< 1 Chroniques 20 >
1 Et il arriva, au temps du retour de l’année, au temps où les rois entrent en campagne, que Joab conduisit le gros de l’armée, et dévasta le pays des fils d’Ammon; et il vint et assiégea Rabba; mais David resta à Jérusalem. Et Joab frappa Rabba et la détruisit.
၁နောက်တစ်နှစ်နွေဦးပေါက်စ၊ ဘုရင်တို့စစ် ချီလေ့ရှိသည့်အခါကာလ၌ ယွာဘသည် တပ်မတော်ကိုဦးဆောင်၍ အမ္မုန်ပြည်သို့ ချင်းနင်းဝင်ရောက်ကာ ရဗ္ဗာမြို့ကိုဝိုင်း၍ ထား၏။ ဒါဝိဒ်မူကားယေရုရှလင်မြို့ တွင်နေရစ်သတည်း။ ယွာဘသည်ရဗ္ဗာမြို့ ကိုဝိုင်းရံတိုက်ခိုက်ဖျက်ဆီးလိုက်၏။-
2 Et David prit la couronne de leur roi de dessus sa tête (or elle fut trouvée du poids d’un talent d’or, et il y avait dessus des pierres précieuses); et elle fut [mise] sur la tête de David; et il emmena de la ville une grande quantité de butin.
၂အမ္မုန်အမျိုးသားတို့ကိုးကွယ်သောမောလုတ် ဘုရားရုပ်တု၏ဦးခေါင်းထက်တွင် အလေး ချိန်ခုနစ်ဆယ့်ငါးပေါင်ရှိသောရွှေသရဖူ တစ်ခုရှိ၏။ ထိုသရဖူတွင်ကျောက်မျက် ရတနာတစ်လုံးရှိ၏။ ထိုကျောက်ကိုဒါဝိဒ် သည်ယူ၍မိမိ၏သရဖူတွင်တပ်ဆင် လေသည်။ သူသည်ရဗ္ဗာမြို့မှတိုက်ရာပါ ပစ္စည်းအမြောက်အမြားကိုလည်းယူ၍ သွား၏။-
3 Et il fit sortir le peuple qui s’y trouvait, et les scia avec la scie, et avec des herses de fer, et avec des scies: et David fit ainsi à toutes les villes des fils d’Ammon. Et David et tout le peuple s’en retournèrent à Jérusalem.
၃ထိုမြို့မှလူတို့ကိုခေါ်ဆောင်ပြီးလျှင် လွှ၊ ပေါက်တူး၊ ပုဆိန်တို့ဖြင့်လုပ်ရသောအလုပ် ကြမ်းများကိုလုပ်စေလေသည်။ ဒါဝိဒ်သည် အမ္မုန်ပြည်ရှိအခြားမြို့များမှလူတို့ ကိုလည်းဤနည်းအတိုင်းပင်ပြုတော်မူ ပြီးလျှင် မိမိ၏တပ်မတော်သားများနှင့် အတူယေရုရှလင်မြို့သို့ပြန်သွား တော်မူ၏။
4 Et il arriva, après cela, qu’il y eut un combat à Guézer avec les Philistins. Alors Sibbecaï, le Hushathite, frappa Sippaï [qui était] d’entre les enfants du géant; et ils furent subjugués.
၄ထိုနောက်တစ်ဖန်ဂေဇာမြို့တွင်ဖိလိတ္တိ အမျိုးသားတို့နှင့်စစ်ဖြစ်ပြန်၏။ ဤ တိုက်ပွဲတွင်ဟုရှသိမြို့မှသိဗေခဲသည် သာဖဆိုသူကြီးမားသောစစ်သူရဲကြီး ကိုလုပ်ကြံလိုက်သဖြင့် ဖိလိတ္တိအမျိုး သားတို့သည်အရေးရှုံးနိမ့်သွားကြ၏။
5 Et il y eut encore un combat avec les Philistins: et Elkhanan, fils de Jaïr, frappa Lakhmi, frère de Goliath, le Guitthien; et le bois de sa lance était comme l’ensouple des tisserands.
၅ဖိလိတ္တိအမျိုးသားတို့နှင့်အခြားတိုက်ပွဲ တစ်ရပ်ဖြစ်သေး၏။ ထိုတိုက်ပွဲတွင်ယာဣယ ၏သားဧလဟာနန်သည် ဂါသမြို့မှ ဂေါလျက်၏ညီလာခမိအားလုပ်ကြံ လိုက်၏။ ဧလဟာနန်လှံရိုးသည်ရက်ကန်း လက်လိပ်တမျှကြီးမားသတည်း။
6 Et il y eut encore un combat à Gath: et il y avait [là] un homme de haute stature qui avait six doigts et six [orteils], [en tout] 24; et lui aussi était né au géant.
၆ဂါသမြို့တွင်အခြားတိုက်ပွဲတစ်ရပ်ဖြစ် ပွားပြန်၏။ ထိုတိုက်ပွဲတွင်လက်တစ်ဖက် လျှင်လက်ချောင်းခြောက်ချောင်းနှင့် ခြေတစ် ဖက်လျှင်ခြေချောင်းခြောက်ချောင်းရှိ၍ အလွန်ထွားကြိုင်းကြီးမားသူလူတစ် ယောက်ပါဝင်၏။ သူသည်ကိုယ်လက်ကြီး ထွားသည့်ရှေးလူမျိုးမှဆင်းသက်လာ သူဖြစ်သတည်း။-
7 Et il outragea Israël; mais Jonathan, fils de Shimha, frère de David, le frappa.
၇သူသည်ဣသရေလအမျိုးသားတို့အား စစ်ထိုးရန် ကြုံးဝါးဖိတ်ခေါ်လိုက်သောအခါ ဒါဝိဒ်၏အစ်ကိုဖြစ်သူရှိမာ၏သား ယောနသန်ကသူ့အားသတ်ပစ်လေသည်။
8 Ceux-là étaient nés au géant, à Gath, et tombèrent par la main de David et par la main de ses serviteurs.
၈ဒါဝိဒ်နှင့်သူ၏တပ်သားတို့သတ်ဖြတ်ပစ် ကြသည့်ဤလူသုံးဦးတို့သည် ဂါသမြို့ မှကိုယ်လက်ကြီးထွားသည့်လူမျိုးအဆက် အနွယ်များဖြစ်သတည်း။