< 2 Samuel 15 >

1 Et il arriva, après cela, qu’Absalom se procura des chars et des chevaux, et 50 hommes qui couraient devant lui.
ထို​နောက်​အ​ဗ​ရှ​လုံ​သည်​မြင်း​ရ​ထား​တစ်​စီး၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး​စစ်​သည်​ငါး​ဆယ် ကို​မိ​မိ​အ​တွက်​ထား​ရှိ​လေ​သည်။-
2 Et Absalom se levait de bonne heure, et se tenait à côté du chemin de la porte; et tout homme qui avait une cause qui l’oblige d’aller vers le roi pour un jugement, Absalom l’appelait, et disait: De quelle ville es-tu? Et il disait: Ton serviteur est de l’une des tribus d’Israël.
သူ​သည်​နံ​နက်​စော​စော​ထ​ပြီး​လျှင်​မြို့​တံ​ခါး ဝ​လမ်း​နံ​ဘေး​တွင်​ရပ်​လျက်​နေ​တတ်​၏။ ဘု​ရင် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ရန်​အ​မှု​သည်​တစ်​စုံ တစ်​ယောက်​ရောက်​ရှိ​လာ​သော​အ​ခါ​သူ့​ကို​ခေါ် ၍``သင်​သည်​အ​ဘယ်​အ​ရပ်​က​လာ​သနည်း'' ဟု မေး​လေ့​ရှိ​၏။ အ​မှု​သည်​က``အ​ရှင်​အ​ကျွန်ုပ် သည်​ဤ​မည်​သော​ဣ​သ​ရေ​လ​အ​နွယ်​မှ​ဖြစ် ပါ​သည်'' ဟု​ဆို​လျှင်၊-
3 Et Absalom lui disait: Vois, tes affaires sont bonnes et justes, mais tu n’as personne pour les entendre de la part du roi.
အ​ဗ​ရှ​လုံ​က``ကြည့်​လော့၊ သင်​၏​အ​မှု​သည် တ​ရား​ဥ​ပ​ဒေ​အ​ရ​မှန်​ကန်​၏။ သို့​ရာ​တွင် ဘု​ရင်​၏​ကိုယ်​စား​သင့်​အ​မှု​ကို​စီ​ရင်​ပေး မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။-
4 Et Absalom disait: Que ne m’établit-on juge dans le pays! alors tout homme qui aurait une cause ou un procès viendrait vers moi, et je lui ferais justice.
ငါ​သာ​လျှင်​တ​ရား​သူ​ကြီး​ဖြစ်​ခဲ့​ပါ​မူ​ငြင်း ခုံ​မှု၊ တ​ရား​မှု​ရှိ​သူ​သည်​ငါ့​ထံ​သို့​လာ​၍ ငါ​သည်​တ​ရား​သ​ဖြင့်​စီ​ရင်​မည်'' ဟု​ပြော ဆို​လေ့​ရှိ​၏။-
5 Et s’il arrivait qu’un homme s’approche pour se prosterner devant lui, il lui tendait la main, et le prenait, et l’embrassait.
အ​ကယ်​၍​ထို​သူ​သည်​အ​ဗ​ရှ​လုံ​၏​အ​နီး​သို့ ချဉ်း​ကပ်​၍​ဦး​ညွှတ်​အ​ရို​အ​သေ​ပြု​ခဲ့​သော် အ​ဗ​ရှ​လုံ​သည်​လက်​ကို​ဆန့်​၍​ထို​သူ​အား ကိုင်​ပြီး​လျှင်​နမ်း​ရှုပ်​တတ်​၏။-
6 Et Absalom agissait de cette manière envers tous ceux d’Israël qui venaient vers le roi pour un jugement; et Absalom dérobait les cœurs des hommes d’Israël.
အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​၏​အဆုံး​အ​ဖြတ် ကို​ခံ​ရန်​လာ​ရောက်​သူ ဣ​သ​ရေ​လ​အ​မျိုး သား​မှန်​သ​မျှ​ကို ဤ​နည်း​အ​တိုင်း​ပြု​သ​ဖြင့် ထို​သူ​တို့​၏​ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ လေ​သည်။
7 Et il arriva au bout de 40 ans, qu’Absalom dit au roi: Je te prie, que je m’en aille et que j’acquitte à Hébron mon vœu que j’ai voué à l’Éternel.
