< Ruth 1 >
1 A l'époque où les juges jugeaient, il y eut une famine dans le pays. Un homme de Bethléem Juda alla s'installer dans le pays de Moab avec sa femme et ses deux fils.
၁တရား သူကြီးအုပ်စိုး သောကာလ ၊ တရံရောအခါ ဣသရေလပြည် ၌ အစာအာဟာရခေါင်းပါး ၍ ယုဒ ပြည် ဗက်လင် မြို့သား တယောက်သည်၊ မယား နှင့် သား နှစ် ယောက်ပါလျက် မောဘ ပြည် ၌ တည်းခို ခြင်းငှါ သွား ၏။
2 Cet homme s'appelait Elimélek et sa femme Naomi. Ses deux fils s'appelaient Mahlon et Chilion, Ephrathites de Bethléem Juda. Ils vinrent dans le pays de Moab et y habitèrent.
၂ထိုသူ ၏အမည် ကား ဧလိမလက်။ မယား အမည် ကား နောမိ။ သား နှစ် ယောက်အမည် ကား မဟာလုန် နှင့် ခိလျုန် တည်း။ သူတို့သည် ယုဒ ပြည်၊ ဗက်လင် မြို့၊ ဧဖရတ် အရပ်သားဖြစ်လျက် ၊ မောဘ ပြည် သို့သွား ၍ နေ ကြ၏။
3 Elimelech, le mari de Naomi, mourut et elle resta avec ses deux fils.
၃နောမိ ၏ခင်ပွန်း ဧလိမလက် သည်သေ ၍ မယား နှင့် သား နှစ် ယောက်တို့သည် ကျန်ရစ် ကြ၏။
4 Ils prirent pour eux des femmes parmi les femmes de Moab. Le nom de l'une était Orpa, et le nom de l'autre Ruth. Ils habitèrent là environ dix ans.
၄သားတို့သည်မောဘ ပြည်သူဩရပ နှင့် ရုသ အမည် ရှိသောမိန်းမ နှစ်ယောက်တို့နှင့် စုံဘက် ခြင်းကိုပြု၍ ၊ ထို ပြည်မှာ ဆယ် နှစ် ခန့် မျှနေ ပြီးမှ၊
5 Mahlon et Chilion moururent tous deux, et la femme fut privée de ses deux enfants et de son mari.
၅ထိုသား နှစ် ယောက် မဟာလုန် နှင့် ခိလျုန် တို့သည် သေ ၍ နောမိ သည်သား မရှိ ၊ ခင်ပွန်း လည်း မရှိ ကျန်ရစ် လေ၏။
6 Elle se leva avec ses belles-filles pour revenir du pays de Moab, car elle avait entendu dire, dans le pays de Moab, comment Yahvé avait visité son peuple en lui donnant du pain.
၆တဖန် ထာဝရဘုရား သည်မိမိ လူ တို့ကိုအကြည့် အရှုကြွ၍ မုန့် ကိုပေး သနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘ ပြည် ၌ ကြား သောအခါ ၊ မောဘ ပြည် မှ ပြန် သွားမည်ဟု ချွေးမ နှစ်ယောက်နှင့်အတူ ထ ၍၊
7 Elle sortit du lieu où elle se trouvait, et ses deux belles-filles avec elle. Elles prirent le chemin du retour vers le pays de Juda.
၇တည်းခိုရာအရပ် က ထွက် ပြီးလျှင် ယုဒ ပြည် သို့ ရောက် လိုသောငှါ သွား ကြ၏။
8 Naomi dit à ses deux belles-filles: « Allez, retournez chacune dans la maison de votre mère. Que Yahvé vous traite avec bonté, comme vous avez traité les morts et moi.
၈သို့ရာတွင် ချွေးမ နှစ် ယောက်တို့အား ၊ သင်တို့သည် ကိုယ်အမိ အိမ် သို့ ပြန် သွား ကြလော့။ သေလွန် သောသူ၌ ၎င်း၊ ငါ ၌ ၎င်း ၊ ကျေးဇူးပြု သည်နှင့်အညီ ၊ ထာဝရဘုရား သည် သင် တို့၌ ကျေးဇူး ပြု တော်မူပါစေသော။
9 Que Yahvé vous accorde de trouver du repos, chacune dans la maison de son mari. » Puis elle les embrassa, et ils élevèrent la voix et pleurèrent.
