< Ézéchiel 40 >
1 La vingt-cinquième année de notre captivité, au commencement de l’année, le dixième jour du mois, la quatorzième année après que la ville eut été ruinée, ce jour-là même, la main de Yahweh fut sur moi, et il m’emmena en ce lieu-là.
၁နေ့ရက်ကားငါတို့ပြည်နှင်ဒဏ်ခံရပြီးနောက်နှစ်ဆယ့်ငါးနှစ်မြောက်၊ ပထမလ၊ လဆန်းဆယ်ရက်နေ့၊ ယေရုရှလင်မြို့အသိမ်းခံရချိန်တစ်ဆယ့်လေးနှစ်စေ့သောနေ့ဖြစ်၏။ ထိုနေ့၌ငါသည်ထာဝရဘုရား၏တန်ခိုးတော်လွှမ်းမိုးခြင်းခံရပြီးလျှင် ကိုယ်တော်သည်ငါ့အားဆောင်ယူသွားတော်မူ၏။-
2 Dans des visions divines il m’emmena au pays d’Israël, et il me plaça sur une montagne très élevée; et sur cette montagne, il y avait comme une construction de ville au midi.
၂ဗျာဒိတ်ရူပါရုံတွင်ငါ့အားဘုရားသခင်သည် ဣသရေလပြည်သို့ခေါ်ဆောင်တော်မူ၍ မြင့်သောတောင်ပေါ်တွင်ချထားတော်မူ၏။ ထိုတောင်၏တောင်ဘက်၌မြို့တစ်မြို့နှင့်တူသောအဆောက်အအုံများကိုငါမြင်ရ၏။-
3 Quand il m’eut amené là, je vis un homme dont l’aspect était comme l’aspect de l’airain; dans sa main était un cordeau de lin et une canne à mesurer, et il se tenait dans le portique.
၃ကိုယ်တော်သည်ငါ့အားထိုမြို့အနီးသို့ခေါ်ဆောင်သွားတော်မူသောအခါ ငါသည်ကြေးဝါကဲ့သို့တောက်ပြောင်လျက်နေသောလူတစ်ယောက်ကိုမြင်ရ၏။ သူသည်ပေကြိုးနှင့်တိုင်းတာရန် ကူလုံးတို့ကိုကိုင်ကာမြို့တံခါးဝတွင်ရပ်လျက်နေ၏။
4 Cet homme me dit: « Fils de l’homme, regarde de tes yeux et écoute de tes oreilles, et applique ton cœur à tout ce que je vais te faire voir, car c’est pour qu’on te le fasse voir que tu as été amené ici. Fais connaître à la maison d’Israël tout ce que tu vas voir. »
၄ကိုယ်တော်ကငါ့အား``အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ သင့်အားငါပြောသည်ကိုဂရုပြုနားထောင်၍ငါပြသည့်အရာမှန်သမျှကိုသေချာစွာမှတ်သားထားလော့။ အဘယ်ကြောင့်ဆိုသော်ငါသည်သင့်အား ထိုအရာများကိုပြရန်အတွက် ဤအရပ်သို့ဆောင်ယူလာခြင်းဖြစ်သောကြောင့်တည်း။ သင်သည်ဣသရေလအမျိုးသားတို့အားမိမိတွေ့မြင်ရသောအမှုအရာကိုပြောပြရမည်'' ဟုမိန့်တော်မူ၏။
5 Et voici qu’un mur extérieur entourait la maison de tous côtés, et l’homme avait à la main un roseau à mesurer de six coudées, chaque coudée étant d’une coudée et un palme. Il mesura la largeur de cette construction: elle était d’un roseau; et la hauteur: elle était d’un roseau.
၅ငါမြင်ရသောအရာမှာဗိမာန်တော်ဖြစ်၏။ ထိုဗိမာန်တော်ကိုတံတိုင်းကာရံထား၏။ ကူလုံးကိုကိုင်ထားသောလူသည်ထိုဆယ်ပေရှည်သောကူလုံးဖြင့်တံတိုင်းကိုတိုင်းထွာကြည့်၏။ တံတိုင်းသည်အမြင့်ဆယ်ပေ၊ ထုဆယ်ပေရှိ၏။-
6 Puis il alla au portique dont la façade était dans la direction de l’orient, et il en monta les degrés; et il mesura le seuil du portique, qui était d’un roseau en largeur; le premier seuil, d’un roseau en largeur.
