< Jérémie 27 >
1 Au commencement du règne de Jojakim, fils de Josias, roi de Juda, cette parole fut adressée à Jérémie de la part de Yahvé, en ces termes:
၁ယုဒ ရှင်ဘုရင် ယောရှိ သား ဇေဒကိ မင်းနန်း ထိုင် စ က ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍၊
2 Yahvé me dit: « Fais des liens et des barres, et mets-les sur ton cou.
၂ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား ၊ ကြိုး နှင့် ထမ်းဘိုး များကိုလုပ် ၍ ၊ သင် ၏လည်ပင်း ၌ တပ် လော့။
3 Puis envoie-les au roi d'Édom, au roi de Moab, au roi des enfants d'Ammon, au roi de Tyr et au roi de Sidon, par la main des messagers qui viennent à Jérusalem auprès de Sédécias, roi de Juda.
၃ယုဒ ရှင်ဘုရင် ဇေဒကိ ထံ ၊ ယေရုရှလင် မြို့သို့ ရောက် လာသောသံတမန် တို့တွင်၊ ထို ကြိုးနှင့် ထမ်းဘိုးတို့ကို ဧဒုံ မင်း ၊ မောဘ မင်း ၊ အမ္မုန် မင်း ၊ တုရု မင်း ၊ ဇိဒုန် မင်း သို့ ပေး လိုက်လော့။
4 Donne-leur l'ordre de dire à leurs maîtres: « L'Éternel des armées, le Dieu d'Israël, dit: « Vous direz à vos maîtres:
၄ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင် တို့အရှင် များတို့အား ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊
5 J'ai fait la terre, les hommes et les animaux qui sont à la surface de la terre par ma grande puissance et par mon bras étendu. Je la donne à qui me semble bon.
၅ငါသည် မဟာ တန်ခိုး နှင့် လက်ရုံး ကို ဆန့် လျက် မြေကြီး ကို၎င်း၊ မြေကြီး ပေါ် မှာ ရှိသော လူ နှင့် တိရစ္ဆာန် တို့ကို၎င်းဖန်ဆင်း သည်ဖြစ်၍၊ ငါသည် ပေးလို သောသူ တို့အား ပေး ၏။
6 Maintenant, j'ai livré toutes ces terres entre les mains de Nabuchodonosor, roi de Babylone, mon serviteur. Je lui ai aussi donné les animaux des champs pour qu'ils le servent.
၆ယခု မှာ ဤ ပြည် ရှိသမျှ တို့ကို ငါ့ ကျွန် ဗာဗုလုန် ရှင်ဘုရင် ၊ နေဗုခဒ်နေဇာ လက် သို့ ငါ အပ်ပေး ပြီ။ သူ စေစား ဘို့ရာ တော တိရစ္ဆာန် များကိုလည်း ငါပေး ပြီ။
7 Toutes les nations le serviront, lui, son fils et le fils de son fils, jusqu'à ce que vienne le temps de son propre pays. Alors, de nombreuses nations et de grands rois feront de lui leur serviteur.
၇သူ ၏နိုင်ငံ ဆုံးချိန် မ ရောက် မှီတိုင်အောင်၊ ဤ ပြည် သားအပေါင်း တို့သည် သူ၏အမှုနှင့် သူ ၏သား မြေး အမှုကို ဆောင်ရွက် ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာ သော လူမျိုး တို့နှင့် ကြီး သောရှင် ဘုရင်တို့သည် သူ့ ကို စေစား ကြလိမ့်မည်။
8 ""« Il arrivera que je punirai la nation et le royaume qui ne serviront pas le même Nabuchodonosor, roi de Babylone, et qui ne mettront pas leur cou sous le joug du roi de Babylone, dit Yahvé, par l'épée, la famine et la peste, jusqu'à ce que je les aie consumés par sa main »".
၈ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အစေ ကိုမ ခံ၊ သူ၏ထမ်းဘိုး ကို မ ထမ်း လိုသော တိုင်း နိုင်ငံရှိသမျှကို၊ သူ ၏လက် ၌ ဆုံးရှုံး စေခြင်းငှါ၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် ငါအပြစ် ပေးမည်။
9 Mais toi, n'écoute pas tes prophètes, ni tes devins, ni tes songes, ni tes devins, ni tes sorciers, qui te disent: « Tu ne serviras pas le roi de Babylone »;
၉သို့ ဖြစ်၍၊ သင် တို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကို မ ခံရဟု၊ သင် တို့အား ပြော တတ်သော ပရောဖက် ၊ အနာဂတ် ဆရာ၊ အိပ်မက် မြင်သောဆရာ၊ နတ် ဝိဇ္ဇာ ဆရာ၊ ပြုစား တတ်သော ဆရာတို့၏ စကားကို နား မ ထောင်ကြနှင့်။
10 car ils te prophétisent le mensonge, pour t'éloigner de ton pays, afin que je te chasse et que tu périsses.