လေး​နှစ်​မျှ​ကြာ​သော​အ​ခါ​အ​ဗ​ရှ​လုံ သည်​ဒါ​ဝိဒ်​မင်း​အား``အ​ရှင်၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ခဲ့​သည့်​သစ္စာ​ဝတ် ကို​ဖြေ​ရန်​ဟေ​ဗြုန်​မြို့​သို့​သွား​ခွင့်​ပြု​တော် မူ​ပါ။-
8 Car ton serviteur voua un vœu, quand je demeurais à Gueshur, en Syrie, disant: Si l’Éternel me fait retourner à Jérusalem, je servirai l’Éternel.
ရှု​ရိ​ပြည်​ဂေ​ရှု​ရ​မြို့​တွင်​နေ​ထိုင်​စဉ်​အ​ခါ​က အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​အား ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည်​ပို့​ဆောင်​ပေး တော်​မူ​ပါ​လျှင် ကိုယ်​တော်​အား​ဟေ​ဗြုန်​မြို့ တွင်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​မည်​ဟု​အ​ကျွန်ုပ် က​တိ​ထား​ခဲ့​ပါ​၏'' ဟု​လျှောက်​၏။-
9 Et le roi lui dit: Va en paix. Et il se leva, et s’en alla à Hébron.
မင်း​ကြီး​က``ငြိမ်း​ချမ်း​စွာ​သွား​လော့'' ဟု ဆို​သ​ဖြင့်​အ​ဗ​ရှ​လုံ​သည်​ဟေ​ဗြုန်​မြို့ သို့​သွား​လေ​၏။-
10 Et Absalom envoya des émissaires dans toutes les tribus d’Israël, disant: Quand vous entendrez le son de la trompette, dites: Absalom règne à Hébron.
၁၀သို့​ရာ​တွင်​သူ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ သ​မျှ​တို့​ထံ​သို့​စေ​တ​မန်​များ​လွှတ်​ပြီး လျှင်``သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​မှုတ် သံ​ကို​ကြား​သော​အ​ခါ``အ​ဗ​ရှ​လုံ​သည် ဟေ​ဗြုန်​မြို့​တွင်​နန်း​တက်​တော်​မူ​ပြီ' ဟု ကြွေး​ကြော်​ကြ​လော့'' ဟု​မှာ​ကြား​ထား လေ​သည်။-
11 Et 200 hommes qui avaient été invités, s’en allèrent de Jérusalem avec Absalom, et ils allaient dans leur simplicité, et ne savaient rien de l’affaire.
၁၁အ​ဗ​ရှ​လုံ​၏​ခေါ်​ဖိတ်​ချက်​အ​ရ​သူ​နှင့် အ​တူ ယေ​ရု​ရှ​လင်​မြို့​မှ​လိုက်​လာ​သူ အ​ပေါင်း​မှာ​နှစ်​ရာ​ရှိ​၏။ သူ​တို့​သည်​အ​ဗ ရှ​လုံ​၏​လျှို့​ဝှက်​ကြံ​စည်​ချက်​ကို​လုံး​ဝ မ​သိ​ကြ။ စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​လိုက် ပါ​လာ​သူ​များ​ဖြစ်​သ​တည်း။-
12 Et Absalom envoya [appeler] Akhitophel, le Guilonite, le conseiller de David, de sa ville de Guilo, pendant qu’il offrait les sacrifices; et la conjuration devint puissante, et le peuple allait croissant auprès d’Absalom.
၁၂ယဇ်​များ​ကို​ပူ​ဇော်​နေ​ချိန်​၌​အ​ဗ​ရှ​လုံ​သည် ဂိ​လော​မြို့​သို့​လူ​လွှတ်​၍ ဒါ​ဝိဒ်​၏​အ​တိုင်​ပင်​ခံ အ​မတ်​တစ်​ဦး​ဖြစ်​သူ​ဂိ​လော​မြို့​သား​အဟိ​သော ဖေ​လ​ကို​အ​ခေါ်​ခိုင်း​၏။ အ​ဗ​ရှ​လုံ​၏​နောက်​လိုက် များ​သည်​အ​ရေ​အ​တွက်​တိုး​ပွား​များ​ပြား​လာ သည်​နှင့်​အ​မျှ မင်း​ကြီး​အား​ပုန်​ကန်​ရန်​လျှို့​ဝှက် ကြံ​စည်​မှု​သည်​အင်​အား​ကြီး​ထွား​လာ​လေ​သည်။
