊ အ​နံ​ခု​နစ်​ကိုက်​ခွဲ​ရှိ​သော​ကန့်​လန့်​ကာ​နှင့် တိုင်​သုံး​တိုင်၊ တိုင်​ဖိ​နပ်​သုံး​ခု​စီ​ရှိ​၏။-
15 et sur l’autre côté, deçà et delà de la porte du parvis, 15 coudées de tentures, leurs trois piliers et leurs trois bases.
၁၅
16 Toutes les tentures du parvis, à l’entour, étaient de fin coton retors;
၁၆တဲ​တော်​ဝင်း​တစ်​လျှောက်​ရှိ​ကန့်​လန့်​ကာ အား​လုံး​ကို​ပိတ်​ချော​ဖြင့်​ပြု​လုပ်​သည်။-
17 et les bases des piliers, d’airain; les crochets des piliers et leurs baguettes d’attache, d’argent; et le plaqué de leurs chapiteaux, d’argent; et tous les piliers du parvis avaient des baguettes d’attache en argent.
၁၇တိုင်​ဖိ​နပ်​များ​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၍၊ တိုင် ချိတ်​များ၊ တိုင်​တန်း​များ​နှင့်​တိုင်​ထိပ်​အုပ်​များ ကို​ငွေ​ဖြင့်​ပြု​လုပ်​သည်။ တိုင်​အား​လုံး​ကို​ငွေ တန်း​များ​ဖြင့်​ဆက်​ထား​၏။-
18 – Et le rideau de la porte du parvis était de bleu, et de pourpre, et d’écarlate, et de fin coton retors, en ouvrage de brodeur; et la longueur, de 20 coudées; et la hauteur, dans la largeur [de la porte], de cinq coudées, correspondant aux tentures du parvis;
၁၈တဲ​တော်​တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​ကို အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​ဖြင့်​ရက်​လုပ်​၍​ပန်း​ထိုး​ထား​၏။ တဲ​တော်​ဝင်း​ကန့်​လန့်​ကာ​များ​ကဲ့​သို့​တံ​ခါး ဝ​ကန့်​လန့်​ကာ​သည်​အ​လျား​တစ်​ဆယ်​ကိုက် နှင့်​အ​မြင့်​နှစ်​ကိုက်​ခွဲ​ရှိ​၏။-
19 et ses quatre piliers, et leurs quatre bases, d’airain; leurs crochets, d’argent; et le plaqué de leurs chapiteaux et leurs baguettes d’attache, d’argent.
၁၉ထို​ကန့်​လန့်​ကာ​ကို​ကြေး​ဝါ​ဖိ​နပ်​လေး​ခု​စွပ် ထား​သော​တိုင်​လေး​တိုင်​တို့​တွင်​ချိတ်​ဆွဲ​ထား ၏။ ချိတ်​များ၊ ထိပ်​အုပ်​များ​နှင့်​တန်း​များ​ကို ငွေ​ဖြင့်​ပြု​လုပ်​၏။-
20 Et tous les pieux du tabernacle et du parvis, à l’entour, étaient d’airain.
၂၀တဲ​တော်​နှင့်​ဝင်း​အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။
21 Et c’est ici l’inventaire du tabernacle, du tabernacle du témoignage, qui fut dressé par le commandement de Moïse: [ce fut] le service des Lévites, sous la main d’Ithamar, fils d’Aaron, le sacrificateur.
၂၁ပ​ညတ်​တော်​ဆယ်​ပါး​ရေး​ထိုး​ထား​သော ကျောက်​ပြား​ထား​ရှိ​ရာ​တဲ​တော်​အ​တွက် အ​သုံး​ပြု​သော​သတ္တု​စာ​ရင်း​ကို​ဖော်​ပြ ပေ​အံ့။ ထို​စာ​ရင်း​မှာ​ယဇ်​ပု​ရော​ဟိတ်​အာ​ရုန် ၏​သား​ဣ​သ​မာ​ဦး​စီး​သော လေ​ဝိ​အ​မျိုး သား​တို့​က​မော​ရှေ​၏​အ​မိန့်​အ​ရ​ပြု​စု သော​စာ​ရင်း​ဖြစ်​၏။
22 Et Betsaleël, fils d’Uri, fils de Hur, de la tribu de Juda, fit tout ce que l’Éternel avait commandé à Moïse;
၂၂ယု​ဒ​အ​နွယ်​ဟု​ရ​၏​မိ​သား​စု​မှ​ဥ​ရိ​၏​သား ဗေ​ဇ​လေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ အား​မိန့်​မှာ​တော်​မူ​သ​မျှ​တို့​ကို​တာ​ဝန်​ယူ ဆောင်​ရွက်​လေ​၏။-
23 et avec lui Oholiab, fils d’Akhisamac, de la tribu de Dan, graveur, et inventeur, et brodeur en bleu, et en pourpre, et en écarlate, et en fin coton.
