< Genèse 48 >

1 Après ces choses, on vint dire à Joseph: « Voici que ton père est malade. » Il prit avec lui ses deux fils, Manassé et Ephraïm.
တစ်​နေ့​သော​အ​ခါ​ယော​သပ်​သည်​ယာ​ကုပ် မ​ကျန်း​မ​မာ​သည့်​သ​တင်း​ကို​ကြား​သိ​ရ သ​ဖြင့် သား​နှစ်​ယောက်​ဖြစ်​ကြ​သော​မ​နာ​ရှေ နှင့်​ဧ​ဖ​ရိမ်​တို့​ကို​ခေါ်​၍​ယာ​ကုပ်​ထံ​သို့​သွား လေ​၏။-
2 On avertit Jacob, en disant: « Voici ton fils Joseph qui vient vers toi. » Israël rassembla ses forces et s’assit sur son lit.
ယာ​ကုပ်​သည်​သား​ယော​သပ်​လာ​ကြောင်း​ကို ကြား​သိ​ရ​လျှင် အား​တက်​လျက်​အိပ်​ရာ​ပေါ် တွင်​ထိုင်​လေ​၏။-
3 Jacob dit à Joseph: « Le Dieu tout-puissant m’est apparu à Luz, dans le pays de Canaan, et il m’a béni,
ယာ​ကုပ်​က​ယော​သပ်​အား``အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည်​ခါ​နာန်​ပြည်၊ လု​ဇ​မြို့ ၌​ရူ​ပါ​ရုံ​တွင်​ငါ့​အား​ကောင်းချီး​ပေး​၍၊-
4 en disant: Je te rendrai fécond, je te multiplierai, et je te ferai devenir une assemblée de peuples; je donnerai ce pays à ta postérité après toi, pour qu’elle le possède à jamais.
`သင်​၏​အ​ဆက်​အ​နွယ်​တို့​မှ​လူ​မျိုး​များ​စွာ ပေါ်​ထွန်း​စေ​ခြင်း​ငှာ သင့်​အား​သား​သမီး​များ စွာ​ထွန်း​ကား​စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ဤ​ပြည်​ကို​အ​မြဲ​အ​ပိုင်​ရ​စေ​မည်'' ဟု​ဆို​လေ​၏။
5 Et maintenant, les deux fils qui te sont nés dans le pays d’Égypte, avant mon arrivée vers toi en Égypte, seront miens; Ephraïm et Manassé seront miens, comme Ruben et Siméon.
ထို​နောက်​ဆက်​လက်​၍``ငါ​အီ​ဂျစ်​ပြည်​သို့​မ ရောက်​မီ​မွေး​ဖွား​သော​သင်​၏​သား​နှစ်​ယောက် တို့​သည်​ငါ​နှင့်​ဆိုင်​၏။ ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ တို့​သည်​ရု​ဗင်​နှင့်​ရှိ​မောင်​တို့​ကဲ့​သို့​ငါ့​သား များ​ဖြစ်​ကြ​သည်။-
6 Mais les enfants que tu as engendrés après eux seront tiens; ils seront appelés du nom de leurs frères quant à leur part d’héritage.