13 Et il vint à David quelqu’un qui lui rapporta, disant: Les cœurs des hommes d’Israël suivent Absalom.
၁၃အ​ဗ​ရှ​လုံ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ဒါ​ဝိဒ်​အား​လူ​တစ်​ယောက်​သည်​လာ​ရောက် သ​တင်း​ပေး​ပို့​၏။
14 Et David dit à tous ses serviteurs qui étaient avec lui à Jérusalem: Levez-vous, et fuyons, car nous ne saurions échapper devant Absalom. Hâtez-vous de vous en aller, de peur qu’il ne se hâte, et ne nous atteigne, et ne fasse tomber le malheur sur nous, et ne frappe la ville par le tranchant de l’épée.
၁၄ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ရှိ​သည့်​မှူး​မတ်​အ​ပေါင်း​တို့​အား``အ​ဗ​ရှ​လုံ ၏​လက်​မှ​လွတ်​မြောက်​လို​လျှင်​ငါ​တို့​သည် ချက်​ချင်း​ထွက်​ခွာ​သွား​ရ​ကြ​မည်။ ငါ​တို့ သည်​အ​လျင်​အ​မြန်​မ​ထွက်​ခွာ​လျှင်​သူ​သည် မ​ကြာ​မီ ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​လျက် ငါ​တို့​ကို​နှိမ်​နင်း​ကာ​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​ကို​သတ်​ဖြတ်​ပစ်​လိမ့်​မည်'' ဟု​ဆို​၏။
15 Et les serviteurs du roi dirent au roi: Selon tout ce que choisira le roi, notre seigneur, voici tes serviteurs.
၁၅ထို​သူ​တို့​က``မှန်​လှ​ပါ​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​အ​ရှင့်​အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။-
16 Et le roi sortit, et toute sa maison à sa suite; et le roi laissa dix femmes concubines pour garder la maison.
၁၆သို့​ကြောင့်​မင်း​ကြီး​သည် မိ​မိ​၏​အိမ်​ထောင်​စု သား​ချင်း​များ​နှင့်​မှူး​မတ်​များ​ကို​ခေါ်​၍ ထွက်​ခွာ​သွား​တော်​မူ​၏။ နန်း​တော်​စောင့်​အ​ဖြစ် ဖြင့်​မောင်း​မ​တော်​ဆယ်​ယောက်​သာ​လျှင်​ကျန် ရစ်​သ​တည်း။
17 Et le roi sortit, et tout le peuple à sa suite; et ils s’arrêtèrent à Beth-Merkhak.
၁၇မင်း​ကြီး​တို့​လူ​စု​သည် ယင်း​သို့​ထွက်​ခွာ​သွား ကြ​ပြီး​နောက် မြို့​အ​စွန်​၌​ရှိ​သော​အိမ်​တစ် အိမ်​တွင်​ရပ်​တန့်​ကြ​၏။-
18 Et tous ses serviteurs marchaient à ses côtés; et tous les Keréthiens, et tous les Peléthiens, et tous les Guitthiens, 600 hommes qui étaient venus de Gath à sa suite, marchaient devant le roi.
၁၈မင်း​ကြီး​၏​မှူး​မတ်​အ​ပေါင်း​တို့​သည်​သူ​၏ အ​နီး​တွင်​ရပ်​၍​နေ​စဉ် အ​စောင့်​တပ်​သား​များ သည်​မင်း​ကြီး​၏​ရှေ့​မှ​ဖြတ်​သွား​ကြ​၏။ ဂါ​သ မြို့​မှ​လိုက်​ပါ​လာ​ကြ​သော​တပ်​သား​ခြောက် ရာ​တို့​သည်​လည်း​ယင်း​သို့​ဖြတ်​သွား​ကြ သော​အ​ခါ၊-
19 Et le roi dit à Itthaï, le Guitthien: Pourquoi viendrais-tu, toi aussi, avec nous? Retourne-t’en, et demeure avec le roi; car tu es étranger, et de plus tu as émigré dans le lieu que tu habites.
