< Exode 2 >
1 Un homme de la maison de Lévi était allé prendre pour femme une fille de Lévi.
၁ထို ကာလ၌ လေဝိ အမျိုးသား တယောက်သည်၊ လေဝိ အမျိုးသမီး နှင့် အိမ်ထောင် ဘက်ပြု၍၊
2 Cette femme devint enceinte et enfanta un fils. Voyant qu’il était beau, elle le cacha pendant trois mois.
၂မိန်းမ သည် ပဋိသန္ဓေ ယူသဖြင့် သား ယောက်ျားကို ဘွားမြင် လေ၏။ ထိုသား သည် အဆင်းလှ ကြောင်း ကို အမိမြင် လျှင် ၊ သုံး လ ပတ်လုံးဖွက် ထားလေ၏။
3 Comme elle ne pouvait plus le tenir caché, elle prit une caisse de jonc et, l’ayant enduite de bitume et de poix, elle y mit l’enfant et le déposa parmi les roseaux, sur le bord du fleuve.
၃နောက်တဖန် ဖွက် ၍မ ထား နိုင်သောအခါ ၊ ဂမာကိုင်း ပင်ဖြင့် ရက်သောပုခက် ကိုယူ ၍ ရေညှိ နှင့် သစ်စေး ဖြင့် လူး ပြီးလျှင် ၊ ပုခက် ထဲတွင် သူငယ် ကိုထည့် ၍ မြစ် ကမ်း နား ကိုင်း တော၌ ထား လေ၏။
4 La sœur de l’enfant se tenait à quelque distance pour savoir ce qui lui arriverait.
၄သူငယ် အစ်မ လည်း အဘယ်သို့ ဖြစ် မည်ကို သိမြင် ခြင်းငှါ အဝေး ၌ ရပ် နေလေ၏။
5 La fille de Pharaon descendit au fleuve pour se baigner, et ses compagnes se promenaient le long du fleuve. Ayant aperçu la caisse au milieu des roseaux, elle envoya sa servante pour la prendre.
၅ဖာရော ဘုရင်၏သမီး တော်သည် ရေချိုး ခြင်းငှါ ဆင်း လာ၍ ၊ ကျွန်မ တို့နှင့် မြစ် ကမ်းနား ၌ လှည့်လည် စဉ်၊ ကိုင်း တော၌ ပုခက် ကိုမြင် ၍ ဆောင်ယူ စေခြင်းငှါ ကျွန်မ တယောက်ကို စေလွှတ် လေ၏။
6 Elle l’ouvrit et vit l’enfant: c’était un petit garçon qui pleurait; elle en eut pitié, et elle dit: « C’est un enfant des Hébreux. »
၆ပုခက်ဖုံးကို ဖွင့် သောအခါ ၊ ငို လျက်နေသောသူငယ် ကိုမြင် ၍ ၊ သနား သောစိတ်ရှိလျှင် ၊ ဤ သူငယ်သည် ဟေဗြဲ အမျိုး ဖြစ်လိမ့်မည်ဟု ဆို ပြီး သော်၊
7 Alors la sœur de l’enfant dit à la fille de Pharaon: « Veux-tu que j’aille te chercher une nourrice parmi les femmes des Hébreux pour allaiter cet enfant? »
၇သူငယ် ၏အစ်မ က၊ ကိုယ်တော် အတွက် သူငယ် ကို ထိန်း ရသောဟေဗြဲ အထိန်း ကို ကျွန်မသွား ၍ ခေါ် ရပါမည် လောဟု ဖာရော ဘုရင်၏ သမီး တော်အား မေးလျှောက် ၍၊
8 — « Va » lui dit la fille de Pharaon; et la jeune fille alla chercher la mère de l’enfant.
၈မင်းသမီး ကသွား လော့ဟု အခွင့်ပေး လျှင် ၊ မိန်းမ ငယ်သွား၍ သူငယ် ၏အမိ ကိုခေါ် လေ၏။
9 La fille de Pharaon lui dit: « Emporte cet enfant et allaite-le-moi; je te donnerai ton salaire. » La femme prit l’enfant et l’allaita.
