< Actes 10 >
1 Il y avait à Césarée un homme nommé Corneille, centurion dans la cohorte Italique,
၁ကဲသရိ မြို့၌ ဣတလိ တပ်ဟု ခေါ်ဝေါ် သော တပ် တွင် လူတရာ ကိုအုပ်ချုပ်သော တပ်မှူး ကော်နေလိ အမည် တွင်သော သူ တစ် ယောက်ရှိ ၏။
2 Religieux et craignant Dieu, ainsi que toute sa maison, il faisait beaucoup d’aumônes au peuple et priait Dieu sans cesse.
၂ထိုသူသည် မိမိ အိမ် တွင်ရှိသမျှ သော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော် ၍ ဘုရားသခင် ကို ကြောက်ရွံ့ ခြင်းရှိသဖြင့် လူ တို့အားများစွာ သော စွန့်ကြဲ ခြင်းကိုပြု ၍ ဘုရားသခင် ကို အစဉ် ဆုတောင်း လေ့ရှိ၏။
3 Dans une vision, vers la neuvième heure du jour, il vit clairement un ange de Dieu qui entra chez lui et lui dit: « Corneille! »
၃တစ်နေ့သ၌ နေသုံးချက်တီး အချိန် တွင် ဘုရားသခင် ၏ ကောင်းကင်တမန် သည်၊ ကော်နေလိ ဟု ခေါ် လျက် ရောက်လာ သည်ကို ထိုသူ သည် ထင်ရှား သော ဗျာဒိတ် ရူပါရုံအားဖြင့် မြင် ရ၏။
4 Fixant les yeux sur l’ange et saisi d’effroi, il s’écria: « Qu’est-ce, Seigneur? » L’ange lui répondit: « Tes prières et tes aumônes sont montées devant Dieu comme un mémorial.
၄ကောင်းကင် တမန်ကို စေ့စေ့ ကြည့်လျှင် ထိတ်လန့် ခြင်းရှိသည် ဖြစ်၍ ၊ သခင် ၊ အဘယ် အခင်းရှိ ပါ သနည်းဟု မေး သော် ၊ ကောင်းကင်တမန်က၊ သင် ပြု သောဆုတောင်း ပဌနာနှင့် စွန့်ကြဲ ပေးကမ်းခြင်းတို့သည် ဘုရားသခင့် ရှေ့ တော်၌ အောက်မေ့ စရာဘို့ တက် ကြပြီ။
5 Et maintenant envoie des hommes à Joppé, et fais venir un certain Simon, surnommé Pierre;
၅ထိုကြောင့် ယခုပင် ယုပ္ပေ မြို့သို့ လူ တို့ကိုစေလွှတ် ၍ ၊ ပေတရု အမည် သစ်ကိုရသော ရှိမုန် ကိုခေါ်ပင့် လော့။
6 il est logé chez un corroyeur, appelé Simon, dont la maison est située auprès de la mer. »
၆ထိုသူ သည်သားရေ လုပ်သမားရှိမုန် ၏ အိမ်၌ တည်း နေ၏။ ထို အိမ် သည် ပင်လယ် နား မှာ ရှိ သည်ဟု ပြောဆို၏။
7 L’ange qui lui parlait étant parti, Corneille appela deux de ses serviteurs et un soldat pieux parmi ceux qui étaient attachés à sa personne,
၇ထိုသို့ ပြောဆို သော ကောင်းကင်တမန် သွား ပြီးမှ ၊ ကော်နေလိသည် မိမိငယ်သား နှစ် ယောက်နှင့်တကွ မိမိ ထံ၌မပြတ်ခစား သောလူစုအဝင်၊ ဘုရားဝတ်၌ မွေ့လျော် သော စစ်သူရဲ တစ်ယောက်ကိုခေါ် ၍ ၊
8 et après leur avoir tout raconté, il les envoya à Joppé.
၈ထိုအကြောင်းအရာအလုံးစုံ တို့ကို ကြားပြော ပြီးမှယုပ္ပေ မြို့သို့ စေလွှတ် ၏။
9 Le jour suivant, comme les messagers étaient en route et qu’ils s’approchaient de la ville, Pierre monta sur le toit, vers la sixième heure, pour prier.
