< Deutéronome 28 >
1 Si tu obéis exactement à la voix de Yahweh, ton Dieu, en observant et en mettant en pratique tous ses commandements que je te prescris aujourd’hui, Yahweh, ton Dieu, te donnera la supériorité sur toutes les nations de la terre.
၁သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်ကိုနာခံ၍ ယနေ့ငါဆင့်ဆို သမျှသောပညတ်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းစောင့်ထိန်းလျှင် ကိုယ်တော်သည်သင်တို့ အားကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ထက် ချီးမြှောက်တော်မူမည်။-
2 Voici toutes les bénédictions qui viendront sur toi et t’atteindront, si tu obéis à la voix de Yahweh, ton Dieu:
၂သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကိုနာခံလျှင်ကိုယ်တော်သည် အောက်ပါကောင်းချီးမင်္ဂလာအပေါင်းတို့ ကို သင်တို့အားခံစားစေတော်မူမည်။
3 Tu seras béni dans la ville et tu seras béni dans les champs.
၃``ထာဝရဘုရားသည် သင်တို့၏မြို့များနှင့် လယ်ယာများကိုကောင်းချီးပေးတော်မူမည်။
4 Béni sera le fruit de tes entrailles, le fruit de ton sol, le fruit de tes troupeaux, les portées de ton gros et de ton menu bétail.
၄``ထာဝရဘုရားသည် သင်တို့တွင်သားသမီး မြောက်မြားစွာထွန်းကားစေရန်လည်းကောင်း၊ အသီးအနှံပေါများစေရန်လည်းကောင်း၊ သိုး နွားမြောက်မြားစွာတိုးပွားစေရန်လည်း ကောင်းကောင်းချီးပေးတော်မူမည်။
5 Bénies seront ta corbeille et ta huche.
၅``ထာဝရဘုရားသည် သင်တို့၏ကောက်ပဲ သီးနှံ၊ ၎င်းမှရသောအစားအစာတို့ကို ကောင်းချီးပေးတော်မူမည်။
6 Tu seras béni à ton entrée, et tu seras béni à ta sortie.
၆``ထာဝရဘုရားသည် သင်တို့ပြုလေသမျှ တို့ကိုကောင်းချီးပေးတော်မူမည်။
7 Yahweh fera que les ennemis qui s’élèveront contre toi soient mis en déroute devant toi; venus contre toi par un seul chemin, ils s’enfuiront devant toi par sept chemins.
၇``ထာဝရဘုရားသည် သင်တို့အားတိုက်ခိုက် သောရန်သူများကိုနှိမ်နင်းတော်မူလိမ့်မည်။ သူတို့သည်တစ်လမ်းတည်းဖြင့်လာရောက် တိုက်ခိုက်သော်လည်း လမ်းအသွယ်သွယ်ဖြင့် ထွက်ပြေးရလိမ့်မည်။
8 Yahweh commandera à la bénédiction d’être avec toi dans tes greniers et dans tout travail de tes mains! Il te bénira dans le pays que te donne Yahweh, ton Dieu.
၈``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့၏လုပ်ငန်းကိုကောင်းချီးပေး၍ သင်တို့၏ကျီများကိုစပါးနှင့်ပြည့်စေ တော်မူမည်။ ကိုယ်တော်သည်မိမိပေးသနား တော်မူမည့်ပြည်တွင် သင်တို့အားကောင်းချီး ပေးတော်မူမည်။
9 Yahweh te fera subsister pour lui comme un peuple saint, ainsi qu’il te l’a juré, si tu observes les commandements de Yahweh, ton Dieu, et si tu marches dans ses voies;
၉``သင်တို့၏ဘုရားသခင်ထာဝရဘုရား ၏အမိန့်ကိုနာခံ၍ ပညတ်ရှိသမျှကိုစောင့် ထိန်းလျှင် ကတိတော်အတိုင်းသင်တို့အား ကိုယ်တော်၏လူမျိုးတော်ဖြစ်စေမည်။-
10 et tous les peuples verront que le nom de Yahweh est nommé sur toi, et ils te craindront.
၁၀ထိုအခါသင်တို့သည်ထာဝရဘုရားရွေး ချယ်သောလူမျိုးတော်ဖြစ်ကြောင်းကို ကမ္ဘာ ပေါ်ရှိလူမျိုးအပေါင်းတို့ကသိမြင်သဖြင့် သင်တို့ကိုကြောက်ရွံ့ကြလိမ့်မည်။-
11 Yahweh te comblera de biens, en multipliant le fruit de tes entrailles, le fruit de tes troupeaux et le fruit de ton sol, dans le pays que Yahweh a juré à tes pères de te donner.
