< Néhémie 11 >

1 Les chefs du peuple s’établirent à Jérusalem. Le reste du peuple tira au sort, pour qu’un sur dix vînt habiter Jérusalem, la ville sainte, les neuf autres parties restant dans les autres villes.
ထိုအခါလူများတို့တွင် မင်းလုပ်သော သူတို့သည် ယေရုရှလင်မြို့၌ နေကြ၏။ ကြွင်းသောသူတို့သည် သန့်ရှင်းသောအရပ်၊ ယေရုရှလင်မြို့၌ တကျိပ်တွင် တယောက်၊ အခြားသောမြို့တို့၌ ကိုးယောက် နေရမည် အကြောင်း စာရေးတံပြုကြ၏။
2 Le peuple bénit tous ceux qui se décidèrent d’eux-mêmes à résider à Jérusalem.
ယေရုရှလင်မြို့၌နေခြင်းငှါ အလိုလို ဝန်ခံသော သူအပေါင်းတို့ကို၊ လူများတို့သည် ကောင်းကြီးပေးကြ၏။
3 Voici les chefs de famille de la province qui s’établirent à Jérusalem. Dans les villes de Juda, chacun s’établit dans sa propriété, dans sa ville: Israël, les prêtres et les lévites, les Nathinéens et les fils des serviteurs de Salomon:
ယုဒမြို့ရွာတို့တွင် ဣသရေလလူ၊ ယဇ်ပုရော ဟိတ်၊ လေဝိသား၊ ဘုရားကျွန်၊ ရှောလမုန့်၏ ကျွန် အမျိုးသားအသီးအသီးတို့သည် မိမိတို့ ဆိုင်ရာအရပ်၌ နေကြ၏။ ယေရုရှလင်မြို့၌နေသော ပြည်သူပြည်သား အကြီးအကဲ၊ မင်းအရာရှိဟူမူကား၊
4 À Jérusalem s’établirent des fils de Juda et des fils de Benjamin. — Des fils de Juda: Athaïas, fils d’Aziam, fils de Zacharie, fils d’Amarias, fils de Saphatias, fils de Malaléel, des fils de Pharès;
ယုဒအမျိုး၊ ဖာရက်၊ မဟာလေလ၊ ရှေဖတိ၊ အာမရိ၊ ဇာခရိ၊ ဩဇိတို့မှ ဆင်းသက်သော အသာယ တပါး၊
5 et Maasias, fils de Baruch, fils de Cholhoza, fils de Hazias, fils d’Adaïas, fils de Joïarib, fils de Zacharie, fils de Séla.
ရှိလောနိ၊ ဇာခရိ၊ ယောယရိပ်၊ အဒါယ၊ ဟဇာယ၊ ကောလဟောဇ၊ ဗာရုတ်တို့မှ ဆင်းသက်သော မာသေယတပါးနှင့်တကွ၊
6 Total des fils de Pharès qui s’établirent à Jérusalem: quatre cent soixante-huit hommes vaillants.
ယေရုရှလင်မြို့၌နေသော ဖာရက်အမျိုးသား၊ သူရဲလေးရာခြောက်ဆယ်ရှစ်ယောက်တည်း။
7 — Voici les fils de Benjamin: Sellum, fils de Mosollam, fils de Joëd, fils de Phadaïas, fils de Colaïas, fils de Maasias, fils d’Ethéel, fils d’Isaïe,
ဗင်္ယာမိန်အမျိုး၊ ယေရှာယ၊ ဣသေလ၊ မာသေယ၊ ကောလာယ၊ ပေဒါယ၊ ယောဒ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊
8 et après lui Gebbaï-Sellaï: neuf cent vingt-huit.
