< 1 Samuel 16 >

1 Et l’Éternel dit à Samuel: Jusques à quand mèneras-tu deuil sur Saül, vu que moi je l’ai rejeté pour qu’il ne soit pas roi sur Israël? Remplis ta corne d’huile, et va: je t’enverrai vers Isaï, le Bethléhémite; car j’ai vu parmi ses fils un roi pour moi.
ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား``သင်​သည် အ​ဘယ်​မျှ​ကြာ​အောင်​ရှော​လု​အ​တွက်​ဝမ်း​နည်း နေ​ပါ​မည်​နည်း။ ငါ​သည်​သူ့​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ​ပြီ။ သံ​လွင်​ဆီ​ယူ ၍​ဗက်​လင်​မြို့​ရှိ​ယေ​ရှဲ​နာ​မည်​တွင်​သူ​လူ​တစ် ယောက်​ထံ​သို့​သွား​လော့။ ငါ​သည်​သူ​၏​သား တစ်​ယောက်​အား​ဘု​ရင်​အ​ဖြစ်​ရွေး​ချယ်​၏'' ဟု​မိန့်​တော်​မူ​၏။
2 Et Samuel dit: Comment irai-je? Dès que Saül l’entendra, il me tuera. Et l’Éternel dit: Tu prendras avec toi une génisse, et tu diras: Je suis venu pour sacrifier à l’Éternel.
ရှ​မွေ​လ​သည်``ဤ​အ​မှု​ကို​အ​ဘယ်​သို့​ပြု​နိုင် ပါ​မည်​နည်း။ ရှော​လု​ကြား​သိ​ပါ​က​အ​ကျွန်ုပ် အား​သတ်​ပစ်​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။
3 Et tu appelleras Isaï au sacrifice, et moi je te ferai savoir ce que tu auras à faire, et tu oindras pour moi celui que je te dirai.
ဘု​ရား​သ​ခင်​က``နွား​က​လေး​တစ်​ကောင်​ကို​ယူ ၍​သွား​ပြီး​လျှင် သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရန်​ရောက်​ရှိ​လာ​ကြောင်း​ပြော​ကြား လော့။ ယေ​ရှဲ​အား​ယဇ်​ပူ​ဇော်​ပွဲ​သို့​ဖိတ်​ခေါ် လော့။ သင်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ငါ​ပြော မည်။ ငါ​ဖော်​ပြ​သူ​အား​ရာ​ဇ​ဘိ​သိက်​ပေး လော့'' ဟု​မိန့်​တော်​မူ​၏။
4 Et Samuel fit ce que l’Éternel avait dit, et vint à Bethléhem; et les anciens de la ville allèrent tremblants à sa rencontre, et dirent: Ta venue est-elle la paix?
ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် အ​တိုင်း ဆောင်​ရွက်​ပြီး​နောက်​ဗက်​လင်​မြို့​သို့ သွား​၏။ ထို​မြို့​မှ​ခေါင်း​ဆောင်​များ​သည်​တုန် လှုပ်​လျက်​ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်``ကိုယ် တော်​အေး​ချမ်း​စွာ​ကြွ​လာ​ပါ​သ​လော'' ဟု မေး​ကြ​၏။
5 Et il dit: La paix. Je suis venu pour sacrifier à l’Éternel; sanctifiez-vous, et venez avec moi au sacrifice. Et il sanctifia Isaï et ses fils, et les appela au sacrifice.
ရှ​မွေ​လ​က``အေး​ချမ်း​စွာ​လာ​ခြင်း​ဖြစ်​ပါ သည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ ဇော်​ရန်​ရောက်​လာ​ခြင်း​ဖြစ်​၏။ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ​၍​ငါ​နှင့်​အ​တူ လိုက်​ခဲ့​ကြ​လော့'' ဟု​ဆို​၏။ ယေ​ရှဲ​၏​သား များ​ကို​လည်း​မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ ပြီး​လျှင် ယဇ်​ပူ​ဇော်​ရာ​သို့​လိုက်​လာ​ရန် ခေါ်​ဖိတ်​လေ​၏။