၁၁ထာဝရဘုရားသည် သင်တို့ကိုပေးမည်ဟု ဘိုးဘေးတို့အားကတိထားတော်မူသော ပြည်တွင် သင်တို့၌သားသမီး၊ သိုးနွား၊ တိရစ္ဆာန် မြောက်မြားစွာရရှိစေတော်မူလိမ့်မည်။ အသီးအနှံပေါများစေတော်မူလိမ့်မည်။-
12 Yahweh t’ouvrira son bon trésor, le ciel, pour envoyer à ton pays la pluie en son temps, et pour bénir tout le travail de tes mains. Tu prêteras à beaucoup de nations, et tu n’emprunteras pas.
၁၂ကိုယ်တော်ရှင်သည်မိုးကောင်းကင်ကိုဖွင့်၍ ရာသီအလိုက်မိုးကိုရွာစေလျက်သင်လုပ် ဆောင်သမျှကိုအောင်မြင်စေတော်မူသဖြင့် သင်တို့သည်နိုင်ငံများစွာတို့အားချေးငှား ရလိမ့်မည်။ သို့ရာတွင်သင်တို့သည်မည်သည့် နိုင်ငံထံမှချေးယူရန်လိုမည်မဟုတ်။-
13 Yahweh te mettra à la tête, et non à la queue; tu seras toujours en haut, et tu ne seras jamais en bas, si tu obéis aux commandements de Yahweh, ton Dieu, que je te prescris aujourd’hui, si tu les observes et les mets en pratique,
၁၃သင်တို့အားငါယနေ့ဆင့်ဆိုသောပညတ် များကိုတစ်သဝေမတိမ်းလိုက်နာစောင့်ထိန်း လျှင် သင်တို့သည်နိုင်ငံများ၏နောက်လိုက်မဖြစ် ဘဲခေါင်းဆောင်နေရာ၌နေရလိမ့်မည်။ သင် တို့သည်စီးပွားမကျဆင်းဘဲ အစဉ်အမြဲ တိုးတက်လိမ့်မည်။-
14 et si tu ne t’écartes, ni à droite ni à gauche, de tous les commandements que je vous prescris aujourd’hui, pour aller après d’autres dieux et les servir.
၁၄ထို့ကြောင့်သင်တို့သည်ဤပညတ်များကို တစ်သဝေမတိမ်းလိုက်နာစောင့်ထိန်းရမည်။ အခြားသောဘုရားများကိုလည်းမကိုး ကွယ်မဆည်းကပ်ရ။
15 Mais si tu n’obéis pas à la voix de Yahweh, ton Dieu, pour observer et mettre en pratique tous ses commandements et toutes ses lois que je te prescris aujourd’hui, voici toutes les malédictions qui viendront sur toi et t’atteindront:
၁၅``ယနေ့သင်တို့အားငါဆင့်ဆိုသောထာဝရ ဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းမလိုက်နာမစောင့်ထိန်းလျှင် သင်တို့ အပေါ်၌အောက်ပါအမင်္ဂလာများသက် ရောက်စေတော်မူမည်။
16 Tu seras maudit dans la ville et tu seras maudit dans les champs.
၁၆``ထာဝရဘုရားသည် သင်တို့၏မြို့များနှင့် လယ်များကိုကျိန်စာသင့်စေတော်မူမည်။
17 Seront maudites ta corbeille et ta huche.
၁၇``ထာဝရဘုရားသည် သင်တို့၏ကောက်ပဲသီးနှံ နှင့် ၎င်းမှရသောအစားအစာတို့ကိုကျိန်စာ သင့်စေတော်မူမည်။
18 Seront maudits le fruit de tes entrailles, le fruit de ton sol, les portées de ton gros et de ton menu bétail.
၁၈``ထာဝရဘုရားသည် သင်တို့တွင်သားသမီး အနည်းငယ်မျှသာထွန်းကားစေရန်လည်း ကောင်း၊ သင်တို့၏ကောက်ပဲသီးနှံကိုညံ့ဖျင်း စေရန်လည်းကောင်း၊ သိုးနွားအနည်းငယ်မျှ ကိုသာရရှိစေရန်လည်းကောင်း သင်တို့အား ကျိန်စာသင့်စေတော်မူမည်။
19 Tu seras maudit à ton entrée, et tu seras maudit à ta sortie.
၁၉``ထာဝရဘုရားသည် သင်တို့ပြုလေသမျှ ကိုကျိန်စာသင့်စေတော်မူမည်။-
20 Yahweh enverra contre toi la malédiction, le trouble et la menace, dans tout ce que tu entreprendras de faire, jusqu’à ce que tu sois détruit et jusqu’à ce que tu périsses bientôt, à cause de la perversité de tes actions, par lesquelles tu m’auras abandonné.
