< Job 31 >

1 « J'ai fait un pacte avec mes yeux; comment dois-je alors regarder avec convoitise une jeune femme?
ငါသည်အပျို ကို မျှမကြည့်ရှု မည်အကြောင်း ၊ ကိုယ် မျက်စိ နှင့် ပဋိညာဉ် ဝန်ခံခြင်းကို ပြု ပြီ။
2 Car quelle est la part du Dieu d'en haut, et l'héritage du Tout-Puissant en haut?
သို့မဟုတ်အထက် အရပ်က ဘုရား သခင်သည်အဘယ် ကျေးဇူးကို၎င်း၊ မြင့် ရာအရပ်က အနန္တ တန်ခိုးရှင်သည် အဘယ်သို့သော အမွေ ဥစ္စာကို၎င်း ပေးတော်မူမည်နည်း။
3 N'est-ce pas une calamité pour les injustes, et le désastre pour les ouvriers de l'iniquité?
ဆိုး သောသူတို့ သည် ပျက်စီး ခြင်းသို့၎င်း၊ မ တရားသဖြင့် ကျင့် သောသူတို့သည် ဆုံးရှုံး ခြင်းသို့၎င်း ရောက်ရကြမည် မ ဟုတ်လော။
4 Ne voit-il pas mes manières, et compter tous mes pas?
ဘုရားသခင်သည် ငါ သွားရာလမ်း တို့ကို မြင် တော်မူသည်မ ဟုတ်လော။ ငါ့ ခြေရာ ရှိသမျှ တို့ကို ရေတွက် တော်မူသည်မဟုတ်လော။
5 « Si j'ai marché dans le mensonge, et mon pied s'est précipité vers la tromperie
မုသာ လမ်းသို့ ငါလိုက် မိသော်၎င်း ၊ လှည့်စား ခြင်းငှါငါပြေး မိသော်၎င်း၊
6 (que je sois pesé dans une balance égale, afin que Dieu connaisse mon intégrité);
မှန် သောချိန်ခွင် ၌ ငါ့ ကိုချိန် ပါစေ။ ဘုရား သခင်သည် ငါ ဖြောင့်မတ် ခြင်းကို သိ တော်မူပါစေ။
7 si mon pas s'est détourné du chemin, si mon cœur marchait après mes yeux, si une souillure s'est collée à mes mains,
ငါ သည်လမ်း လွှဲ မိသော်၎င်း ၊ ငါ့ စိတ် နှလုံးသည် ငါ့ မျက်စိ အလိုသို့လိုက် မိသော်၎င်း၊ ငါ့ လက် ၌ အညစ် အကြေးကပ် မိသော်၎င်း၊
8 Alors, que je sème, et qu'un autre mange. Oui, que le produit de mon champ soit arraché.
ငါကြဲ သောမျိုးစေ့၏ အသီးအနှံကို သူတပါး စား ပါစေ။ ငါ့ ပျိုးပင် များကို သူတပါးနှုတ် ပါစေ။
9 « Si mon cœur a été séduit par une femme, et j'ai attendu à la porte de mon voisin,
သူ့မယား ကို ငါ တပ်မက် မိသော်၎င်း ၊ အိမ်နီးချင်း တံခါး နား မှာ ငါချောင်း မိသော်၎င်း၊
10 puis laisser ma femme moudre pour un autre, et laisser les autres dormir avec elle.
၁၀ငါ့ မယား သည် သူတပါး ထံ ၌ ကြိတ်ဆုံကြိတ် ရ ပါစေ။ သူတပါး သည် ငါ့မယားကိုရှုတ်ချ ပါစေ။
11 Car ce serait un crime odieux. Oui, ce serait une iniquité d'être puni par les juges,
၁၁ငါသည်ထိုသို့ ပြုမိလျှင် အပြစ် ကြီး၏။ ရာဇဝတ် ခံထိုက်သော အပြစ်ရှိ၏။
12 car c'est un feu qui consume jusqu'à la destruction, et déracinerait toute mon augmentation.
၁၂ထိုအပြစ်သည် အကုန်အစင်လောင် သောမီး ၊ ငါ့ စည်းစိမ် ရှိသမျှ ကိုသုတ်သင်ပယ်ရှင်း သောမီးဖြစ်၏။
13 « Si j'ai méprisé la cause de mon serviteur masculin ou de ma servante, quand ils se sont disputés avec moi,
၁၃ငါ့ ကျွန် နှင့် ငါ့ ကျွန် မသည် ငါ နှင့်တရား တွေ့စရာ အမှုရှိသောအခါ ၊ ငါနား မထောင်ဘဲနေမိလျှင်၊
14 Que ferai-je donc quand Dieu se lèvera? Quand il me rendra visite, que lui répondrai-je?
၁၄ဘုရား သခင်ထ တော်မူသောအခါ အဘယ်သို့ ငါပြု ရမည်နည်း။ စစ်ကြော တော်မူသောအခါ အဘယ်သို့ ပြန် လျှောက်ရမည်နည်း။
15 N'est-ce pas celui qui m'a fait dans le ventre de ma mère qui l'a fait? On ne nous a pas façonnés dans le ventre de notre mère?
