< 1 Rois 11 >
1 Le roi Salomon aima beaucoup de femmes étrangères, outre la fille de Pharaon: des Moabites, des Ammonites, des Edomites, des Sidoniennes, des Héthéennes,
၁ရှောလမုန်ချစ်ခင်မြတ်နိုးသည့် လူမျိုးခြား အမျိုးသမီးအမြောက်အမြားရှိ၏။ သူသည် အီဂျစ်ဘုရင်၏သမီးတော်ကိုသာမကဘဲ ဟိတ္တိအမျိုးသမီးများ၊ မောဘအမျိုးသမီး များ၊ အမ္မုန်အမျိုးသမီးများ၊ ဧဒုံအမျိုး သမီးများနှင့်ဇိဒုန်အမျိုးသမီးများကို လည်းမိဖုရားမြှောက်တော်မူလေသည်။-
2 d’entre les nations dont le Seigneur avait dit aux enfants d’Israël: « Vous n’aurez point de commerce avec elles, et elles n’en auront point avec vous; autrement elles tourneraient vos cœurs du côté de leurs dieux. » Salomon s’attacha à ces nations par amour.
၂ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား``သင်တို့သည်လူမျိုးခြားများနှင့်အိမ် ထောင်မပြုရ။ သူတို့သည်သင်တို့၏စိတ်နှလုံး ကိုသူတို့ဘုရားများဘက်သို့အမှန်ပင်ယိမ်း ယိုင်စေကြလိမ့်မည်'' ဟုမိန့်တော်မူခဲ့၏။ သို့ ပါလျက်ရှောလမုန်သည်ထိုအမျိုးသမီး များနှင့်စုံဖက်တော်မူလေသည်။-
3 Il eut sept cents femmes princesses et trois cents concubines; et ses femmes détournèrent son cœur.
၃ရှောလမုန်သည်မင်းသမီးခုနစ်ရာကိုထိမ်း မြားသည့်အပြင် သူ၏မောင်းမတော်သုံးရာ ရှိသေး၏။ သူတို့သည်မင်းကြီးအားထာဝရ ဘုရားကိုကျောခိုင်းစေပြီးလျှင်၊-
4 Au temps de la vieillesse de Salomon, ses femmes inclinèrent son cœur vers d’autres dieux, et son cœur ne fut pas tout entier à Yahweh, son Dieu, comme l’avait été le cœur de David, son père.
၄အိုမင်းလာချိန်၌လူမျိုးခြားတို့၏ဘုရား များကိုဝတ်ပြုကိုးကွယ်စေကြ၏။ မင်းကြီး သည်ခမည်းတော်ဒါဝိဒ်ကဲ့သို့ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသစ္စာမစောင့်ဘဲ၊-
5 Salomon alla après Astarté, déesse des Sidoniens, et après Melchom, l’abomination des Ammonites.
၅ဇိဒုန်ဘုရားမအာရှတရက်နှင့်စက်ဆုပ်ဖွယ် ကောင်းသည့် အမ္မုန်ဘုရားမိလကုံအားဝတ်ပြု ကိုးကွယ်၍၊-
6 Et Salomon fit ce qui est mal aux yeux de Yahweh, et il ne suivit pas pleinement Yahweh, comme avait fait David, son père.
၆ထာဝရဘုရားရှေ့တော်တွင်ဒုစရိုက်ကိုပြု လျက် ခမည်းတော်ဒါဝိဒ်ကဲ့သို့ထာဝရဘုရား ထံလုံးဝဆည်းကပ်ကိုးကွယ်ခြင်းမပြုပေ။-
7 Alors Salomon bâtit, sur la montagne qui est en face de Jérusalem, un haut lieu pour Chamos, l’abomination de Moab, et pour Moloch, l’abomination des fils d’Ammon.