၆ထိုနောက်သူသည်အရှေ့အရပ်သို့မျက်နှာမူနေသည့်တံခါးသို့သွား၍လှေကားကိုတက်ပြီးလျှင် အပေါ်ဆုံးအထစ်မှတံခါးဝကိုတိုင်းကြည့်ရာအမြင့်ဆယ်ပေရှိသည်ကိုတွေ့ရ၏။-
7 Chaque loge avait un roseau en longueur et un roseau en largeur; entre les loges, il y avait cinq coudées. Le seuil du portique, du côté du vestibule du portique, du côté de la maison, était d’un roseau.
၇တံခါး၏အလွန်တွင်လမ်းကြားတစ်ခုရှိ၏။ ထိုလမ်း၏ဝဲယာတွင်အစောင့်တပ်သားများအတွက် အခန်းသုံးခန်းစီရှိ၏။ ထိုအခန်းတိုင်းပင်စတုရန်းပုံသဏ္ဌာန်ရှိ၍နံရံတစ်ခုလျှင်ဆယ်ပေရှည်၏။ အခန်းတစ်ခုနှင့်တစ်ခုအကြားမှနံရံသည်ထုရှစ်ပေရှိ၏။ ဤအခန်းများအလွန်၌ဆယ်ပေရှည်သောလမ်းကြားတစ်ခုရှိ၏။ ထိုလမ်းသည်ဗိမာန်တော်ကိုမျက်နှာမူလျက်နေသည့်အခန်းကြီးတစ်ခုသို့သွားရာလမ်းဖြစ်၏။-
8 Il mesura le vestibule du portique, du côté de la maison; il était d’un roseau.
၈ထိုလူသည်ဤအခန်းကြီးကိုတိုင်းတာကြည့်ရာအနံတစ်ဆယ့်သုံးပေ ရှိသည်ကိုတွေ့ရ၏။ ထိုအခန်း၏အစွန်ဆုံးနံရံများသည်ထုသုံးပေစီရှိ၏။-
9 Il mesura encore le vestibule du portique: il avait huit coudées, et ses piliers deux coudées. Le vestibule du portique était du côté de la maison.
၉
10 Les loges du portique oriental étaient au nombre de trois d’un côté, et de trois de l’autre côté; toutes les trois avaient la même mesure, et les piliers de chaque côté avaient aussi la même mesure.
၁၀(မုခ်ပေါက်လမ်းကြား၏ဝဲယာတွင်ရှိသောအစောင့်တပ်သားတို့၏အခန်းသုံးခန်းစီသည် အရွယ်ပမာဏချင်းတူညီကြ၏။ ယင်းတို့ကိုပိုင်းခြားထားသည့်နံရံများသည်လည်းထုချင်းတူညီကြ၏။)
11 Il mesura la largeur de l’ouverture du portique: elle était de dix coudées; et la longueur du portique de treize coudées.
၁၁ထိုနောက်သူသည်ကြားလမ်း၏အနံကိုတိုင်းကြည့်ရာ စုစုပေါင်းနှစ်ဆယ့်နှစ်ပေရှိသည်ကိုတွေ့ရ၏။ မုခ်ပေါက်လမ်းတစ်လျှောက်လုံးကားတစ်ဆယ့်ခြောက်ပေရှိသတည်း။-
12 Il y avait devant les loges une clôture d’une coudée de chaque côté; et chaque loge avait six coudées d’un côté et six de l’autre.
၁၂အစောင့်တပ်သားတို့၏အခန်းတစ်ခုစီရှေ့တွင်အမြင့်လက်မနှစ်ဆယ်၊ အကျယ်လက်မနှစ်ဆယ်ရှိသောတံတိုင်းရှိ၏။ (ထိုအခန်းတို့သည်အလျားဆယ်ပေ၊ အနံဆယ်ပေရှိသတည်း။-)
13 Et il mesura le portique du toit d’une loge jusqu’au toit de l’autre: vingt-cinq coudées en largeur, d’une porte jusqu’à l’autre porte.
