< Psaumes 77 >
1 Pour le chef musicien. À Jeduthun. Un psaume d'Asaph. Mon cri va vers Dieu! En effet, je crie à l'aide de Dieu, et qu'il m'écoute.
၁ငါ သည် ဘုရား သခင့်ထံသို့ အသံ ကို လွှင့်၍ အော်ဟစ် ၏။ ဘုရား သခင့်ထံသို့ အသံ ကိုလွှင့်၍ ဘုရားသခင်သည် ငါ့ စကားကို နားထောင် တော်မူလိမ့်မည်။
2 Au jour de ma détresse, j'ai cherché l'Éternel. Ma main a été tendue dans la nuit, et ne s'est pas fatiguée. Mon âme a refusé d'être réconfortée.
၂ဘေး ရောက်သည်ကာလ ၌ ငါ သည် ထာဝရ ဘုရား ကို ရှာ ရ၏။ ညဉ့် အချိန်၌ ပင်လက် ကို ဆန့် လျက် နေရ၏။ ငါ့ ဝိညာဉ် သည် သက်သာ ခြင်းကို ငြင်းပယ် ၏။
3 Je me souviens de Dieu, et je gémis. Je me plains, et mon esprit est accablé. (Selah)
၃ဘုရား သခင်ကို အောက်မေ့ ၍ စိတ်ပူပန် ခြင်းရှိ၏။ ဆင်ခြင် ၍ စိတ် ပျက် ခြင်းသို့ ရောက်တတ်၏။
4 Tu tiens mes paupières ouvertes. Je suis tellement troublé que je ne peux pas parler.
၄မျက်စိ မှိတ် ၍ မပျော်နိုင်။ လှုပ်ရှား ခြင်းရှိသောကြောင့် နှုတ် မ မြွက်နိုင်။
5 J'ai considéré les jours d'autrefois, les années des temps anciens.
၅လွန် လေပြီးသော နေ့ရက် ကို၎င်း၊ ရှေး ကာလ ကို ၎င်းအောက်မေ့ ၏။
6 Je me souviens de ma chanson dans la nuit. Je considère dans mon propre cœur; mon esprit s'enquiert diligemment:
၆ညဉ့် အခါ၌ လည်း ငါသည် ကိုယ် သီချင်း ကို ဆင်ခြင် ၍ ၊ ကိုယ် စိတ် နှလုံး နှင့် ဆွေးနွေး သဖြင့်၊ ငါ့ ဝိညာဉ် သည် စစ်ဆေး ခြင်းကို ပြု၏။
7 « Le Seigneur nous rejettera-t-il à jamais? Ne sera-t-il plus favorable?
၇ထာဝရ ဘုရားသည် အစဉ် စွန့်ပစ် တော်မူမည် လော ။ နောက် တဖန် ကျေးဇူး အလျှင်းမ ပြုဘဲ နေတော်မူ မည်လော။
8 Sa bonté s'est-elle évanouie pour toujours? Sa promesse échoue-t-elle pour des générations?
၈ကရုဏာ တော်သည် အစဉ် ကုန် ပြီလော။ ဂတိ တော် လည်း ကာလ အစဉ်အဆက်ပျက် လိမ့်မည်လော။
9 Dieu a-t-il oublié d'être gracieux? A-t-il, dans sa colère, retenu sa compassion? (Selah)
၉ဘုရား သခင်သည် သနား ခြင်းငှါမေ့လျော့ တော်မူသလော။ အမျက် ထွက်သဖြင့် စုံစမ်းခြင်းကရုဏာ တော် ကို ချုပ်တည်း တော်မူသလော။
10 Alors je me suis dit: « Je vais faire appel à cela: les années de la main droite du Très-Haut. »
၁၀ထိုသို့ ဆိုသော်ငါသည် ကိုယ် မိုက် ကြောင်းကို ဝန်ခံ ရ၏။ ဤ အမှုကား၊ အမြင့်ဆုံး သော ဘုရား၏ လက်ျာ လက်တော်နှင့် ပြုပြင်တော်မူခြင်းပေတည်း။