၁၅ငါ့ ကို ဖန်ဆင်း တော်မူသောဘုရားသည် သူ့ ကိုလည်း ဖန်ဆင်း တော်မူသည်မ ဟုတ်လော။ တပါး တည်း သောဘုရားသည် ငါ တို့နှစ်ယောက်ကို အမိဝမ်း ထဲ ၌ဖန်ဆင်း တော်မူသည်မဟုတ်လော။
16 « Si j'ai privé les pauvres de leur désir, ou ont fait perdre les yeux de la veuve,
၁၆ငါသည် ဆင်းရဲသား တောင့်တ သော အရာကို မ ပေးဘဲနေဘူးသလော။ မုတ်ဆိုးမ မျက်စိ ကို ပျက် စေခြင်းငှါပြုဘူးသလော။
17 ou avoir mangé mon morceau seul, et l'orphelin n'en a pas mangé
၁၇မိဘ မရှိသောသူတို့အား စား စရာကိုမ မျှဘဲ၊ ငါတ ယောက်တည်း စား ဘူးသလော။
18 (non, dès ma jeunesse, il a grandi avec moi comme avec un père, Je l'ai guidée depuis le ventre de ma mère);
၁၈ဆင်းရဲသားသည် အဘ ထံမှာ နေသကဲ့သို့ ၊ ငါ့ အသက် ငယ်စဉ်ကာလမှစ၍ ငါ နှင့်အတူ ကျွေးမွေးခြင်းကိုခံ ပြီ။ ငါသည် ဘွားမြင် သောနေ့ မှစ၍ မုတ်ဆိုးမကို မစ ပြီ။
19 si j'ai vu quelqu'un périr faute de vêtements, ou que les nécessiteux n'avaient pas de couverture;
၁၉အဝတ် မ ရှိသောကြောင့်သေခြင်း သို့ ရောက် သော သူတစုံတယောက်နှင့် ၊ ခြုံ စရာမ ရှိဘဲ ဆင်းရဲ စွာနေသောသူ တစုံတယောက်ကို ငါမြင် ၍၊
20 si son cœur ne m'a pas béni, s'il n'a pas été réchauffé avec la toison de mon mouton;
၂၀သူ ၏ခါး သည် ငါ့ ကို ကောင်းကြီး မ ပေး။ ငါ့ သိုး မွေး အားဖြင့် မနွေး ဘဲနေသော်၎င်း၊
21 si j'ai levé la main sur l'orphelin, parce que j'ai vu mon aide dans le portail;
၂၁ရုံး တော်တွင် ငါ့ ဘက်၌ နေသောမင်းကို ငါသည် မြင် ၍ ၊ မိဘ မရှိသောသူကို ညှဉ်းဆဲ မိသော်၎င်း၊
22 puis j'ai laissé tomber mon épaule à partir de l'omoplate, et que mon bras soit brisé jusqu'à l'os.
၂၂ငါ့ လက်မောင်း သည် ပခုံး က ကျ ပါစေ။ ငါ့ လက် ရိုး ကျိုး ပါစေ။
23 Car la calamité de Dieu est pour moi une terreur. A cause de sa majesté, je ne peux rien faire.
၂၃ငါ သည် ဘုရား သခင်ဖျက်ဆီး တော်မူခြင်းဘေး ကို ကြောက်ရွံ့ ၍ ၊ တန်ခိုး အာနုဘော်တော်ကြောင့် မ ပြစ်မှား ဝံ့ဘဲနေပါပြီ။
24 « Si j'ai fait de l'or mon espoir, et ont dit à l'or fin: « Tu es ma confiance ».
၂၄ငါ သည်ရွှေ ကိုကိုးစား ၍ ရွှေစင် အား ၊ သင်သည် ငါ ခိုလှုံ ရာဖြစ်၏ဟုဆို မိသော်၎င်း၊
25 Si je me suis réjoui parce que ma richesse était grande, et parce que ma main était devenue beaucoup;
၂၅ငါ ၌စည်းစိမ် ကြီး ၍ များစွာသော ဥစ္စာရ တတ် သောကြောင့် ၊ ငါဝါကြွားဝမ်းမြောက် မိသော်၎င်း၊
26 si j'ai vu le soleil quand il brillait, ou la lune qui se déplace dans la splendeur,
၂၆ရောင်ခြည် ထွက်သောနေ ၊ ထွန်းလင်း လျက် သွား သောလ ကိုငါကြည့်ရှု သောအခါ၊
27 et mon cœur a été secrètement séduit, et ma main a jeté un baiser de ma bouche;
၂၇ငါ့ စိတ် နှလုံးသည် တိတ်ဆိတ် စွာ နူးညွတ် ၍ ငါ့ လက် ကို ငါနမ်း မိသော်၎င်း၊
28 ce serait aussi une iniquité à punir par les juges, car j'aurais renié le Dieu qui est là-haut.