၉နက်ဖြန် နေ့၌ ထိုသူ တို့သည် သွား ၍ ယုပ္ပေမြို့ အနီး သို့ ရောက်ကြသောအခါ ၊ နှစ်ချက်တီးအချိန် တွင် ပေတရု သည် ဆုတောင်း ခြင်းငှာအိမ်မိုး ပေါ်သို့ တက် လေ ၏။
10 Puis, ayant faim, il désirait manger. Pendant qu’on lui préparait son repas, il tomba en extase:
၁၀ဆာမွတ် ၍ အစာ အာဟာရကို အလိုရှိ လျှင် သူတစ်ပါးတို့သည် အစာအာဟာရကို ပြင်ဆင် ကြစဉ်အခါပေတရုသည် ဘဝင် ဖြစ်၍နေသဖြင့်၊
11 il vit le ciel ouvert, et quelque chose en descendre, comme une grande nappe, attachée par les quatre coins et s’abaissant vers la terre;
၁၁ကောင်းကင် ဖွင့်လှစ် သည်ကို၎င်း ၊ ခြုံထည် ကဲ့သို့ လေး ထောင့် ချုပ်၍ မြေ သို့ ချ လွှတ်သော တန်ဆာ သည် မိမိဆီသို့ဆင်းသက် လာသည် ကို၎င်းမြင် လေ၏။
12 à l’intérieur se trouvaient tous les quadrupèdes et les reptiles de la terre, et les oiseaux du ciel.
၁၂ထို တန်ဆာထဲ၌ သားရဲ မှစ၍ မြေ ၌ကျင်လည်သောသားမျိုး၊ တွား တတ်သော တိရစ္ဆာန်မျိုး၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် မျိုး တို့သည်ရှိ ကြ၏။
13 Et une voix lui dit: « Lève-toi, Pierre; tue et mange. »
၁၃စကား အသံသည်လည်း ၊ ပေတရု ထ ၍ သတ် စား လော့ဟု လာ ၏။
14 Pierre répondit: « Oh! non, Seigneur, car jamais je n’ai rien mangé de profane ni d’impur. »
၁၄ပေတရု ကလည်း ၊ မ ဖြစ်နိုင်ပါသခင် ။ ညစ်ညူး သောအရာ နှင့် မ စင်ကြယ်သောအရာကို အကျွန်ုပ်သည် တရံတစ်ခါ မျှမစား ဘူးပါဟု ပြောဆို ၏။
15 Et une voix lui parla de nouveau: « Ce que Dieu a déclaré pur, ne l’appelle pas profane. »
၁၅နောက်တစ်ဖန် စကား သံကား၊ ဘုရားသခင် စင်ကြယ် စေတော်မူသောအရာ ကို ညစ်ညူး သည်မ ထင် နှင့်ဟု လာပြန်၏။
16 Cela se fit par trois fois, et aussitôt après la nappe fut retirée dans le ciel.
၁၆ထိုသို့ သုံး ကြိမ်မြောက်အောင်လာ ပြီးလျှင်၊ ထိုတန်ဆာ ကို ကောင်းကင် ထဲသို့ သိမ်းရုပ် ပြန်လေ၏။
17 Or Pierre cherchait en lui-même ce que pouvait signifier la vision qu’il avait eue, et voici que les hommes envoyés par Corneille, s’étant informés de la maison de Simon, se présentèrent à la porte;
၁၇ပေတရု သည် မိမိမြင် ရသော ဗျာဒိတ် ရူပါရုံ ကား၊ အဘယ်သို့ ဆိုလို သနည်းဟု တွေးတော ဆင်ခြင်၍ နေစဉ်တွင်၊ ကော်နေလိ စေလွှတ် သောသူ တို့သည် ရှိမုန် အိမ် ကို မေးမြန်း ရှာဖွေ၍ တံခါး ရှေ့မှာ ရပ် လျက်၊
18 et ayant appelé, ils demandèrent si c’était là qu’était logé Simon, surnommé Pierre.