သုနောက်၊ ဂဗ္ဗဲနှင့်သလ္လဲ အစရှိသော ကိုးရာ နှစ်ဆယ်ရှစ်ယောက်တည်း။
9 Joël, fils de Zéchri, était leur chef, et Juda, fils de Sénua, était le second chef de la ville.
ဇိခရိသား ယောလသည် ဗင်္ယာမိန် အမျိုးအုပ် ဖြစ်၏။ သေနွာသားယုဒသည် ပြင်မြို့ကိုအုပ်ရ၏။
10 Des prêtres: Idaïas, fils de Joïarib, Jachin,
၁၀ယဇ်ပုရောဟိတ်မူကား ယေဒါယ၊ ယောယရိပ်၊ ယာခိန်နှင့်တကွ၊
11 Saraïas, fils de Helcias, fils de Mosollam, fils de Sadoc, fils de Méraïoth, fils d’Achitob, prince de la maison de Dieu,
၁၁အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင်၏ အိမ်တော်အုပ်စရာ ယ အစရှိသော၊
12 et leurs frères qui faisaient le travail dans la maison: huit cent vingt-deux; Adaïas, fils de Jéroham, fils de Phéléias, fils d’Amsi, fils de Zacharie, fils de Phashur, fils de Melchias,
၁၂အိမ်တော်အမှုကို ဆောင်ရွက်သော အမျိုးသား ချင်း ရှစ်ရာနှစ်ဆယ်နှစ်ယောက်တည်း။ ထိုမှတပါး၊ မာလခိ၊ ပါရှုရ၊ ဇာခရိ၊ အာမဇိ၊ ပေလလိ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယအစရှိသော၊
13 et ses frères, chefs de famille: deux cent quarante-deux; et Amassaï, fils d’Azréel, fils d’Ahazi, fils de Mosollamoth, fils d’Emmer,
၁၃အဆွေအမျိုး သူကြီးအမျိုးသားချင်း နှစ်ရာလေး ဆယ်နှစ်ယောက်တည်း။ ဣမေရ၊ မေရှိလမုတ်၊ အဟာသဲ၊ အာဇရေလတို့မှ ဆင်းသက်သော အာမရှဲအစရှိသော၊
14 et leurs frères, hommes vaillants: cent vingt-huit. Zabdiel, fils de Hagdolim, était leur chef.
၁၄ခွန်အားကြီးသော သူရဲအမျိုးသားချင်း တရာ နှစ်ဆယ်ရှစ်ယောက်တည်း။ ဟဂဒေါလိမ်သား ဇာဗ ဒေလသည် သူတို့ကို အုပ်ရ၏။
15 Des lévites: Séméïas, fils de Hasub, fils d’Azaricam, fils de Hasabias, fils de Boni;
၁၅လေဝိသားမူကား၊ ဗုန္နိ၊ ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာယတပါး၊
16 Sabathaï et Jozabed, chargés des affaires extérieures de la maison de Dieu, du nombre des chefs des lévites;
၁၆လေဝိသားအကြီး ရှဗ္ဗေသဲနှင့် ယောဇဗဒ်တို့ သည် ဘုရားသခင်၏အိမ်တော်၌ ပြင်အမှုကို ကြည့်ရှု စီရင်ရကြ၏။
17 Mathanias, fils de Micha, fils de Zébédéi, fils d’Asaph, le chef qui entonnait le chant de louange à la prière; Becbécias, le second parmi ses frères, et Abda, fils de Samua, fils de Galal, fils d’Idithun.
၁၇အာသပ်၊ ဇာဗဒိ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့် ဆုတောင်း ခြင်းအမှုမှာ အကြီးလုပ်သော သူဖြစ်၏။ ဗာကဗုကိသည် အပေါင်းအဘော်တို့တွင် ဒုတိယသူဖြစ်၏။ ထိုမှတပါး၊ ယေဒုသုန်၊ ဂလာလ၊ ရှမွာတို့မှ ဆင်းသက်သော ဩဗဒိ ရှိ၏။
18 Total des lévites dans la ville sainte: deux cent quatre-vingt-quatre.
၁၈သန့်ရှင်းသောမြို့၌နေသော လေဝိသားပေါင်း ကား နှစ်ရာနှစ်ဆယ်လေးယောက်တည်း။
19 Et les portiers: Accub, Telmon et leurs frères, gardiens des portes: cent soixante-douze.
၁၉တံခါးစောင့်အက္ကုပ်၊ တာလမုန်အစရှိသော တံခါးကို စောင့်သော အမျိုးသားချင်း ပေါင်းကားတရာ ခုနစ်ဆယ်နှစ်ယောက်တည်း။
20 Le reste d’Israël, les prêtres, les lévites, étaient dans toutes les autres villes de Juda, chacun dans sa propriété.
၂၀ကြွင်းသော ဣသရေလအမျိုးသား၊ ယဇ်ပုရော ဟိတ်၊ လေဝိသားတို့သည် ယုဒမြို့ရွာတို့တွင်၊ မိမိတို့ ပိုင်ရင်းအရပ်၌နေကြ၏။
21 Les Nathinéens, s’établirent dans le quartier d’Ophel; Siha et Gaspha étaient préposés aux Nathinéens.
၂၁ဘုရားကျွန်တို့သည် ဩဖေလအရပ်၌နေ၍၊ ဇိဟနှင့် ဂိသပတို့ သည် ဘုရားကျွန်အုပ် ဖြစ်ကြ၏။
22 Le chef des lévites à Jérusalem était Azzi, fils de Bani, fils de Hasabias, fils de Mathanias, fils de Micha, d’entre les fils d’Asaph, les chantres chargés du service de la maison de Dieu.