11 Je me souviendrai des œuvres de l'Éternel; car je me souviendrai de tes merveilles d'antan.
၁၁ထာဝရ ဘုရား၏ အမှုတော်တို့ကို အောက်မေ့ ပါမည်။ ရှေး ကာလ၌ ကိုယ်တော် ပြုဘူးသော အံ့ဩ ဘွယ် တို့ကို အောက်မေ့ ပါမည်။
12 Je méditerai aussi sur toute ton œuvre, et considérez vos actions.
၁၂ပြု တော်မူသမျှ တို့ကို ဆင်ခြင် ၍ စီရင် တော်မူသော အရာတို့ကို မြွက် ဆိုပါမည်။
13 Ton chemin, Dieu, est dans le sanctuaire. Quel dieu est grand comme Dieu?
၁၃အိုဘုရား သခင်၊ ကိုယ်တော် ၏ လမ်း သည် သန့်ရှင်း ခြင်းနှင့် ယှဉ်ပါ၏။ ဘုရား သခင်ကဲ့သို့ အဘယ် မည်သော ဘုရား သည် ကြီးမြတ် သနည်း။
14 Tu es le Dieu qui fait des merveilles. Tu as fait connaître ta force parmi les peuples.
၁၄ကိုယ်တော် သည် အံ့ဘွယ် သော အမှုတို့ကို ပြု တတ်သော ဘုရား ဖြစ်တော်မူ၏။ လူမျိုး တို့တွင် တန်ခိုး တော်ကို ပြ တော်မူပြီ။
15 Tu as racheté ton peuple par ton bras, les fils de Jacob et de Joseph. (Selah)
၁၅ကိုယ်တော် ၏ လူ တည်းဟူသောယာကုပ် နှင့် ယောသပ် ၏အမျိုး ကို လက်ရုံး တော်နှင့် ကယ်နှုတ် တော်မူပြီ။
16 Les eaux t'ont vu, Dieu. Les eaux t'ont vu, et elles se sont tordues. Les profondeurs se sont également convulsées.
၁၆အို ဘုရား သခင်၊ ရေ တို့သည် ကိုယ်တော် ကို မြင် ကြပါ၏။ ရေ တို့သည် ကိုယ်တော် ကို မြင် ၍ ကြောက်ရွံ့ ကြပါ၏။ ရေနက်နဲ ရာအရပ်တို့လည်း လှုပ်ရှား ကြပါ၏။
17 Les nuages ont versé de l'eau. Les cieux ont résonné du tonnerre. Vos flèches ont aussi volé autour.
၁၇မိုဃ်းတိမ် တို့သည် ရေ ကို သွန်းလောင်း ၍၊ မိုဃ်း ကောင်းကင်တို့လည်း အသံ ဗလံပြု ကြပါ၏။ ကိုယ်တော် ၏ မြှား တို့သည် အရပ်ရပ်သို့ ရောက် ကြပါ၏။
18 La voix de ton tonnerre était dans le tourbillon. Les éclairs ont illuminé le monde. La terre a tremblé et a été secouée.
၁၈ကိုယ်တော် ၏ မိုဃ်းကြိုး သံ သည် လေဘွေ ၌ ပါ၍၊ လျှပ်စစ် ပြက်သဖြင့်၊ လောက ကို လင်း စေပါ၏။ မြေကြီး သည်လည်း တုန် လှုပ် ပါ၏။
19 Ton chemin était à travers la mer, vos chemins à travers les grandes eaux. Vos pas n'étaient pas connus.
၁၉ကိုယ်တော် သည် သမုဒ္ဒရာ ၌ ကြွ တော်မူ၍ ၊ လမ်း ခရီးတော်သည် ကျယ်ဝန်း သော ရေ တွင် ရှိသဖြင့် ၊ ခြေ တော်ရာတို့သည် မ ထင်ရှား ကြပါ။
20 Tu as conduit ton peuple comme un troupeau, par la main de Moïse et d'Aaron.
၂၀မောရှေ နှင့် အာရုန် တို့လက် ဖြင့် ကိုယ်တော် ၏ လူ များတို့ကို သိုးစု ကဲ့သို့ ပို့ဆောင် တော်မူ၏။