6 Et il arriva que, comme ils entraient, il vit Éliab, et il dit: Certainement l’oint de l’Éternel est devant lui.
သူ​တို့​ရောက်​လာ​ကြ​သော​အ​ခါ​ရှ​မွေ​လ သည်​ယေ​ရှဲ​၏​သား​ဧ​လျာ​ဘ​ကို​မြင်​လျှင်``ဤ တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရပ်​နေ သော​သူ​ကား​ကိုယ်​တော်​ရွေး​ချယ်​တော်​မူ သည့်​သူ​အ​မှန်​ပင်​ဖြစ်​ရာ​၏'' ဟု​တွေး တော​မိ​၏။-
7 Et l’Éternel dit à Samuel: Ne regarde pas son apparence, ni la hauteur de sa taille, car je l’ai rejeté; car [l’Éternel ne regarde] pas ce à quoi l’homme regarde, car l’homme regarde à l’apparence extérieure, et l’Éternel regarde au cœur.
သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ထို​သူ​၏ အ​ရပ်​အ​မောင်း​ကောင်း​မှု​နှင့်​တင့်​တယ် လှ​ပ​မှု​တို့​ကို​မ​ကြည့်​နှင့်။ ငါ​သည်​လူ​တို့ ကဲ့​သို့​အ​ကဲ​ဖြတ်​သည်​မ​ဟုတ်။ သို့​ဖြစ်​၍ သူ့​ကို​ငါ​ပယ်​ပြီ။ လူ​သည်​ပြင်​ပ​သဏ္ဌာန်​ကို ကြည့်​တတ်​၏။ ငါ​မူ​ကား​စိတ်​နှ​လုံး​ကို ကြည့်​၏'' ဟု​မိန့်​တော်​မူ​၏။
8 Et Isaï appela Abinadab et le fit passer devant Samuel. Et il dit: L’Éternel n’a pas non plus choisi celui-ci.
ထို​နောက်​ယေ​ရှဲ​သည်​မိ​မိ​သား​အ​ဘိ​န​ဒပ် ကို​ရှ​မွေ​လ​ထံ​သို့​ခေါ်​ခဲ့​၏။ သို့​ရာ​တွင် ရှ​မွေ​လ​က``သူ့​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မ​မူ'' ဟု​ဆို​၏။-
9 Et Isaï fit passer Shamma. Et il dit: L’Éternel n’a pas non plus choisi celui-ci.
ယေ​ရှဲ​သည်​ရှိ​မာ​ကို​ခေါ်​လိုက်​၏။ ထို​အ​ခါ``ဤ သူ့​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မ​မူ'' ဟု​ရှ​မွေ​လ​ဆို​ပြန်​၏။-
10 Et Isaï fit passer ses sept fils devant Samuel. Et Samuel dit à Isaï: L’Éternel n’a pas choisi ceux-ci.
၁၀ဤ​နည်း​အား​ဖြင့်​ယေ​ရှဲ​သည်​မိ​မိ​၏​သား ခု​နစ်​ယောက်​အ​ထိ​ရှ​မွေ​လ​ထံ​သို့​ခေါ်​ပေး လေ​သည်။ ရှ​မွေ​လ​က​လည်း``ဤ​သူ​တို့​အ​ထဲ မှ​မည်​သူ့​ကို​မျှ​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် တော်​မ​မူ'' ဟု​ဆို​ပြီး​လျှင်၊-
11 Et Samuel dit à Isaï: Sont-ce là tous les jeunes gens? Et il dit: Il reste encore le plus jeune, et voici, il paît le menu bétail. Et Samuel dit à Isaï: Envoie, et fais-le amener; car nous ne nous placerons point autour [de la table], jusqu’à ce qu’il soit venu ici.
၁၁``သင့်​မှာ​အ​ခြား​သား​များ​ရှိ​ပါ​သေး​သ​လော'' ဟု​ယေ​ရှဲ​အား​မေး​၏။ ယေ​ရှဲ​က``သား​အ​ငယ်​ဆုံး​ရှိ​ပါ​သေး​သည်။ သူ​သည်​သိုး​များ​ကို​ကျောင်း​လျက်​နေ​ပါ​၏'' ဟု​ဆို​၏။ ရှ​မွေ​လ​က``သူ့​အား​ခေါ်​ခဲ့​လော့။ သူ​မ​ရောက် မ​ချင်း​ငါ​တို့​သည်​ယဇ်​ပူ​ဇော်​ပွဲ​ကို​ဝင်​ကြ မည်​မ​ဟုတ်'' ဟု​ပြော​၏။-
12 Et il envoya et le fit venir. Or il avait le teint rosé, avec de beaux yeux, et était beau de visage. Et l’Éternel dit: Lève-toi, oins-le; car c’est celui-là.