၁၉မင်း​ကြီး​က​သူ​တို့​၏ တပ်​မှူး​အိတ္တဲ​အား``သင် သည်​အ​ဘယ်​ကြောင့်​ငါ​တို့​နှင့်​အ​တူ​လိုက် လာ​ပါ​သ​နည်း။ ဘု​ရင်​သစ်​ထံ​သို့​ပြန်​၍​နေ ပါ​လော့။ သင်​သည်​လူ​မျိုး​ခြား​ဖြစ်​ပါ​၏။ မိ​မိ တိုင်း​ပြည်​နှင့်​လည်း​ဝေး​ကွာ​လျက်​တိုင်း တစ်​ပါး​တွင်​ခို​လှုံ​နေ​သူ​ဖြစ်​သည်။-
20 Tu es venu hier, et aujourd’hui je te ferais errer avec nous çà et là? Et quant à moi, je vais où je puis aller. Retourne-t’en, et emmène tes frères. Que la bonté et la vérité soient avec toi!
၂၀ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​သည်​မှာ​လည်း​ကာ​လ အ​နည်း​ငယ်​သာ​ရှိ​သေး​သ​ဖြင့် ငါ​သည်​အ​ဘယ် ကြောင့်​သင့်​အား​ငါ​နှင့်​အ​တူ​အ​ရပ်​ရပ်​သို့​လှည့် လည်​စေ​ရ​ပါ​မည်​နည်း။ ငါ​အ​ဘယ်​အ​ရပ်​သို့ သွား​ရ​မည်​ကို​ပင်​မ​သိ။ သင်​သည်​မိ​မိ​၏​အ​မျိုး သား​တို့​ကို​ခေါ်​၍​ပြန်​သွား​ပါ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​သင့်​အား​သစ္စာ​က​ရု​ဏာ​ထား တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။
21 Mais Itthaï répondit au roi, et dit: L’Éternel est vivant, et le roi, mon seigneur, est vivant, que dans le lieu où sera le roi, mon seigneur, soit pour la mort, soit pour la vie, là aussi sera ton serviteur!
၂၁သို့​ရာ​တွင်​အိတ္တဲ​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ် သည်​သေ​ရ​မည်​ဆို​သော်​လည်း အ​ရှင်​မင်း​ကြီး သွား​လေ​ရာ​ရာ​သို့​အ​စဉ်​လိုက်​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​တိုင်​တည် ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
22 Et David dit à Itthaï: Va, et passe! Alors Itthaï, le Guitthien, passa avec tous ses hommes et tous les enfants qui étaient avec lui.
၂၂ဒါ​ဝိဒ်​က``ကောင်း​ပြီ။ ဆက်​လက်​ချီ​သွား​လော့'' ဟု မိန့်​တော်​မူ​သ​ဖြင့် အိတ္တဲ​သည်​မိ​မိ​၏​လူ​စု​နှင့် တ​ကွ​သူ​တို့​အား​မှီ​ခို​သူ​များ​ကို​ခေါ် သွား​၏။-
23 Et tout le pays pleurait à haute voix, et tout le peuple passait; et le roi passa le torrent du Cédron, et tout le peuple passa en face du chemin du désert.
၂၃ဒါ​ဝိဒ်​၏​နောက်​သို့​လိုက်​သူ​များ​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပြည်​သူ​ပြည်​သား​တို့​သည်​အော် ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ မင်း​ကြီး​နှင့်​နောက်​လိုက် အ​ပေါင်း​တို့​သည်​ကေ​ဒြုန်​ချောင်း​ကို​ကူး​၍ တော​ကန္တာ​ရ​သို့​ရှေ့​ရှု​သွား​ကြ​လေ​သည်။
24 Et voici Tsadok aussi, et tous les Lévites avec lui, portant l’arche de l’alliance de Dieu, et ils posèrent l’arche de Dieu, et Abiathar monta, jusqu’à ce que tout le peuple ait achevé de passer hors de la ville.
၂၄ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​သော​လေ​ဝိ​အ​နွယ်​ဝင်​တို့ သည်​ပါ​လာ​ကြ​၏။ သူ​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ချ​ထား​၍ လူ​အ​ပေါင်း​တို့ မြို့​မှ​ထွက်​ခွာ​ပြီး​ချိန်​တိုင်​အောင်​စောင့်​နေ ကြ​၏။ သူ​တို့​အ​ထဲ​တွင်​အ​ဗျာ​သာ​လည်း ပါ​၏။-
25 Et le roi dit à Tsadok: Reporte l’arche de Dieu dans la ville; si je trouve grâce aux yeux de l’Éternel, alors il me ramènera, et me la fera voir, elle et sa demeure.
