< 1 Chroniques 18 >
1 Et il arriva, après cela, que David frappa les Philistins et les subjugua, et prit Gath et les villes de son ressort de la main des Philistins.
၁ထိုနောက် ဒါဝိဒ် သည် ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ အောင်မြင်သဖြင့်၊ ဂါသ မြို့နှင့် ကျေးလက် များကို သိမ်းယူ လေ၏။
2 Et il frappa Moab, et les Moabites devinrent serviteurs de David: ils lui apportèrent des présents.
၂မောဘ ပြည်ကိုလည်း လုပ်ကြံ ၍ မောဘ အမျိုးသားတို့သည် ဒါဝိဒ် ၌ ကျွန် ခံလျက်အခွန် ဆက် ရကြ၏။
3 Et David frappa Hadarézer, roi de Tsoba, à Hamath, comme il allait pour établir sa puissance sur le fleuve Euphrate.
၃ဇောဘ မင်းကြီး ဟာဒဒေဇာ သည်၊ ဥဖရတ် မြစ် နား မှာ မိမိ နိုင်ငံ ကို တည် စေခြင်းငှါ သွား သောအခါ ၊ ဒါဝိဒ် သည် ဟာမတ် မြို့တိုင်အောင် တိုက်ဖျက် ၍၊
4 Et David lui prit 1 000 chars, et 7 000 cavaliers, et 20 000 hommes de pied; et David coupa les jarrets [aux chevaux] de tous les chars, mais il réserva 100 attelages.
၄ရထား တထောင် ၊ မြင်းစီး သူရဲခုနစ် ထောင် ၊ ခြေသည် သူရဲနှစ် သောင်းကို ဘမ်းဆီး ၍ ရထား တရာ ကို သိမ်းထား ပြီးမှအခြားသော မြင်း ရထားရှိသမျှ တို့ကို ဖျက်ဆီး လေ၏။
5 Et les Syriens de Damas vinrent au secours d’Hadarézer, roi de Tsoba; et David frappa 22 000 hommes des Syriens.
၅ဒမာသက် မြို့နေ ရှုရိလူတို့သည် ဇောဘ မင်းကြီး ဟာဒဒေဇာ ကို စစ်ကူ သောအခါ ၊ ဒါဝိဒ် သည် ရှုရိ လူ နှစ်သောင်း နှစ်ထောင်တို့ကိုသတ် ပြီးမှ၊
6 Et David mit [des garnisons] dans la Syrie de Damas, et les Syriens devinrent serviteurs de David: ils lui apportèrent des présents. Et l’Éternel sauvait David partout où il allait.
၆ရှုရိ ပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထား သဖြင့် ၊ ရှုရိ လူတို့သည်ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား သည် စောင့်မ တော်မူ၏။
7 Et David prit les boucliers d’or qui étaient aux serviteurs d’Hadarézer, et les apporta à Jérusalem.
၇ဟာဒဒေဇာ ၏ကျွန် တို့ စွဲကိုင်သော ရွှေ ဒိုင်း လွှားများကို ဒါဝိဒ် သည်သိမ်း ၍ ယေရုရှလင် မြို့သို့ ဆောင် သွား၏။
8 Et de Tibkhath et de Cun, villes d’Hadarézer, David prit une grande quantité d’airain, dont Salomon fit la mer d’airain, et les colonnes, et les vases d’airain.
၈ဟာဒဒေဇာ အစိုးရသောတိဗဟတ် မြို့နှင့် ခုန် မြို့မှ ၊ ဒါဝိဒ် သည် များစွာ သော ကြေးဝါ ကို သိမ်းသွား ၏။ ရှောလမုန် သည် ကြေးဝါ ရေကန် ၊ ကြေးဝါတိုင် ၊ ကြေးဝါ တန်ဆာ များကို ထိုကြေးဝါဖြင့် လုပ် သတည်း။
9 Et Tohu, roi de Hamath, apprit que David avait frappé toutes les forces d’Hadarézer, roi de Tsoba;
၉ဇောဘ မင်းကြီး ဟာဒဒေဇာ ၏ တပ် အလုံးအရင်း ကို ဒါဝိဒ် လုပ်ကြံ ကြောင်း ကိုဟာမတ် မင်းကြီး တောဣ သည်ကြား လျှင်၊
10 et il envoya Hadoram, son fils, au roi David, pour le saluer et le féliciter de ce qu’il avait fait la guerre à Hadarézer et l’avait battu; car Hadarézer était continuellement en guerre avec Tohu; [il envoya] aussi toutes sortes de vases d’or, et d’argent, et d’airain.
