< Deutéronome 3 >

1 Nous étant tournés, nous montâmes par le chemin de Basan, et Og, roi de Basan, sortit à notre rencontre, avec tout son peuple, pour nous livrer bataille à Edraï.
ထိုအခါ ငါတို့သည်လှည့် ၍ ၊ ဗာရှန် ပြည်သို့ ခရီး သွား ကြ၏။ ဗာရှန် ရှင်ဘုရင် ဩဃ သည်လည်း မိမိ လူ အပေါင်း တို့နှင့်တကွ ဧဒြိ အရပ်မှာ စစ်တိုက် ခြင်းငှါ ချီ လာ၏။
2 Yahweh me dit: « Ne le crains pas, car je l’ai livré entre tes mains, lui et tout son peuple, et son pays; tu le traiteras comme tu as traité Séhon, roi des Amorrhéens, qui habitait à Hésebon. »
ထာဝရဘုရား ကလည်း ၊ သူ့ ကိုမ ကြောက် နှင့်။ သူ နှင့်တကွ သူ ၏ လူ အပေါင်း တို့ကို၎င်း ၊ သူ့ မြေ ကို၎င်း၊ သင့် လက် ၌ ငါအပ် ပေးမည်။ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ဤ မင်းကိုလည်း ပြု ရ မည်ဟု ငါ့ အား မိန့် တော်မူ၏။
3 Et Yahweh, notre Dieu, livra aussi entre nos mains Og, roi de Basan, avec tout son peuple; nous le battîmes jusqu’à ce qu’il ne lui restât plus aucun de ses gens.
ထိုသို့ ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ဗာရှန် ရှင်ဘုရင် ဩဃ နှင့် သူ ၏လူ အပေါင်း တို့ကို ငါ တို့လက် ၌ အပ် တော်မူသဖြင့် ၊ တယောက်မျှ မ ကြွင်း စေခြင်းငှါ လုပ်ကြံ ကြ၏။
4 Nous prîmes alors toutes ses villes, et il n’y en eut pas une qui ne tombât entre notre pouvoir: soixante villes, toute la région d’Argob, le royaume d’Og en Basan.
ထိုအခါ ငါတို့သည် မြို့ ခြောက်ဆယ် နှင့် ပြည့်စုံ သော အာဂေါဘ တိုင်း ၊ ဗာရှန် ရှင်ဘုရင်ဩဃ မင်း၏ နိုင်ငံ ကို၊ တမြို့ မျှ မ ကြွင်းစေခြင်းငှါ တိုက်ယူ ကြ၏။
5 Toutes ces villes étaient fortifiées, avec de hautes murailles, des portes et des barres; sans compter les villes sans murailles, en très grand nombre.
ထို မြို့ ရှိသမျှ တို့သည် မြင့် သောမြို့ရိုး ၊ မြို့တံခါး များ၊ ကန့်လန့်ကျင် များနှင့် ခိုင်ခံ့သော မြို့ ဖြစ်သတည်း။ ထိုမှတပါး များစွာ သော ရွာ တို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီး ကြ၏။
6 Nous les dévouâmes par anathème, comme nous l’avions fait pour Séhon, roi de Hésebon, dévouant par anathème villes, hommes, femmes et enfants.
ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ၊ အရပ်ရပ် ၌ ယောက်ျား မိန်းမ သူငယ် တို့ကို သုတ်သင် ပယ်ရှင်းကြ၏။
7 Mais nous pillâmes pour nous tout le bétail et le butin des villes.
တိရစ္ဆာန် များ၊ မြို့ ရွာ၌ လက်ရဥစ္စာ များ ရှိသမျှ တို့ ကို ကိုယ် ဘို့ သိမ်းယူ ကြ၏။
8 Ainsi, dans ce temps-là, nous prîmes aux deux rois des Amorrhéens le pays qui est au-delà du Jourdain, depuis le torrent de l’Arnon jusqu’à la montagne d’Hermon.
