< Jérémie 6 >
1 « Fuyez en sécurité, enfants de Benjamin, hors du centre de Jérusalem! Sonnez de la trompette à Tekoa et élevez un signal sur Beth Haccherem, car le malheur vient du nord avec une grande destruction.
၁အိုဗင်္ယာမိန် အမျိုးသား တို့၊ ယေရုရှလင် မြို့ထဲက ထွက်၍ ၊ လွတ်အောင်ပြေး ကြလော့။ တေကော ရွာ၌ တံပိုး မှုတ် ကြလော့။ ဗေသက္ကရင် ရွာ၌ မီးရှုး ကို မြှောက် ၍ ပြကြလော့။ အကြောင်း မူကား၊ ဘေးဥပဒ် တည်းဟူသောကြီး စွာသော ပျက်စီး ခြင်းအကြောင်းအရာသည် မြောက် မျက်နှာက ပေါ် လာ၏။
2 J'extermine la belle et la délicate, la fille de Sion.
၂အဆင်းလှ ၍ နူးညံ့ သိမ်မွေ့သော သူတည်းဟူသော ဇိအုန် သတို့သမီး ကို ငါဖျက်ဆီး မည်။
3 Des bergers avec leurs troupeaux viendront vers elle. Ils dresseront leurs tentes tout autour d'elle. Ils feront paître chacun à sa place. »
၃သိုးထိန်း တို့သည် သိုးစု များပါလျက် သူ့ ထံသို့ လာ ၍၊ သူ့တဘက်ပတ်လည် ၌ တဲ ဆောက် ၍၊ အသီးအသီး မိမိ တို့နေရာ မှာ ကျက်စား ကြ လိမ့်မည်။
4 « Préparez la guerre contre elle! Levez-vous! Montons à midi. Malheur à nous! Car le jour décline, car les ombres du soir s'étendent.
၄သူ့ ကို စစ်တိုက် ခြင်းငှါပြင် ကြလော့။ ထ ကြ။ မွန်းတည့် အချိန်၌ တက် သွားကြကုန်အံ့။ ငါ တို့၌ ခက် လှ ၏။ မွန်းလွဲ ပြီ။ မိုဃ်းချုပ် လေပြီ။
5 Levez-vous! Montons de nuit, et détruisons ses palais. »
၅ထ ကြ။ ညဉ့် အခါ တက် သွား၍၊ သူ ၏ ဘုံ ဗိမာန် တို့ကို ဖျက်ဆီး ကြကုန်အံ့ဟုဆိုကြလိမ့်မည်။
6 Car Yahvé des armées a dit: « Abattez des arbres, et élevez un monticule contre Jérusalem. C'est la ville qu'il faut visiter. Elle est remplie d'oppression au-dedans d'elle-même.
၆ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သစ်ပင် တို့ကို ခုတ် လှဲကြလော့။ ယေရုရှလင် မြို့တဘက် ၌ မြေရိုး ကိုဖို့ ကြလော့။ ဤ မြို့ သည် ဆုံးမ စရာကောင်းသောမြို့ဖြစ်၏။ မြို့ ထဲ ၌ ညှဉ်းဆဲ ခြင်း သက်သက် ရှိ၏။
7 Comme un puits produit ses eaux, ainsi elle produit sa méchanceté. On entend en elle la violence et la destruction. La maladie et les plaies sont continuellement devant moi.