၁၈ပေတရု အမည် သစ်ကိုရသော ရှိမုန် သည် ဤမှာတည်း နေပါ သလောဟု မေးမြန်း ဟစ်ခေါ် ကြ၏။
19 Et comme Pierre était à réfléchir sur la vision, l’Esprit lui dit: « Voici trois hommes qui te cherchent.
၁၉ပေတရုသည်ထိုဗျာဒိတ် ရူပါရုံကို ဆင်ခြင် ၍နေစဉ်တွင် ဝိညာဉ် တော်က၊ လူ သုံး ယောက်တို့သည် သင့် ကိုရှာ ကြ၏။
20 Lève-toi, descends et pars avec eux sans crainte, car c’est moi qui les ai envoyés. »
၂၀ထ ၍ဆင်း လော့။ တွေးတော ခြင်းမ ရှိဘဲ ထိုသူ တို့နှင့်အတူ လိုက် သွားလော့။ အကြောင်းမူကား ၊ ထိုသူ တို့သည် ငါ စေလွှတ် သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊
21 Aussitôt Pierre descendit vers eux: « Je suis, leur dit-il, celui que vous cherchez, quel est le motif qui vous amène? »
၂၁ပေတရု သည်ဆင်း ၍ ၊ ငါ ကား၊ သင်တို့ရှာ သော သူ ဖြစ် ၏။ အဘယ် အကြောင်း ရှိ၍ လာ ကြသနည်းဟု ထိုသူ တို့အား မေး ၏။
22 Ils répondirent: « Le centurion Corneille, homme juste et craignant Dieu, à qui toute la nation juive rend témoignage, a été averti par un ange saint de te faire venir dans sa maison et d’écouter tes paroles. »
၂၂ထိုသူတို့ကလည်း ဘုရားသခင် ကိုကြောက်ရွံ့ ၍ ၊ ယုဒ လူ အပေါင်း တို့တွင် အသရေ ရှိသော သူတော်ကောင်း တည်းဟူသောတပ်မှူး ကော်နေလိ သည်၊ ကိုယ်တော် ကို မိမိ အိမ် သို့ ခေါ်ပင့် ၍ ကိုယ်တော် ၏ စကား ကို နားထောင် ရမည်အကြောင်း၊ သန့်ရှင်း သော ကောင်းကင်တမန် အားဖြင့် ဗျာဒိတ် တော်ကို ခံရပါသည်ဟု ပြန်ပြော ကြ၏။
23 Pierre les fit donc entrer et les logea. Le lendemain, s’étant levé, il partit avec eux, et quelques-uns des frères de Joppé l’accompagnèrent.
၂၃ပေတရုသည်လည်းထိုသူ တို့ကို အိမ်ထဲသို့ခေါ် ၍ ဧည့်သည် ဝတ်ကိုပြုလေ၏။ နက်ဖြန် နေ့၌ ထ ၍ ထိုသူ တို့ နှင့်အတူ သွား သဖြင့်၊ ယုပ္ပေ မြို့သားဖြစ်သော ညီအစ်ကို အချို့ တို့သည် လိုက် ကြ၏။
24 Ils entrèrent à Césarée le jour suivant. Corneille les attendait, et il avait invité ses parents et ses amis intimes.
၂၄ထိုနောက် တနေ့ ၌ ကဲသရိ မြို့သို့ ဝင် ကြ၍၊ ကော်နေလိ သည် မိမိ အဆွေအမျိုး မိတ် ခင်ပွန်းများတို့ကို စုဝေး စေပြီးလျှင်၊ ထိုသူ တို့ကို မြော်လင့် လျက်နေ ကြ၏။