၁၀မိမိရန်သူဟာဒဒေဇာ ကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံ သောကြောင့် ၊ မိဿဟာယ ဖွဲ့၍ ကောင်းကြီး ပေး စေခြင်းငှါ မိမိ သား ဟဒေါရံ ကို ဒါဝိဒ် မင်းကြီး ထံသို့ စေလွှတ် ၍ ၊ ဟဒေါရံသည် ရွှေ ဖလား၊ ငွေ ဖလား၊ ကြေးဝါ ဖလားအမျိုးမျိုး တို့ကို ဆောင်ခဲ့လေ၏။
11 Ceux-ci aussi, le roi David les consacra à l’Éternel, avec l’argent et l’or qu’il avait emportés de toutes les nations, d’Édom, et de Moab, et des fils d’Ammon, et des Philistins, et d’Amalek.
၁၁ထိုဖလားတို့ကို ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား အား ပူဇော် ၏။ ထိုအတူရှုရိပြည်၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဖိလိတ္တိ ပြည်၊ အာမလက် ပြည်၊ အပြည်ပြည် တို့မှ ဆောင် ခဲ့သော ရွှေ ငွေ ကိုလည်း ပူဇော်၏။
12 Et Abishaï, fils de Tseruïa, frappa dans la vallée du Sel 18 000 [hommes] d’Édom;
၁၂ထိုမှတပါး ၊ ဇေရုယာ သား အဘိရှဲ သည် ဆားချိုင့် တွင် ဧဒုံ လူတသောင်း ရှစ်ထောင်တို့ကို လုပ်ကြံ လေ၏။
13 et il mit des garnisons en Édom, et tout Édom fut asservi à David. Et l’Éternel sauvait David partout où il allait.
၁၃ဧဒုံ ပြည်၌ မြို့စောင့်တပ် တို့ကို ထား ၍ ၊ ဧဒုံ ပြည်သား အပေါင်း တို့သည် ဒါဝိဒ် ၌ ကျွန် ခံကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား သည် စောင့်မ တော်မူ၏။
14 Et David régna sur tout Israël, et il faisait droit et justice à tout son peuple.
၁၄ထိုသို့ ဒါဝိဒ် သည် ဣသရေလ နိုင်ငံလုံး ကိုစိုးစံ ၍ ၊ နိုင်ငံတော်သားတို့တွင် တရားမှု ကို စီရင် ဆုံးဖြတ်တော်မူ ၏။
15 Et Joab, fils de Tseruïa, était [préposé] sur l’armée; et Josaphat, fils d’Akhilud, était rédacteur des chroniques;
၁၅ဇေရုယာ ၏သား ယွာဘ သည် ဗိုလ်ချုပ် မင်း ဖြစ်၏။ အဟိလုဒ် ၏သား ယောရှဖတ် သည် အတွင်းဝန် ဖြစ်၏။
16 et Tsadok, fils d’Akhitub, et Abimélec, fils d’Abiathar, étaient sacrificateurs; et Shavsha était scribe;
၁၆အဟိတုပ် ၏သား ဇာဒုတ် နှင့် အဗျာသာ ၏သား အဟိမလက် သည် ယဇ်ပုရောဟိတ် ဖြစ်၏။ စရာယ သည် စာရေးတော်ကြီး ဖြစ်၏။
17 et Benaïa, fils de Jehoïada, était [préposé] sur les Keréthiens et les Peléthiens; et les fils de David étaient les premiers à côté du roi.
၁၇ယောယဒ ၏သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကို အုပ်ရ၏။ ဒါဝိဒ် ၏သား တော်တို့သည် လည်း အထံ တော်၌ မင်းသားအရာနှင့်နေကြ၏။