၉ဖာရော ဘုရင်၏သမီး တော်က၊ ဤ သူငယ် ကို ယူသွား ၍ ငါ့ ဘို့ ထိန်း လော။ အခ ကို ငါ ပေး မည်ဟု မှာ ထားသည်အတိုင်း၊ ထိုမိန်းမ သည် သူငယ် ကို ယူသွား ၍ ထိန်း လေ၏။
10 Quand il eut grandi, elle l’amena à la fille de Pharaon, et il fut pour elle comme un fils. Elle lui donna le nom de Moïse, « car, dit-elle, je l’ai tiré des eaux. »
၁၀သူငယ် ကြီးပွား သောအခါ ၊ ဖာရော ဘုရင်၏ သမီး တော်ထံသို့ ပို့ဆောင် ၍ မင်းသမီး သည် သား အရာ၌ ခန့်ထား လျက် ၊ မောရှေ အမည် ဖြင့် မှည့် ၏။ အကြောင်းမူကား ၊ ရေ ထဲက ငါနှုတ်ယူ သည်ဟု ဆို သတည်း။
11 En ce temps-là, Moïse, devenu grand, sortit vers ses frères, et il fut témoin de leurs pénibles travaux; il vit un Égyptien qui frappait un Hébreu d’entre ses frères.
၁၁မောရှေ သည် ကြီး သောအခါ ၊ မိမိ အမျိုးသား ချင်းတို့ရှိရာသို့ သွား ၍ သူ တို့အမှုထမ်း ရသောအခြင်း အရာတို့ကို ကြည့်ရှု လေ၏။ မိမိ အမျိုးသား ဟေဗြဲ လူ တယောက်ကို၊ အဲဂုတ္တု လူ ရိုက် သည်ကိုမြင် လျှင်၊
12 Ayant tourné les yeux de côté et d’autre, et voyant qu’il n’y avait là personne, il tua l’Égyptien et le cacha dans le sable.
၁၂ပတ်လည်ကြည့်ရှု ၍ အဘယ်သူ မျှမရှိ သည်ကို သိ သောအခါ၊ အဲဂုတ္တု လူကိုသတ် ၍ သဲ ထဲ ၌ မြှုပ် ထားလေ ၏။
13 Il sortit encore le jour suivant, et voici, deux Hébreux se querellaient. Il dit au coupable: « Pourquoi frappes-tu ton camarade? »
၁၃နက်ဖြန် နေ့ ၌ ထွက် ပြန်သော် ၊ ဟေဗြဲ လူ နှစ် ယောက်တို့သည် အချင်းချင်းသတ် ကြသည်ကို မြင် လျှင် ၊ သင်သည် သင် ၏အပေါင်းအဘော် ကို အဘယ်ကြောင့် ရိုက် သနည်းဟု ညှဉ်းဆဲ သောသူအား မေး သည်ရှိသော်၊
14 Et cet homme répondit: « Qui t’a établi chef et juge sur nous? Est-ce que tu veux me tuer, comme tu as tué l’Égyptien? » Moïse fut effrayé, et il dit: « Certainement la chose est connue. »
၁၄ထိုသူက၊ အဘယ်သူ သည် သင့် ကို ငါ တို့အပေါ် မှာ အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်း။ အဲဂုတ္တု လူကို သတ် သကဲ့သို့ ငါ့ ကို သတ် လို သလောဟု ပြန်ဆို ၏။ ထိုအခါ မောရှေ သည် မိမိပြုသောအမှု ထင်ရှား ပြီဟု သိ ၍ ကြောက် လေ၏။
15 Pharaon, ayant appris ce qui s’était passé, cherchait à faire mourir Moïse; mais Moïse s’enfuit de devant Pharaon; il se retira dans le pays de Madian, et il s’assit près du puits.
၁၅ထို သိတင်း ကို ဖါရော ဘုရင်ကြား သောအခါ ၊ မောရှေ ကို သတ် ခြင်းငှါ ရှာကြံ လေ၏။ မောရှေ သည် ဖါရော ဘုရင်ထံမှ ထွက်ပြေး ၍၊ မိဒျန် ပြည် သို့ ရောက် လျှင် ၊ ရေတွင်း နား မှာ ထိုင် ၍နားနေလေ၏။
16 Le prêtre de Madian avait sept filles. Elles vinrent puiser de l’eau, et elles remplirent les auges pour abreuver le troupeau de leur père.