၇စမ်းရေပေါက်ဝမှ ရေ သည် စီး ထွက်သကဲ့သို့ ၊ ထိုမြို့ သည် ဒုစရိုက် ကို ထွက် စေတတ်၏။ မြို့ ထဲ ၌လုယူ ဖျက်ဆီး ခြင်းအသံကို ကြား ရ၏။ အနာ များနှင့် ဒဏ်ချက် ရာ များကို အစဉ် ငါ မြင် ရ၏။
8 Sois instruite, Jérusalem, de peur que mon âme ne se sépare de toi, que je ne fasse de toi une désolation, une terre inhabitée. »
၈အိုယေရုရှလင် မြို့၊ ဆုံးမ ခြင်းကိုခံ လော့။ သို့မဟုတ် ၊ သင့် ကို ငါ ရွံရှာ မည်။ သင့် ကိုပယ်ရှင်း၍ လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်။
9 Yahvé des Armées dit: « Ils glaneront à fond le reste d'Israël comme une vigne. Tourne à nouveau ta main comme un vendangeur vers les paniers. »
၉ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ စပျစ်နွယ် ပင်၌ အကျန်အကြွင်းကို လိုက်၍ ဆွတ် သကဲ့သို့ ၊ ထိုသူတို့သည် ဣသရေလ ၌ ကျန်ကြွင်း သော အရာကိုလိုက်၍ အကုန်အစင်ဆွတ် ကြ လိမ့်မည်။ စပျစ်သီး ဆွတ် သော သူကဲ့သို့ ၊ သင် ၏လက် ကို ခြင်းတောင်းထဲသို့ တဖန်သွင်း ဦးလော့။
10 A qui devrais-je parler et rendre témoignage, pour qu'ils entendent? Voici, leur oreille est incirconcise, et ils ne peuvent pas écouter. Voici, la parole de Yahvé est devenue pour eux un opprobre. Ils n'y trouvent aucun plaisir.
၁၀သူတို့သည် နားထောင် မည်အကြောင်း၊ အဘယ်သူ ကို ငါပြော ၍ သတိပေး ရမည်နည်း။ သူ တို့နား သည် အရေဖျား လှီးခြင်းမခံသော နားဖြစ်၍၊ သူတို့သည် နား မ ထောင်နိုင် ကြ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် သူ တို့ကဲ့ရဲ့ စရာဖြစ်၏။ ထိုနှုတ်ကပတ် တော် ကို မ နှစ်သက် ကြ။
11 C'est pourquoi je suis plein de la colère de Yahvé. Je suis fatigué de la retenir. « Versez-le sur les enfants dans la rue, et sur le rassemblement de jeunes hommes; car même le mari avec sa femme sera pris, le vieillard avec celui qui est plein de jours.
၁၁ထိုကြောင့်၊ ငါသည်ထာဝရဘုရား ၏ အမျက် တော်နှင့် ပြည့်ဝ ၏။ အောင့် ၍မ နေနိုင်။ လမ်း ၌ ရှိသောသူငယ် များနှင့် စုဝေး သောလူပျို များအပေါ် သို့ အမျက် တော်ကို ငါသွန်းလောင်း မည်။ လင် မယား အစုံ ကို၎င်း၊ အသက် ကြီးသောသူနှင့် အို လွန်းသောသူကို၎င်း သိမ်း သွားမည်။
12 Leurs maisons seront confiées à d'autres, leurs champs et leurs femmes ensemble; car j'étendrai ma main sur les habitants du pays, dit Yahvé. »
၁၂သူ တို့အိမ် နှင့်တကွလယ်ယာ ၊ မိန်းမ တို့သည် သူတပါး လက်သို့ ရောက် ကြလိမ့်မည်။ အကြောင်းမူကား၊ ပြည်သူ ပြည်သားတို့ကို ငါ ဒဏ်ခတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
13 « Car, depuis le plus petit jusqu'au plus grand, tous sont livrés à la convoitise. Depuis le prophète jusqu'au prêtre, tout le monde fait du faux.
၁၃အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သော သူအပေါင်း တို့သည် မတရား သော စီးပွားကိုရှာကြ၏။ ပရောဖက် မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။
14 Ils ont aussi guéri superficiellement la blessure de mon peuple, en disant « Paix, paix! » alors qu'il n'y a pas de paix.
၁၄ချမ်းသာ မ ရှိသောအခါ ချမ်းသာ ၊ ချမ်းသာ ဟု ပြော ဆိုလျက်၊ ငါ ၏လူမျိုး သတို့သမီးအနာ ကို ပေါ့ လျော့ စွာ ကု ကြ၏။
15 N'ont-ils pas eu honte quand ils ont commis des abominations? Non, ils n'avaient pas du tout honte, ils ne pouvaient pas non plus rougir. Ils tomberont donc parmi ceux qui tombent. Quand je les visiterai, ils seront renversés », dit Yahvé.
