< Jérémie 19 >
1 Ainsi a parlé Yahweh: Va, achète-toi une cruche de potier; prends avec toi des anciens du peuple et des anciens d’entre les prêtres.
၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် အိုးထိန်းသမားထံသို့ သွား၍ ရေဘူးကိုယူပြီးလျှင်၊ အသက် ကြီးသော လူ၊ အသက်ကြီးသော ယဇ်ပုရောဟိတ် အချို့ တို့နှင့်တကွ၊
2 Et sors vers la vallée de Ben-Hinnom, qui est à l’entrée de la porte de la Poterie, et là tu publieras les paroles que je te dirai.
၂ဟရသိတ်တံခါးပြင်၊ ဟိန္နုံသား၏ ချိုင့်သို့သွား၍၊ ငါမိန့်တော်မူသည်အတိုင်း ကြွေးကြော်ရမည့်စကား ဟူမူကား၊
3 Tu diras: Écoutez la parole de Yahweh, rois de Juda et habitants de Jérusalem. Ainsi parle Yahweh des armées, Dieu d’Israël: Voici que je vais amener sur ce lieu un malheur, tel que les oreilles tinteront à qui en entendra parler:
၃အိုယုဒရှင်ဘုရင်များနှင့် ယေရုရှလင်မြို့သား များတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြ လော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားခါးသည်တိုင်အောင်၊ ငါသည် ဤအရပ်၌ ဘေးရောက်စေမည်။
4 parce qu’ils m’ont abandonné, qu’ils ont aliéné ce lieu, qu’ils y ont offert de l’encens à des dieux étrangers que ne connaissaient ni eux, ni leurs pères ni les rois de Juda, et qu’ils ont rempli ce lieu du sang des innocents.
၄အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြ ပြီ။ ကိုယ်တိုင်မသိ၊ ဘိုးဘေးများမသိ၊ ယုဒရှင်ဘုရင်များ မသိသော တကျွန်းတနိုင်ငံ ဘုရားတို့ ရှေ့မှာ၊ ဤအရပ်၌ နံ့သာပေါင်းကို မီးရှို့သဖြင့်၊ ဤအရပ်ကို တကျွန်း တနိုင်ငံ မြေဖြစ်စေကြပြီ။ အပြစ်မရှိသော သူတို့၏ အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ။
5 Ils ont bâti les hauts lieux de Baal, pour consumer leurs enfants par le feu en holocauste à Baal, choses que je n’avais ni commandées, ni dites, et qui n’étaient point montées à mon cœur.
၅ငါမစီရင်မမှာထား၊ ငါအလျှင်းအလိုမရှိသော ဝတ်တည်းဟူသော၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့၍၊ ပူဇော်ရာ ဝတ်ပြုခြင်းငှါ၊ ဗာလဘုရားဘို့ ကုန်းတို့ကို တည်လုပ်ကြပြီ။
6 C’est pourquoi voici que des jours viennent, — oracle de Yahweh, où ce lieu ne sera plus appelé Topheth ni vallée de Ben-Hinnom, mais vallée du massacre.
၆သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအရပ်ကို တောဖက်အရပ်ဟူ၍မခေါ်၊ ဟိန္နုံသား၏ ချိုင့်ဟူ၍မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
7 Je rendrai vain dans ce lieu le conseil de Juda et de Jérusalem; je les ferai tomber par l’épée devant leurs ennemis et par la main de ceux qui en veulent à leur vie; et je donnerai leurs cadavres en pâture aux oiseaux du ciel et aux bêtes de la terre.
၇ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည် သော အကြံအစည်ကို ဤအရပ်၌ ငါဖျက်မည်။ ရန်သူ၏ ထားဖြင့်၎င်း၊ သတ်ခြင်းငှါ ရှာသောသူ၏ လက်ဖြင့်၎င်း၊ သူတို့ကို ငါဆုံးစေမည်။ သူတို့အသေကောင် များကိုလည်း မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲစားစရာဘို့ ငါထား မည်။
8 Et je ferai de cette ville un objet de stupeur et de risée; quiconque passera près d’elle sera stupéfait et rira de toutes ses meurtrissures.
