< Matthieu 10 >
1 Puis, ayant appelé ses douze disciples, il leur donna pouvoir sur les esprits impurs, afin de les chasser et de guérir toute maladie et toute infirmité.
၁တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကိုခေါ် တော်မူပြီးမှ ၊ ညစ်ညူး သောနတ် တို့ကို နှင်ထုတ် ခြင်းငှာ၎င်း ၊ အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေခြင်းငှာ၎င်း အခွင့် ပေး တော်မူ၏။
2 Or voici les noms des douze Apôtres: le premier est Simon, appelé Pierre, puis André son frère; Jacques fils de Zébédée, et Jean son frère;
၂တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့၏ အမည် ကား ၊ ပဌမ မှာ၊ ပေတရု ဟူ၍ခေါ်ဝေါ် သော ရှိမုန် နှင့် သူ့ ညီ အန္ဒြေ ၊
3 Philippe et Barthélemy; Thomas et Matthieu le publicain; Jacques, fils d’Alphée et Thaddée;
၃ဇေဗေဒဲ ၏သား ယာကုပ် နှင့် သူ့ ညီ ယောဟန် ၊ ဖိလိပ္ပု နှင့် ဗာသောလမဲ ၊ သောမ နှင့် အခွန်ခံ မသ္သဲ ၊ အာလဖဲ ၏သား ယာကုပ် နှင့် သဒ္ဒဲ ဟုအမည်သစ်ကိုရသော လေဗဲ၊
4 Simon le Zélé, et Judas Iscariote, qui le trahit.
၄ကာနနိတ် လူရှိမုန် နှင့် ကိုယ်တော် ကိုအပ်နှံ သော ယုဒ ရှကာရုတ် ပေတည်း။
5 Tels sont les douze que Jésus envoya, après leur avoir donné ses instructions: « N’allez point, leur dit-il, vers les Gentils, et n’entrez point dans les villes des Samaritains;
၅ထို တစ်ကျိပ် နှစ်ပါးသော သူ တို့ကို ယေရှု သည် စေလွှတ် တော်မူ၍၊ သင်တို့သည် တစ်ပါး အမျိုးသားတို့ရှိရာ သို့ မ သွား ကြနှင့်။ ရှမာရိ မြို့ ရွာထဲသို့ မ ဝင် ကြနှင့်။
6 allez plutôt aux brebis perdues de la maison d’Israël.
၆ဣသရေလ အမျိုး ၊ ပျောက်လွင့် သော သိုး များရှိရာ သို့ အရင် သွား ကြလော့။
7 Partout, sur votre chemin, annoncez que le royaume des cieux est proche.
၇သွား စဉ်တွင်၊ ကောင်းကင် နိုင်ငံ တော် တည်လုနီး ပြီဟုသိတင်းကြားပြော ကြလော့။
8 Guérissez les malades, ressuscitez les morts, purifiez les lépreux, chassez les démons: vous avez reçu gratuitement, donnez gratuitement.
၈နာ သောသူတို့အား ချမ်းသာ ပေးကြလော့။ သေ သောသူတို့ကို ထမြောက် စေကြလော့။ နူ သောသူတို့ကို သန့်ရှင်း စေကြလော့။ နတ်ဆိုး တို့ကိုလည်း နှင်ထုတ် ကြလော့။ သင်တို့သည် အဘိုး မပေးဘဲ ကျေးဇူးတော်ကို ခံရ ကြပြီဖြစ်၍အဘိုး မခံဘဲ ပေးကမ်း ကြလော့။
9 Ne prenez ni or, ni argent, ni aucune monnaie dans vos ceintures,
၉ရွှေ ၊ ငွေ ၊ ကြေး တို့ကို ခါးပန်း ထဲ၌ မ သိုမှီး ကြနှင့်။
10 ni sac pour la route, ni deux tuniques, ni chaussure, ni bâton; car l’ouvrier mérite sa nourriture.
၁၀လမ်း ခရီးဘို့ လွယ်အိတ် ၊ အင်္ကျီ နှစ် ထည်၊ ခြေနင်း တောင်ဝေး ကို မ သိုမှီးကြနှင့်။ အကြောင်းမူကား ၊ လုပ်ဆောင် သောသူ သည် ကျွေးမွေး ခြင်းကို ခံထိုက် ပေ၏။
11 En quelque ville ou village que vous entriez, informez-vous qui y est digne, et demeurez chez lui jusqu’à votre départ.