၁၆ထိုအခါ မိဒျန် ယဇ်ပုရောဟိတ် ၏ သမီး ညီအစ်မခုနစ် ယောက်တို့သည်၊ မိမိ တို့အဘ ၏ သိုး ဆိတ်များကို ရေတိုက် ခြင်းငှါ လာ ၍ ရေခပ် ပြီးလျှင် ၊ ရေသောက်ခွက်တို့၌ လောင်း ကြ၏။
17 Les bergers, étant arrivés, les chassèrent; alors Moïse se leva, prit leur défense et fit boire leur troupeau.
၁၇သိုးထိန်း အချို့တို့လည်း လာ ၍ သိုး ဆိတ်များကို မောင်း ကြ၏။ ထိုအခါ မောရှေ သည်ထ ၍ ထို မိန်းမတို့ဘက်၌နေလျက်၊ သိုး ဆိတ်များကို ရေတိုက် လေ၏။
18 Quand elles furent de retour auprès de Raguel, leur père, il dit: « Pourquoi revenez-vous sitôt aujourd’hui? »
၁၈ထိုမိန်းမတို့သည် အဘ ရွေလ ထံသို့ ရောက် ကြသော် ၊ အဘက အဘယ်ကြောင့် ယနေ့ အလျင်အမြန် ရောက် လာရကြသနည်းဟုမေး လေ၏။
19 Elles répondirent: « Un Égyptien nous a délivrées de la main des bergers, et même il a puisé pour nous de l’eau et il a fait boire le troupeau. »
၁၉သူတို့ကလည်း၊ အဲဂုတ္တု လူ တယောက်သည် အကျွန်ုပ် တို့ကို သိုးထိန်း တို့လက် မှ ကယ်နှုတ် ၍ ၊ ရေ လိုသမျှကို ခပ် သဖြင့် ၊ သိုး ဆိတ်များကို ရေတိုက် ပါသည်ဟု ပြန်ပြော ၏။
20 Il dit à ses filles: « Où est-il? Pourquoi avez-vous laissé cet homme? Rappelez-le, pour qu’il prenne quelque nourriture. »
၂၀အဘကလည်း၊ ထိုသူ သည် အဘယ်မှာ ရှိသနည်း။ အဘယ်ကြောင့် သူ့ ကိုပစ် ထားခဲ့သနည်း။ အစာ စား စေခြင်းငှါ သူ့ ကို ခေါ် ချေကြဟု ဆို လေ၏။
21 Moïse consentit à demeurer chez cet homme, qui lui donna pour femme Séphora, sa fille.
၂၁မောရှေ သည် ထိုသူထံမှာ နေ ၍ ပျော်မွေ့ သဖြင့် ၊ သမီး ဇိပေါရ ကို မောရှေ အား ထိမ်းမြားပေးစား လေ၏။
22 Elle enfanta un fils, qu’il appela Gersam, « car, dit-il, je suis un étranger sur une terre étrangère. »
၂၂ထိုမိန်းမဘွား သောသား ကို ဂေရရှုံ အမည် ဖြင့် မှည့် ၏။ အကြောင်းမူကား ၊ ငါသည်တကျွန်းတနိုင်ငံ ၌ ဧည့်သည် အာဂန္တုဖြစ် ရပြီဟုဆို သတည်း။
23 Durant ces longs jours, le roi d’Égypte mourut. Les enfants d’Israël, gémissant encore sous la servitude, poussèrent des cris, et ces cris, arrachés par la servitude, montèrent jusqu’à Dieu.
၂၃ကာလ အင်တန်ကြာ ပြီးမှ၊ အဲဂုတ္တု ရှင်ဘုရင် အနိစ္စရောက် လေ၏။ ဣသရေလ အမျိုးသား တို့လည်း အစေ ကျွန်ခံရသောကြောင့်ညည်းတွား ငိုကြွေးကြ၏။ ထိုသို့ အစေ ကျွန်ခံ၍ငိုကြွေး သော အသံသည် ဘုရား သခင် ထံတော်သို့ တက် ရောက်လေ၏။
24 Dieu entendit leurs gémissements, et se souvint de son alliance avec Abraham, Isaac et Jacob.
၂၄သူ တို့ ညည်းတွား မြည်တမ်းခြင်း အသံကို ဘုရား သခင်ကြား တော်မူလျှင် ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် နှင့် ပြုခဲ့ဘူးသောပဋိညာဉ် ကို အောက်မေ့ တော်မူ၏။
25 Dieu regarda les enfants d’Israël et il les reconnut.
၂၅ဘုရား သခင်သည်လည်း ၊ ဣသရေလ အမျိုးသား တို့ကို ကြည့်ရှု ၍ သူတို့အမှုကို ဆင်ခြင် တော်မူ၏။