< Osée 9 >
1 Ne te livre pas à la joie, Israël, à l’allégresse comme les peuples; car tu t’es prostitué loin de ton Dieu, tu as aimé le salaire de la prostituée, sur toutes les aires à blé.
၁အိုဣသရေလအမျိုး၊ တပါးအမျိုးသားကဲ့သို့ ဝမ်းမြောက်ရွှင်မြူးသော စိတ်ရှိ၍မခုန်နှင့်။ ကိုယ်ဘုရား သခင်၌ မဆည်းကပ်၊ အခြားသော ဘုရားနှင့် မှားယွင်း ပြီ။ ကောက်နယ်တလင်းရှိသမျှတို့၌ မှားယွင်းခကို နှစ် သက်တတ်၏။
2 Ni l’aire ni la cuve ne les nourriront, et le vin nouveau les reniera.
၂ကောက်နယ်တလင်းအားဖြင့် အသက်မမွေးရ။ စပျစ်သီးနယ်ရာ ကျင်းအားဖြင့်လည်း အသက်မမွေးရ။ စပျစ်ရည်သစ်လည်း သူတို့ မြော်လင့်သည်အတိုင်း မထွက် ရ။
3 Ils n’habiteront pas dans la terre de Yahweh; Ephraïm retournera en Égypte, et ils mangeront en Assyrie des aliments impurs.
၃ဧဖရိမ်အမျိုးတို့သည် ထာဝရဘုရား၏ မြေ တော်၌ မနေရဘဲ အဲဂုတ္တုပြည်သို့ ပြန်သွား၍၊ အာရှုရိ ပြည်၌ မစင်ကြယ်သောအစာကို စားရကြမည်။
4 Ils ne feront pas à Yahweh des libations de vin, et leurs sacrifices ne lui seront pas agréables; ce sera pour eux comme un pain de deuil, ceux qui en mangeront se rendront impurs; car leur pain sera pour eux-mêmes, il n’entrera pas dans la maison de Yahweh.
၄စပျစ်ရည်သွန်းလောင်းရာ ပူဇော်သက္ကာကို ထာဝရဘုရားအား မပြုရကြ။ ပူဇော်သော ယဇ်တို့ကို နှစ်သက်တော်မမူရ။ ထိုယဇ်အသားသည် မသာလိုက်၍ ငိုကြွေးမြည်တမ်းသော သူတို့၏အစာကဲ့သို့ဖြစ်၍၊ စား သောသူအပေါင်းတို့သည် ညစ်ညူးခြင်းသို့ ရောက်ကြလိမ့် မည်။ သူတို့အစာကို ကိုယ်တိုင်စားကြစေ။ ထာဝရဘုရား ၏အိမ်တော်ထဲသို့ မသွင်းစေနှင့်။
5 Que ferez-vous au jour de solennité, au jour de la fête de Yahweh?
၅ဓမ္မပွဲနေ့၊ ထာဝရဘုရားအဘို့ဆောင်သော ပွဲနေ့ တို့၌ သင်တို့သည် အဘယ်သို့ ပြုကြလိမ့်မည်နည်း။
6 Car voici qu’ils sont partis devant la dévastation, l’Égypte les recueillera. Memphis les ensevelira; leurs objets précieux d’argent, le chardon s’en emparera; l’épine envahira leurs tentes.
၆ပျက်စီးရာထဲက သူတို့သည် ထွက်သွားကြပြီ။ အဲဂုတ္တုပြည်၌စု၍ မင်ဖိမြို့၌ သင်္ဂြိုဟ်ကြလိမ့်မည်။ ငွေ တန်ဆာဆင်သော နေရာဘုံဗိမာန်များကို ဆူးအမျိုးမျိုး တို့သည် လွှမ်းမိုးကြလိမ့်မည်။
7 Ils sont venus les jours du châtiment! ils sont venus les jours de la rétribution! Israël va le savoir. Le prophète est fou, l’homme de l’esprit est en délire! A cause de la grandeur de ton iniquité, et de ta grande hostilité.
၇စစ်ကြောရသော အချိန်ရောက်လေပြီ။ အပြစ် ပေးရသောအချိန်ရောက်လေပြီ။ ဣသရေလအမျိုး သိရလိမ့်မည်။ ပရောဖက်သည် အမိုက်ဖြစ်၏။ ဝိညာဉ်ဆု ကျေးဇူးကို ခံသောသူသည် အရူးဖြစ်၏။ သင်၌ အပြစ် ကြီးသည်အတိုင်း ကြီးစွာသော ဖျက်ဆီးခြင်းကို ခံရ၏။
8 La sentinelle d’Ephraïm est avec mon Dieu; le prophète trouve un filet d’oiseleur sur toutes ses voies, la persécution dans la maison de son Dieu.
၈ဧဖရိမ်ကင်းစောင့်သည် မိမိဘုရား ဘက်မှာ နေ၏။ ပရောဖက်သည် ပြုလေသမျှတို့၌ မုဆိုးကျော့ကွင်း ဖြစ်၏။ သူ၏ဘုရားအိမ်တွင် ဘေးပြုသော သူဖြစ်၏။
9 Ils sont corrompus jusqu’au fond, comme aux jours de Gabaa; Yahweh se souviendra de leur iniquité, il punira leurs péchés.