၁၁မည်သည် မြို့ မည်သည်ရွာ သို့ ဝင် လျှင်၊ ထိုမြို့ ရွာ၌ အဘယ် မည်သောသူသည် ထိုက်တန် သနည်းဟု မေးမြန်း ၍၊ ထို မြို့ရွာမှ မ ထွက် မသွားမှီတိုင်အောင်ထိုသူ ၏အိမ်တွင် နေ ကြလော့။
12 En entrant dans la maison, saluez-la [en disant: Paix à cette maison].
၁၂အိမ် သို့ ဝင် သောအခါ မင်္ဂလာရှိပါစေသောဟုနှုတ်ဆက် ခြင်းကို ပြုကြလော့။
13 Et si cette maison en est digne, que votre paix vienne sur elle; mais si elle ne l’est pas, que votre paix revienne à vous.
၁၃ထိုအိမ် သည် ထိုက်တန် လျှင် သင် တို့မြွက်သော မင်္ဂလာ ရောက် စေသတည်း။ မ ထိုက်တန် လျှင် သင် တို့ ထံသို့ ပြန်လာ စေသတည်း။
14 Si l’on refuse de vous recevoir et d’écouter votre parole, sortez de cette maison ou de cette ville en secouant la poussière de vos pieds.
၁၄အကြင်သူ သည်သင် တို့ကို လက် မ ခံ၊ သင် တို့၏ စကား ကိုနား မ ထောင်ဘဲနေ၏။ ထို သူနေသော အိမ် မှ၎င်း၊ မြို့ မှ၎င်း ထွက်သွား စဉ်၊ သင် တို့၏ ခြေဘဝါး မှ မြေမှုန့် ကို ခါ လိုက်ကြလော့။
15 Je vous le dis en vérité, il y aura moins de rigueur, au jour du jugement, pour la terre de Sodome et de Gomorrhe que pour cette ville.
၁၅ငါအမှန် ဆို သည်ကား၊ တရား ဆုံးဖြတ်သောနေ့ ၌ ထို မြို့ သည် သောဒုံ မြို့နှင့် ဂေါမောရ မြို့ထက် သာ၍ ခံရလတံ့။
16 Voyez, je vous envoie comme des brebis au milieu des loups. Soyez donc prudents comme les serpents, et simples comme les colombes.
၁၆တောခွေး စု ထဲသို့ သိုး တို့ကို စေလွှတ်သကဲ့သို့ သင် တို့ကို ငါ စေလွှတ် ၏။ ထိုကြောင့် သင်တို့သည် မြွေ ကဲ့သို့ လိမ္မာ လျက် ၊ ချိုးငှက် ကဲ့သို့ အဆိပ်ကင်း လျက် ရှိ ကြလော့။
17 Tenez-vous en garde contre les hommes; car ils vous livreront à leurs tribunaux, et vous flagelleront dans leurs synagogues.
၁၇လူ တို့ကို သတိပြု ကြ။ အကြောင်းမူကား ၊ သင် တို့ကို လွှတ်ရုံး သို့ အပ်နှံ ကြလိမ့်မည်။ တရားစရပ် တို့၌ ရိုက် ကြလိမ့်မည်။
18 Vous serez menés à cause de moi devant les gouverneurs et les rois, pour me rendre témoignage devant eux et devant les Gentils.
၁၈ထိုသူ တို့မှစ၍ တစ်ပါး အမျိုးသားတို့အား သက်သေ ဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း ၊ ရှင်ဘုရင် ထံသို့ ငါ့ ကြောင့် သင်တို့ကို ပို့ဆောင် ကြလိမ့်မည်။
19 Lorsqu’on vous livrera, ne pensez ni à la manière dont vous parlerez, ni à ce que vous devrez dire: ce que vous aurez à dire vous sera donné à l’heure même.
၁၉သင် တို့ကို အပ်နှံ သောအခါ အဘယ်သို့ ပြော ရမည်ကို မ စိုးရိမ် ကြနှင့်။ ပြော ရသောစကားကို ထို ခဏခြင်း တွင် သင် တို့သည်ရ ကြလိမ့်မည်။
20 Car ce n’est pas vous qui parlerez; mais c’est l’Esprit de votre Père qui parlera en vous.
၂၀အကြောင်းမူကား ၊ သင် တို့ အလိုအလျောက် ပြော ကြသည်မ ဟုတ် ။ သင် တို့အဘ ၏ ဝိညာဉ် တော်သည် သင် တို့အားဖြင့် ပြော တော်မူ၏။
21 Le frère livrera son frère à la mort, et le père son enfant, et les enfants s’élèveront contre leurs parents et les feront mourir.