၂၀``သင်တို့သည်ဒုစရိုက်ကိုပြု၍ ထာဝရ ဘုရားကိုစွန့်ပယ်လျှင် သင်တို့ဆောင်ရွက် သမျှတို့၏အကျိုးဆက်များမှာပျက်စီး ဆုံးရှုံးခြင်း၊ သောကဗျာပါဒနှင့်ဆင်းရဲ ဒုက္ခများဖြစ်လိမ့်မည်။ သို့ဖြစ်၍သင်တို့သည် လျင်မြန်စွာသေကြေပျက်စီးရလိမ့်မည်။-
21 Yahweh attachera à toi la peste, jusqu’à ce qu’elle t’ait consumé de dessus la terre où tu vas entrer pour la posséder.
၂၁သင်တို့တွင်ကပ်ရောဂါတစ်မျိုးနောက်တစ်မျိုး ကျရောက်သဖြင့် သင်တို့ဝင်ရောက်သိမ်းယူ မည့်ပြည်၌တစ်ယောက်မကျန်သေကြေ ပျက်စီးရလိမ့်မည်။-
22 Yahweh te frappera de langueur, de fièvre, d’inflammation, de chaleur brûlante, de sécheresse, de charbon et de nielle, fléaux qui te poursuivront jusqu’à ce que tu périsses.
၂၂ထာဝရဘုရားသည် သင်တို့တွင်ကူးစက် တတ်သောဖောရောင်၍ဖျားသောရောဂါ များကျရောက်စေလိမ့်မည်။ မိုးခေါင်ခြင်း၊ လေပူတိုက်ခတ်ခြင်းဒဏ်တို့ကြောင့်သင် တို့၏အသီးအနှံများလည်းပျက်စီး ရလိမ့်မည်။ သင်တို့သေကြေပျက်စီးသည့် တိုင်အောင် ဤဘေးဒုက္ခများနှင့်တွေ့ကြုံ ရလိမ့်မည်။-
23 Ton ciel sur ta tête sera d’airain, et la terre sous tes pieds sera de fer.
၂၃မိုးမရွာသဖြင့်သင်တို့၏မြေသည်သံ ကဲ့သို့မာကျောလာလိမ့်မည်။-
24 Yahweh enverra pour pluie à ton pays de la poussière et du sable qui descendront du ciel sur toi jusqu’à ce que tu sois détruit.
၂၄ထာဝရဘုရားသည် မိုးရွာစေမည့်အစား ဖုံမုန်တိုင်း၊ သဲမုန်တိုင်းများကျရောက်စေ သဖြင့်သင်တို့သည်သေကြေပျက်စီးကုန် ကြလိမ့်မည်။
25 Yahweh fera que tu sois battu devant tes ennemis; tu sortiras contre eux par un seul chemin, et par sept chemins tu fuiras devant eux, et tu seras un objet de terreur parmi tous les royaumes de la terre.
၂၅``ထာဝရဘုရားသည်သင်တို့၏ရန်သူ များအားအောင်ပွဲခံစေမည်။ သင်တို့သည် ရန်သူအားလမ်းတစ်လမ်းတည်းဖြင့်တိုက် ခိုက်ကြလျက် စစ်ရှုံးသဖြင့်လမ်းအသွယ် သွယ်ဖြင့်ထွက်ပြေးရကြလိမ့်မည်။-
26 Ton cadavre servira de pâture à tous les oiseaux du ciel et aux bêtes de la terre, et il n’y aura personne pour les effrayer.
၂၆သင်တို့သေဆုံးသောအခါငှက်များနှင့် သားရဲတိရစ္ဆာန်တို့က သင်တို့၏အသား ကိုစားကြလိမ့်မည်။ ထိုငှက်နှင့်သားရဲ တိရစ္ဆာန်များကိုမောင်းနှင်မည့်သူရှိလိမ့် မည်မဟုတ်။-
27 Yahweh te frappera de l’ulcère d’Égypte, d’hémorroïdes, de dartres et de gale, dont tu ne pourras guérir.
၂၇အီဂျစ်အမျိုးသားတို့ကဲ့သို့ သင်တို့၌အနာ စိမ်းရောဂါစွဲစေတော်မူမည်။ သင်တို့၏ကိုယ် ပေါ်တွင်အနာပေါက်စေတော်မူမည်။ သင်တို့ တွင်ဆေးကု၍မရသောဝဲခြောက်နာ၊ ယား နာများစွဲကပ်လိမ့်မည်။-
28 Yahweh te frappera de délire, d’aveuglement et d’égarement d’esprit;
၂၈သင်တို့တွင်စိတ်ဖောက်ပြန်ခြင်း၊ မျက်စိကွယ် ခြင်း၊ တွေဝေခြင်းစသည့်အဖြစ်ဆိုးများ နှင့်တွေ့ကြုံရလိမ့်မည်။-
29 tu tâtonneras en plein midi, comme l’aveugle dans l’obscurité; tu ne réussiras pas dans tes voies; tu seras tous les jours opprimé et dépouillé, sans personne qui vienne à ton secours.
