< 2 Chroniques 33 >
1 Manassé était âgé de douze ans lorsqu’il commença de régner; et il régna 55 ans à Jérusalem.
၁မနာရှေ သည် အသက် တဆယ် နှစ် နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ ငါးဆယ် ငါး နှစ် စိုးစံ လေ၏။
2 Et il fit ce qui est mauvais aux yeux de l’Éternel, selon les abominations des nations que l’Éternel avait dépossédées devant les fils d’Israël.
၂ထိုမင်းသည် ဣသရေလ အမျိုးသား ရှေ့ မှာ၊ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား ရွံရှာဘွယ် ထုံးစံအတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။
3 Et il rebâtit les hauts lieux, qu’Ézéchias, son père, avait démolis, et éleva des autels aux Baals, et fit des ashères, et il se prosterna devant toute l’armée des cieux, et les servit;
၃ခမည်းတော် ဟေဇကိ ဖျက်ဆီး သော ကုန်း တို့ကို ပြုပြင် ၍ ၊ ဗာလ ဘုရားတို့အဘို့ ယဇ် ပလ္လင်တို့ကို တည် ၏။ အာရှရ ပင်တို့ကိုလည်း ပြုစု ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြု ကိုးကွယ်၏။
4 et il bâtit des autels dans la maison de l’Éternel, de laquelle l’Éternel avait dit: C’est dans Jérusalem que sera mon nom à toujours;
၄ယေရုရှလင် မြို့၌ ငါ့ နာမ ကိုအစဉ် ငါတည် စေမည် ဟု ထာဝရဘုရား မိန့် တော်မူသော မြို့၊ ဗိမာန် တော်၌ ယဇ် ပလ္လင်တည်းဟူသော၊
5 et il bâtit des autels à toute l’armée des cieux, dans les deux parvis de la maison de l’Éternel;
၅ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် ၊ မိုဃ်း ကောင်းကင်တန်ဆာ များ အဘို့ ယဇ် ပလ္လင်တို့ကိုတည် ၏။
6 et il fit passer ses fils par le feu dans la vallée du fils de Hinnom; et il pronostiquait, et pratiquait les enchantements et la magie, et il établit des évocateurs d’esprits et des diseurs de bonne aventure: il fit outre mesure ce qui est mauvais aux yeux de l’Éternel, pour le provoquer à colère.
၆မိမိ သား တို့ကို ဟိန္နုံ သားချိုင့်၌ မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သောအတတ်၊ နတ် ဝိဇ္ဇာအတတ်ကို သုံးဆောင်၍ ၊ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌များစွာ သော ဒုစရိုက် ကို ပြု ၏။
7 Et il plaça une image taillée, l’idole qu’il avait faite, dans la maison de Dieu, de laquelle Dieu avait dit à David et à Salomon, son fils: C’est dans cette maison, et dans Jérusalem que j’ai choisie entre toutes les tribus d’Israël, que je mettrai mon nom à toujours;
၇ဤ ဗိမာန် ၌ ၎င်း ၊ ဣသရေလ ခရိုင် များတို့တွင် ငါရွေးကောက် သော ယေရုရှလင် မြို့၌ ၎င်း၊ ငါ့ နာမ ကို အစဉ်အမြဲ ငါ တည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ် နှင့် သား တော် ရှောလမုန် အား မိန့် တော်မူရာ၌၊ ရည်ဆောင်သောဗိမာန် တော်ထဲမှာ ၊ မိမိပြုစုသော ရုပ်တုနှင့် တူအောင်လုပ် သော ရုပ်တုတခုကိုတင် ထား၏။
8 et je n’ôterai plus le pied d’Israël de dessus la terre que j’ai assignée à vos pères, si seulement ils prennent garde à faire tout ce que je leur ai commandé par Moïse, selon toute la loi et les statuts et les ordonnances.
၈ငါမှာထား သမျှ အတိုင်း ၊ မောရှ အားဖြင့် စီရင် ထုံးဖွဲ့ သမျှ သောတရား အတိုင်း ၊ ဣသရေလအမျိုးသားတို့ သည် ကျင့်ခြင်းငှါစောင့်ရှောက်လျှင်၊ သူတို့ ဘိုးဘေးတို့ အား ငါပေးသောပြည်မှ၊ သူတို့ကို နောက်တဖန် ငါမရွေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊
9 Et Manassé fit errer Juda et les habitants de Jérusalem, [en les induisant] à faire le mal plus que les nations que l’Éternel avait détruites devant les fils d’Israël.