၁၅သူတို့သည် ရွံရှာ ဘွယ်သော အမှုကိုပြု ပြီးမှ ရှက် ကြသလော။ အလျှင်းမ ရှက် ကြ။ မျက်နှာ မ ပျက် တတ်ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက်လဲ ကြ လိမ့်မည်။ ငါစစ်ကြော သောအခါ နှိမ့်ချ ခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
16 Yahvé dit: « Tenez-vous sur les chemins et regardez, et demandez les anciens sentiers: « Où est le bon chemin? » et marchez-y, et vous trouverez le repos de vos âmes. Mais ils ont dit: « Nous n'y marcherons pas.
၁၆ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လမ်း နား မှာ ရပ် ၍ ကြည့်ရှု ကြလော့။ ရှေး လမ်း ဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်း သောလမ်း သည် အဘယ် မှာရှိသနည်းဟု မေးမြန်း ၍၊ ထို လမ်း သို့ လိုက် ကြလော့။ သို့ပြုလျှင် ၊ စိတ် နှလုံး သက်သာ ကြလိမ့်မည်။ သို့ရာတွင် ၊ ငါတို့သည် မ လိုက် ဟု ပြန်ပြော ကြ၏။
17 J'ai placé sur vous des sentinelles, en disant: « Écoutez le son de la trompette. Mais ils ont dit: « Nous n'écouterons pas ».
၁၇ငါကလည်း၊ တံပိုး မှုတ်သံ ကို နားထောင် ကြလော့ ဟုဆိုလျက်၊ သင် တို့အပေါ် ၌ကင်းစောင့် တို့ကို ခန့် ထားသောအခါ ၊ ငါတို့သည် နား မ ထောင်ဟု ပြန်ပြော ကြ ၏။
18 C'est pourquoi, nations, écoutez et sachez, assemblée, ce qui est au milieu d'elles.
၁၈သို့ဖြစ်၍၊ အိုတပါးအမျိုးသား တို့၊ နားထောင် ကြလော့ ။ တပါးအမျိုးသားတို့တွင် ရှိနေသောပရိသတ် တို့၊ သိမှတ် ကြလော့။
19 Écoute, terre! Voici, je vais faire venir sur ce peuple le malheur, le fruit de ses pensées, parce qu'il n'a pas écouté mes paroles, et qu'il a rejeté ma loi.
၁၉အိုမြေကြီး သားတို့၊ နားထောင် ကြလော့။ ဤ လူမျိုး သည် ငါ့ စကား ကို နား မ ထောင်၊ ငါ့ တရား ကိုလည်း ငြင်းပယ် သောကြောင့်၊ သူ တို့အလို အလျောက်ကြံစည် ခြင်းအကျိုး အပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ် ကို၊ သူတို့အပေါ် သို့ငါ သက်ရောက် စေမည်။
20 A quoi sert l'encens de Saba qui vient à moi, et le roseau d'un pays lointain? Vos holocaustes ne sont pas agréables, et vos sacrifices ne me plaisent pas. »
၂၀ရှေဘ ပြည်မှ လောဗန် ကို၎င်း၊ ဝေး သောပြည် မှ မွှေး သောကြံ ကို၎င်း ၊ အဘယ် ကြောင့်ငါ့ ထံသို့ ဆောင်ခဲ့ သနည်း။ သင် တို့မီးရှို့ ရာ ယဇ်တို့ကို ငါ အလို မ ရှိ။ ပူဇော်သောယဇ် အမျိုးမျိုးကို ငါမ နှစ်သက် ။
21 C'est pourquoi Yahvé dit: « Voici que je vais mettre des pierres d'achoppement devant ce peuple. Les pères et les fils ensemble trébucheront contre eux. Le voisin et son ami périront. »
၂၁ထိုအကြောင်းကြောင့် ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ထိမိ ၍ လဲစရာတို့ကို ဤ လူမျိုး ရှေ့ မှာ ငါ ထား မည်။ အဘ နှင့် သား တို့သည် ထိမိ၍ လဲ ကြလိမ့်မည်။ အိမ်နီးချင်း နှင့် အဆွေ ခင်ပွန်းတို့သည် အတူ ပျက်စီး ကြလိမ့်မည်။