၂၉နေ့ခင်းကြောင်တောင်၌ပင်လျှင်စမ်းတဝါး ဝါးသွားရသောမျက်မမြင်ကဲ့သို့ သင်တို့ သည်လမ်းကိုရှာမတွေ့ဖြစ်လိမ့်မည်။ လုပ် ဆောင်သမျှတို့၌အောင်မြင်လိမ့်မည်မဟုတ်။ သင်တို့သည်သူတစ်ပါး၏နှိပ်စက်ခြင်း၊ လု ယူခြင်းကိုအမြဲခံရလျက်မည်သူကမျှ သင်တို့အားကယ်မည်မဟုတ်။
30 Tu te fianceras à une femme, et un autre la possédera; tu bâtiras une maison, et tu ne l’habiteras pas; tu planteras une vigne, et tu n’en jouiras pas.
၃၀``သင်နှင့်လက်ထပ်ရန်စေ့စပ်ထားသောမိန်းမ ကို အခြားသူတစ်ယောက်ကမယားအဖြစ် ပေါင်းသင်းလိမ့်မည်။ သင်သည်အိမ်ကိုဆောက် သော်လည်းထိုအိမ်တွင်မနေရ။ စပျစ်ဥယျာဉ် ကိုစိုက်သော်လည်းအသီးကိုမစားရ။-
31 Ton bœuf sera égorgé sous tes yeux, et tu n’en mangeras pas; ton âne sera enlevé de devant toi, et on ne te le rendra pas; tes brebis seront livrées à tes ennemis, et personne ne viendra à ton secours.
၃၁သင်၏နွားကိုသင့်မျက်စိရှေ့တွင်သတ်သော် လည်း သင်သည်အသားကိုမစားရ။ သင်၏ မြည်းများခိုးယူသွားသည်ကိုမျက်စိဖြင့် မြင်ရသော်လည်း မြည်းများကိုပြန်မရ။ သင်၏သိုးများရန်သူ့လက်သို့ကျရောက် လိမ့်မည်။ သို့ရာတွင်သင့်အားကူညီမည့် သူရှိလိမ့်မည်မဟုတ်။-
32 Tes fils et tes filles seront livrés à un autre peuple; tes yeux le verront et languiront tout le jour après eux, et ta main sera impuissante.
၃၂သင်၏မျက်မှောက်တွင်သင်၏သားသမီး များကို လူမျိုးခြားသားတို့ကကျွန် အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြလိမ့် မည်။ နေ့စဉ်သင်သည်သားသမီးများ ပြန်ရောက်လာနိုးနိုးဖြင့်မျှော်သော်လည်း မျက်စိညောင်းရုံသာရှိမည်။-
33 Le fruit de ton sol et tout le produit de ton travail, un peuple que tu n’as pas connu le mangera, et tu seras opprimé et écrasé tous les jours.
၃၃သင်တို့ပင်ပန်းကြီးစွာစိုက်ပျိုးရသော အသီးအနှံအားလုံးကို အခြားတစ်နိုင်ငံ သားတို့ကသိမ်းယူလိမ့်မည်။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုအမြဲခံရရုံမှ တစ်ပါး မည်သည့်အကျိုးအမြတ်ကိုမျှ ခံစားရလိမ့်မည်မဟုတ်။-
34 Tu deviendras fou à la vue des choses que tu verras de tes yeux.
၃၄သင်တို့ခံရသောဆင်းရဲဒုက္ခကြောင့်သင် တို့ရူးသွပ်ကြလိမ့်မည်။-
35 Yahweh te frappera aux genoux et aux cuisses d’un ulcère malin, dont tu ne pourras guérir; il te couvrira depuis la plante du pied jusqu’au sommet de la tête.
၃၅သင်တို့၏ခြေထောက်များတွင်နာကျင်၍ မပျောက်နိုင်သောအနာများပေါက်လိမ့်မည်။ သင်၏တစ်ကိုယ်လုံးတွင်အနာစိမ်းများ ပေါက်လိမ့်မည်။
36 Yahweh te fera marcher, toi et ton roi que tu auras mis à ta tête, vers une nation que tu n’auras pas connue, ni toi, ni tes pères, et là tu serviras d’autres dieux, du bois et de la pierre,
၃၆``ထာဝရဘုရားသည်သင်တို့နှင့်သင်တို့ ၏ဘုရင်ကို သင်တို့နှင့်သင်တို့၏ဘိုးဘေး များမရောက်ဘူးသောနိုင်ငံရပ်ခြားသို့ ဖမ်းဆီးခေါ်ဆောင်သွားစေတော်မူလိမ့်မည်။ သင်တို့သည်ထိုပြည်တွင်သစ်သားနှင့် ကျောက်နှင့်ထုလုပ်သောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
37 et tu deviendras un sujet d’étonnement, de fable et de raillerie, parmi tous les peuples chez lesquels Yahweh te mènera.