၈ဤမြို့ကိုလည်း လူဆိတ်ညံရာ၊ ကဲ့ရဲ့သံကို ကြားရာအရပ်ဖြစ်စေမည်။ လမ်း၌ရှောက်သွားသမျှသော သူတို့သည် ဤမြို့ခံရသော ဘေးအလုံးစုံတို့ကို မြင်သော အခါ၊ အံ့ဩ၍ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
9 Je leur ferai manger la chair de leurs fils et la chair de leurs filles; ils mangeront la chair les uns des autres, dans l’angoisse et la détresse où les réduiront leurs ennemis, et ceux qui en veulent à leur vie.
၉သတ်ခြင်းငှါ ရှာကြံသောရန်သူများတို့သည် ဝိုင်း၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ်လျက် နေ၍၊ ကိုယ်သားသမီး အသားကို ငါစားစေမည်။ အချင်း ချင်းတယောက်အသားကို တယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊
10 Tu briseras ensuite la cruche sous les yeux des hommes venus avec toi,
၁၀သင်နှင့်အတူ သွားသောသူတို့ရှေ့တွင်၊ ရေဘူး ကိုခွဲလော့။
11 et tu leur diras: Ainsi parle Yahweh des armées: Je briserai ce peuple et cette ville, comme on brise le vase du potier, qui ne peut plus être réparé, et l’on enterrera à Topheth, faute de place pour enterrer.
၁၁ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက၊ နောက်တဖန်မပြင်နိုင်အောင် ရေဘူးကို ခွဲသကဲ့သို့၊ ဤလူများနေသော ဤမြို့ကို ငါခွဲမည်။ တောဖက်အရပ်၌ သင်္ဂြိုဟ်ရာမြေ မလောက်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။
12 Voilà ce que je ferai à ce lieu, — oracle de Yahweh, — et à ses habitants, en rendant cette ville semblable à Topheth.
၁၂ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဤသို့ ငါပြု၍ ဤမြို့ကို တောဖက်အရပ်ကဲ့သို့ ဖြစ်စေမည်။
13 Les maisons de Jérusalem et les maisons des rois de Juda seront telles que ce lieu de Topheth, souillées: toutes les maisons sur les toits desquelles on a offert de l’encens à toute l’armée des cieux et versé des libations à des dieux étrangers.
၁၃အကြင်အိမ်မိုးအပေါ်မှာ ကောင်းကင်တန်ဆာ ရှိသမျှုတို့အား နံ့သာပေါင်းကို မီးရှို့၍၊ အခြားတပါးသော ဘုရားများရှေ့၌ သွန်းလောင်းရာပူဇော်သက္ကာပြု၏။ ထိုအိမ်ရှိသမျှတို့နှင့်တကွ ယေရုရှလင်မြို့ အိမ်များ၊ ယုဒ ရှင်ဘုရင်၏ နန်းတော်များတို့သည် တောဖက်အရပ်ကဲ့သို့ မစင်ကြယ်ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။
14 Jérémie revint de Topheth où Yahweh l’avait envoyé prophétiser, et, se tenant dans le parvis de la maison de Yahweh, il dit à tout le peuple:
၁၄ထိုအခါ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရား စေလွှတ်တော်မူရာ တောဖက်အရပ်က၊ ယေရမိသည် ပြန်လာ၍ ဗိမာန်တော်တန်တိုင်း၌ ရပ်လျက်၊
15 « Ainsi parle Yahweh des armées, le Dieu d’Israël: Voici que je vais faire venir sur cette ville et sur toutes les villes de son ressort tous les malheurs que j’ai annoncés contre elle, parce qu’ils ont raidi leur cou pour ne point obéir à mes paroles. »
၁၅ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့သားတို့သည် ငါ့စကားကို နားမထောင်ခြင်းငှါ၊ မိမိတို့ လည်ပင်းကို ခိုင်မာစေသောကြောင့်၊ ငါခြိမ်းသမျှ သောဘေးဒဏ်တို့ကို၊ ဤမြို့ရွာရှိသမျှတို့အပေါ်မှာ သက်ရောက်စေမည်ဟူသော အမိန့်တော်ကို လူအပေါင်း တို့အား ဆင့်ဆိုလေ၏။