၇ယေရုရှလင်မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် စက် ဆုပ်ဖွယ်ကောင်းသည့်မောဘဘုရား၊ ခေမုရှနှင့် စက်ဆုပ်ဖွယ်ကောင်းသောအမ္မုန်ဘုရားမောလုတ် အားဝတ်ပြုကိုးကွယ်ရန်ဌာနကိုလည်းကောင်း တည်ဆောက်လေသည်။-
8 Il fit de même pour toutes ses femmes étrangères, qui brûlaient des parfums et offraient des sacrifices à leurs dieux.
၈လူမျိုးခြားမိဖုရားအပေါင်းတို့သည်မိမိတို့ သက်ဆိုင်ရာဘုရားများအားနံ့သာပေါင်းကို မီးရှို့ပူဇော်နိုင်ရန်နှင့် ယဇ်ပူဇော်နိုင်ရန်ဝတ်ပြု ကိုးကွယ်ရာဌာနများကိုလည်းတည်ဆောက် ပေးတော်မူ၏။
9 Yahweh fut irrité contre Salomon, parce qu’il avait détourné son cœur de Yahweh, Dieu d’Israël, qui lui était apparu deux fois,
၉ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ရှောလမုန်အားနှစ်ကြိမ် တိုင်တိုင်ထင်ရှား၍ လူမျိုးခြားတို့၏ဘုရား များကိုဝတ်ပြုကိုးကွယ်ခြင်းမပြုရန်မိန့် ကြားတော်မူသော်လည်း ရှောလမုန်သည် ထာဝရဘုရား၏စကားတော်ကိုနား မထောင်ဘဲ ကိုယ်တော်အားကျောခိုင်းသော ကြောင့် ထာဝရဘုရားသည်ရှောလမုန်အား အမျက်ထွက်တော်မူသဖြင့်၊-
10 et lui avait, à ce sujet défendu d’aller après d’autres dieux; mais Salomon n’observa pas ce que Yahweh avait ordonné.
၁၀
11 Et Yahweh dit à Salomon: « Parce que tu t’es conduit de la sorte, et que tu n’as pas observé mon alliance et mes lois que je t’avais prescrites, j’arracherai sûrement de ta main le royaume, et je le donnerai à ton serviteur.
၁၁``သင်သည်ငါနှင့်ပြုထားသည့်ပဋိညာဉ်ကို ချိုးဖောက်လျက် ငါ၏အမိန့်တော်ကိုလွန်ဆန် သည်ဖြစ်၍ ငါသည်နိုင်ငံတော်ကိုသင့်လက်မှ မုချရုပ်သိမ်းပြီးလျှင် သင်၏မှူးမတ်တစ်ဦး အားပေးအပ်မည်။-
12 Seulement je ne le ferai point pendant ta vie, à cause de David, ton père; c’est de la main de ton fils que je l’arracherai.
၁၂သို့ရာတွင်ငါသည်သင့်ခမည်းတော်ဒါဝိဒ်၏ မျက်နှာကိုထောက်၍ သင်၏လက်ထက်၌ဤ အမှုကိုမပြုဘဲသင်၏သားလက်ထက် ရောက်မှပြုမည်။-
13 Et encore n’arracherai-je pas tout le royaume: je laisserai une tribu à ton fils, à cause de David, mon serviteur, et à cause de Jérusalem, que j’ai choisie. »
၁၃သို့သော်လည်းငါသည်ငါ့အစေခံဒါဝိဒ်၏ မျက်နှာကိုထောက်၍လည်းကောင်း၊ ငါ၏မြို့တော် အဖြစ်ငါရွေးချယ်ထားသည့်ယေရုရှလင်မြို့ ကိုထောက်ထား၍လည်းကောင်း သူ၏ထံမှတစ် နိုင်ငံလုံးကိုမရုပ်သိမ်း။ သူ၏အတွက်တစ်နွယ် ကိုချန်ထားမည်'' ဟုရှောလမုန်အားဗျာဒိတ် ပေးတော်မူ၏။
14 Yahweh suscita un ennemi à Salomon: Adad, l’Edomite, de la race royale d’Edom.
၁၄သို့ဖြစ်၍ထာဝရဘုရားသည် ဧဒုံမင်းမျိုးနွယ် တစ်ဦးဖြစ်သူဟာဒဒ်အား ရှောလမုန်ကိုပုန်ကန် စေတော်မူ၏။-
15 Dans le temps où David était en guerre avec Edom, où Joab, chef de l’armée, étant monté pour enterrer les morts, tua tous les mâles qui étaient en Edom,
၁၅ဤအရေးအခင်းမပေါ်ပေါက်မီကာလအတော် ကြာက ဧဒုံပြည်ကိုဒါဝိဒ်နှိမ်နင်းအောင်မြင်ပြီး နောက် တပ်မတော်ဗိုလ်ချုပ်ယွာဘသည်စစ်ပွဲတွင် ကျဆုံးသူတို့ကိုသင်္ဂြိုဟ်ရန်ထိုပြည်သို့သွား၍ မိမိ၏တပ်သားများနှင့်အတူခြောက်လမျှ နေထိုင်ကာဧဒုံပြည်သားယောကျာ်းမှန်သမျှ ကိုသတ်လေသည်။-
16 — Joab y resta six mois avec tout Israël, jusqu’à ce qu’il eût exterminé tous les mâles en Edom; —
၁၆
17 Adad prit la fuite avec des Edomites, d’entre les serviteurs de son père, pour se rendre en Égypte; Adad était encore un jeune garçon.