၃၇သင်တို့ကိုအပြည်ပြည်သို့ကွဲလွင့်စေတော် မူသောအခါ ယင်းပြည်သားတို့သည်သင် တို့၏အဖြစ်ကိုမြင်၍ထိတ်လန့်ကြလိမ့် မည်။ သင်တို့အားပြောင်လှောင်သရော်ကဲ့ရဲ့ ရှုတ်ချကြလိမ့်မည်။
38 Tu porteras sur ton champ beaucoup de semence, et tu recueilleras peu, car les sauterelles la dévoreront.
၃၈``သင်တို့သည်မျိုးစေ့များစွာကြဲသော် လည်းထွက်လာသော အသီးအနှံများကို ကျိုင်းကောင်များကိုက်စားသောကြောင့် အနည်းငယ်မျှသာရိတ်သိမ်းရလိမ့်မည်။-
39 Tu planteras des vignes et tu les cultiveras, et tu ne boiras pas de vin et tu ne récolteras rien, car les vers les mangeront.
၃၉သင်တို့သည်စပျစ်ဥယျာဉ်များစိုက်ပျိုး ပြုစုသော်လည်း စပျစ်နွယ်များကိုပိုးကိုက် သဖြင့်စပျစ်သီးကိုမစားရ။ စပျစ်ရည်ကို လည်းမသောက်ရ။-
40 Tu auras des oliviers sur tout ton territoire, et tu ne t’oindras pas d’huile, car tes olives tomberont.
၄၀သင်တို့နေထိုင်ရာပြည်တွင်သံလွင်ပင်များ အနှံ့အပြားပေါက်လျက်ရှိမည်ဖြစ်သော် လည်း အသီးများကြွေကျကုန်သဖြင့်သင် တို့သည်သံလွင်သီးကိုမရနိုင်။-
41 Tu engendreras des fils et des filles, et ils ne seront pas à toi, car ils iront en captivité.
၄၁သင်တို့တွင်သားသမီးများပေါက်ဖွားမည် ဖြစ်သော်လည်း ရန်သူကသူတို့ကိုသုံ့ပန်း အဖြစ်ဖမ်းဆီးသွားမည်ဖြစ်သောကြောင့် သင်တို့သည်သားမဲ့သမီးမဲ့ဖြစ်လိမ့်မည်။-
42 Les insectes s’empareront de tous tes arbres et des fruits de ton sol.
၄၂သင်တို့၏သစ်ပင်နှင့်ကောက်ပဲသီးနှံရှိသမျှ တို့သည် ပိုးကျ၍ပျက်စီးကုန်လိမ့်မည်။
43 L’étranger qui vit au milieu de toi s’élèvera de plus en plus au-dessus de toi, tandis que toi, tu descendras toujours plus bas;
၄၃``သင်တို့ပြည်တွင်နေထိုင်သောလူမျိုးခြား သားတို့သည် ဂုဏ်အသရေတိုးမြင့်သည်ထက် တိုးမြင့်၍ သင်တို့မှာမူကားဂုဏ်အသရေ ကျဆင်းလာလိမ့်မည်။-
44 il te prêtera, et tu ne lui prêteras pas: il sera en tête, et tu seras à la queue.
၄၄သူတို့သည်သင်တို့အားငွေချေးနိုင်ကြမည် ဖြစ်သော်လည်း သင်တို့၌မူကားသူတို့အား ချေးနိုင်စွမ်းရှိမည်မဟုတ်။ သူတို့သည်သင် တို့၏ခေါင်းဆောင်များဖြစ်၍ သင်တို့သည် သူတို့၏တပည့်များဖြစ်ကြလိမ့်မည်။
45 Toutes ces malédictions viendront sur toi, elles te poursuivront et t’atteindront, jusqu’à ce que tu sois détruit, parce que tu n’auras pas obéi à la voix de Yahweh, ton Dieu, pour observer ses lois et ses commandements qu’il t’a prescrits.