၉မနာရှေ သည် ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့ကို လမ်းလွဲ စေ၏။ ဣသရေလ အမျိုးသား တို့ရှေ့ မှ ၊ ထာဝရဘုရား ဖျက်ဆီး တော်မူသော လူမျိုး တို့ပြုသည် ထက် ၊ သာ၍ဆိုး သောအမှုကိုပြု စေ၏။
10 Et l’Éternel parla à Manassé, et à son peuple; mais ils n’y firent pas attention.
၁၀ထာဝရဘုရား သည် မနာရှေ နှင့် သူ ၏ လူ တို့အား မိန့် တော်မူသော်လည်း ၊ သူတို့သည်နား မ ထောင်ဘဲ နေသောကြောင့်၊
11 Et l’Éternel fit venir contre eux les chefs de l’armée du roi d’Assyrie, et ils prirent Manassé dans des ceps, et le lièrent avec des chaînes d’airain et l’emmenèrent à Babylone.
၁၁အာရှုရိ ရှင်ဘုရင် ၏ ဗိုလ် မင်း များကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေ ကို ဆူးတော ၌ ဘမ်းမိ ၍ ၊ သံကြိုး နှင့် ချည်နှောင် ပြီးမှ ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားကြ၏။
12 Et quand il fut dans la détresse, il implora l’Éternel, son Dieu, et s’humilia beaucoup devant le Dieu de ses pères,
၁၂ထိုသို့မနာရှေ သည် ဆင်းရဲ ဒုက္ခကို ခံရသောအခါ၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို တောင်းပန် ၍ ၊ ဘိုးဘေး တို့၏ ဘုရားသခင့် ရှေ့ မှာ ကိုယ်ကိုအလွန် နှိမ့်ချ လျက်၊
13 et le pria; et il se laissa fléchir par lui, et écouta sa supplication, et le ramena à Jérusalem dans son royaume; et Manassé reconnut que c’est l’Éternel qui est Dieu.
၁၃ဆုတောင်း ပဌနာပြုသောစကားကို ဘုရားသခင်နားထောင် နာယူ၍၊ မနာရှေအုပ်စိုးရင်းပြည်၊ ယေရုရှလင် မြို့သို့ တဖန်ပို့ဆောင် တော်မူ၏။ ထိုအခါ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်းကို မနာရှေ သိ ရ၏။
14 Et après cela, il bâtit la muraille extérieure de la ville de David, au couchant, vers Guihon, dans la vallée, et vers l’entrée de la porte des poissons, et il entoura Ophel [d’un mur], et l’éleva très haut; et il mit des chefs de l’armée dans toutes les villes fortes de Juda.
၁၄ထိုနောက် ၊ ဒါဝိဒ် မြို့ ပြင် ၊ ဂိဟုန် မြို့ အနောက် ဘက်၊ ချိုင့် ထဲမှာ ငါး တံခါးဝ တိုင်အောင် ၎င်း ၊ ဩဖေလ ရဲတိုက်ပတ်လည် ၌ ၎င်း ၊ အလွန် မြင့် သော မြို့ရိုး ကို တည် ၏။ ယုဒ ပြည်တွင် ခိုင်ခံ့ သောမြို့ ရှိသမျှ တို့၌ တပ်မှူး တို့ကို ခန့်ထား ၏။
15 Et il ôta de la maison de l’Éternel les dieux étrangers et l’idole, et tous les autels qu’il avait bâtis sur la montagne de la maison de l’Éternel et à Jérusalem, et les jeta hors de la ville.
၁၅တပါး အမျိုးတို့၏ ဘုရား များနှင့် အရင်လုပ် သောရုပ်တု ကို၊ ဗိမာန် တော်ထဲက ထုတ် ၍ ၊ ဗိမာန် တော် တောင် ပေါ် ၊ ယေရုရှလင် မြို့ထဲမှာ အရင်တည် သော ယဇ် ပလ္လင်တို့ကိုလည်း မြို့ ပြင် သို့ ထုတ် ပစ်လေ၏။
16 Et il mit en état l’autel de l’Éternel, et y sacrifia des sacrifices de prospérités et d’action de grâces; et il commanda à Juda de servir l’Éternel, le Dieu d’Israël.