သင်​၌​နောက်​ထပ်​သား​များ​ရ​လျှင်​ထို​သား တို့​သည်​ငါ​၏​သား​များ​မ​ဟုတ်။ ထို​သား​တို့ သည်​ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​တို့​မှ​တစ်​ဆင့် သာ​အ​မွေ​ဆက်​ခံ​ခွင့်​ရှိ​စေ​မည်။-
7 Et moi, quand je revenais de Paddan, Rachel mourut en route auprès de moi, dans le pays de Canaan, à une certaine distance d’Ephrata; et c’est là que je l’ai enterrée sur le chemin d’Ephrata, qui est Bethléem. »
ငါ​သည်​သင်​၏​မိ​ခင်​ရာ​ခေ​လ​အ​တွက် ကြောင့်​ဤ​သို့​စီ​မံ​ရ​သည်။ ငါ​သည်​မက်​ဆို ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​မှ​ပြန်​လာ စဉ် သင်​၏​မိ​ခင်​ရာ​ခေ​လ​သည်​ခါ​နာန်​ပြည် ဧ​ဖ​ရတ်​မြို့​အ​နီး​၌​ကွယ်​လွန်​၍​ငါ​သည် အ​လွန်​ဝမ်း​နည်း​ပူ​ဆွေး​၏။ ငါ​သည်​သူ​၏ အ​လောင်း​ကို​ဧ​ဖ​ရတ်​မြို့​သို့​သွား​ရာ​လမ်း အ​နီး​၌​သင်္ဂြိုဟ်​ခဲ့​၏'' ဟု​ဆို​လေ​၏။ (ဧ​ဖ​ရတ် မြို့​ကို​ယ​ခု​အ​ခါ​ဗက်​လင်​မြို့​ဟု​ခေါ် သည်။)
8 Alors Israël vit les fils de Joseph, et dit: « Qui sont ceux-ci? »
ယာ​ကုပ်​သည်​ယော​သပ်​၏​သား​နှစ်​ယောက် ကို​မြင်​လျှင်``ဤ​သူ​ငယ်​တို့​သည်​မည်​သူ​နည်း'' ဟု​မေး​၏။
9 Joseph répondit à son père: « Ce sont mes fils, que Dieu m’a donnés ici. « Et Israël dit: « Fais-les approcher de moi, je te prie, afin que je les bénisse. »
ယော​သပ်​က``ဘု​ရား​သ​ခင်​က​အီ​ဂျစ် ပြည်​တွင် ကျွန်​တော်​အား​ပေး​သ​နား​တော် မူ​သော​သား​များ​ဖြစ်​ပါ​သည်'' ဟု​ဖြေ​၏။ ထို​အ​ခါ​ယာ​ကုပ်​က``သူ​တို့​အား​ငါ ကောင်း​ချီး​ပေး​ရန်​ငါ့​အ​နီး​သို့​ခေါ်​ခဲ့ လော့'' ဟု​ဆို​လေ​၏။-
10 Car les yeux d’Israël étaient obscurcis par l’âge, et il ne pouvait plus bien voir. Joseph les fit approcher de lui, et Israël les baisa, en les tenant embrassés.
၁၀ယာ​ကုပ်​သည်​အ​သက်​အ​ရွယ်​အို​မင်း​ပြီ ဖြစ်​သော​ကြောင့် မျက်​စိ​မှုန်​၍​ကောင်း​စွာ​မ မြင်​နိုင်။ ယော​သပ်​သည်​သူ​၏​သား​များ​ကို ယာ​ကုပ်​အ​နီး​သို့​ခေါ်​ခဲ့​ရာ သူ​သည်​သူ​ငယ် များ​ကို​ဖက်​၍​နမ်း​ရှုပ်​လေ​၏။-
11 Et Israël dit à Joseph: « Je ne pensais plus revoir ton visage, et voici que Dieu me fait voir aussi ta postérité! »
၁၁ယာ​ကုပ်​က​ယော​သပ်​အား``ငါ​သည်​သင့်​ကို နောက်​တစ်​ဖန်​မြင်​ရ​ဦး​မည်​ဟု​မ​မျှော်​လင့် ခဲ့။ ဘု​ရား​သ​ခင်​သည်​ယ​ခု​ငါ့​အား​သင်​၏ သား​တို့​ကို​ပင်​မြင်​ခွင့်​ပေး​တော်​မူ​ပြီ'' ဟု ဆို​လေ​၏။-
12 Joseph les retira d’entre les genoux de son père et, s’étant prosterné en terre devant lui,
၁၂ထို​နောက်​မိ​မိ​၏​သား​တို့​ကို​အဖ​၏​ဒူး​များ ကြား​မှ​ထုတ်​ပြီး​နောက် ယော​သပ်​သည်​အ​ဖ ၏​ရှေ့​၌​ဦး​ညွှတ်​ချ​လေ​၏။
13 Joseph les prit tous les deux, Ephraïm à sa droite, à la gauche d’Israël, et Manassé à sa gauche, à la droite d’Israël, et il les fit approcher.