25 Quand Pierre entra, Corneille alla au-devant de lui, et tombant à ses pieds il se prosterna.
၂၅ပေတရု ရောက်လာ သောအခါ ကော်နေလိ သည် ခရီးဦးကြိုပြု ၍၊ ပေတရု၏ခြေ ရင်း၌ ပြပ်ဝပ် လျက် ကိုးကွယ် လေ၏။
26 Mais Pierre le releva en disant: « Lève-toi; moi aussi je suis un homme. »
၂၆ပေတရု သည် သူ့ ကိုချီပင့် လျက်၊ ထ လော့။ ငါ ကိုယ်တိုင်လူ ဖြစ် သည်ဟုဆို ၏။
27 Et tout en s’entretenant avec lui, il entra et trouva beaucoup de personnes réunies.
၂၇ထိုသို့နှုတ်ဆက် ၍ ဝင် လေသော် စုဝေး လျက်ရှိ ကြသော လူများ ကိုတွေ့ လျှင်၊
28 Il leur dit: « Vous savez qu’il est défendu à un Juif de se lier avec un étranger ou d’entrer chez lui; mais Dieu m’a appris à ne regarder aucun homme comme souillé ou impur.
၂၈ပေတရုက၊ ယုဒ လူ ဖြစ် သောသူတို့သည် တစ်ပါး အမျိုးသားတို့နှင့် မပေါင်းဘော် မချည်းကပ် အပ်သည်ကို သင် တို့သိ ကြ၏။ သို့သော်လည်းညစ်ညူး သည် မ စင်ကြယ်ဟု အဘယ်သူ ကိုမျှ မခေါ် ရမည်အကြောင်း၊ ဘုရားသခင် သည်၊ ငါ့ အားဆုံးမပြသ တော်မူပြီ။
29 Aussi suis-je venu sans hésitation, dès que vous m’avez envoyé chercher. Je vous prie donc de me dire pour quel motif vous m’avez fait venir. »
၂၉ထိုကြောင့် ငါ့ကိုခေါ် ကြသောအခါငါသည် မ ငြင်းမခုံဘဲလျက် လာ ၏။ သို့ဖြစ်၍ အဘယ် အကြောင်း ကြောင့် ငါ့ ကိုခေါ် ကြသနည်း၊ ငါမေး လိုသည်ဟု ထိုသူ တို့ အား ပြောဆို ၏။
30 Corneille répondit: « Il y a en ce moment quatre jours que je jeûnais et priais dans ma maison à la neuvième heure; tout à coup parut devant moi un homme revêtu d’une robe éclatante, qui me dit:
၃၀ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခု အချိန် နာရီတိုင်အောင် အစာရှောင်၍ သုံးချက်တီး အချိန်တွင် အိမ် ၌ ဆုတောင်း လျက် နေ သည်၊ ယခု လေး ရက် ရှိပါပြီ။ ထိုအချိန်၌ လူ တစ်ယောက်သည် ထွန်းတောက် သောအဝတ်ကို ဝတ် လျက် အကျွန်ုပ် ရှေ့မှောက် ၌ရပ် ၍ ၊
31 « Corneille, ta prière a été exaucée, et Dieu s’est souvenu de tes aumônes.
၃၁ကော်နေလိ ၊ သင် ပြုသောပဌနာ ကို ဘုရားသခင် သည် ကြား ၍၊ သင် စွန့်ကြဲ ခြင်းကိုလည်း မှတ် တော်မူပြီ။
32 Envoie donc à Joppé, et fais appeler Simon, surnommé Pierre; il est logé dans la maison de Simon, corroyeur, près de la mer; [il viendra te parler]. » —
၃၂ထိုကြောင့် ယုပ္ပေ မြို့သို့ စေလွှတ် ၍ ပေတရု အမည် သစ်ကို ရသော ရှိမုန် ကို ခေါ်ပင့် လော့။ ထိုသူ သည် ပင်လယ် နား မှာ သားရေ လုပ်သမားရှိမုန် ၏ အိမ် ၌ တည်း နေ၏။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြောလိမ့်မည်ဟုပြောဆို ပါ၏။
33 Aussitôt j’ai envoyé vers toi, et tu as bien fait de venir. Maintenant nous sommes tous réunis devant Dieu pour entendre tout ce que Dieu t’a commandé de nous dire. »
၃၃ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော် ထံသို့ အလျင်အမြန် စေလွှတ် ၍၊ ကိုယ်တော် သည် ကြွလာ သော အားဖြင့်ကောင်းမွန် စွာပြု ပါ ပြီ။ သို့ဖြစ်၍ ဘုရားသခင် သည် ကိုယ်တော် ၌မှာထား တော်မူသမျှ ကို နားထောင် ခြင်းငှာ၊ ယခု အကျွန်ုပ် တို့ရှိသမျှ သည် ဘုရားသခင် ရှေ့ တော်၌ အသင့် နေကြပါသည်ဟု ကော်နေလိ ပြောဆို ၏။
34 Alors Pierre, ouvrant la bouche, parla ainsi: « En vérité, je reconnais que Dieu ne fait point acception de personnes,
၃၄ထိုအခါပေတရု သည် နှုတ် ကိုဖွင့် ၍ ၊ အကယ်စင်စစ် ဘုရားသခင် သည် လူ မျက်နှာကို မှတ်တော်မ မူ။
35 mais qu’en toute nation celui qui le craint et pratique la justice lui est agréable.