၁၃ထိုနောက်ထိုလူသည်အခန်းငယ်တစ်ခု၏နောက်ဘက်နံရံမှမုခ်ပေါက်လမ်းကိုဖြတ်၍ အစွန်းအခန်းငယ်နောက်ဘက်နံရံအထိတိုင်းတာရာလေးဆယ့်နှစ်ပေရှိသည်ကိုတွေ့ရ၏။-
14 Il compta soixante coudées pour les piliers, et à ces piliers touchait le parvis qui entourait le portique.
၁၄အစွန်းဆုံး၌ရှိသောအခန်းမှထွက်လျှင် တံတိုင်းအတွင်းရှိဗိမာန်တော်အပြင်ဘက်သို့ရောက်ရှိလေသည်။ ထိုအခန်းကိုတိုင်းထွာ၍ကြည့်ရာသုံးဆယ့်လေးပေကျယ်သည်ကိုတွေ့ရ၏။-
15 L’espace entre le devant de la porte d’entrée et le devant du vestibule intérieur de la porte était de cinquante coudées.
၁၅မုခ်ပေါက်ဝမှနေ၍အစွန်ဆုံးအခန်းအထိ စုစုပေါင်းရှစ်ဆယ့်ငါးပေရှိသတည်း။-
16 Il y avait aux loges, à leurs piliers, des fenêtres grillées du côté intérieur du portique, tout autour; il en était de même aux vestibules; et ainsi il y avait des fenêtres tout autour, donnant à l’intérieur; et aux pilastres il y avait des palmiers.
၁၆အခန်းအားလုံး၏အပြင်နံရံတိုင်း၊ အတွင်းနံရံတိုင်းတို့၌ပြူတင်းပေါက်ငယ်များရှိ၏။ လမ်းကြားသို့မျက်နှာမူလျက်နေသောအတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထုထားလေသည်။
17 Puis il me conduisit au parvis extérieur: et voici qu’il y avait des chambres et un pavé disposés tout autour du parvis; il y avait trente chambres le long du pavé.
၁၇ထိုလူသည်ငါ့အားမုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော်အပြင်တံတိုင်းထဲသို့ခေါ်ဆောင်သွား၏။ အပြင်တံတိုင်းကိုကပ်၍ဆောက်လုပ်ထားသောအခန်းပေါင်းသုံးဆယ်ရှိ၏။ ထိုအခန်းများ၏ရှေ့တွင်ကျောက်များခင်းထားသောအကွက်ရှိလေသည်။ တံတိုင်းအပြင်၏မြေမျက်နှာပြင်သည်တံတိုင်းအတွင်းရှိမြေမျက်နှာပြင်ထက်နိမ့်၏။
18 Le pavé longeait les portiques, correspondant à la longueur des portiques; c’était le pavé inférieur.
၁၈
19 Il mesura la largeur du devant du portique inférieur jusqu’au devant du parvis intérieur: cent coudées, à l’orient et au septentrion.
၁၉ဗိမာန်တော်တံတိုင်းအတွင်းရှိဝင်းသို့ရောက်နိုင်သော မြေမျက်နှာပြင်မြင့်သည့်နေရာတွင်မုခ်ပေါက်တစ်ခုရှိ၏။ ထိုလူသည်အတွင်းမုခ်ဦးပေါက်နှင့်အပြင်မုခ်ဦးပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ တစ်ရာခြောက်ဆယ့်ရှစ်ပေရှိသည်ကိုတွေ့ရ၏။
20 Quant au portique du parvis extérieur dont la façade est dans la direction du nord, il en mesura la longueur et la largeur,
၂၀ထိုနောက်သူသည်တံတိုင်းအပြင်ရှိဝင်းသို့သွားရာ မြောက်မုခ်ပေါက်လမ်းကိုတိုင်းတာကြည့်၏။-
21 — ses loges, trois d’un côté et trois de l’autre; ses piliers et son vestibule ayant la même mesure que ceux du premier portique, — cinquante coudées en longueur et vingt-cinq coudées en largeur.
