< Lévitique 9 >
1 Le huitième jour, Moïse appela Aaron, ses fils et les anciens d'Israël.
၁အဋ္ဌမ နေ့ ၌ မောရှေ သည် အာရုန် နှင့် သူ ၏သား များ၊ ဣသရေလ အမျိုးအသက် ကြီးသူများတို့ကို ခေါ် ၍၊
2 Il dit à Aaron: « Prends un veau du troupeau pour le sacrifice pour le péché, et un bélier pour l'holocauste, sans défaut, et offre-les devant Yahvé.
၂အာရုန် အား ၊ သင် သည် အပြစ် ဖြေရာယဇ်ဘို့ အပြစ်မပါသော နွား သငယ် တကောင်၊ မီးရှို့ ရာ ယဇ်ဘို့ အပြစ် မပါသော သိုး ထီးတကောင်ကိုယူ ၍ ထာဝရဘုရား ရှေ့ တော်၌ ပူဇော် လော့။
3 Tu parleras aux enfants d'Israël et tu diras: « Prenez un bouc pour le sacrifice pour le péché, un veau et un agneau d'un an sans défaut pour l'holocauste,
၃ဣသရေလ အမျိုးသား တို့အား လည်း သင်တို့သည် အပြစ် ဖြေရာယဇ်ဘို့ ဆိတ် သငယ် တကောင်၊ မီး ရှို့ရာယဇ်ဘို့ အပြစ် မပါ အခါ မလည်သော နွား သငယ်တကောင်၊ သိုး သငယ်တကောင်
4 un taureau et un bélier pour le sacrifice d'actions de grâces, que vous offrirez devant Yahvé, et une offrande de farine mélangée d'huile, car aujourd'hui Yahvé vous apparaît ».
၄ထာဝရဘုရား ရှေ့ တော်၌ ပူဇော် သော မိဿဟာယ ယဇ်ဘို့ နွား ထီးတကောင်၊ သိုး ထီးတကောင်၊ ဆီ နှင့် ရော သော ဘောဇဉ်ပူဇော်သက္ကာ ကို ယူ ကြလော့။ ယနေ့ ထာဝရဘုရား သည် သင် တို့အား ထင်ရှား တော်မူမည်ကို ပြော လော့ဟု ဆို လေ၏။
5 Ils apportèrent devant la tente de la Rencontre ce que Moïse avait ordonné. Toute l'assemblée s'approcha et se tint debout devant l'Éternel.
၅မောရှေ မှာ ထားသောအရာတို့ကို ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ဆောင် ခဲ့ပြီးမှ ၊ ပရိသတ် အပေါင်း တို့သည် ချဉ်းကပ် ၍ ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြ၏။
6 Moïse dit: « Voici ce que l'Éternel vous a ordonné de faire, et la gloire de l'Éternel vous apparaîtra. »
၆မောရှေ ကလည်း ၊ သင်တို့သည် ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ဤသို့ ပြု ကြ၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် သင် တို့အား ထင်ရှား မည်ဟူ၍၎င်း၊
7 Moïse dit à Aaron: « Approche-toi de l'autel, offre ton sacrifice pour le péché et ton holocauste, et fais l'expiation pour toi et pour le peuple; offre l'offrande du peuple et fais l'expiation pour lui, comme Yahvé l'a ordonné. »
၇အာရုန် အား လည်း ၊ သင်သည် ယဇ် ပလ္လင်သို့ သွား ၍ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင် ၏ အပြစ် ဖြေရာယဇ်၊ မီး ရှို့ရာယဇ်ကို ပူဇော် သဖြင့် ၊ သင် နှင့် လူ များအတွက် အပြစ် ဖြေခြင်းကို ပြုလော့။ လူ များ ဆောင်ယူခဲ့သော ပူဇော် သက္ကာကိုလည်း ပူဇော် ၍ ၊ သူ တို့အတွက် အပြစ် ဖြေခြင်းကို ပြုလော့ဟူ၍၎င်း ဆိုလေ၏။
8 Aaron s'approcha de l'autel et tua le veau du sacrifice pour le péché, qui était pour lui.
၈အာရုန် သည်လည်း ၊ ယဇ် ပလ္လင်သို့ သွား ၍ မိမိ နှင့် ဆိုင်သော အပြစ် ဖြေရာယဇ် နွား သငယ်ကိုသတ် လေ၏။
9 Les fils d'Aaron lui présentèrent le sang; il trempa son doigt dans le sang, le mit sur les cornes de l'autel et versa le sang au pied de l'autel.
၉သူ၏ သား တို့လည်း အသွေး ကို ယူဆောင် ခဲ့သဖြင့် ၊ အာရုန်သည် မိမိ လက်ညှိုး ကို အသွေး ၌ နှစ် ၍ ယဇ် ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှ ၊ ကြွင်းသောအသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် လေ၏။
10 Mais il brûla sur l'autel la graisse, les rognons et la couverture du foie du sacrifice pour le péché, comme Yahvé l'avait ordonné à Moïse.