၃၅လူ အမျိုးမျိုး တို့တွင် ဘုရားသခင် ကို ကြောက်ရွံ့ ၍ တရား သဖြင့် ကျင့်ဆောင် သောသူ သည် အထံ တော်၌ မျက်နှာ ရသည်ကို ငါသိမြင် ၏။
36 Il a envoyé la parole aux enfants d’Israël, en annonçant la paix par Jésus-Christ: c’est lui qui est le Seigneur de tous.
၃၆အလုံးစုံ တို့ကို အစိုးရ တော်မူသော သခင်ယေရှု ခရစ် အားဖြင့် ရန်ငြိမ်း ခြင်းတရားတည်းဟူသောဧဝံဂေလိတရားကို ဟော တော်မူလျက်၊ ဣသရေလ အမျိုးသား တို့အား ပေး လိုက်တော်မူသော တရား တော်နှင့်အညီ၊
37 Vous savez ce qui s’est passée dans toute la Judée, en commençant par la Galilée, après le baptême que Jean a prêché:
၃၇ယောဟန် သည် ဗတ္တိဇံ တရားကို ဟော သည် နောက် ဂါလိလဲ ပြည်မှစ၍ ယုဒ ပြည်အရပ်ရပ် တို့၌ နှံ့ပြား သော အကြောင်း အရာကို သင် တို့သည် သိ ကြ၏။
38 comment Dieu a oint de l’Esprit-Saint et de force Jésus de Nazareth, qui allait de lieu en lieu, faisant du bien et guérissant tous ceux qui étaient sous l’empire du diable; car Dieu était avec lui.
၃၈ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ၎င်း၊ တန်ခိုး တော်နှင့်၎င်း၊ နာဇရက် မြို့သားယေရှု ကို ဘိသိက် ပေးတော်မူသဖြင့်၊ ထိုသူ သည် ဘုရားသခင် ၏ အခွင့်တော်နှင့် ကျေးဇူး ပြုလျက်၊ မာရ်နတ် ညှဉ်းဆဲ သော သူ အပေါင်း တို့အား ချမ်းသာ ကို ပေးလျက် လှည့်လည် တော်မူ၏။
39 Pour nous, nous sommes témoins de tout ce qu’il a fait dans les campagnes de la Judée et à Jérusalem. Ensuite ils l’ont fait mourir, en le pendant au bois.
၃၉ငါ တို့သည်လည်း ၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည် တွင် ပြု တော်မူသောအမှု များတို့၏ သက်သေခံ ဖြစ်ကြ၏။ ထိုသူ ကိုသစ် တိုင်၌ ဆွဲ ၍ ကွပ်မျက် ကြလေ၏။
40 Mais Dieu l’a ressuscité le troisième jour, et lui a donné de se faire voir,
၄၀သုံး ရက်မြောက်သောနေ့ ၌ ဘုရားသခင် သည် ထမြောက် စေတော်မူ၍၊
41 non à tout le peuple, mais aux témoins choisis d’avance par Dieu, à nous qui avons mangé et bu avec lui, après sa résurrection d’entre les morts.