၄၅``သင်တို့တွင်ဤဘေးဒဏ်များကျရောက် လိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကိုမနာခံ၊ ကိုယ်တော် ၏ပညတ်တော်များကိုမစောင့်ထိန်းလျှင် သင်တို့သေကြေပျက်စီးသည့်တိုင်အောင် ဤကဲ့သို့သောဘေးဒဏ်များနှင့်တွေ့ကြုံ ရလိမ့်မည်။-
46 Elles seront pour toi un signe et un prodige, et pour ta postérité à jamais.
၄၆ထိုဘေးဒဏ်အပေါင်းကျရောက်လာလျှင် ယင်း တို့သည်ထာဝရဘုရား၏တရားစီရင်တော် မူချက်ဖြစ်ကြောင်း သင်နှင့်သင်၏အဆက် အနွယ်များအစဉ်အမြဲမှတ်သားထား ရမည်။-
47 Parce que tu n’auras pas servi Yahweh, ton Dieu, avec joie et de bon cœur, en retour de l’abondance de toutes choses,
၄၇ထာဝရဘုရားသည်သင်တို့အားကောင်း ချီးမင်္ဂလာအမျိုးမျိုးကိုချပေးသော်လည်း သင်တို့သည်ကိုယ်တော်၏အမှုတော်ကို ဝမ်းမြောက်ရွှင်လန်းစွာမဆောင်ရွက်ကြ။-
48 tu serviras, dans la faim, dans la soif, dans la nudité, dans la disette de toutes choses, tes ennemis que Yahweh enverra contre toi; il mettra un joug de fer sur ton cou, jusqu’à ce qu’il t’ait détruit.
၄၈သို့ဖြစ်၍သင်တို့ကိုတိုက်ခိုက်ရန် ထာဝရ ဘုရားစေလွှတ်သောရန်သူ၏အမှုကိုသင် တို့ထမ်းရလိမ့်မည်။ သင်တို့သည်စားရေး၊ သောက်ရေး၊ ဝတ်ရေးမှစ၍အရာရာ၌ချို့ တဲ့လျက်ရှိကြလိမ့်မည်။ သင်တို့သေကြေ ပျက်စီးသည့်တိုင်အောင် ရန်သူများသည် သင်တို့အားညှင်းဆဲနှိပ်စက်လိမ့်မည်။-
49 Yahweh fera partir contre toi de loin, des extrémités de la terre, une nation à la marche rapide comme le vol de l’aigle, nation dont tu n’entendras pas le langage,
၄၉ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-
50 nation à l’aspect farouche, qui n’aura ni égards pour le vieillard, ni pitié pour l’enfant.
၅၀သင်တို့အားကြီးငယ်မဟူမည်သူ့ကိုမျှ သနားညှာတာလိမ့်မည်မဟုတ်။-
51 Elle dévorera le fruit de tes troupeaux et le fruit de ton sol, jusqu’à ce que tu sois détruit; elle ne te laissera ni blé, ni vin nouveau, ni huile, ni les portées de ton gros et de ton menu bétail, jusqu’à ce qu’elle t’ait fait périr.
၅၁သူတို့သည်သင်တို့၏အစားအစာဖြစ် သောသိုးနွားများနှင့် အသီးအနှံများကို စားသုံးကြသဖြင့်သင်တို့သည်အစာငတ် ၍သေကြေပျက်စီးကြလိမ့်မည်။ သင်တို့၏ စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သိုးနွားတို့ ကိုအကုန်စားသုံးလိုက်ကြသဖြင့် သင် တို့အစာငတ်၍သေရကြလိမ့်မည်။-
52 Elle t’assiégera dans toutes tes portes, jusqu’à ce que tombent dans tout ton pays tes murailles, hautes et fortes, dans lesquelles tu auras mis ta confiance; elle t’assiégera dans toutes tes portes, dans tout le pays que Yahweh, ton Dieu, t’aura donné.
၅၂သူတို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ပေးသနားတော်မူမည့်ပြည်တွင်မြို့ ရှိသမျှကိုတိုက်ခိုက်သဖြင့် သင်တို့လုံခြုံ ပြီဟုစိတ်ချရသောမြင့်မားခိုင်ခံ့သည့် မြို့ရိုးတို့သည်ပြိုကျကုန်လိမ့်မည်။
53 Tu mangeras le fruit de tes entrailles, la chair de tes fils et de tes filles que Yahweh, ton Dieu, t’aura donnés, tant sera grande l’angoisse et la détresse où te réduira ton ennemi.