၂၁ထိုအခါ ညီအစ်ကို ချင်းတစ်ယောက်ကိုတစ်ယောက် သေ စေခြင်းငှာ အပ်ကြလိမ့်မည်။ အဘ သည်လည်း သား ကို အပ် လိမ့်မည်။ သားသမီး တို့သည်လည်း မိဘ ကို ရန်ဘက် ပြု၍ သေ စေကြလိမ့်မည်။
22 Vous serez en haine à tous à cause de mon nom; mais celui qui persévérera jusqu’à la fin, celui-là sera sauvé.
၂၂လူအပေါင်း တို့သည်လည်း ငါ ၏နာမ ကြောင့် သင်တို့ကို မုန်း ကြလိမ့်မည် ။ အကြင်သူသည်အဆုံး တိုင်အောင် တည်ကြည် ၏။ ထိုသူ သည်ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်။
23 Lorsqu’on vous poursuivra dans une ville, fuyez dans une autre. En vérité, je vous le dis, vous n’aurez pas achevé de parcourir les villes d’Israël, que le Fils de l’homme sera venu.
၂၃တစ်မြို့ ၌ သင် တို့ကိုညှဉ်းဆဲ လျှင် တစ်မြို့ သို့ ပြေး ကြလော့။ ငါအမှန် ဆို သည်ကား၊ ဣသရေလ မြို့ ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မ ကုန် မှီ လူ သား သည်ကြွလာ လိမ့်မည်။
24 Le disciple n’est pas au-dessus du maître, ni le serviteur au-dessus de son seigneur.
၂၄တပည့် သည် ဆရာ ထက် မ သာ။ ကျွန် သည် သခင် ထက် မ သာ။
25 Il suffit au disciple d’être comme son maître, et au serviteur comme son seigneur. S’ils ont appelé le père de famille Béelzébub, combien plus ceux de sa maison?
၂၅တပည့် သည် ဆရာ ကဲ့သို့ ၎င်း ၊ ကျွန် သည်သခင် ကဲ့သို့ ၎င်းဖြစ် လျှင် သင့်လောက် ပေ၏။ အိမ်ရှင် ကို ဗေလဇေဗုလ ဟုခေါ်ဝေါ် ကြလျှင် ၊ အိမ်သူ အိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။
26 Ne les craignez donc point. Car il n’y a rien de caché qui ne se découvre, rien de secret qui ne finisse par être connu.
၂၆ထို့ကြောင့် သူ တို့ကို မ ကြောက် ကြနှင့်။ ဖုံးထား လျက်ရှိ သမျှသောအရာတို့သည် ပွင့် လိမ့်မည်။ ဆိတ်ကွယ် ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှား လိမ့်မည်။
27 Ce que je vous dis dans les ténèbres, dites-le au grand jour, et ce qui vous est dit à l’oreille, publiez-le sur les toits.
၂၇မှောင်မိုက် ၌ သင် တို့အား ငါပြော သောအရာ များကို သင်တို့သည် အလင်း ၌ ကြားပြော ကြလော့။ သင် တို့နား အပါး၌ ပြော၍ ကြား သောအရာ များကို အိမ်မိုး ပေါ်မှာ ဟစ်ကြော် ကြလော့ ဟု မိန့်တော်မူ၏။
28 Ne craignez pas ceux qui tuent le corps, et ne peuvent tuer l’âme; craignez plutôt celui qui peut perdre l’âme et le corps dans la géhenne. (Geenna )
၂၈တနည်းကားကိုယ်ခန္ဓါ ကိုသာသတ် ၍ စိတ် ဝိညာဉ်ကို မ သတ် နိုင် သော သူတို့ ကို မ ကြောက် ကြနှင့်။ ကိုယ်ခန္ဓါ နှင့် စိတ် ဝိညာဉ်ကို ငရဲ ၌ ဖျက်ဆီး နိုင် သောသူ ကိုသာ၍ ကြောက် ကြလော့။ (Geenna )
29 Deux passereaux ne se vendent-ils pas un as? Et il n’en tombe pas un sur la terre, sans la permission de votre Père.
၂၉စာငှက် နှစ် ကောင်ကို အဿရိ တစ်ပြားအဘိုးနှင့် ဝယ် ရသည်မ ဟုတ်လော။ သင် တို့အဘ အခွင့်မ ရှိလျှင် ထို စာငှက်တစ် ကောင်မျှ မြေ သို့ မ ကျ ရ။
30 Les cheveux mêmes de votre tête sont tous comptés.
၃၀သင် တို့ဆံပင် သည်လည်း အကုန်အစင် ရေတွက် လျက်ရှိ ၏။
31 Ne craignez donc point: vous êtes de plus de prix que beaucoup de passereaux.
၃၁ထို့ကြောင့် မ ကြောက် ကြနှင့်။ သင် တို့သည် စာငှက် အများ တို့ထက် သာ၍ မြတ်ကြ၏။
32 Celui donc qui m’aura confessé devant les hommes, moi aussi je le confesserai devant mon Père qui est dans les cieux;
၃၂အကြင်သူ သည် လူတို့ ရှေ့ မှာ ငါ့ ကိုဝန်ခံ အံ့။ ကောင်းကင် ဘုံ၌ ရှိသော ငါ ၏ခမည်းတော် ရှေ့ မှာ ထိုသူ ကိုငါ ဝန်ခံ မည်။
33 et celui qui m’aura renié devant les hommes, moi aussi je le renierai devant mon Père qui est dans les cieux.