22 Yahvé dit: « Voici qu'un peuple vient du pays du nord. Une grande nation se lève des extrémités de la terre.
၂၂ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူမျိုး တမျိုးသည် မြောက် မျက်နှာ မှ ပေါ် လာလိမ့်မည်။ ကြီး စွာသော လူမျိုး ကိုမြေကြီး စွန်း မှ ငါနှိုးဆော် မည်။
23 Ils s'emparent de l'arc et de la lance. Ils sont cruels et sans pitié. Leur voix gronde comme la mer, ils montent à cheval, tous se rangent en bataille, comme un homme, contre toi, fille de Sion. »
၂၃လေး နှင့် လှံ တို့ကို လက်စွဲ ကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍ ၊ သနား ခြင်းကရုဏာမ ရှိ။ သူ တို့ စကားသံ သည် သမုဒ္ဒရာ မြည်သံကဲ့သို့ ဟုန်း တတ်၏။ အိုဇိအုန် သတို့သမီး ၊ စစ်သူရဲ ကဲ့သို့ တပ်ခင်းကျင်း လျက် မြင်း စီး ၍၊ သင် ရှိရာသို့ ချီ လာကြလိမ့်မည်။
24 Nous avons entendu son rapport. Nos mains se sont affaiblies. L'angoisse s'est emparée de nous, et les douleurs comme celles d'une femme en travail.
၂၄ထိုသိတင်း ကို ငါတို့သည် ကြား ၍ လက် အားလျော့ ကြ၏။ ဒုက္ခ ဆင်းရဲကို၎င်း ၊ သားဘွား သော မိန်းမခံရ သကဲ့သို့ ပြင်းစွာသော ဝေဒနာ ကို ၎င်း ခံ ရကြ၏။
25 Ne sortez pas dans les champs et ne vous promenez pas sur le chemin, car l'épée de l'ennemi et la terreur sont de tous côtés.
၂၅တော သို့မ ထွက် ကြနှင့်။ လမ်း မှာ မ သွား ကြနှင့်။ ရန်သူ ၌ ထား ပါ၏။ အရပ်ရပ် ၌ ဘေး ရှိ၏။
26 Fille de mon peuple, revêts-toi d'un sac, et roule-toi dans la cendre! Porte le deuil, comme pour un fils unique, des lamentations très amères, car le destructeur va venir soudainement sur nous.
၂၆အို ငါ ၏လူမျိုး သတို့သမီး ၊ လျှော်တေ အဝတ်ကို ဝတ် စည်း၍ ပြာ ၌ လူး လဲလော့။ တ ယောက်တည်း သော သားသေသည်ကို ငိုကြွေး သကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာ မြည်တမ်း လော့။ လုယူဖျက်ဆီး သောသူသည် ငါ တို့ ကို ချက်ခြင်း တိုက် လိမ့်မည်။
27 « J'ai fait de toi un testeur de métaux et une forteresse au milieu de mon peuple, pour que tu connaisses et éprouves leur voie.
၂၇သင်သည် ငါ ၏ လူမျိုး ကျင့်သောအကျင့် ဓလေ့တို့ကို စစ် ၍ သိ မည်အကြောင်း ၊ စစ်သောသူအရာ၌ ရဲတိုက် ကဲ့သို့သင့် ကို ငါခန့် ထား၏။
28 Ils sont tous de grands rebelles, qui vont et viennent pour calomnier. Ils sont de bronze et de fer. Ils sont tous corrompus.
၂၈ထိုသူ အပေါင်း တို့သည် အလွန်ဖောက်ပြန် သောသူ ၊ ကုန်းတိုက် တတ်သောသူဖြစ် ကြ၏။ ကြေးဝါ နှင့် သံ သက်သက် ၊ ဖျက် တတ်သော အရာသက်သက်ဖြစ်ကြ ၏။
29 Le soufflet souffle avec violence, Le plomb se consume dans le feu. Le plomb se consume dans le feu. C'est en vain qu'on les affine, car les méchants ne sont pas arrachés.
၂၉ဖိုကိုမီး လောင် ပြီ။ ခဲ လည်းကုန် ပြီ။ စစ် သောသူသည် မှုတ် ၍ အကျိုးကိုမရ။ ညံ့ သောအရာကို မ ထုတ် မပယ်နိုင်။
30 Les hommes les appelleront de l'argent rejeté, parce que Yahvé les a rejetés. »
၃၀ထိုသူ တို့ကို ပယ် သော ငွေ ဟူ၍ ခေါ် ရမည်။ ထာဝရဘုရား သည် ပယ် တော်မူ၏။