၅၃``ရန်သူတို့သည် သင်တို့၏မြို့များကိုဝိုင်း၍ တပ်ချထားသောအခါ သင်တို့သည်ဆာလောင် ငတ်မွတ်လှသဖြင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသောသား သမီးများ၏အသားကိုပင်လျှင်စားကြ လိမ့်မည်။-
54 L’homme d’entre vous le plus délicat et le plus habitué au luxe regardera d’un œil jaloux son frère, la femme qui repose sur son sein et le reste de ses enfants qu’il aura épargnés;
၅၄ယင်းသို့မြို့ကိုရန်သူပိုင်ထားစဉ်ဆာလောင် ငတ်မွတ်သောသူသည် ယဉ်ကျေးသောသူပင် ဖြစ်လင့်ကစား မိမိသားသမီး၏အသား ကိုစားလိမ့်မည်။ သူသည်မိမိညီအစ်ကို၊ ချစ် သောဇနီး၊ ကျန်သောသားသမီးတို့အား ထိုအသားကိုဝေမျှ၍စားမည်မဟုတ်။-
55 il ne donnera à aucun d’eux de la chair de ses enfants dont il se nourrira, parce qu’il ne lui restera plus rien, tant seront grandes l’angoisse et la détresse où te réduira ton ennemi dans toutes tes portes.
၅၅
56 La femme d’entre vous la plus délicate et la plus habituée au luxe, trop tendre et trop délicate pour essayer de poser à terre la plante de son pied, regardera d’un œil jaloux le mari qui reposait sur son sein, ainsi que son fils et sa fille,
၅၆ယဉ်ကျေးသိမ်မွေ့၍ဥစ္စာပစ္စည်းကြွယ်ဝသဖြင့် မြေကိုခြေနှင့်မနင်းဘူးသောအမျိုးသမီး သည်ပင် မြို့ကိုရန်သူများဝိုင်း၍အစားအစာ ပြတ်လပ်သောအခါ မိမိမွေးစကလေး၏ အသားနှင့်အချင်းကိုလျှို့ဝှက်စွာစားကြ လိမ့်မည်။ ထိုကလေး၏အသားနှင့်အချင်း ကို မိမိချစ်သောခင်ပွန်းနှင့်သားသမီး တို့အားဝေမျှ၍စားမည်မဟုတ်၊
57 à cause de l’arrière-faix sorti d’entre ses pieds et de ses enfants qu’elle aura mis au monde; car, manquant de tout, elle s’en nourrira en secret, tant sera grande l’angoisse et la détresse où te réduira ton ennemi dans tes portes.
၅၇
58 Si tu n’as pas soin de mettre en pratique toutes les paroles de cette loi, écrites dans ce livre, craignant ce nom glorieux et redoutable: Yahweh, ton Dieu,
၅၈``သင်တို့သည်ဤကျမ်းတွင်ရေးထားသော ထာဝရဘုရား၏ပညတ်တော်အားလုံး ကို တစ်သဝေမတိမ်းမလိုက်နာလျှင်သော် လည်းကောင်း၊ သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အံ့သြကြောက်မက်ဖွယ်ကောင်း သောနာမတော်ကို မရိုသေကြလျှင်သော် လည်းကောင်း၊-
59 — Yahweh rendra extraordinaires tes plaies et les plaies de ta postérité, plaies grandes et continues, maladies graves et opiniâtres.
၅၉ကိုယ်တော်သည်သင်တို့နှင့်သင်တို့၏အဆက် အနွယ်တို့၌ ကုသ၍မရနိုင်သောရောဂါ ဆိုးများနှင့်ကြောက်မက်ဖွယ်ကောင်းသော ကပ်ရောဂါများကျရောက်စေတော်မူမည်။-
60 Il fera revenir sur toi toutes les maladies d’Égypte, devant lesquelles tu tremblais, et elles s’attacheront à toi.
၆၀အီဂျစ်ပြည်တွင်သင်တို့တွေ့ကြုံခဲ့ရသော ကြောက်မက်ဖွယ်ရောဂါဆိုးများကို သင်တို့ ၌တစ်ဖန်ကျရောက်စေတော်မူသဖြင့် သင်တို့နာလန်ထူနိုင်လိမ့်မည်မဟုတ်။-
61 De plus, Yahweh fera venir sur toi toutes sortes de maladies et de plaies, qui ne sont pas écrites dans le livre de cette loi, jusqu’à ce que tu sois détruit.
၆၁ထာဝရဘုရား၏ပညတ်များနှင့်သြဝါဒ များပါရှိသော ဤကျမ်းတွင်ဖော်ပြခြင်း မရှိသည့်အခြားရောဂါနှင့်ကပ်ရောဂါ အမျိုးမျိုးကိုလည်း သင်တို့အပေါ်သို့ကျ ရောက်စေတော်မူသဖြင့်သင်တို့သေကြေ ပျက်စီးရလိမ့်မည်။-
62 Vous ne resterez plus qu’un petit nombre, après avoir été nombreux comme les étoiles du ciel, parce que tu n’auras pas obéi à la voix de Yahweh, ton Dieu.