၃၃အကြင်သူ သည် လူတို့ ရှေ့ မှာ ငါ့ ကိုငြင်းပယ် အံ့ ။ ကောင်းကင် ဘုံ၌ ရှိသော ငါ ၏ခမည်းတော် ရှေ့ မှာ ထိုသူ ကို ငါ ငြင်းပယ် မည်။
34 Ne pensez pas que je sois venu apporter la paix sur la terre; je suis venu apporter, non la paix, mais le glaive.
၃၄မြေ ပေါ်သို့ ငြိမ်သက် ခြင်းကို စေလွှတ် အံ့သောငှာငါလာ သည်ဟုမ ထင် ကြနှင့်။ ငြိမ်သက် ခြင်းကို စေလွှတ် အံ့သောငှာငါလာ သည်မ ဟုတ်။ ဓား ကို စေလွှတ်အံ့သောငှာငါလာသတည်း။
35 Je suis venu mettre en lutte le fils avec son père, la fille avec sa mère, et la belle-fille avec sa belle-mère.
၃၅အဘ နှင့် သား ၊ အမိ နှင့် သမီး ၊ ယောက္ခမ နှင့် ချွေးမ အချင်းချင်းကွဲပြား စေခြင်းငှာငါလာ သတည်း။
36 On aura pour ennemis les gens de sa propre maison.
၃၆ကိုယ် အိမ်သူ အိမ်သားတို့သည်လည်း ကိုယ် ရန်သူ ဖြစ်ကြလိမ့်မည်။
37 Celui qui aime son père ou sa mère plus que moi, n’est pas digne de moi; et celui qui aime son fils ou sa fille plus que moi, n’est pas digne de moi.
၃၇အကြင်သူ သည် ငါ့ ကိုချစ်သည်ထက် မိဘ ကိုသာ၍ချစ် ၏။ ထိုသူသည် ငါ နှင့်မ ထိုက် မတန်။ အကြင်သူ သည် ငါ့ ကို ချစ်သည်ထက် သား သမီး ကို သာ၍ ချစ် ၏။ ထိုသူငါ နှင့်မ ထိုက် မတန်။
38 Celui qui ne prend pas sa croix et ne me suit pas, n’est pas digne de moi.
၃၈အကြင်သူ သည် မိမိ လက်ဝါးကပ်တိုင် ကို ထမ်း ၍ ငါ့ နောက် သို့မ လိုက် ၊ ထိုသူသည် ငါ နှင့် မ ထိုက် မတန်။
39 Celui qui sauvera sa vie, la perdra; et celui qui perdra sa vie à cause de moi, la sauvera.
၃၉မိမိ အသက် ကို တွေ့ သောသူ သည် အသက် ရှုံး လိမ့်မည်။ ငါ့ ကြောင့် မိမိ အသက် ရှုံး သောသူ မူကားအသက် ကို တွေ့ လိမ့်မည်။
40 Celui qui vous reçoit, me reçoit, et celui qui me reçoit, reçoit celui qui m’a envoyé.
၄၀သင် တို့ကို လက်ခံ သောသူ သည် ငါ့ ကိုလက်ခံ ၏။ ငါ့ ကို လက်ခံ သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကို လက်ခံ ၏။
41 Celui qui reçoit un prophète en qualité de prophète, recevra une récompense de prophète; et celui qui reçoit un juste en qualité de juste, recevra une récompense de juste.
၄၁ပရောဖက် ၏ မျက်နှာ ကိုထောက်၍၊ ပရောဖက် ကို လက်ခံ သောသူ သည် ပရောဖက် ၏အကျိုး ကို ခံရ လတံ့၊ ဖြောင့်မတ် သောသူ၏မျက်နှာ ကိုထောက်၍၊ ဖြောင့်မတ် သောသူကို လက်ခံ သောသူ သည် ဖြောင့်မတ် သောသူ၏အကျိုး ကိုခံရ လတံ့။
42 Et quiconque donnera seulement un verre d’eau fraîche à l’un de ces petits parce qu’il est de mes disciples, je vous le dis en vérité, il ne perdra point sa récompense. »
၄၂အကြင်သူ သည် တပည့် တော်၏ မျက်နှာ ကိုထောက်၍ဤ သူငယ် တစ်စုံတစ်ယောက်အား ရေ တစ်ခွက် ကို မျှ ပေး ၏။ ထိုသူသည် အကျိုး ကို မရဘဲမ နေရာ၊ ငါ အမှန် ဆိုသည် ဟု မှာထားတော်မူ၏။