၉ဂိဗာမြို့ လက်ထက်ကဲ့သို့ သူတို့သည် ကိုယ်ကို အလွန်ညစ်ညူးစေကြပြီ။ သူတို့အပြစ်ကို အောက်မေ့၍ ဒုစရိုက်များကို စစ်ကြောတော်မူမည်။
10 Comme des raisins dans le désert, j’ai trouvé Israël; comme une primeur sur un jeune figuier, j’ai vu vos pères. Mais eux sont arrivés à Béelphégor; ils se sont consacrés à l’idole infâme, et sont devenus abominables comme l’objet de leur amour.
၁၀တော၌ စပျစ်သီးကဲ့သို့ ဣသရေလအမျိုးကို ငါ တွေ့၏။ သီးစသော သင်္ဘောသဖန်းပင်၌ အဦးဆုံးမှည့် သော သင်္ဘောသဖန်းသီးကဲ့သို့ သင်တို့ ဘိုးဘေးများကို ငါမြင်၏။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရ ဘုရားထံသို့ သွား၍၊ ထိုရှက်ဘွယ်သောအရာအဘို့ ကိုယ်ကို အပ်နှံသဖြင့် တပ်မက်သည်အတိုင်း စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို ပြုကြ၏။
11 La gloire d’Ephraïm s’envolera comme un oiseau; plus d’enfantement, plus de grossesse, plus de conception.
၁၁ဧဖရိမ်၏ဘုန်းသည် ငှက်ကဲ့သို့ ပျံသွားလိမ့်မည်။ သားဘွားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ပဋိသန္ဓေယူခြင်း မရှိရ။
12 Lors même qu’ils élèveraient leurs enfants, je les en priverai avant qu’ils soient devenus hommes; car malheur à eux aussi, si je me retire d’eux!
၁၂သားသမီးတို့ကို ကျွေးမွေးသော်လည်း၊ တယောက်ကိုမျှ မကျန်စေခြင်းငှါ ငါလုယူမည်။ အကယ် ၍ သူတို့ကို ငါစွန့်ပစ်သောအခါ အမင်္ဂလာရှိကြလိမ့်မည်။
13 Ephraïm, quand je porte mon regard du côté de Tyr, est planté dans une belle prairie; et Ephraïm va mener ses enfants à l’égorgeur!
၁၃ဧဖရိမ်သည် တုရုမြို့ကဲ့သို့ ငြိမ်ဝပ်ရာအရပ်၌ တည်ဟန်ရှိသော်လည်း၊ မိမိသားသမီးတို့ကို လူသတ်လက် သို့ အပ်ရလိမ့်မည်။
14 Donne-leur, Yahweh... que leur donneras-tu?... Donne-leur un sein stérile, et des mamelles desséchées.
၁၄အိုထာဝရဘုရား၊ ပေးသနားတော်မူပါ။ အဘယ် သို့ ပေးတော်မူရမည်နည်း။ ကိုယ်ဝန်မဆောင်သော ဝမ်း၊ နို့မထွက်သော သားမြတ်ကို ပေးတော်မူပါ။
15 Toute leur malice est a Galgal, car c’est là que je les ai pris en haine. A cause de la méchanceté de leurs actions, je les chasserai de ma maison; je n’aurai plus d’amour pour eux: tous leurs chefs sont des rebelles.
၁၅ဂိလဂါလမြို့၌ သူတို့ပြုသမျှသော ဒုစရိုက်ရှိ၍၊ ထိုအရပ်၌ သူတို့ကို ငါမုန်း၏။ သူတို့ ဒုစရိုက်အပြစ် ကြောင့် ငါ့အိမ်မှ ငါနှင်ထုတ်မည်။ နောက်တဖန် သူတို့ကို မချစ်။ သူတို့ မင်းအပေါင်းတို့သည် ပုန်ကန်တတ်သော သူဖြစ်ကြ၏။
16 Ephraïm est frappé; sa racine est desséchée, ils ne porteront pas de fruit. Et si même ils enfantent, je ferai périr les fruits chéris de leurs entrailles.
၁၆ဧဖရိမ်သည် အထိအခိုက်ခံရသောကြောင့်၊ အမြစ်သွေ့ခြောက်လျက်ရှိ၍ အသီးကို မသီးနိုင်ရာ။ သားဘွားသော်လည်း၊ အချစ်ဆုံးသော သားတို့ကို ငါသတ်မည်။
17 Mon Dieu les rejettera, parce qu’ils ne l’ont pas écouté, et ils seront errants parmi les nations.
၁၇ငါ့ဘုရားသခင်၏ စကားတော်ကို နားမထောင် သောကြောင့် စွန့်ပစ်တော်မူ၍၊ သူတို့သည် တပါးအမျိုး သားတို့တွင် အရပ်ရပ်သို့ လှည့်လည်ရကြမည်။