၁၇ဟာဒဒ်နှင့်သူ့ဖခင်၏အစေခံအချို့သာလျှင် လွတ်မြောက်၍ အီဂျစ်ပြည်သို့ထွက်ပြေးကြ၏။ (ထိုစဉ်အခါကဟာဒဒ်သည်ကလေးသူငယ် မျှသာရှိသေး၏။-)
18 Etant partis de Madian, ils allèrent à Pharan, prirent avec eux des hommes de Pharan, et arrivèrent en Égypte auprès de Pharaon, roi d’Égypte, qui donna une maison à Adad, pourvut à sa subsistance et lui accorda des terres.
၁၈သူတို့သည်မိဒျန်ပြည်မှထွက်ခွာပြီးလျှင်ဖာရန် မြို့သို့ရောက်ရှိကြသောအခါ လူအချို့တို့သည် သူတို့ဘက်သို့ဝင်ရောက်လာကြ၏။ ထို့နောက်သူ တို့သည်အီဂျစ်ပြည်သို့ထွက်သွား၍အီဂျစ် ဘုရင်ထံသို့ရောက်ရှိကြသောအခါ မင်းကြီး သည်ဟာဒဒ်အား မြေ၊ အိမ်နှင့်၊ စားနပ်ရိက္ခာကို ပေးတော်မူ၏။-
19 Adad trouva grâce aux yeux de Pharaon, jusque là que Pharaon lui donna pour femme la sœur de sa femme, la sœur de la reine Taphnès.
၁၉ဟာဒဒ်သည်မင်းကြီးနှင့်ချစ်ကျွမ်းဝင်၍လာ ရကား မင်းကြီးကသူ့အားမိဖုရားတာပနက် ၏ညီမ၊ မိမိ၏ခယ်မတော်နှင့်စုံဖက်ပေးတော် မူ၏။-
20 La sœur de Taphnès lui enfanta un fils, Genubath, que Taphnès sevra dans la maison de Pharaon, et Genubath habita dans la maison de Pharaon au milieu des enfants de Pharaon.
၂၀ထိုအမျိုးသမီးသည်သားဂေနုဗတ်ကိုဖွားမြင် ရာ ထိုသားကိုနန်းတော်တွင်း၌မိဖုရားကပင် လျှင်စောင့်ရှောက်ပြုစုထားသဖြင့် သူငယ်သည် ဘုရင်၏သားတော်များနှင့်အတူနေထိုင်ရ လေသည်။
21 Adad ayant appris en Égypte que David était couché avec ses pères, et que Joab, chef de l’armée était mort, il dit à Pharaon: « Laisse-moi aller dans mon pays. »
၂၁ဒါဝိဒ်မင်းကွယ်လွန်တော်မူ၍ တပ်မတော်ဗိုလ် ချုပ်ယွာဘသည်လည်းသေဆုံးပြီဖြစ်ကြောင်း အီဂျစ်ပြည်သို့သတင်းရောက်ရှိလာသော အခါ ဟာဒဒ်ကအီဂျစ်ဘုရင်ထံ``အကျွန်ုပ် အားမိမိတိုင်းပြည်သို့ပြန်ခွင့်ပြုတော်မူ ပါ'' ဟုလျှောက်လေ၏။
22 Et Pharaon lui dit: « Que te manque-t-il auprès de moi, pour que tu désires aller dans ton pays? » Il répondit: « Rien, mais laisse-moi partir. »
၂၂မင်းကြီးက``အဘယ်ကြောင့်နည်း။ အဘယ်အလို ဆန္ဒမပြည့်ဝ၍သင့်ပြည်သို့ပြန်လိုပါသနည်း'' ဟုမေးတော်မူ၏။ ဟာဒဒ်က``ယင်းသို့မဟုတ်ပါ။ သို့ရာတွင်ပြန် ခွင့်ပေးတော်မူပါ'' ဟုလျှောက်ထားပြီးလျှင် မိမိ၏ပြည်သို့ပြန်သွားလေ၏။ ဟာဒဒ်သည်ဧဒုံပြည်တွင်မင်းပြုလျက် ဣသ ရေလလူမျိုးကိုရွံရှာ၍ရန်မူလေသည်။
23 Dieu suscita un autre ennemi à Salomon: Razon, fils d’Eliada, qui s’était enfui de chez son maître Hadarézer, roi de Soba.