ထိုအခါ အာနုန် မြစ် မှစ၍ ဟေရမုန် တောင် တိုင်အောင် ၊ ယော်ဒန် မြစ်အရှေ့ ဘက်၌ ရှိ သောမြေ ကို ငါတို့သည် သိမ်းယူ ကြ၏။
9 — Les Sidoniens appellent l’Hermon Sarion, et les Amorrhéens Sanir; —
ဟေရမုန် တောင်ကို ဇိဒုန် လူတို့သည် စိရုန် ဟူ၍၎င်း ၊ အာမောရိ လူတို့သည် ရှုနိရ ဟူ၍၎င်း ခေါ်ဝေါ် ကြ၏။
10 toutes les villes de la plaine, tout Galaad et tout Basan, jusqu’à Selcha et Edraï, villes du royaume d’Og en Basan.
၁၀ချိုင့်၌ ရှိသမျှ သောမြို့ တို့နှင့် ဂိလဒ် ပြည် တရှောက်လုံး ၊ ဩဃ မင်း၏ နိုင်ငံ အဝင်၊ သာလက မြို့၊ ဧဒြိ မြို့တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ကို သိမ်းယူကြ၏။
11 Car Og, roi de Basan, était resté seul de la race des Rephaïm. Voici, son lit, un lit en fer, n’est-il pas à Rabbath, ville des enfants d’Ammon? Sa longueur est de neuf coudées, et sa largeur de quatre coudées, en coudées d’homme.
၁၁အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန် ရှင်ဘုရင် ဩဃ တယောက်တည်း သာ ကျန်ကြွင်း ၏။ လူ အတောင် အားဖြင့် အလျား ကိုး တောင် ၊ အနံ လေး တောင် ရှိသောသူ ၏ သံ ခုတင် သည် အမ္မုန် ပြည် ရဗ္ဗတ် မြို့ ၌ ရှိသည်မဟုတ်လော။
12 Nous prîmes alors possession de ce pays. Je donnai aux Rubénites et aux Gadites le territoire à partir d’Aroër qui domine la vallée de l’Arnon, ainsi que la moitié de la montagne de Galaad avec ses villes.
၁၂ထိုအခါ ငါတို့သိမ်းယူ သောမြေ ကို၊ အာနုန် မြစ် နား တွင်ရှိသော အာရော် မြို့မှစ၍ ဂိလဒ် တောင် တဝက် တိုင်အောင် ၊ မြို့ များနှင့်တကွ ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား တို့အား ငါပေး ၏။
13 Je donnai à la demi-tribu de Manassé le reste de Galaad et toute la partie de Basan formant le royaume d’Og. — Toute la contrée d’Argob, avec tout Basan, c’est ce qu’on appelle le pays des Rephaïm.
၁၃ဂိလဒ် တောင်တဝက် နှင့် ဩဃ မင်းအစိုးရသောနိုင်ငံအဝင်၊ အလွန် ကြီးမားသော လူမျိုးနေရာ ဟူ၍ခေါ်ဝေါ် သော အာဂေါဘ တိုင်း ၊ ဗာရှန် ပြည် တပြည်လုံး ကို မနာရှေ အမျိုးသား တဝက် အား ငါပေး ၏။
14 Jaïr, fils de Manassé, obtint toute la contrée d’Argob jusqu’à la frontière des Gessuriens et des Macathiens, et il donna son nom aux bourgs de Basan, appelés Bourgs de Jaïr, jusqu’à ce jour. —
၁၄မနာရှေ အမျိုးသား ယာဣရ သည်၊ အာဂေါဘ တိုင်း တတိုင်းလုံး ကို ဂေရှုရ ရွာ ၊ မာခါ ရွာအထိ သိမ်းယူ ပြီးမှ ၊ ယနေ့ တိုင်အောင် မိမိ အမည် ကို လိုက် ၍ ဗာရှန် ဟာဝုတ် ယာဣရ ပြည်ဟု သမုတ် လေ၏။