၂၈ရာဇဝတ် ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရား သခင်ကို ငြင်းပယ် ရာ ရောက်၏။
29 « Si je me suis réjoui de la destruction de celui qui me haïssait, ou soulevé moi-même quand le mal l'a trouvé
၂၉ငါ့ ကိုမုန်း သောသူသည် ပျက်စီး သောအခါ ငါဝမ်းမြောက် သလော။ သူ ၌ဘေး ရောက် သောအခါ ၊ ငါဝါကြွား သလော။
30 (Je n'ai certes pas permis à ma bouche de pécher en demandant sa vie avec une malédiction);
၃၀ငါသည်သူ့ အသက် ကို ကျိန်ဆဲ ၍၊ ကိုယ် နှုတ် ၌ အပြစ် ရောက်စေ ခြင်းငှါ အခွင့် မ ပေး။
31 si les hommes de ma tente n'ont pas dit, Qui peut trouver quelqu'un qui n'a pas été rassasié de sa viande?
၃၁ငါ့ အိမ်သူ အိမ်သားတို့က၊ အဘယ်သူ သည် ငါတို့သခင်၏ အမဲသား ကို တောင့်တ၍ မ ဝ ဘဲနေရ သနည်းဟု မ ဆို တတ်သလော။
32 (l'étranger n'a pas campé dans la rue, mais j'ai ouvert mes portes au voyageur);
၃၂ဧည့်သည် သည် လမ်း ၌ ညဉ့် ကို မ လွန်ရမည်အကြောင်း၊ ငါသည် ခရီး သွားသောသူတို့ အား ကိုယ် တံခါး ကို ဖွင့် ထားပြီ။
33 si, comme Adam, j'ai couvert mes transgressions, en cachant mon iniquité dans mon cœur,
၃၃ငါသည်လူ ပြုတတ်သကဲ့သို့ ၊ ကိုယ် ဒုစရိုက် ကိုဖုံး ၍၊ ကိုယ် ရင် ထဲ ၌ကိုယ် အပြစ် ကိုဝှက် ထားဘူးသလော။
34 car je craignais la grande foule, et le mépris des familles me terrifiait, alors j'ai gardé le silence, et je n'ai pas franchi la porte...
၃၄ထိုသို့ပြုမိလျှင်၊ ကြီး သော ပရိသတ် ရှေ့မှာ ငါ့မျက်နှာ ပျက်ပါစေ။ လူ အမျိုးမျိုးတို့သည် ကဲ့ရဲ့ ၍ ငါ့ အရှက်ကွဲပါစေ။ အိမ်ပြင်သို့မ ထွက် ဘဲ တိတ်ဆိတ် စွာ နေရပါစေ။
35 oh que j'en ai un pour m'entendre! Voici ma signature! Que le Tout-Puissant me réponde! Laissez l'accusateur écrire mon acte d'accusation!
၃၅တစုံတယောက် သောသူ သည် ငါ့ စကားကို နားထောင် ပါစေသော။ ငါ့ လက်မှတ် ကိုငါ ပေး မည်။ အနန္တ တန်ခိုးရှင်သည် ငါ့ ကိုစစ်ကြောတော်မူပါစေ။ ငါ့ တရား တွေ့ဘက်သည် စာ ထား ပါစေ။
36 Je la porterais sûrement sur mon épaule, et je l'attacherais à moi comme une couronne.
၃၆အကယ် စင်စစ်ထိုစာကို ပခုံး ပေါ် မှာ ငါတင် ထားပါမည်။ ဗေါင်း ကဲ့သို့ဆောင်းပါမည်။
37 Je lui déclarais le nombre de mes pas. Je m'approcherais de lui comme un prince.
၃၇ငါသည် ကိုယ် အပြုအမူအလုံးစုံတို့ကို ဘော်ပြ ပါမည်။ မင်း ကဲ့သို့ အထံတော်သို့ ချဉ်းကပ် ပါမည်။
38 Si mon pays crie contre moi, et ses sillons pleurent ensemble;
၃၈ငါ့ မြေ သည် ငါ့ ကို အပြစ်တင်သဖြင့်၊ အော်ဟစ် ၍ လည်ချောင်းတို့သည် တညီတည်း မြည်တမ်း သော်၎င်း၊
39 si j'ai mangé ses fruits sans argent, ou ont causé la mort de leurs propriétaires,
၃၉စရိတ် မ ကုန်ဘဲမြေအသီးအနှံ ကို ငါစား ၍ မြေဆိုင် သောသူတို့ကို ညှဉ်းဆဲ မိသော်၎င်း၊
40 laisser pousser des roncesà la place du blé, et du tabouret des champs à la place de l'orge. » Les paroles de Job sont terminées.
၄၀စပါး ပင်အတွက် ဆူး ပင်ပေါက် ပါစေ။ မုယော ပင်အတွက် ဗောရှ ပင်ပေါက်ပါစေဟုမြွက်ဆို၏။ ယောဘ မြွက်ဆိုသောစကား ပြီး ၏။

< Job 31 >