၉သင် တို့နှစ်ယောက်သည် နောက်ရသောလင် အိမ် ၌ချမ်းသာ စွာနေရမည်အကြောင်းထာဝရဘုရား ကယ်မ သနားတော်မူပါစေသောဟုဆိုလျက် သူ တို့ကို နမ်း လေ၏။ သူတို့သည်လည်း ၊ အသံ ကိုလွှင့် ၍ ငိုကြွေး လျက်၊
10 Ils lui dirent: « Non, mais nous retournerons avec toi dans ton peuple. »
၁၀အကယ် စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော် နှင့်အတူ ၊ ကိုယ်တော် ၏ အမျိုး ထံ သို့လိုက်သွား ပါမည်ဟု ဆို ကြ၏။
11 Naomi dit: « Retournez-y, mes filles. Pourquoi voulez-vous partir avec moi? Ai-je encore des fils dans mon sein, pour qu'ils soient vos maris?
၁၁နောမိ ကလည်း ၊ ငါ့ သမီး တို့ပြန် သွားကြလော့။ ငါ နှင့်အတူ အဘယ်ကြောင့် လိုက် ရမည်နည်း။ သင် တို့လင် လျှာဘို့ ငါ ၏ဝမ်း ၌ သား ရှိသေးသလော။
12 Repartez, mes filles, allez votre chemin, car je suis trop vieille pour avoir un mari. Si je disais: « J'ai de l'espoir », si j'avais un mari cette nuit, et si j'avais aussi des fils,
၁၂ငါ့ သမီး တို့ပြန် သွားကြလော့။ ငါသည်အသက် အရွယ်လွန်၍လင် နှင့် မနေ သင့်။ သို့မဟုတ်မြော်လင့် စရာရှိသေးသည်ဟုငါဆို လျှင် ၎င်း၊ ယနေ့ည မှာလင် နေလျှင်၎င်း၊ သား တို့ကိုလည်း ဘွားမြင် လျှင်၎င်း၊
13 attendriez-vous qu'ils soient grands? Vous abstiendriez-vous d'avoir des maris? Non, mes filles, car cela m'afflige beaucoup à cause de vous, car la main de Yahvé s'est levée contre moi. »
၁၃ထိုသားတို့သည်ကြီးပွား သည်တိုင်အောင် ငံ့ နေလိမ့်မည်လော။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည်လော။ ငါ့ သမီး တို့ထိုသို့မ ဖြစ် ရ။ ထာဝရဘုရား လက် တော်သည် ငါ ၌ ကန့်လန့် ရှိသည်ကို သင် တို့အတွက် ငါအလွန်ကြင်နာသောစိတ် ရှိသည်ဟုဆိုလေသော်၊
14 Elles élevèrent la voix et pleurèrent de nouveau; puis Orpa embrassa sa belle-mère, mais Ruth resta avec elle.
၁၄သူတို့သည်တဖန် အသံ ကိုလွှင့် ၍ ငိုကြွေး ကြ၏။ ထိုအခါ ဩရပ သည်ယောက္ခမ ကို နမ်း ၍မိမိအမျိုးသားတို့ထံသွားသို့ပြန်သွား၏။ ရုသ မူကား ၊ ယောက္ခမ ၌ မှီဝဲ ဆည်းကပ်လျက်နေသေး၏။
15 Elle dit: « Voici, ta belle-sœur est retournée vers son peuple et vers son dieu. Suis ta belle-sœur. »
၁၅နောမိကလည်း၊ သင့် အစ်မ သည်အမျိုးသား ရင်းဘုရား ရင်းတို့ထံ သို့ပြန် သွားပြီ။ အစ်မ နောက် သို့ လိုက်သွား ပါဟုဆို သော်၊
16 Ruth dit: « Ne me pousse pas à te quitter et à ne plus te suivre, car là où tu iras, j'irai, et là où tu resteras, je resterai. Ton peuple sera mon peuple, et ton Dieu sera mon Dieu.