၂၁လမ်း၏ဝဲယာသုံးခန်းစီရှိသောအစောင့်တပ်သားတို့၏အခန်းများ၊ ထိုအခန်းတို့ကိုပိုင်းခြားထားသည့်နံရံများနှင့်အဝင်ခန်းတို့သည် အရှေ့မုခ်ပေါက်မှာကဲ့သို့ပင်အတိုင်းအတာတူညီ၏။ ထိုလမ်းသည်အလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
22 Ses fenêtres, son vestibule et ses palmiers avaient la même mesure que ceux du portique dont la façade est dans la direction de l’orient; on y montait par sept degrés, et son vestibule était en face des degrés.
၂၂အဝင်ခန်းပြူတင်းပေါက်များနှင့်ထွင်းထုထားသည့်စွန်ပလွံပင်ပုံများသည်လည်းအရှေ့မုခ်ပေါက်မှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်တံခါးသို့လှေကားခုနစ်ထစ်ဖြင့်တက်ရ၏။ အစွန်းဆုံးရှိအဝင်ခန်းသည်တံတိုင်းအပြင်ဝင်းကိုမျက်နှာမူလျက်နေ၏။-
23 Il y avait un portique au parvis intérieur, en face du portique du septentrion comme en face de celui de l’orient; il mesura d’un portique à l’autre: cent coudées.
၂၃အရှေ့ဘက်မှာကဲ့သို့ပင်တံတိုင်းအပြင်ဝင်းကိုဖြတ်၍ ဤမြောက်ဘက်မုခ်ပေါက်နှင့်တည့်တည့်၌တံတိုင်းအတွင်းရှိဝင်းသို့ဝင်ရန်မုခ်ပေါက်တစ်ခုရှိလေသည်။ ထိုသူသည်မုခ်ပေါက်နှစ်ခု၏အကွာအဝေးကိုတိုင်း၍ကြည့်ရာ တစ်ရာခုနစ်ဆယ်ပေရှိသည်ကိုတွေ့ရ၏။
24 Il me conduisit ensuite dans la direction du midi, et voici un portique dans la direction du midi; il en mesura les pilastres et le vestibule, qui avaient les mêmes dimensions
၂၄ထိုနောက်ထိုသူသည်ငါ့အားတောင်မျက်နှာသို့ခေါ်ဆောင်သွားရာ ငါတို့သည်ထိုအရပ်တွင်အခြားမုခ်ပေါက်တစ်ခုကိုမြင်ရကြ၏။ သူသည်ထိုမုခ်ပေါက်၏အတွင်းနံရံနှင့်အဝင်ခန်းကိုတိုင်းတာကြည့်၏။ ယင်းတို့သည်အခြားမုခ်ပေါက်နှင့်အဆောင်များနည်းတူပင်ဖြစ်၏။-
25 — il avait tout autour, ainsi que son vestibule, des fenêtres pareilles aux autres fenêtres —: cinquante coudées en longueur et vingt-cinq coudées en largeur.
၂၅ဤမုခ်ပေါက်မှအခန်းများတွင် အခြားမုခ်ပေါက်များမှအဆောင်များမှာကဲ့သို့ပင်ပြူတင်းပေါက်များရှိ၏။ မုခ်ပေါက်-သည်စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
26 On y montait par sept degrés, et son vestibule était en face des degrés; il y avait des palmiers à ses pilastres, l’un d’un côté, l’autre de l’autre.
၂၆ယင်းကိုလှေကားခုနစ်ထစ်ဖြင့်တက်ရ၏။ ထိုမုခ်ပေါက်၏အဝင်ခန်းသည်လည်းအပြင်ဝင်းကိုမျက်နှာမူ၍နေ၏။ လမ်းကြားကိုမျက်နှာမူလျက်ရှိသည့်အတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထား၏။-
27 Le parvis intérieur avait aussi un portique dans la direction du midi; il mesura d’un portique à l’autre dans la direction du midi: cent coudées.
