< Psaumes 135 >
1 Alleluia. Louez le nom de Yahweh, louez-le, serviteurs de Yahweh,
၁ထာဝရဘုရား ၏ နာမတော် ကို ချီးမွမ်း ကြလော့။
2 vous qui êtes de service dans la maison de Yahweh, dans les parvis de la maison de notre Dieu.
၂ထာဝရဘုရား ၏ အိမ် တော်၊ ငါ တို့ ဘုရား သခင် ၏ အိမ် တော်တန်တိုင်း တွင် အမှု စောင့်သော ထာဝရဘုရား ၏ ကျွန် တော်တို့၊ ချီးမွမ်း ခြင်းကိုပြုကြ လော့။
3 Louez Yahweh, car Yahweh est bon; chantez son nom sur la harpe, car il est plein de douceur.
၃ထာဝရဘုရား သည် ကောင်းမြတ် တော်မူသောကြောင့် ၊ ထာဝရ ဘုရားကို ချီးမွမ်း ကြလော့။ နာမ တော်ကို ထောမနာသီချင်း ဆိုကြလော့။ ထိုသို့ သော အမှုသည် တင့်တယ် လျောက်ပတ်ပေ၏။
4 Car Yahweh s’est choisi Jacob, il s’est choisi Israël pour en faire son héritage.
၄အကြောင်း မူကား၊ ထာဝရ ဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော် အဘို့ ၎င်း၊ ဣသရေလ အမျိုးကို ဘဏ္ဍာ တော်ဖြစ် စေခြင်းငှါ၎င်း ရွေးကောက် တော်မူပြီ။
5 Oui, je le sais, Yahweh est grand, notre Seigneur est au-dessus de tous les dieux.
၅ထာဝရဘုရား သည် ကြီး တော်မူကြောင်း ၊ ငါ တို့ ၏ဘုရား ရှင်သည် ဘုရား တကာ တို့ထက် မြတ်တော်မူ ကြောင်း ကို ငါ သိ ၏။
6 Tout ce que veut Yahweh, il le fait, dans les cieux et sur la terre, dans la mer et dans tous les abîmes.
၆ထာဝရဘုရား သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ၊ နက်နဲ ရာအရပ်ရပ်တို့၌ အလိုတော် ရှိသမျှ တို့ကို ပြု တော်မူ၏။
7 Il fait monter les nuages des extrémités de la terre, il produit les éclairs avec la pluie, il tire le vent de ses trésors.
၇မြေကြီး စွန်း မှ မိုဃ်းတိမ် တို့ကို တက် စေတော်မူ ၏။ မိုဃ်း နှင့်တကွ လျှပ်စစ် ကို ဖန်ဆင်း တော်မူ၏။ ဘဏ္ဍာ တော်တိုက်ထဲက လေ ကို ထုတ် တော်မူ၏။
8 Il frappa jadis les premiers-nés de l’Égypte, depuis l’homme jusqu’à l’animal.
၈အဲဂုတ္တု ပြည်၌ လူ မှစ၍ တိရစ္ဆာန် တိုင်အောင် သားဦး ရှိသမျှတို့ကို ဒဏ်ခတ် တော်မူ၏။
9 Il fit éclater des signes et des prodiges au milieu de toi, ô Égypte, contre Pharaon et tous ses serviteurs.
၉အို အဲဂုတ္တု ပြည်၊ သင် ၏ အထဲ မှာ ဖာရော မင်းမှစ၍ ၊ သူ ၏ကျွန် အပေါင်း တို့၏အပေါ် သို့ လက္ခဏာ သက်သေ၊ အံ့ဘွယ် သောအမှုတို့ကို စေလွှတ် တော်မူ၏။
10 Il frappa des nations nombreuses, et fit mourir des rois puissants:
၁၀အာမောရိ ပြည်ကို အစိုး ရသောရှိဟုန် မင်း၊
11 Séhon, roi des Amorrhéens, Og, roi de Basan, et tous les rois de Canaan.
၁၁ဗာရှန် ပြည်ကို အစိုးရ သော ဩဃ မင်းနှင့်တကွ ၊ ဘုန်းကြီး သော ရှင် ဘုရင်များကို ကွပ်မျက် ၍ ၊ များပြား သော လူမျိုး နှင့်တကွ ၊ ခါနာန် တိုင်း နိုင်ငံအပေါင်း တို့ကို လုပ်ကြံ သဖြင့်၊
12 Et il donna leur pays en héritage, en héritage à Israël, son peuple.
၁၂သူ တို့နေရာ မြေ ကိုလွှဲ ၍ ၊ မိမိ လူ ဣသရေလ အမျိုးအား အမွေ ကို ပေးချတော်မူ၏။
13 Yahweh, ton nom subsiste à jamais; Yahweh, ton souvenir dure d’âge en âge.
၁၃အိုထာဝရဘုရား ၊ ကိုယ်တော် ၏ အမည် သည် နိစ္စ ထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား ၊ ဘွဲ့ နာမတော်သည် ကာလ အစဉ်အဆက် တည်ပါ၏။1
14 Car Yahweh fait droit à son peuple, et il a compassion de ses serviteurs.
၁၄ထာဝရဘုရား သည် မိမိ ကျွန် တို့၏ အတွက် နောင်တ ရ၍ ၊ မိမိ လူစု ဘက်မှ တရား စီရင်တော်မူ၏။
15 Les idoles des nations sont de l’argent et de l’or, ouvrage de la main des hommes.
၁၅သာသနာပ လူတို့ ကိုးကွယ်သော ရုပ်တု တို့ကား ငွေ လည်းဖြစ်၏။ ရွှေ လည်းဖြစ်၏။ လူ လက် ဖြင့် လုပ် သော အရာပေတည်း။
16 Elles ont une bouche et ne parlent pas; elles ont des yeux et ne voient pas.
၁၆ထို ရုပ်တုတို့သည် နှုတ် ရှိ၍ စကား မ ပြောတတ်။ မျက်စိ ရှိ၍ မ မြင် တတ်။
17 Elles ont des oreilles et n’entendent pas; Il n’y a pas même un souffle dans leur bouche.
၁၇နား ရှိ၍ မ ကြား တတ်။ သူ တို့ပစပ် ၌ လည်း ထွက် သက်ဝင်သက် မ ရှိ ပါတကား။
18 Qu’ils leur ressemblent ceux qui les font, quiconque se confie en elles!
၁၈လုပ် သောသူတို့ လည်း အတူတူ ၊ ကိုးစား သော သူ အပေါင်း တို့လည်း အတူတူပါ တကား။
19 Maison d’Israël, bénissez Yahweh! Maison d’Aaron, bénissez Yahweh!
၁၉အိုဣသရေလ အမျိုး ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ အိုအာရုန် အမျိုးအနွယ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။
20 Maison de Lévi, bénissez Yahweh! Vous qui craignez Yahweh, bénissez Yahweh!
၂၀အိုလေဝိ အမျိုးအနွယ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။
21 Que de Sion soit béni Yahweh, qui habite Jérusalem! Alleluia!
၂၁ယေရုရှလင် မြို့မှာ ကျိန်းဝပ် တော်မူသောထာဝရဘုရား သည် ဇိအုန် တောင်ပေါ် မှာ မင်္ဂလာ ရှိတော်မူ စေသတည်း။ ဟာလေလုယ။