၂၃ဘုရားသခင်သည်ဧလျာဒ၏သားရေဇုန်ကို လည်း ရှောလမုန်အားပုန်ကန်စေတော်မူ၏။ ရေဇုန် သည်မိမိ၏သခင်၊ ဇောဘဘုရင်၊ ဟာဒဒေဇာ ထံမှထွက်ပြေးပြီးလျှင်တောပုန်းအဖွဲ့ခေါင်း ဆောင်လုပ်၍နေလေ၏။-
24 Il avait rassemblé des gens auprès de lui, et il était chef d’une bande, lorsque David massacra les troupes de son maître. Ils allèrent à Damas, et s’y établirent; et ils régnèrent à Damas.
၂၄(ဤသို့ဖြစ်ပျက်မှုမှာဒါဝိဒ်သည်ဟာဒဒေဇာ ကိုနှိမ်နင်း၍ ထိုမင်း၏ရှုရိမဟာမိတ်များကို သုတ်သင်ပြီးချိန်၌ဖြစ်သတည်း။) ရေဇုန်သည် မိမိ၏နောက်လိုက်များနှင့်အတူ ဒမာသက်မြို့ သို့သွားရောက်နေထိုင်ရာသူ၏လူတို့သည်သူ့ ကိုရှုရိဘုရင်အဖြစ်မင်းမြှောက်ကြလေသည်။-
25 Il fut un ennemi d’Israël pendant toute la vie de Salomon, outre le mal que lui faisait Adad, et il avait Israël en aversion. Il régna sur la Syrie.
၂၅ရေဇုန်သည်လည်းရှောလမုန်အသက်ရှင်သမျှ ကာလပတ်လုံး ဣသရေလလူမျိုးတို့အား ရန်မူလျက်နေ၏။
26 Jéroboam leva aussi la main contre le roi; il était fils de Nabat, Ephratéen de Saréda, il avait pour mère une veuve nommée Sarva, et il était serviteur de Salomon.
၂၆ရှောလမုန်အားပုန်ကန်သူအခြားလူတစ်ယောက် မှာ ဧဖရိမ်ပြည်၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင်ဖြစ်သည်။ သူသည်ရှောလမုန်၏ နန်းတွင်းအရာရှိတစ်ဦးဖြစ်၍ သူ၏မိခင်မှာ ဇေရွာနာမည်ရှိသောမုဆိုးမဖြစ်၏။-
27 Voici la cause de sa rébellion contre le roi. Salomon bâtissait Mello, et fermait la brèche de la cité de David, son père.
၂၇ပုန်ကန်မှုဖြစ်ပွားပုံကားဤသို့တည်း။ ရှောလမုန်သည်ယေရုရှလင်မြို့အရှေ့ပိုင်းတွင် မြေဖို့လျက် မြို့ရိုးများကိုတိုးချဲ့လျက်နေ၏။-
28 Ce Jéroboam était fort et vaillant; Salomon, ayant vu comment ce jeune homme était actif au travail, l’institua surveillant de tous les gens de corvée de la maison de Joseph.
၂၈လုပ်ရည်ကိုင်ရည်ကောင်းသူယေရောဗောင်၏လုံ့လ ဝိရိယကိုမြင်တော်မူသောအခါ ရှောလမုန် သည်သူ့အားမနာရှေနှင့်ဧဖရိမ်နယ်မြေများ အတွက် ချွေးတပ်မှူးအဖြစ်ဖြင့်ခန့်အပ်တော် မူ၏။-
29 Dans ce temps-là, Jéroboam, étant sorti de Jérusalem, fut rencontré en chemin par le prophète Ahias de Silo, revêtu d’un manteau neuf; ils étaient tous deux seuls dans les champs.