၂၇ဤအရပ်၌လည်းတံတိုင်းအတွင်းဝင်းသို့ဝင်ရာမုခ်ပေါက်တစ်ခုရှိ၏။ ထိုသူသည်ဤမုခ်ပေါက်နှင့်ပထမမုခ်ပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။
28 Il me conduisit dans le parvis intérieur par le portique du midi, et il mesura le portique qui était au midi, qui avait les mêmes dimensions
၂၈ထိုသူသည်တောင်မုခ်ပေါက်ကိုဖြတ်၍ ငါ့အားတံတိုင်းအတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်မုခ်ပေါက်ကိုတိုင်းတာကြည့်ရာအခြားမုခ်ပေါက်များ၏ပမာဏအတိုင်းပင်တွေ့ရ၏။-
29 — ses loges, ses pilastres et son vestibule avaient les mêmes dimensions; et il avait, ainsi que son vestibule, des fenêtres tout autour —: cinquante coudées de longueur et vingt-cinq coudées de largeur.
၂၉ထိုမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည်အခြားမုခ်ပေါက်များမှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်ပေါက်ရှိအခန်းများ၌လည်းပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
30 Il y avait des vestibules tout autour, de vingt-cinq coudées en longueur et de cinq coudées en largeur.
၃၀
31 Son vestibule était du côté du parvis extérieur; il avait des palmiers à ses pilastres et huit degrés pour y monter.
၃၁ယင်းတွင်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူနေသောအဝင်ခန်းရှိ၏။ မုခ်ပေါက်လမ်းကြားတစ်လျှောက်ရှိနံရံများတွင်စွန်ပလွံပင်ပုံများထွင်းထား၏။ ဤမုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
32 Puis il me conduisit, dans le parvis intérieur, vers la direction de l’orient, et il mesura le portique qui avait les mêmes dimensions
၃၂ထိုလူသည်အရှေ့မုခ်ပေါက်ကိုဖြတ်၍ ငါ့အားတံတိုင်းအတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်မုခ်ပေါက်ကိုတိုင်းတာ၍ ကြည့်ရာအခြားမုခ်ပေါက်များ၏ပမာဏအတိုင်းပင်တွေ့ရ၏။-
33 — ses loges, ses pilastres et son vestibule avaient les mêmes dimensions; et il avait, ainsi que son vestibule, des fenêtres tout autour — cinquante coudées en longueur et vingt-cinq coudées en largeur.
၃၃ယင်းမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည် အခြားမုခ်ပေါက်များမှာကဲ့သို့ပင်အတိုင်းအတာရှိကြ၏။ မုခ်ပေါက်ပတ်လည်နှင့်အဝင်ခန်း၌ပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
34 Son vestibule touchait au parvis extérieur; il avait des palmiers à ses pilastres, d’un côté et de l’autre, et huit degrés pour y monter.
၃၄အဝင်ခန်းသည်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူ၍နေ၏။ မုခ်ပေါက်လမ်းကြားတစ်လျှောက်ရှိနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထား၏။ မုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
35 Puis il me conduisit vers le portique du septentrion, et il y mesura les mêmes dimensions
၃၅ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက်သို့ခေါ်ဆောင်သွား၏။ သူသည်ထိုမုခ်ပေါက်ကိုတိုင်းတာကြည့်ရာအခြားမုခ်ပေါက်များနှင့်အတူတူပင်ဖြစ်ကြောင်းတွေ့ရ၏။-
36 — Il y avait à ses loges, à ses pilastres et à son vestibule des fenêtres tout autour —: cinquante coudées de longueur et vingt-cinq coudées de largeur.