၆၂သင်တို့သည်မိုးကောင်းကင်ရှိကြယ်များ ကဲ့သို့ အရေအတွက်များပြားကြသော် လည်း ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကိုမနာခံသောကြောင့် လူ နည်းစုမျှလောက်သာအသက်ရှင်၍ကြွင်း ကျန်လိမ့်မည်။-
63 De même que Yahweh prenait plaisir à vous faire du bien et à vous multiplier, ainsi Yahweh prendra plaisir à vous faire périr et à vous détruire; et vous serez arrachés de la terre où tu vas entrer pour la posséder.
၆၃ထာဝရဘုရားသည်သင်တို့အားကြီးပွား တိုးတက်စေရာ၌လည်းကောင်း၊ လူဦးရေ တိုးပွားများပြားစေရာ၌လည်းကောင်း၊ နှစ်သက်အားရတော်မူသည့်နည်းတူသင် တို့ကိုသုတ်သင်ဖျက်ဆီးရာ၌လည်း ကောင်း၊ အကျိုးနည်းဆုံးရှုံးစေရာ၌ လည်းကောင်း နှစ်သက်အားရတော်မူလိမ့် မည်။ သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်မှ သင်တို့အားထုတ်ပယ်တော်မူလိမ့်မည်။
64 Yahweh te dispersera parmi tous les peuples, d’une extrémité de la terre à l’autre, et là, tu serviras d’autres dieux que n’ont connus ni toi ni tes pères, du bois et de la pierre.
၆၄``ထာဝရဘုရားသည် သင်တို့အားကမ္ဘာတစ် စွန်းမှတစ်စွန်းတိုင်အောင် လူမျိုးအပေါင်းတို့ ထဲသို့ပျံ့နှံ့ကွဲလွင့်စေတော်မူလိမ့်မည်။ ထို အခါသင်တို့နှင့်သင်တို့ဘိုးဘေးတို့မကိုး ကွယ်ဘူးသောသစ်သား၊ သံတို့ဖြင့်ထုလုပ် သည့်ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ လိမ့်မည်။-
65 Parmi ces nations mêmes, tu ne seras pas tranquille, et il n’y aura pas un lieu de repos pour la plante de tes pieds; là Yahweh te donnera un cœur tremblant, des yeux éteints, et une âme languissante.
၆၅သင်တို့သည်ရောက်ရှိသောနေရာတွင်ငြိမ်း ချမ်းမှုကိုမရရှိနိုင်။ အတည်တကျနေ ထိုင်ရာအရပ်မရှိ။ထာဝရဘုရားသည် သင်တို့အားပူပင်သောကရောက်စေတော် မူမည်။ မျှော်လင့်ရာမဲ့ပြီးစိတ်ပျက်အား လျော့စေတော်မူမည်။-
66 Ta vie sera comme en suspens devant toi, tu trembleras la nuit et le jour, et tu ne croiras pas à ta vie.
၆၆သင်တို့သည်အသက်ဘေးနှင့်အစဉ်တွေ့ ကြုံနေရမည်။ နေ့ညမပြတ်ကြောက်ရွံ့ ထိတ်လန့်၍သေဘေးနှင့်အစဉ်ရင်ဆိုင် လျက်နေရမည်။-
67 Le matin tu diras: « Que ne suis-je au soir? » et le soir tu diras: « Que ne suis-je au matin? » — à cause de la crainte qui agitera ton cœur et des choses que tes yeux verront.
၆၇သင်တို့တွေ့မြင်နေရသမျှတို့ကြောင့် စိတ်တုန်လှုပ်ချောက်ချားလျက်ရှိလိမ့်မည်။ နံနက်တိုင်းသင်တို့သည်ညအချိန်ရောက် ပါစေဟူ၍လည်းကောင်း၊ ညနေတိုင်း၌ လည်းနံနက်အချိန်ရောက်ပါစေဟူ၍ လည်းကောင်းတမ်းတကြလိမ့်မည်။-
68 Et Yahweh te fera retourner sur des navires en Égypte, par le chemin dont je t’avais dit: « Tu ne le verras plus. » Et là vous vous offrirez en vente à vos ennemis, comme esclaves et comme servantes, et il n’y aura personne qui vous achète. »
၆၈ထာဝရဘုရားသည်သင်တို့အား အီဂျစ် ပြည်သို့နောက်တစ်ဖန်မပြန်စေရဟုမိန့် တော်မူခဲ့သော်လည်း သင်္ဘောများဖြင့်သင် တို့ကိုထိုပြည်သို့ပြန်လည်ပို့ဆောင်တော် မူလိမ့်မည်။ ထိုပြည်တွင်သင်တို့ကိုယ်ကို ရန်သူများထံ၌ကျွန်အဖြစ်ရောင်းသော် လည်း သင်တို့ကိုဝယ်ယူမည့်သူရှိလိမ့်မည် မဟုတ်'' ဟုဆင့်ဆိုလေ၏။