၂၅ထို​နောက်​မင်း​ကြီး​သည်​ဇာ​ဒုတ်​အား``ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပြန်​၍​ပင့် ဆောင်​သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား​နှစ်​သက်​တော်​မူ​လျှင် တစ်​နေ့​နေ့​၌​ထို သေတ္တာ​တော်​ကို​လည်း​ကောင်း၊ သေတ္တာ​တော် ကျိန်း​ဝပ်​ရာ​အ​ရပ်​ကို​လည်း​ကောင်း ကြည့်​ရှု​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။-
26 Et s’il dit ainsi: Je ne prends point de plaisir en toi; – me voici, qu’il fasse de moi ce qui sera bon à ses yeux.
၂၆သို့​ရာ​တွင်​ငါ့​အား​နှစ်​သက်​တော်​မ​မူ​ပါ လျှင် ကိုယ်​တော်​အ​လို​တော်​ရှိ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။-
27 Et le roi dit à Tsadok, le sacrificateur: N’es-tu pas le voyant? Retourne-t’en en paix à la ville, et Akhimaats, ton fils, et Jonathan, fils d’Abiathar, vos deux fils, avec vous.
၂၇ထို့​အ​ပြင်​မင်း​ကြီး​က​ဇာဒုတ်​အား``ကြည့်​လော့၊ သင်​၏​သား​အ​ဟိ​မတ်​နှင့်​အ​ဗျာ​သာ​၏​သား ယော​န​သန်​တို့​ကို​ခေါ်​၍​ငြိမ်း​ချမ်း​စွာ​မြို့ တော်​သို့​ပြန်​လော့။-
28 Voyez, j’attendrai dans les plaines du désert, jusqu’à ce que vienne de votre part une parole pour m’apporter des nouvelles.
၂၈ဤ​အ​တော​အ​တွင်း​၌​ငါ​သည်​သင်​၏​ထံ မှ​သ​တင်း​စ​ကား​မ​ရ​မ​ချင်း​တော​ကန္တာ​ရ ရှိ​ကူး​တို့​ဆိပ်​တွင်​စောင့်​ဆိုင်း​နေ​မည်'' ဟု မိန့်​တော်​မူ​၏။-
29 Et Tsadok et Abiathar reportèrent l’arche de Dieu à Jérusalem, et y demeurèrent.
၂၉ထို့​ကြောင့်​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​မြို့​တော်​သို့​ပြန် လည်​ပင့်​ဆောင်​၍​မြို့​တော်​တွင်​နေ​ကြ​၏။
30 Et David monta par la montée des Oliviers, montant et pleurant; et il avait la tête couverte et marchait nu-pieds, et tout le peuple qui était avec lui montait, chacun ayant sa tête couverte, et en montant ils pleuraient.
၃၀ဒါ​ဝိဒ်​သည်​ခြေ​နင်း​ကို​ချွတ်​ပြီး​လျှင်​ဝမ်း နည်း​သည့်​လက္ခ​ဏာ​ဖြင့် ခေါင်း​မြီး​ခြုံ​၍​ငို ယို​ကာ​သံ​လွင်​တောင်​သို့​တက်​တော်​မူ​၏။ သူ ၏​နောက်​မှ​လိုက်​ပါ​လာ​ကြ​သူ​အ​ပေါင်း တို့​သည်​လည်း​ခေါင်း​မြီး​ခြုံ​၍​ငို​ယို​ကြ​၏။-
31 Et on rapporta à David, en disant: Akhitophel est parmi les conjurés avec Absalom. Et David dit: Éternel! je te prie, rends vain le conseil d’Akhitophel.
၃၁အ​ဟိ​သော​ဖေ​လ​သည်​အ​ဗ​ရှ​လုံ​၏ သူ​ပုန်​အ​ဖွဲ့​သို့​ဝင်​ရောက်​သွား​ကြောင်း ဒါ​ဝိဒ် ကြား​သိ​သော​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​အ​စည် များ​ကို​အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
32 Et David, étant parvenu au sommet où il se prosterna devant Dieu, il arriva que voici, Hushaï, l’Arkite, vint au-devant de lui, sa tunique déchirée et de la terre sur sa tête.