၃၆ယင်းတွင်အခြားမုခ်ပေါက်များမှာကဲ့သို့အစောင့်တပ်သားများအတွက်အခန်းများ၊ လှပစွာတန်ဆာဆင်ထားသည့်အတွင်းနံရံများ၊ အဝင်ခန်းပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားလေးရာရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
37 Ses piliers touchaient au parvis extérieur; il y avait des palmiers sur ses pilastres et huit degrés pour y monter.
၃၇အဝင်ခန်းသည်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူ၍နေ၏။ မုခ်ဆောင်လမ်းကြားတစ်လျှောက်ရှိနံရံများတွင်စွန်ပလွံပင်ပုံများထွင်း၍ထား၏။ မုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
38 Il y avait une chambre, avec sa porte, près des pilastres des portiques; c’est là qu’on lavait les holocaustes.
၃၈တံတိုင်းအပြင်ဝင်းအတွင်း၌မြောက်ဘက်အတွင်းမုခ်ပေါက်နှင့်ကပ်၍တည်ဆောက်ထားသောတိုးချဲ့ဆောင်ရှိ၏။ ထိုအဆောက်အအုံမှနေ၍တံတိုင်းအပြင်ဝင်းသို့မျက်နှာမူလျက်ရှိသည့်အဝင်ခန်းကိုဝင်နိုင်၏။ ဤအဆောက်အအုံသည်တစ်တောင်လုံးမီးရှို့ပူဇော်မည့်ယဇ်ကောင်များကိုဆေးကြောရာဖြစ်၏။-
39 Dans le vestibule du portique, il y avait deux tables d’un côté et deux tables de l’autre, sur lesquelles on devait immoler les victimes destinées à l’holocauste, au sacrifice pour le péché et au sacrifice pour le délit.
၃၉အဝင်ခန်း၏အတွင်း၌တစ်ဖက်တစ်ချက်တွင်စားပွဲနှစ်လုံးစီရှိ၏။ တစ်ကောင်လုံးမီးရှို့ပူဇော်ရန်နှင့်အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်များအတွက်၊ တိရစ္ဆာန်များကိုဤစားပွဲများပေါ်တွင်တင်၍သတ်ရကြ၏။-
40 Au côté extérieur, au septentrion pour celui qui montait à l’entrée du portique, il y avait deux tables, et de l’autre côté, vers le vestibule du portique, deux tables.
၄၀အခန်း၏အပြင်ဘက်၌လည်းမြောက်မုခ်ပေါက်တစ်ဘက်တစ်ချက်တွင်စားပွဲနှစ်လုံးစီရှိသဖြင့်စုစုပေါင်းလေးလုံးရှိ၏။-
41 Il se trouvait ainsi, sur les côtés de la porte, quatre tables d’une part et quatre tables de l’autre; en tout huit tables, sur lesquelles on devait immoler.
၄၁သို့ဖြစ်၍တိရစ္ဆာန်များကိုသတ်ရန်အခန်းထဲ၌စားပွဲလေးလုံး၊ အပြင်၌လေးလုံး၊ စုစုပေါင်းရှစ်လုံးရှိသတည်း။-
42 Il y avait encore quatre tables servant aux holocaustes, en pierre de taille, longues d’une coudée et demie, larges d’une coudée et demie et hautes d’une coudée, sur lesquelles on posait les instruments avec lesquels on immolait les victimes destinées à l’holocauste et aux autres sacrifices.
၄၂တိုးချဲ့ဆောင်တွင်တစ်ကောင်လုံးမီးရှို့ပူဇော်ရာယဇ်ကောင်များကိုပြင်ဆင်ရန်စားပွဲလေးလုံးမှာကျောက်ကိုဆစ်၍ပြုလုပ်ထားလေသည်။ ထိုစားပွဲများသည်အလျားတူအနံတူလက်မသုံးဆယ်စီရှိ၍ လက်မနှစ်ဆယ်မြင့်၏။ ယင်းတို့အပေါ်တွင်ယဇ်ကောင်များကိုသတ်ရန်ကိရိယာတန်ဆာများကိုတင်ထား၏။-
43 Des crochets d’un palme étaient fixés tout autour de l’édifice; et la chair des sacrifices devait être placée sur les tables.
၄၃ထိုစားပွဲများတွင်အထူသုံးလက်မရှိသောအနားပတ်များတပ်ထား၏။ ယဇ်ပူဇော်ရန်အသားများကိုထိုစားပွဲများပေါ်တွင်တင်ထားရ၏။
44 En dehors du portique intérieur, il y avait les chambres des chantres, dans le parvis intérieur; celle qui était à côté du portique septentrional, avait sa façade dans la direction du midi; l’autre à côté du portique oriental, avait sa façade dans la direction du nord.