၁၂သို့​ဖြစ်​၍​ယေ​ရှဲ​သည်​ထို​သား​ကို​ခေါ်​စေ​၏။ သူ​သည်​တင့်​တယ်​လှ​ပ၊ ကျန်း​မာ​သန်​စွမ်း​သော လူ​ငယ်​လူ​ရွယ်​တစ်​ဦး​ဖြစ်​၏။ သူ​၏​မျက်​စိ များ​သည်​တောက်​ပ​ကြည်​လင်​၏။ ထာ​ဝ​ရ ဘု​ရား​က​ရှ​မွေ​လ​အား``ငါ​ရွေး​ချယ်​သူ ကား​ဤ​သူ​ပေ​တည်း။ သူ့​အား​ဘိ​သိက်​ပေး လော့'' ဟု​မိန့်​တော်​မူ​၏။-
13 Et Samuel prit la corne d’huile, et l’oignit au milieu de ses frères. Et l’Esprit de l’Éternel saisit David, depuis ce jour-là et dans la suite. Et Samuel se leva et s’en alla à Rama.
၁၃ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ကို​ယူ​၍​ဒါဝိဒ်​အား သူ​၏​အစ်​ကို​များ​ရှေ့​တွင်​ဘိ​သိက်​ပေး​လေ သည်။ ထို​နေ့​မှ​အ​စ​ပြု​၍​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​သို့​သက်​ရောက် တည်​နေ​တော်​မူ​၏။ ထို​နောက်​ရှ​မွေ​လ​သည် ရာ​မ​မြို့​သို့​ပြန်​လေ​၏။
14 Et l’Esprit de l’Éternel se retira d’avec Saül, et un mauvais esprit [envoyé] par l’Éternel le troublait.
၁၄ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​ထံ မှ​ထွက်​ခွာ​သွား​တော်​မူ​၏။ ထို​အ​ခါ​သူ​သည် ကိုယ်​တော်​စေ​လွှတ်​လိုက်​သည့် နတ်​မိစ္ဆာ​၏​နှောင့် ယှက်​ညှင်း​ဆဲ​ခြင်း​ကို​ခံ​ရ​လေ​တော့​သည်။-
15 Et les serviteurs de Saül lui dirent: Tu vois qu’un mauvais esprit [envoyé] de Dieu te trouble.
၁၅အ​စေ​ခံ​တို့​က​လည်း​ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ် လိုက်​သည့်​နတ်​မိစ္ဆာ​သည် အ​ရှင်​မင်း​ကြီး​အား​နှောင့် ယှက်​ညှင်း​ဆဲ​လျက်​နေ​သည်​ကို​အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ​၏။-
16 Que notre seigneur veuille parler: tes serviteurs sont devant toi, ils chercheront un homme qui sache jouer de la harpe; et il arrivera que, quand le mauvais esprit [envoyé] de Dieu sera sur toi, il jouera de sa main et tu t’en trouveras bien.
၁၆သို့​ဖြစ်​၍​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ် တို့​အား​အ​မိန့်​ပေး​တော်​မူ​ပါ​လျှင် စောင်း​တီး​တတ် သူ​ကို​အ​ကျွန်ုပ်​တို့​ရှာ​ပါ​မည်။ သူ​သည်​နတ်​မိစ္ဆာ ဝင်​လာ​ချိန်​၌​စောင်း​ကို​တီး​သ​ဖြင့် အ​ရှင်​မင်း ကြီး​သည်​ပြန်​လည်​၍​အ​ကောင်း​ပ​က​တိ​ဖြစ် လာ​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။
17 Et Saül dit à ses serviteurs: Je vous prie, trouvez-moi un homme qui sache bien jouer, et amenez-le-moi.
၁၇ရှော​လု​က``သာ​ယာ​စွာ​စောင်း​တီး​တတ်​သူ​ကို ရှာ​၍​ငါ့​ထံ​သို့​ခေါ်​ခဲ့​လော့'' ဟု​အ​မိန့်​ပေး တော်​မူ​လျှင်၊-
18 Et l’un des jeunes hommes répondit et dit: Voici, j’ai vu un fils d’Isaï, le Bethléhémite, qui sait jouer, un homme fort et vaillant, et un homme de guerre, et qui a l’intelligence des choses, et un bel homme, et l’Éternel est avec lui.