၁၆ထာဝရဘုရား ၏ ယဇ် ပလ္လင်ကိုပြုပြင် ၍ ၊ မိဿဟာယ ယဇ် နှင့် ကျေးဇူး တော်ဝန်ခံရာ ယဇ် တို့ကိုပူဇော်၏။ ယုဒ ပြည်သားတို့သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ဝတ်ပြု မည်အကြောင်း မှာ ထား၏။
17 Toutefois le peuple sacrifiait encore sur les hauts lieux, mais seulement à l’Éternel, leur Dieu.
၁၇သို့ရာတွင် ပြည်သား တို့သည် မြင့် သောအရပ် ပေါ် မှာ ယဇ် ပူဇော်လျက်ပင်၊ မိမိ တို့ဘုရားသခင် ထာဝရဘုရား ကိုသာ ကိုးကွယ်ကြ၏။
18 Et le reste des actes de Manassé, et sa prière à son Dieu, et les paroles des voyants qui lui parlèrent au nom de l’Éternel, le Dieu d’Israël, voici, cela est [écrit] dans les actes des rois d’Israël.
၁၈မနာရှေ ပြုမူသောအမှုအရာ ကြွင်း လေသမျှတို့ နှင့် မိမိ ဘုရားသခင် ကို ဆုတောင်း ခြင်းအရာ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အခွင့် နှင့် သူ့ အား ပရောဖက် တို့ ဟောပြော သောစကား သည်၊ ဣသရေလ ရာဇဝင် ၌ ရေးထားလျက်ရှိ၏။
19 Et sa prière, et comment [Dieu] fut fléchi, et tout son péché, et le mal qu’il commit, et les endroits où il bâtit des hauts lieux et dressa des ashères et des images taillées, avant qu’il se soit humilié, voici, cela est écrit dans les paroles de Hozaï.
၁၉သူ ဆုတောင်း ခြင်း၊ ဘုရားသခင်နားထောင်တော်မူခြင်း၊ အမှုမရောက်မှီ ပြစ်မှားလွန်ကျူးခြင်း၊ မြင့် သောအရပ် တို့ကို တည် ခြင်း၊ အာရှရ ပင်နှင့် ရုပ်တု ဆင်းတုတို့ကို တည်ထောင် ခြင်းအရာတို့သည်၊ ဟောဇဲ ၏ ကျမ်းစကား တွင် ရေးထား လျက်ရှိ၏။
20 Et Manassé s’endormit avec ses pères, et on l’enterra dans sa maison; et Amon, son fils, régna à sa place.
၂၀မနာရှေ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ မိမိ အိမ် ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာမုန် သည်ခမည်းတော် အရာ ၌နန်း ထိုင်၏။
21 Amon était âgé de 22 ans lorsqu’il commença de régner; et il régna deux ans à Jérusalem.
၂၁အာမုန် သည်အသက် နှစ်ဆယ် နှစ် နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ နှစ် နှစ် စိုးစံ လေ၏။
22 Et il fit ce qui est mauvais aux yeux de l’Éternel, comme avait fait Manassé, son père; et Amon sacrifia à toutes les images taillées que Manassé, son père, avait faites, et les servit;
၂၂ထိုမင်းသည် ခမည်းတော် မနာရှေ ပြု သကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ ခမည်းတော်လုပ် သော ရုပ်တု ဆင်းတုရှိသမျှ တို့အား ယဇ် ပူဇော်၍ ဝတ်ပြု ၏။
23 et il ne s’humilia point devant l’Éternel, comme Manassé, son père, s’était humilié; car lui, Amon, multiplia son péché.
၂၃ခမည်းတော် သည် ထာဝရဘုရား ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ သကဲ့သို့ မ နှိမ့်ချ ဘဲအထူးသဖြင့် ပြစ်မှား ၏။
24 Et ses serviteurs conspirèrent contre lui, et le mirent à mort dans sa maison.
၂၄မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍ နန်းတော် ၌ လုပ်ကြံ ကြ၏။
25 Mais le peuple du pays tua tous ceux qui avaient conspiré contre le roi Amon; et le peuple du pays établit pour roi Josias, son fils, à sa place.
၂၅အာမုန် မင်းကြီး တစ်ဘက် ၌သင်းဖွဲ့ သောသူ အပေါင်း တို့ကို၊ ပြည်သူ ပြည်သားတို့သည် ကွပ်မျက် ၍ ၊ သား တော်ယောရှိ ကို ခမည်းတော် အရာ ၌နန်း တင်ကြ၏။