၄၄ထိုနောက်ထိုသူသည်အတွင်းဝင်းသို့ငါ့ကိုခေါ်ဆောင်သွား၏။ မြောက်မုခ်ပေါက်၏နံဘေးတံတိုင်းအတွင်းဝင်း၌အခန်းတစ်ခုရှိ၏။ ထိုအခန်းသည်တောင်ဘက်သို့မျက်နှာမူလျက်နေ၏။ တောင်မုခ်ပေါက်၏နံဘေး၌လည်းအလားတူအခန်းတစ်ခုရှိ၏။ ထိုအခန်းသည်မြောက်ဘက်သို့မျက်နှာမူလျက်နေ၏။-
45 Il me dit: « Cette chambre dont la façade est dans la direction du midi est pour les prêtres qui sont chargés du service de la maison.
၄၅ထိုလူကတောင်ဘက်သို့မျက်နှာမူလျက်နေသည့်အခန်းသည် ဗိမာန်တော်၏အမှုကိုဆောင်ရွက်ရသူယဇ်ပုရောဟိတ်များအတွက်ဖြစ်ကြောင်း၊-
46 Et la chambre dont la façade est dans la direction du nord est pour les prêtres chargés du service de l’autel. » Ce sont les fils de Sadoc qui, parmi les enfants de Lévi, s’approchent de Yahweh pour le servir.
၄၆မြောက်ဘက်သို့မျက်နှာမူလျက်ရှိသည့်အခန်းသည် ယဇ်ပလ္လင်ဆိုင်ရာအမှုကိုဆောင်ရွက်ရသူယဇ်ပုရောဟိတ်များအတွက်ဖြစ်ကြောင်းငါ့အားပြောပြလေသည်။ ထိုယဇ်ပုရောဟိတ်အားလုံးတို့သည် ဇာဒုတ်မှဆင်းသက်လာသူလေဝိအနွယ်ဝင်များဖြစ်ကြသည်။ သူတို့သည်သာလျှင်ထာဝရဘုရား၏ရှေ့တော်မှောက်သို့ဝင်၍ အမှုတော်ကိုဆောင်ရွက်ခွင့်ရရှိကြသတည်း။
47 Puis il mesura le parvis, qui était carré, ayant cent coudées de longueur et cent coudées de largeur. L’autel était devant la maison.
၄၇ထိုလူသည်တံတိုင်းအတွင်းဝင်းကိုတိုင်းတာကြည့်ရာအလျားပေတစ်ရာခုနစ်ဆယ်၊ အနံပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။ ဗိမာန်တော်သည်အနောက်ဘက်တွင်ရှိ၍ ဗိမာန်တော်ရှေ့၌ယဇ်ပလ္လင်ရှိ၏။-
48 Il me conduisit ensuite vers le vestibule de la maison, et il mesura le pilier du vestibule: cinq coudées d’un côté et cinq coudées de l’autre; et la largeur du portique: trois coudées d’un côté et trois coudées de l’autre.
၄၈ထိုနောက်သူသည်ငါ့အားဗိမာန်တော်မုခ်ဦးပေါက်ခန်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်အဝင်ဝကိုတိုင်းတာကြည့်ရာထုရှစ်လက်မ၊ အနံနှစ်ဆယ့်လေးပေရှိသည်ကိုတွေ့ရ၏။ ဝဲယာရှိနံရံများမှာထုငါးပေစီရှိကြ၏။-
49 La longueur du vestibule était de vingt coudées, et la largeur de onze coudées, aux degrés par lesquels on y montait; et il y avait des colonnes près des piliers, l’une d’un côté, l’autre de l’autre.
၄၉မုခ်ဦးခန်းသည်အနံသုံးဆယ့်လေးပေ၊ ထုပေနှစ်ဆယ်ရှိ၍ယင်းကိုလှေကားထစ်များဖြင့်တက်ရ၏။ မုခ်ဦးပေါက်တစ်ဖက်တစ်ချက်တွင်တိုင်တစ်လုံးစီရှိသတည်း။