၂၃သူ​၏​အ​ကူ​အ​ညီ​ဖြစ်​သူ​ဒန်​၏​အ​နွယ်​ထဲ​မှ အ​ဟိ​သ​မက်​၏​သား​အ​ဟော​လျ​ဘ​သည် ပန်း​ပု​အ​တတ်၊ ပုံ​စံ​ထုတ်​အ​တတ်​ကို​တတ် ကျွမ်း​သူ၊ အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင် သိုး​မွေး၊ ပိတ်​ချော​တို့​ကို​ရက်​တတ်​သူ​ဖြစ်​၏။
24 Tout l’or qui fut employé pour l’œuvre, pour toute l’œuvre du lieu saint, l’or de l’offrande, fut de 29 talents et 730 sicles, selon le sicle du sanctuaire.
၂၄တဲ​တော်​အ​တွက်​လူ​တို့​လှူ​ဒါန်း​သော​ရွှေ​ချိန် စု​စု​ပေါင်း​မှာ တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ နှစ်​ထောင့်​တစ်​ရာ​ကိုး​ဆယ့်​ငါး​ပေါင်​ရှိ​၏။-
25 Et l’argent de ceux de l’assemblée qui furent dénombrés fut de 100 talents et 1 775 sicles, selon le sicle du sanctuaire,
၂၅သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​စဉ်​အ​ခါ​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ ရ​ရှိ​သော ငွေ​ချိန်​မှာ​တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ ခု​နစ်​ထောင့်​ငါး​ရာ​ငါး​ဆယ်​ပေါင်​ရှိ​၏။-
26 un béka par tête, la moitié d’un sicle, selon le sicle du sanctuaire, pour tous ceux qui passèrent par le dénombrement, depuis l’âge de 20 ans et au-dessus, pour 603 550 [hommes].
၂၆ထို​ငွေ​ချိန်​သည်​သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တစ်​ဦး ချင်း​က တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ​ပေး​ဆောင် သော​ငွေ​ချိန်​စု​စု​ပေါင်း​ဖြစ်​သ​တည်း။ အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​သန်း​ခေါင်​စာ​ရင်း​ဝင် အ​မျိုး​သား​ဦး​ရေ​မှာ ခြောက်​သိန်း​သုံး​ထောင်​ငါး ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။-
27 Et les 100 talents d’argent étaient pour fondre les bases du lieu saint, et les bases du voile, 100 bases pour les 100 talents, un talent par base;
၂၇အောက်​ခံ​တစ်​ခု​လျှင်​ငွေ​ချိန်​ခု​နစ်​ဆယ့်​ငါး ပေါင်​ကျ​ဖြင့် တဲ​တော်​နှင့်​ကန့်​လန့်​ကာ​အောက် ခံ​တစ်​ရာ​အ​တွက်​ငွေ​ချိန်​ခု​နစ်​ထောင့်​ငါး ရာ​ပေါင်​ကို​အ​သုံး​ပြု​သည်။-
28 et des 1 775 [sicles] on fit les crochets des piliers, et on plaqua leurs chapiteaux, et on les joignit par les baguettes.
၂၈ချိတ်​များ၊ ထိပ်​အုပ်​များ၊ တန်း​များ​အ​တွက် ကျန်​သေး​သော​ငွေ​ချိန်​ပေါင်​ငါး​ဆယ်​ကို သုံး​၏။-
29 Et l’airain de l’offrande fut de 70 talents et 2 400 sicles;
၂၉လူ​တို့​လှူ​ဒါန်း​သော​ကြေး​ဝါ​ချိန်​စု​စု​ပေါင်း မှာ ငါး​ထောင်​သုံး​ရာ့​တစ်​ဆယ်​ပေါင်​ဖြစ်​၏။-
30 et on en fit les bases de l’entrée de la tente d’assignation, et l’autel d’airain, et la grille d’airain qui lui appartient, et tous les ustensiles de l’autel;
၃၀ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး ဝ​အ​တွက် အောက်​ခံ​များ၊ ကြေး​ဝါ​ပလ္လင်၊ ကြေး ဝါ​ဆန်​ခါ၊ ပလ္လင်​နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး၊-
31 et les bases du parvis tout autour, et les bases de la porte du parvis, et tous les pieux du tabernacle, et tous les pieux du parvis, tout autour.
၃၁တဲ​တော်​ဝင်း​နှင့်​တံ​ခါး​ဝ​အ​တွက်​အောက်​ခံ များ၊ တဲ​တော်​နှင့်​တဲ​တော်​ဝင်း​အ​ကာ​အ​ရံ အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ​တို့​ကို​ထို ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။

< Exode 38 >