၁၀အပြစ် ဖြေရာ ယဇ်ကောင်ဆီဥ ၊ ကျောက်ကပ် ၊ အသည်း ပေါ် ၌ရှိသောအမြှေး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။ ထိုသို့ ထာဝရဘုရား သည် မောရှေ အားမှာ ထား တော်မူ၏။
11 Il brûla au feu la viande et la peau en dehors du camp.
၁၁အသား နှင့် အရေ ကို တပ် ပြင် မှာ မီး ရှို့ လေ၏။
12 Il égorgea l'holocauste; les fils d'Aaron lui remirent le sang, et il l'aspergea tout autour de l'autel.
၁၂မီး ရှို့ရာယဇ်ကောင်ကိုလည်း သတ် ၍ ၊ သူ၏သား တို့သည် အသွေး ကို ဆက် ပြီးလျှင် ၊ သူသည် ယဇ် ပလ္လင်အပေါ် ပတ်လည် ၌ ဖြန်း လေ၏။
13 Ils lui remirent l'holocauste, morceau par morceau, et la tête. Il les brûla sur l'autel.
၁၃သူတို့သည် မီး ရှို့ရာယဇ်ကောင်သားတစ် များနှင့် ခေါင်း ကိုဆက် ၍ ၊ သူသည် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။
14 Il lava les entrailles et les jambes, et les brûla sur l'autel, avec l'holocauste.
၁၄ဝမ်းထဲ ၌ရှိသောအရာများနှင့် ခြေ တို့ကို ဆေးကြော ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရာယဇ်နှင့်အတူ ရှို့ လေ၏။
15 Il présenta l'offrande du peuple; il prit le bouc du sacrifice pour le péché qui était pour le peuple, il l'égorgea et l'offrit pour le péché, comme le premier.
၁၅လူ များ ပူဇော် သက္ကာကိုလည်း ဆောင် ခဲ့၍ ၊ လူ များအပြစ် ဖြေရာယဇ်ဖြစ်သော ဆိတ် ကိုယူ သတ် ပြီးလျှင် ၊ ရှေ့ နည်းအတူအပြစ် အတွက် ပူဇော်လေ၏။
16 Il présenta l'holocauste et l'offrit selon l'ordonnance.
၁၆မီး ရှို့ရာ ယဇ်ကောင်ကိုလည်း ဆောင် ခဲ့၍ ၊ ထိုနည်းတူပူဇော် လေ၏။
17 Il présenta l'offrande de gâteau, dont il remplit sa main, et il la brûla sur l'autel, en plus de l'holocauste du matin.
၁၇ဘောဇဉ်ပူဇော်သက္ကာ ကိုလည်း ဆောင် ခဲ့ပြီးလျှင် ၊ တလက်ဆွန်းကိုယူ၍ ယဇ် ပလ္လင်၌ နံနက် မီး ရှို့ရာယဇ်နားမှာ မီး ရှို့လေ၏။
18 Il égorgea aussi le taureau et le bélier, le sacrifice d'actions de grâces, qui était pour le peuple. Les fils d'Aaron lui remirent le sang, qu'il répandit tout autour de l'autel;
၁၈လူ များအတွက် မိဿဟာယ ယဇ် နွား ထီး၊ သိုး ထီးကိုလည်း သတ် ၍ ၊ သူ၏ သား တို့သည် အသွေး ကို ဆက် ပြီးလျှင် ၊ သူသည် ယဇ် ပလ္လင်အပေါ် ပတ်လည် ၌ ဖြန်း လေ၏။
19 et la graisse du taureau et du bélier, la queue grasse, ce qui recouvre les entrailles, les rognons et ce qui recouvre le foie;
၁၉အမြီး နှင့်တကွ အအူကိုဖုံး သော ဆီဥ၊ ကျောက်ကပ် ၊ အသည်း အမြှေး တည်းဟူသောသိုး နွား ဆီဥ ကို၊
20 ils mirent la graisse sur les poitrines, et il brûla la graisse sur l'autel.
၂၀ရင်ပတ် ပေါ် မှာ တင် ၍ ယဇ် ပလ္လင်၌ မီး ရှို့လေ၏။
21 Aaron agita les poitrines et la cuisse droite en offrande par élévation devant Yahvé, comme Moïse l'avait ordonné.
၂၁ရင်ပတ် နှင့် လက်ျာ ပခုံး ကို ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ၍၊ ချီလွှဲ သော ပူဇော်သက္ကာကို ပြုလေ၏။ ထိုသို့ ပြုရမည်ဟု မောရှေ မှာ ထားသတည်း။
22 Aaron leva les mains vers le peuple et le bénit; puis il descendit de l'offrande pour le péché, de l'holocauste et du sacrifice d'actions de grâces.
၂၂အာရုန် သည် မိမိ လက် ကို လူ များရှေ့ သို့ ချီ လျက် ၊ ကောင်းကြီး ပေး၍ ၊ အပြစ် ဖြေရာယဇ်၊ မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ်ကို ပူဇော်ရာမှ ဆင်း လေ၏။
23 Moïse et Aaron entrèrent dans la tente de la Rencontre, en sortirent et bénirent le peuple; et la gloire de l'Éternel apparut à tout le peuple.
၂၃တဖန် မောရှေ နှင့် အာရုန် တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်ထဲ သို့ ဝင် ၍ ထွက် ပြီးမှ ၊ လူ များကို ကောင်းကြီး ပေးသဖြင့် ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် လူ များတို့အား ထင်ရှား လေ၏။
24 Le feu sortit de devant Yahvé et consuma l'holocauste et la graisse sur l'autel. Quand tout le peuple vit cela, il poussa des cris et tomba sur sa face.
၂၄ထာဝရဘုရား ထံ တော်မှ မီး ထွက် ၍ ယဇ် ပလ္လင်ပေါ် မှာရှိသော မီး ရှို့ရာယဇ်နှင့်ဆီဥ ကို လောင် လေ၏။ ထိုအကြောင်းအရာကို လူ များတို့သည် မြင် သောအခါ ကြွေးကြော် ၍ ပြပ်ဝပ် ကြ၏။