၁၈အ​ပါး​တော်​တွင်​ခ​စား​နေ​သူ​တစ်​ဦး​က``ဗက်​လင် မြို့​သား​ယေ​ရှဲ​တွင် တူ​ရိ​ယာ​ကောင်း​စွာ​တီး​တတ် သူ​သား​တစ်​ယောက်​ရှိ​ပါ​၏။ သူ​သည်​ရဲစွမ်း​သတ္တိ ရှိ​သူ၊ အ​ဆင်း​လှ​သူ၊ စစ်​ရေး​တတ်​သူ၊ နှုတ်​သတ္တိ ရှိ​သူ​ဖြစ်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့် အ​တူ​ရှိ​တော်​မူ​ပါ​၏'' ဟု​လျှောက်​ထား​၏။
19 Et Saül envoya des messagers à Isaï, et dit: Envoie-moi David, ton fils, qui est avec le menu bétail.
၁၉ရှော​လု​သည်​ယေ​ရှဲ​ထံ​သို့​စေ​တ​မန်​များ လွှတ်​၍``သိုး​များ​ကို​ထိန်း​ကျောင်း​နေ​သူ​သင် ၏​သား​ဒါ​ဝိဒ်​အား​ငါ့​ထံ​သို့​စေ​လွှတ်​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။-
20 Et Isaï prit un âne chargé de pain, et une outre de vin, et un chevreau, et les envoya à Saül par la main de David, son fils.
၂၀ယေ​ရှဲ​သည်​မုန့်​တင်​မြည်း​တစ်​စီး၊ စ​ပျစ်​ရည် အ​ပြည့်​ပါ​သော​သား​ရေ​ဘူး​တစ်​ဘူး​နှင့်​ဆိတ်​ငယ် တစ်​ကောင်​ကို ဒါ​ဝိဒ်​နှင့်​အ​တူ​ရှော​လု​မင်း​ထံ သို့​ပို့​ဆက်​လေ​၏။-
21 Et David vint vers Saül, et il se tint devant lui; et [Saül] l’aima beaucoup, et il fut son porteur d’armes.
၂၁ဒါ​ဝိဒ်​သည်​ရှော​လု​ထံ​သို့​လာ​ရောက်​ပြီး​လျှင် အ​မှု​တော်​ကို​ထမ်း​ဆောင်​လေ​သည်။ ရှော​လု သည်​လည်း​သူ့​ကို​လွန်​စွာ​နှစ်​သက်​တော်​မူ သ​ဖြင့်​မိ​မိ​၏​လက်​နက်​သယ်​ဆောင်​သူ အ​ရာ​၌​ခန့်​ထား​တော်​မူ​၏။-
22 Et Saül envoya vers Isaï, disant: Que David, je te prie, se tienne devant moi; car il a trouvé grâce à mes yeux.
၂၂ထို​နောက်``ငါ​သည်​ဒါ​ဝိဒ်​ကို​နှစ်​သက်​တော်​မူ​သည်။ သူ့​အား​ငါ့​ထံ​၌​ခ​စား​ပါ​စေ'' ဟု​ယေရှဲ​ထံ​လူ လွှတ်​မိန့်​ကြား​တော်​မူ​လိုက်​၏။-
23 Et il arrivait que, quand l’esprit [envoyé] de Dieu était sur Saül, David prenait la harpe et en jouait de sa main; et Saül était soulagé et se trouvait bien, et le mauvais esprit se retirait de dessus lui.
၂၃ထို​နေ့​မှ​အ​စ​ပြု​၍​ရှော​လု​ကို​ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​နတ်​မိစ္ဆာ​ဝင်​သည့်​အ​ခါ​တိုင်း ဒါ​ဝိဒ်​သည်​စောင်း​ကို​ယူ​၍​တီး​လေ့​ရှိ​၏။ ထို အ​ခါ​နတ်​မိစ္ဆာ​သည်​ထွက်​ခွာ​သွား​သ​ဖြင့် ရှော​လု​သည်​သက်​သာ​၍​တစ်​ဖန်​ကျန်း​မာ လာ​လေ​သည်။

< 1 Samuel 16 >