၁၃ထို​နောက်​ဧ​ဖ​ရိမ်​ကို​ယာ​ကုပ်​၏​အ​နီး​လက်ဝဲ ဘက်​၌​လည်း​ကောင်း၊ မ​နာ​ရှေ​ကို​လက်​ယာ ဘက်​၌​လည်း​ကောင်း​ရပ်​စေ​၏။-
14 Israël étendit sa main droite et la posa sur la tête d’Ephraïm, qui était le plus jeune, et il posa sa main gauche sur la tête de Manassé; c’est à dessein qu’il posa ainsi ses mains, car Manassé était l’aîné.
၁၄သို့​ရာ​တွင်​ယာ​ကုပ်​သည်​မိ​မိ​လက်​ကို​ယှက် ၍​သား​ငယ်​ဖြစ်​သူ ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ယာ​လက်​ကို​လည်း​ကောင်း၊ သား​ကြီး ဖြစ်​သူ​မ​နာ​ရှေ​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် ဝဲ​လက်​ကို​လည်း​ကောင်း​တင်​၍၊
15 Il bénit Joseph, en disant: « Que le Dieu en présence duquel ont marché mes pères Abraham et Isaac, que le Dieu qui m’a nourri depuis que j’existe jusqu’à ce jour,
၁၅ယော​သပ်​အား​ကောင်း​ချီး​ပေး​လေ​သည်။ ``ငါ​၏​အ​ဘိုး​အာ​ဗြ​ဟံ​နှင့်​အ​ဖ​ဣ​ဇာက်​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်၊ ငါ့​ကို​ယ​နေ့​တိုင်​အောင်​စောင့်​ရှောက်​တော်​မူ​သော ဘု​ရား​သ​ခင်၊​ငါ့​ကို​ဘေး​အန္တရာယ်​အပေါင်း​တို့​မှ ကယ်​တင်​တော်​မူ​သော​ကောင်း​ကင်​တ​မန်​သည် ဤ​သူ​ငယ်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ စေ​သော။ ငါ​၏​နာ​မည်၊ငါ​၏​အ​ဘိုး​အာ​ဗြ​ဟံ​နှင့် အ​ဖ​ဣ​ဇာက်​တို့​၏​နာ​မည်​သည် သူ​တို့​အား​ဖြင့်​တည်​မြဲ​နိုင်​ပါ​စေ​သော။ သူ​တို့​၏​အ​ဆက်​အ​နွယ်​သည်​တိုး​ပွား များ​ပြား​ကြ​ပါ​စေ​သော။''
16 que l’ange qui m’a délivré de tout mal, bénisse ces enfants! Qu’ils soient appelés de mon nom et du nom de mes pères, Abraham et Isaac, et qu’ils multiplient en abondance au milieu du pays! »
၁၆
17 Joseph, voyant que son père posait sa main droite sur la tête d’Ephraïm, en eut du déplaisir; il prit la main de son père pour l’écarter de dessus la tête d’Ephraïm et la porter sur celle de Manassé;
၁၇ယော​သပ်​သည်​အ​ဖ​က ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း ပေါ်​တွင်​လက်​ယာ​လက်​တင်​သည်​ကို​မြင်​ရ သော​အ​ခါ စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။ သူ​သည် ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း​ပေါ်​မှ အ​ဖ​၏​လက်​ကို မ​နာ​ရှေ​၏​ဦး​ခေါင်း​ပေါ်​သို့​ပြောင်း​ရွှေ့​တင် စေ​လို​သ​ဖြင့်၊-