၃၂ဒါ​ဝိဒ်​သည်​ကိုး​ကွယ်​ရာ​ဌာ​န​တော်​ရှိ​သည့် တောင်​ထိပ်​သို့​ရောက်​သော​အ​ခါ မိ​မိ​၏​လူ​ယုံ တော်​အာ​ခိ​မြို့​သား​ဟု​ရှဲ​သည် မိ​မိ​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​လျက်​ဦး​ခေါင်း​ကို​လည်း မြေ​မှုန့်​ဖြင့်​လူး​လျက်​မင်း​ကြီး​အား​ခ​ရီး ဦး​ကြို​ပြု​၏။
33 Et David lui dit: Si tu passes avec moi, tu me seras à charge.
၃၃ဒါ​ဝိဒ်​က​ဟု​ရှဲ​အား``သင်​သည်​ငါ​နှင့်​အ​တူ လိုက်​လာ​လျှင် ငါ့​အား​မည်​သို့​မျှ​အ​ကူ အ​ညီ​ပေး​နိုင်​မည်​မ​ဟုတ်။-
34 Mais si tu retournes à la ville, et que tu dises à Absalom: Ô roi! je serai ton serviteur; comme j’ai été autrefois serviteur de ton père, maintenant aussi je serai ton serviteur, – alors tu annuleras pour moi le conseil d’Akhitophel.
၃၄သို့​ရာ​တွင်​သင်​သည်​မြို့​သို့​ပြန်​၍​အ​ဗ​ရှ​လုံ အား``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​အ​ရှင့် ခ​မည်း​တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ခဲ့​သည့်​နည်း​တူ ယ​ခု​အ​ရှင်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ပါ​မည်' ဟု​လျှောက်​ထား​ပြီး နောက်​အ​ဟိ​သော​ဖေလ​ပေး​သည့်​အ​ကြံ ကို​ဆန့်​ကျင်​ဘက်​ပြု​ခြင်း​အား​ဖြင့်​ငါ့ အား​အ​ကူ​အ​ညီ​ပေး​နိုင်​၏။-
35 Et les sacrificateurs Tsadok et Abiathar ne sont-ils pas là avec toi? Et il arrivera que tout ce que tu entendras de la maison du roi, tu le rapporteras à Tsadok et à Abiathar, les sacrificateurs.
၃၅ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့ သည်​မြို့​တော်​တွင်​ရှိ​နေ​ကြ​ပါ​မည်။ နန်း တော်​တွင်​သင်​ကြား​သိ​ရ​သ​မျှ​သ​တင်း ကို​သူ​တို့​အား​ပြော​ကြား​လော့။-
36 Voici, leurs deux fils, Akhimaats, [fils] de Tsadok, et Jonathan, [fils] d’Abiathar, sont là avec eux; et vous me ferez savoir par eux tout ce que vous aurez entendu.
၃၆သူ​တို့​နှင့်​အ​တူ​သူ​တို့​၏​သား​များ​ဖြစ်​ကြ သော အ​ဟိ​မတ်​နှင့်​ယောန​သန်​တို့​လည်း​ရှိ​ကြ သည်​ဖြစ်​၍ သင်​ရ​ရှိ​သည့်​သ​တင်း​မှန်​သ​မျှ ကို​ထို​သူ​နှစ်​ယောက်​တို့​အား​ဖြင့်​ငါ့​ထံ​သို့ ပေး​ပို့​လော့'' ဟု​မိန့်​တော်​မူ​၏။
37 Et Hushaï, l’ami de David, vint dans la ville; et Absalom entra à Jérusalem.
၃၇သို့​ဖြစ်​၍​ဒါ​ဝိဒ်​၏​အ​ဆွေ​တော်​ဟု​ရှဲ​သည် မြို့​တော်​သို့​ပြန်​လေ​၏။ ထို​အ​ချိန်​၌​ပင် လျှင်​အ​ဗ​ရှ​လုံ​သည်​မြို့​တော်​သို့​ရောက် ရှိ​လာ​လေ​သည်။

< 2 Samuel 15 >