၂၉တစ်နေ့သ၌ယေရောဗောင်သည်ယေရုရှလင်မြို့ မှခရီးပြုရန်ထွက်ခွာလာစဉ် လမ်းပေါ်၌သူ နှင့်ရှိလောမြို့သားပရောဖက်အဟိယတို့ နှစ်ဦးတည်းတွေ့ဆုံမိကြလေသည်။-
30 Ahias, saisissant le manteau neuf qu’ il avait sur lui, le déchira en douze morceaux,
၃၀အဟိယသည်မိမိဝတ်ထားသည့်ဝတ်လုံ သစ်ကိုချွတ်၍ တစ်ဆယ့်နှစ်ပိုင်းဆုတ်ဖြဲ ပြီးလျှင်၊-
31 et il dit à Jéroboam: « Prends pour toi dix morceaux. Car ainsi parle Yahweh, le Dieu d’Israël: Voici que je vais arracher le royaume de la main de Salomon, et je te donnerai dix tribus.
၃၁ယေရောဗောင်အား``သင့်အတွက်ဝတ်လုံစ ဆယ်ခုကိုယူလော့။ ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားကသင့် အား`ငါသည်ရှောလမုန်ထံမှနိုင်ငံတော်ကို ရုပ်သိမ်း၍ ဣသရေလတို့၏နယ်မြေဆယ်ခု ကိုပေးမည်။-
32 Une seule tribu lui restera, à cause de mon serviteur David et à cause de Jérusalem, la ville que j’ai choisie dans toutes les tribus d’Israël:
၃၂ငါ၏အစေခံဒါဝိဒ်၏မျက်နှာကိုထောက်၍ လည်းကောင်း၊ ဣသရေလတစ်နိုင်ငံလုံးမှငါ ရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရု ရှလင်မြို့ကိုထောက်ထား၍လည်းကောင်း၊ ငါသည် ရှောလမုန်အတွက်နယ်မြေတစ်ခုကိုချန်ထား ပေးမည်။-
33 et cela, parce qu’ils m’ont abandonné et se sont prosternés devant Astarté, déesse des Sidoniens, devant Chamos, dieu de Moab, et devant Melchom, dieu des fils d’Ammon, et parce qu’ils n’ont pas marché dans mes voies pour faire ce qui est droit à mes yeux et pour observer mes lois et mes ordonnances, comme l’a fait David, père de Salomon.
၃၃ဤသို့ငါပြုရမည့်အကြောင်းမှာရှောလမုန်သည် ငါ့ကိုပစ်ပယ်၍ ဇိဒုန်ဘုရားမအာရှတရက်၊ မောဘဘုရားခေမုရှ၊ အမ္မုန်ဘုရားမိလကုံ တို့ကိုဝတ်ပြုကိုးကွယ်သောကြောင့်ဖြစ်၏။ ရှောလမုန်သည်ငါ၏အမိန့်တော်ကိုလွန်ဆန် လေပြီ။ သူသည်မကောင်းမှုကိုပြု၍ငါ၏ ပညတ်တော်များနှင့်အမိန့်တော်တို့ကိုသူ၏ ခမည်းတော်ဒါဝိဒ်နာခံသကဲသို့မနာခံ။-
34 Néanmoins je n’ôterai de sa main aucune partie du royaume, mais je le maintiendrai prince tout le temps de sa vie, à cause de David, mon serviteur, que j’ai choisi et qui a observé mes commandements et mes lois.
၃၄သို့ရာတွင်ငါသည်သူ၏ထံမှတစ်နိုင်ငံလုံး ကိုရုပ်သိမ်းဦးမည်မဟုတ်။ ငါရွေးချယ်ခန့်ထား ၍ငါ၏ပညတ်တော်များနှင့်အမိန့်တော်တို့ ကိုနာခံသူ၊ ငါ၏အစေခံဒါဝိဒ်၏မျက်နှာ ကိုထောက်၍ ငါသည်ရှောလမုန်အားတစ်သက် လုံးထိုနိုင်ငံကိုအုပ်စိုးစေမည်။-
35 C’est de la main de son fils que j’ôterai le royaume, et je t’en donnerai dix tribus.
၃၅သူ၏သားလက်ထက်ရောက်မှထိုနိုင်ငံကို ရုပ်သိမ်း၍ ဣသရေလဆယ်နွယ်ကိုသင့်အား ငါပေးမည်။-
36 Je donnerai une tribu à son fils, afin que David, mon serviteur, ait toujours une lampe devant moi à Jérusalem, la ville que j’ai choisie pour y mettre mon nom.