18 et Joseph dit à son père: « Pas ainsi, mon père, car celui-ci est le premier-né: mets ta main droite sur sa tête. »
၁၈``အ​ဖ​လက်​အ​ထား​မှား​နေ​ပါ​သည်။ ဤ​သူ ငယ်​သည်​သား​ကြီး​ဖြစ်​ပါ​၏။ သူ​၏​ဦး​ခေါင်း ပေါ်​မှာ​အ​ဖ​၏​လက်​ယာ​လက်​ကို​တင်​ပါ'' ဟု​ဆို​လေ​၏။
19 Mais son père refusa, en disant: « Je le sais, mon fils, je le sais; lui aussi deviendra un peuple, lui aussi sera grand; mais son frère cadet sera plus grand que lui, et sa postérité deviendra une multitude de nations. »
၁၉သို့​ရာ​တွင်​သူ​၏​အဖ​က​ငြင်း​ဆန်​၍``ငါ့​သား၊ အ​ဖ​သိ​ပါ​သည်။ မ​နာ​ရှေ​၏​အ​ဆက်​အ​နွယ် တို့​သည်​လည်း​လူ​မျိုး​ကြီး​ဖြစ်​လိမ့်​မည်။ သို့ သော်​လည်း​သူ့​ညီ​သည် သူ့​ထက်​သာ​၍​ကြီး မြတ်​မည်​ဖြစ်​၍ သူ​၏​အ​ဆက်​အ​နွယ်​တို့​သည် လူ​မျိုး​ကြီး​များ​ဖြစ်​လာ​လိမ့်​မည်'' ဟု​ဆို လေ​၏။
20 Il les bénit donc ce jour-là et dit: « Par toi Israël bénira, en disant: Que Dieu te rende tel qu’Ephraïm et Manassé! » Et il mit Ephraïm avant Manassé.
၂၀သို့​ဖြစ်​၍​ယာ​ကုပ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​သင်​တို့​၏​နာ​မည်​များ​ကို​အ​သုံး ပြု​လျက်​ကောင်း​ချီး​ပေး​ကြ​လိမ့်​မည်။ သူ​တို့ က`ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​တို့​ကဲ့​သို့​သင့်​ကို​ကြီး ပွား​စေ​ရန်​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​ပါ​စေ သော' ဟု​ဆို​ကြ​လိမ့်​မည်'' ဟူ​၍​ထို​နေ့​၌​သူ ငယ်​တို့​အား​ကောင်း​ချီး​ပေး​လေ​၏။ ဤ​နည်း အား​ဖြင့်​ယာ​ကုပ်​သည်​ဧ​ဖ​ရိမ်​၏​နာ​မည် ကို​မ​နာ​ရှေ​၏​နာ​မည်​ရှေ့​၌​ထား​သ​တည်း။
21 Israël dit à Joseph: « Voici que je vais mourir. Mais Dieu sera avec vous, et il vous ramènera dans le pays de vos pères.
၂၁ထို​နောက်​ယာ​ကုပ်​သည်​ယော​သပ်​အား``ငါ​သည် ယ​ခု​သေ​အံ့​ဆဲ​ဆဲ​ရှိ​ပြီ။ သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​၍ ဘိုး​ဘေး​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ လိမ့်​မည်။-
22 Je te donne, de plus qu’à tes frères, une portion que j’ai prise de la main des Amorrhéens avec mon épée et mon arc. »
၂၂ငါ​သည်​ဋ္ဌား​နှင့်​လေး​လက်​နက်​တို့​ဖြင့်​အာ မော​ရိ​အ​မျိုး​သား​တို့​လက်​မှ​သိမ်း​ယူ​ရ​ရှိ သော​မြေ​သြ​ဇာ​ထက်​သန်​သည့် ရှေ​ခင်​နယ်​ကို သင်​၏​အစ်​ကို​တို့​အား​ငါ​မ​ပေး။ သင့်​အား သာ​ငါ​ပေး​၏'' ဟု​ဆို​လေ​၏။

< Genèse 48 >