၁၆ရုသ က၊ ကျွန်မ သည် ကိုယ်တော် ကို မစွန့် ပါရစေနှင့်။ နောက် တော်သို့မလိုက်ဘဲ ပြန် သွားစေခြင်းငှါ မ ပြု ပါနှင့်။ ကိုယ်တော်သွား လေရာရာသို့ ကျွန်မလိုက် ပါမည်။ ကိုယ်တော်အိပ် လေရာရာ၌ ကျွန်မအိပ် ပါမည်။ ကိုယ်တော် အမျိုး သည် ကျွန်မ အမျိုး ၊ ကိုယ်တော် ဘုရား သည်ကျွန်မ ဘုရား ဖြစ်ပါစေ။
17 Là où tu mourras, je mourrai, et là je serai enterré. Que Yahvé me fasse ainsi, et plus encore, si quelque chose d'autre que la mort nous sépare, toi et moi. »
၁၇ကိုယ်တော်သေ ရာအရပ်၌ ကျွန်မသေ ၍ သင်္ဂြိုဟ် ခံပါမည်။ သေ ခြင်းမှတပါး ၊ အခြားသောအမှုကြောင့် ကိုယ်တော် နှင့် ကျွန်မ ကွာ လျှင်၊ ထာဝရဘုရား သည် ကျွန်မ ၌ ထို မျှမကပြု တော်မူ ပါစေသောဟုပြန်ဆို၏။
18 Lorsque Naomi vit qu'elle était décidée à partir avec elle, elle cessa de la presser.
၁၈ရုသ သည်လိုက် ခြင်းငှါ ခိုင်ခံ့ သောစိတ်ရှိသည်ကို နောမိသည်သိမြင် သော်တိတ်ဆိတ် စွာနေလေ၏။
19 Elles allèrent donc toutes deux jusqu'à ce qu'elles arrivent à Bethléem. Lorsqu'elles furent arrivées à Bethléem, toute la ville s'enthousiasma pour elles, et elles demandèrent: « Est-ce Naomi? »
၁၉ထိုသူ နှစ် ယောက်တို့သည်ခရီးသွား ၍ဗက်လင် မြို့သို့ရောက် သောအခါ ၊ တမြို့လုံး အုတ်အုတ် ကျက်ကျက်ဖြစ်၍၊ ဤ သူကားနောမိ ဟုတ်သလောဟုမေး ကြ၏။
20 Elle leur dit: « Ne m'appelez pas Naomi. Appelez-moi Mara, car le Tout-Puissant s'est montré très amer envers moi.
၂၀သူကလည်းနောမိ ဟူ၍မ ခေါ် ပါနှင့်။ မာရ ဟူ၍ခေါ် ပါ။ အနန္တ တန်ခိုးရှင်သည် ငါ့ အား အလွန် ခါး သောအရာကိုပေးတော်မူပြီ။
21 Je suis sortie pleine, et Yahvé m'a ramenée à vide. Pourquoi m'appelez-vous Naomi, puisque Yahvé a témoigné contre moi et que le Tout-Puissant m'a affligée? ».
၂၁ငါ သည်ကြွယ်ဝ ပြည့်စုံလျက်ထွက်သွား ၏။ ယခုမူကား ဆင်းရဲ လျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရား သည် ငါ့ ကိုပို့ပြန် တော်မူပြီ။ ထာဝရဘုရား သည် ငါ့ ကို နှိမ့်ချ၍ အနန္တ တန်ခိုးရှင်သည် ငါ့ ကို ဆင်းရဲ စေတော်မူသည်ဖြစ်၍၊ နောမိ အမည်ဖြင့် အဘယ်ကြောင့် ငါ့ ကို ခေါ် ကြသနည်းဟု ပြန်ပြော ၏။
22 Naomi s'en retourna donc, et Ruth la Moabite, sa belle-fille, avec elle, qui était revenue du pays de Moab. Elles arrivèrent à Bethléem au début de la récolte de l'orge.
၂၂ထိုသို့ မောဘ ပြည် မှ လိုက်လာ သောမောဘ ပြည်သူချွေးမ ရုသ နှင့်အတူ နောမိ သည်ပြန် လာ၍ ၊ မုယော စပါးကိုရိတ် စ ကာလ၌ ဗက်လင် မြို့သို့ရောက် ကြ၏။