15 Je donnai Galaad à Machir.
၁၅ဂိလဒ် မြို့ကိုကား ၊ မာခိရ အမျိုးသားတို့အား ငါပေး ၏။
16 Aux Rubénites et aux Gadites, je donnai une partie de Galaad et le pays jusqu’au torrent de l’Arnon, le milieu de la vallée servant de limite, et jusqu’au torrent de Jaboc, frontière des enfants d’Ammon,
၁၆ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသားတို့အား လည်း ၊ ဂိလဒ် မြို့မှ အာနုန် မြစ် တိုင်အောင် ၊ မြစ် ကွေ့သော မြေ နှင့်တကွ ၊ အမ္မုန် ပြည် အပိုင်း အခြားဖြစ်သော ယဗ္ဗုတ် မြစ် တိုင်အောင် မြေတရှောက်လုံးကို၎င်း၊
17 ainsi que l’Arabah, avec le Jourdain pour limite, depuis Cénéreth jusqu’à la mer de l’Arabah, la mer Salée, au pied des pentes du Phasga, vers l’Orient.
၁၇လွင်ပြင် နှင့်တကွ ယော်ဒန် မြစ်နား၊ ဂင်္နေသရက် အရပ်မှ လွင်ပြင် နှင့်ဆိုင်သော သောဒုံ အိုင် အရှေ့ ၊ အာဇုတ် ပိသဂါ မြို့တိုင်အောင် ၊ မြေတရှောက်လုံးကို၎င်းငါပေး၏။
18 En ce temps-là, je vous donnai cet ordre: « Yahweh, votre Dieu, vous à donné ce pays pour qu’il soit votre propriété; vous tous, hommes forts, vous marcherez en armes devant vos frères, les enfants d’Israël.
၁၈ထိုအခါ ငါက၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် ဤ မြေ ကို သင် တို့အား အပိုင် ပေး တော်မူပြီ။ သို့ရာတွင်စစ်တိုက် တတ်သော သူအပေါင်း တို့သည် လက်နက်ကိုကိုင်၍၊ သင် တို့ညီအစ်ကို ဣသရေလ အမျိုးသား တို့ရှေ့ မှာ ကူး သွားရကြမည်။
19 Vos femmes seulement, vos petits enfants et vos troupeaux, — je sais que vous avez de nombreux troupeaux, — resteront dans les villes que je vous ai données,
၁၉
20 jusqu’à ce que Yahweh ait accordé le repos à vos frères comme à vous, et qu’ils possèdent, eux aussi, le pays que Yahweh, votre Dieu, leur donne de l’autre côté du Jourdain. Alors vous retournerez chacun dans l’héritage que je vous ai donné. »
၂၀ထာဝရဘုရား သည် သင် တို့အားချမ်းသာ ပေးတော်မူသည်နည်းတူ ၊ ညီအစ်ကို တို့အား ပေးတော်မ မူမှီတိုင်အောင်၎င်း၊ ယော်ဒန် မြစ်တဘက် ၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြေ ကို သူ တို့သည်မသိမ်း မယူမှီတိုင်အောင်၎င်း၊ သင် တို့မယား ၊ သား သူငယ် များ၊ တိရစ္ဆာန် များတို့သည် ငါပေး သော မြို့ တို့၌ နေ ရကြမည်။ သင် တို့တွင် တိရစ္ဆာန် များစွာ ရှိသည် ကိုငါသိ ၏။ အမှုပြီးမှငါပေး နှင့်သည်အတိုင်း၊ သင်တို့ရှိသမျှသည်အသီးအသီး ပိုင်ထိုက် သောမြေသို့ ပြန်လာ ရကြမည်ဟု သင် တို့အား ငါမှာ ထား၏။
21 En ce temps-là, je donnai aussi des ordres à Josué, en disant: « Tes yeux ont vu tout ce que Yahweh, votre Dieu, a fait à ces deux rois: ainsi fera Yahweh à tous les royaumes contre lesquels tu vas marcher.