၃၆ရှောလမုန်၏သားကိုမူကားဣသရေလတစ် နွယ်ကိုငါပေးမည်။ ဤသို့ပေးရခြင်းအကြောင်း မှာငါ့အားဝတ်ပြုကိုးကွယ်ရာဌာနအဖြစ်ဖြင့် ငါရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရုရှလင်မြို့၌ ငါ၏အစေခံဒါဝိဒ်၏ သားမြေးများအဆက်မပြတ်နန်းစံလျက် ရှိနေစေရန်ဖြစ်၏။-
37 Je te prendrai, et tu régneras sur tout ce que ton âme désire, et tu seras roi sur Israël.
၃၇အချင်းယေရောဗောင်၊ ငါသည်သင့်အားဣသရေလ ဘုရင်အဖြစ်ခန့်ထားမည်။ သင်သည်မိမိအလိုရှိ သောနယ်မြေတို့ကိုအုပ်စိုးရလိမ့်မည်။-
38 Si tu obéis à tout ce que je te commanderai, si tu marches dans mes voies et si tu fais ce qui est droit à mes yeux, en observant mes lois et mes commandements, comme l’a fait David, mon serviteur, je serai avec toi, je te bâtirai une maison stable, comme j’en ai bâti une à David, et je te donnerai Israël.
၃၈အကယ်၍သင်သည်ငါ၏စကားကိုအကြွင်းမဲ့ နားထောင်ကာငါ့ပညတ်တော်တို့ကိုကျင့်သုံး ပြီးလျှင် ငါ၏အစေခံဒါဝိဒ်နည်းတူငါ့အမိန့် တို့ကိုနာခံခြင်းအားဖြင့် ငါနှစ်သက်မြတ်နိုး အောင်ပြုလျှင်သင်နှင့်အတူအစဉ်အမြဲငါ ရှိမည်။ သင့်အားဣသရေလဘုရင်အဖြစ်ခန့် ထားပြီးလျှင် ဒါဝိဒ်၏သားမြေးများအတွက် ငါပြုသကဲ့သို့သင်၏သားမြေးတို့ကိုလည်း သင့်နောက်၌ဧကန်အမှန်ဆက်လက်နန်းစံ စေမည်။-
39 Car j’humilierai la postérité de David à cause de son infidélité, mais non pour toujours. »
၃၉ရှောလမုန်၏အပြစ်အတွက်ငါသည်ဒါဝိဒ်၏ သားမြေးတို့အားဒဏ်ခတ်မည်။ သို့သော်အစဉ် အမြဲမဟုတ်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို လေသည်။
40 Salomon chercha à faire mourir Jéroboam; mais Jéroboam se leva et s’enfuit en Égypte, auprès de Sésac, roi d’Égypte; il fut en Égypte jusqu’à la mort de Salomon.
၄၀ထို့ကြောင့်ရှောလမုန်သည် ယေရောဗောင်ကိုသတ် ရန်ကြိုးစားလေ၏။ ယေရောဗောင်သည်အီဂျစ် ဘုရင်ရှိရှက်ထံသို့ထွက်ပြေး၍ ရှောလမုန် ကွယ်လွန်သည့်တိုင်အောင်အီဂျစ်ပြည်တွင်နေ လေသည်။
41 Le reste des actions de Salomon, tout ce qu’il a fait, et sa sagesse, cela n’est-il pas écrit dans le livre des actes de Salomon?
၄၁ရှောလမုန်ဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ များ၊ နေထိုင်ပြုမူပုံနှင့်ပညာဉာဏ်ရှိပုံအကြောင်း တို့ကိုရှောလမုန်အတ္ထုပ္ပတ္တိစာစောင်တွင်ရေးသား ဖော်ပြထားလေသည်။-
42 Le temps que Salomon régna à Jérusalem, sur tout Israël, fut de quarante ans.
၄၂သူသည်လေးဆယ့်တစ်နှစ်တိုင်တိုင်ယေရုရှလင် မြို့တွင်နန်းစံတော်မူလျက် ဣသရေလတစ် နိုင်ငံလုံးကိုအုပ်စိုးတော်မူခဲ့သတည်း။-
၄၃သူသည်ကွယ်လွန်၍ဒါဝိဒ်၏မြို့၌သင်္ဂြိုဟ်ခြင်း ကိုခံရ၏။ သားတော်ရောဗောင်သည်နန်းတက် လေ၏။