၄၁လူ အပေါင်း တို့အား ထင်ရှား စွာပြတော်မ မူ၊ ဘုရားသခင် ခန့်ထား တော်မူနှင့်သော သက်သေခံ တည်းဟူသောငါ တို့အား ထင်ရှားစွာ ပြတော်မူ၏။ သေ ခြင်းမှ ထမြောက် တော်မူသည်နောက် ၊ ထိုသခင် နှင့်အတူငါတို့သည်စား သောက် ရကြ၏။
42 Et il nous a commandé de prêcher au peuple et d’attester que c’est lui que Dieu a établi juge des vivants et des morts.
၄၂ထို သခင်သည်လည်း အသက်ရှင် သောသူတို့နှင့် သေ သော သူ တို့ကို တရား စီရင်သောသခင်ဖြစ် စေခြင်းငှာ ၊ ဘုရားသခင် ခန့်ထား တော်မူကြောင်းကို လူ အပေါင်းတို့အား ဟောပြော ကြလော့။ သက်သေခံ ကြ လော့ဟု ငါ တို့အားပညတ် ထားတော်မူ၏။
43 Tous les prophètes rendent de lui ce témoignage, que tout homme qui croit en lui reçoit par son nom la rémission de ses péchés. »
၄၃ထိုသခင် ကို ယုံကြည် သောသူရှိသမျှ တို့သည် နာမ တော် အားဖြင့် အပြစ် လွှတ် တော်မူခြင်း ကျေးဇူးကို ခံရကြလတံ့ဟူ၍ပရောဖက် အပေါင်း တို့သည် ထို သခင်၏ သက်သေခံ ဖြစ်ကြသည်ဟု ပေတရုမြွက်ဆို ၏။
44 Pierre parlait encore, lorsque le Saint-Esprit descendit sur tous ceux qui écoutaient la parole.
၄၄ထို စကား ကို မြွက်ဆို စဉ် ၊ နှုတ်ကပတ် တရား တော်ကို ကြားနာ ရသော သူ အပေါင်း တို့အပေါ်သို့ သန့်ရှင်း သောဝိညာဉ် တော်သည် သက်ရောက် တော်မူ၏။
45 Les fidèles venus de la circoncision qui accompagnaient Pierre étaient tout hors d’eux-mêmes en voyant que le don du Saint-Esprit était répandu même sur les Gentils.
၄၅တစ်ပါး အမျိုးသားတို့ အပေါ်သို့ သန့်ရှင်း သော ဝိညာဉ် တော်၏ ကျေးဇူး ကိုသွန်းလောင်း သောကြောင့်၊ အရေဖျားလှီး ခြင်းကို ခံသောသူ တည်းဟူသောပေတရု နှင့် ပါ သမျှ သော တပည့် တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
46 Car ils entendaient ceux-ci parler des langues et glorifier Dieu. Alors Pierre dit:
၄၆အကြောင်းမူကား ၊ ထိုသူ တို့သည် အမျိုးမျိုး သော ဘာသာစကား အားဖြင့်ပြော ၍ ၊ ဘုရားသခင် ကို ချီးမွမ်း သည်ကိုကြား ကြလေ၏။
47 « Peut-on refuser l’eau du baptême à ces hommes qui ont reçu le Saint-Esprit aussi bien que nous? »
၄၇ထိုအခါ ပေတရု က၊ ငါ တို့ကဲ့သို့ သန့်ရှင်း သော ဝိညာဉ် တော် ကိုခံရ သော ဤ သူ တို့ကို ဗတ္တိဇံ မ ပေးစေခြင်းငှာအဘယ်သူ သည် ရေ ကို မြစ်တား နိုင် သနည်း ဟုဆို လျက်၊
48 Et il commanda de les baptiser au nom du Seigneur Jésus-Christ. Après quoi ils le prièrent de rester quelques jours.
၄၈သခင်ဘုရား၏နာမ ၌ ဗတ္တိဇံ ကို ခံစေမည်အကြောင်းစီရင် လေ၏။ ထိုနောက်မှ ပေတရု သည် ကာလ အတန် အရာနေ ပါမည် အကြောင်းကို ထိုသူတို့ သည် တောင်းပန် ကြ၏။