၂၂မိက္ခာ၊ မဿနိ၊ ဟာရှဘိ၊ ဗာနိတို့မှ ဆင်းသက် သော ဩဇိသည် ယေရုရှလင်မြို့၌နေသော လေဝိသားတို့ ကို အုပ်ရ၏။ အာသပ်အမျိုးသား သီချင်းသည်တို့သည် လည်း ဘုရားသခင်၏ အိမ်တော်အမှုကို ကြည့်ရှုစီရင် ရကြ၏။
23 Car il y avait une ordonnance du roi à leur sujet, et un salaire déterminé était accordé aux chantres pour chaque jour.
၂၃အကြောင်းမူကား၊ သီချင်းသည်တို့သည် နေ့ရက် အစဉ်အတိုင်း စားစရာရိက္ခာကို ခံရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိ၏။
24 Phathahias, fils de Mésézébel, d’entre les fils de Zara, fils de Juda, était commissaire du roi pour toutes les affaires du peuple.
၂၄ယုဒအမျိုး ဇာရအနွှယ်မေရှဇ ဗေလသား ပေသဟိသည်လည်း ရှင်ဘုရင်အခွင့်နှင့် ပြည်သားတို့ကို အုပ်၍ အရေးတော်ပိုင်မင်းဖြစ်၏။
25 Quant aux villages et à leurs territoires, des fils de Juda s’établirent: à Cariath-Arbé et dans les villes de sa dépendance, à Dibon et dans les villes de sa dépendance, à Cabséel et dans ses villages,
၂၅ယုဒလူအချို့တို့သည် မြို့ရွာကျေးလက်တည်း ဟူသော ကိရယသာဘမြို့ရွာ၊ ဒိဘုန်မြို့ရွာ၊ ယေကပ် ဇေလမြို့ရွာ၊
26 à Jésué, à Molada, à Beth-Phalet,
၂၆ယေရွှ၊ မောလဒ၊ ဗက်ပါလက်၊
27 à Hasersual, à Bersabée et dans les villes de sa dépendance,
၂၇ဟာဇာရွှာလ၊ ဗေရရှေဘ မြို့ရွာများ၊
28 à Siceleg, à Mochona, et dans les villes de sa dépendance,
၂၈ဇိကလတ်၊ မေကောနမြို့ရွာများ၊
29 à En-Remmon, à Saraa, à Jérimuth,
၂၉အင်ရိမ္မုန်၊ ဇာရ၊ ယာမုတ်၊
30 à Zanoé, à Odollam et dans leurs villages, à Lachis et dans son territoire, à Azéca et dans les villes de sa dépendance. Ils s’établirent depuis Bersabée jusqu’à la vallée d’Ennom.
၃၀ဇာနော၊ အဒုလံ မြို့ရွာများ၊ လာခိရှမြို့နှင့် ကျေးလက်များ၊ အဇေကာမြို့ရွာများ၊ ဗေရရှေဘ မြို့မှ စ၍ ဟိန္နုံချိုင့်တိုင်အောင် အနှံ့အပြားနေကြ၏။
31 Des fils de Benjamin s’établirent depuis Geba, à Machmas, à Haï, à Béthel et dans les villes de sa dépendance,
၃၁ဗင်္ယာမိန် အမျိုးသားတို့သည်လည်း ဂေဗ၊ မိတ်မတ်၊ အာဣ၊ ဗေသလမြို့ရွာတို့၌၎င်း၊
32 à Anathoth, à Nob, à Anania,
၃၂အာနသုတ်၊ နောဗ၊ အာနနိ၊
33 à Asor, à Rama, à Géthaïm,
၃၃ဟာဇော်၊ ရာမ၊ ဂိတ္တိမ်၊
34 à Hadid, à Séboïm, à Néballat,
၃၄ဟာဒိဒ်၊ ဇေဘိုင်၊ နေဗလ္လတ်၊
35 à Lod et à Ono, dans la Vallée des Ouvriers.
၃၅လေဒ၊ ဩနောမြို့များ၌၎င်း၊ ဆရာသမားချိုင့်၌၎င်း နေကြ၏။
36 Il y eut, parmi les lévites, des classes appartenant à Juda qui se joignirent à Benjamin.
၃၆လေဝိသား အသင်းအပေါင်းအချို့တို့သည် ယုဒပြည်၊ အချို့တို့သည် ဗင်္ယာမိန်ပြည်၌နေကြ၏။

< Néhémie 11 >