၂၁ထိုအခါ ယောရှု ကိုလည်း၊ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ဤ ရှင်ဘုရင် နှစ်ပါး ၌ ပြု တော်မူသော အမှု အလုံးစုံ ကို သင်သည် ကိုယ်တိုင်မြင် ရပြီ။ ထိုအတူ၊ ထာဝရဘုရား သည် သင်ရောက်သမျှသောတိုင်း နိုင်ငံတို့၌ ပြု တော်မူလိမ့်မည်။
22 Ne les craignez pas; car Yahweh, votre Dieu, combat lui-même pour vous. »
၂၂ထိုသူ တို့ကို မ ကြောက် နှင့်။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် သင့် ဘက် ၌ စစ်ကူ တော်မူမည်ဟု ငါမှာထားလေ၏။
23 En ce temps-là, je suppliai Yahweh, en disant:
၂၃ထိုအခါ ထာဝရဘုရား ကို ငါတောင်းပန် သည် ကား၊
24 « Seigneur Yahweh, vous avez commencé à montrer à votre serviteur votre grandeur et votre main puissante; car quel Dieu y a-t-il, au ciel et sur la terre, qui puisse accomplir vos œuvres et vos hauts faits?
၂၄အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကိုယ်တော် ကျွန် အား တန်ခိုး အာနုဘော်တော်ကို၎င်း၊ အားကြီး သော လက် တော်ကို၎င်း ပြ စ ပြုတော်မူပြီ။ ကိုယ်တော် စီရင် ၍ တန်ခိုး တော်ကို ပြသည်အတိုင်း ၊ ကောင်းကင် မြေကြီး ပေါ် မှာအဘယ် မည်သော ဘုရား ပြု နိုင်ပါ သနည်း။
25 Que je passe, je vous prie, que je voie ce bon pays au-delà du Jourdain, cette belle montagne et le Liban! »
၂၅အကျွန်ုပ်သည် ယော်ဒန် မြစ်တဘက် သို့ ကူး ၍၊ ထို ကောင်းမွန် သောပြည် နှင့် လေဗနုန် တောင်မှစ၍ တင့်တယ် သော တောင် များကို မြင် ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်သော်လည်း၊
26 Mais Yahweh s’irrita contre moi, à cause de vous, et il ne m’exauça pas. Yahweh me dit: « C’est assez, ne me parle plus de cette affaire.
၂၆ထာဝရဘုရား သည် သင် တို့အတွက် ငါ့ ကို အမျက် ထွက်တော်မူသောကြောင့် ၊ ငါ့ စကားကို နားထောင် တော်မ မူ။ ထာဝရဘုရား ကလည်း ၊ တန် တော့၊ ဤ အမှု နှင့် ဆိုင်သော စကားကို နောက် တဖန် မ လျှောက် နှင့်။
27 Monte au sommet du Phasga, porte tes regards vers l’occident, vers le nord, vers le midi et vers l’orient, et contemple de tes yeux; car tu ne passeras pas ce Jourdain.
၂၇ပိသဂါ တောင်ထိပ် ပေါ်သို့ တက် ပြီးလျှင် ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် လေးမျက်နှာသို့မြော် ၍ ထို ပြည်ကို ကြည့်ရှု လော့။ ယော်ဒန် မြစ်ကို မ ကူး ရ။
28 Donne des ordres à Josué, fortifie le et encourage-le, car c’est lui qui marchera devant ce peuple et qui le mettra en possession du pays que tu verras. »
၂၈သို့ရာတွင် ယောရှု ကိုမှာ ခဲ့၍ အား ပေးလော့။ မစ ထောက်ပင့်လော့။ သူ သည် ဤ လူမျိုး ရှေ့ မှာသွား ၍ ၊ သင်မြင် ရသော ပြည် ကို အမွေခံ စေရမည်ဟု ငါ့အား မိန့်တော်မူ၏။
29 Nous demeurâmes dans la vallée, vis-à-vis de Beth-Phogor.
၂၉ထိုသို့ ငါတို့သည် ဗက်ပေဂုရ မြို့တဘက် ၌ ရှိသောချိုင့် တွင် နေ ရကြ၏။

< Deutéronome 3 >