၁၀ထိုသူတို့သည် သင်တို့ကို သင် တို့ပြည် မှ အဝေးသို့ ရွှေ့ သွားစေခြင်းငှါ ၊ သင် တို့ကို ငါနှင်ထုတ် ၍ ဆုံးရှုံး စေခြင်းငှါ၎င်း မုသာ စကားကို ဟော ပြောတတ်ကြ၏။
11 Mais la nation qui mettra son cou sous le joug du roi de Babylone et qui le servira, je la laisserai dans son pays, dit Yahvé, elle le cultivera et y habitera.
၁၁ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ထမ်း ၍ ၊ သူ ၏ အစေ ကိုခံသော လူမျိုးတို့အား၊ မိမိ တို့ပြည် ၌ နေ ရသော အခွင့်ကို ငါပေးသဖြင့် ၊ သူတို့သည် မိမိတို့မြေ၌ လုပ် ၍ နေ ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
12 Je parlai à Sédécias, roi de Juda, selon toutes ces paroles, et je dis: « Placez votre cou sous le joug du roi de Babylone, servez-le, lui et son peuple, et vivez.
၁၂ထို စကား တော်ရှိသမျှ ကို ငါပြန်၍ ယုဒ ရှင်ဘုရင် ဇေဒကိ အား လျှောက် ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ကိုထမ်း ၍ ၊ သူ နှင့် သူ ၏လူ များ အစေ ကို ခံလျက်၊ အသက် ချမ်းသာပါလော့။
13 Pourquoi mourrez-vous, vous et votre peuple, par l'épée, par la famine et par la peste, comme Yahvé l'a dit au sujet de la nation qui ne veut pas servir le roi de Babylone?
၁၃ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကိုမ ခံသော လူမျိုး ကို ထာဝရဘုရား ရည်မှတ်၍ မိန့် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် ကိုယ်တော် ၏ လူ တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် အဘယ်ကြောင့် သေ ရပါမည်နည်း။
14 N'écoutez pas les paroles des prophètes qui vous disent: « Vous ne servirez pas le roi de Babylone », car ils vous prophétisent le mensonge.
၁၄သင်တို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကို မ ခံရဟု၊ သင် တို့အား ဟောပြော သောပရောဖက် တို့၏ စကား ကို နား မ ထောင်ကြနှင့်။ သူ တို့သည် မုသာ စကားကို ဟော ပြောတတ်ကြ၏။
15 Car ce n'est pas moi qui les ai envoyés, dit Yahvé, mais ils prophétisent faussement en mon nom, afin que je vous chasse et que vous périssiez, vous et les prophètes qui vous prophétisent. »
၁၅ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့နှင့် သင် တို့အား ဟော ပြောသော ပရောဖက် တို့ကို ငါ နှင်ထုတ် ၍ ဆုံးရှုံး စေခြင်းငှါ၊ ငါမ စေလွှတ် ဘဲ သူ တို့သည် ငါ့ နာမ ကို အမှီပြု ၍ မုသာ စကားကို ဟော ပြောတတ်ကြ ၏။
16 J'ai parlé aux prêtres et à tout ce peuple, en disant: « L'Éternel dit: N'écoutez pas les paroles de vos prophètes qui vous prophétisent en disant: « Voici que les ustensiles de la maison de l'Éternel vont bientôt être ramenés de Babylone », car ils vous prophétisent le mensonge.
၁၆ယဇ်ပုရောဟိတ် တို့နှင့် လူ အပေါင်း တို့အား လည်း ၊ ထာဝရဘုရား ၏ အမိန့် တော်ကို ငါပြန်ပြော သည် ကား ၊ ကာလ မ ကြာမမြင့်မှီ၊ ဗိမာန် တော် တန်ဆာ တို့ကို ဗာဗုလုန် မြို့မှ တဖန် ဆောင် ခဲ့လိမ့်မည်ဟု သင် တို့အား ဟောပြော သော ပရောဖက် တို့၏ စကား ကို နား မ ထောင်ကြနှင့်။ သူ တို့သည် မုသာ စကားကို ဟော ပြောတတ် ကြ၏။
17 Ne les écoutez pas. Servez le roi de Babylone, et vivez. Pourquoi cette ville deviendrait-elle une désolation?
၁၇သူ တို့၏စကားကို နား မ ထောင်ကြနှင့်။ ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကိုခံ၍ ၊ အသက် ချမ်းသာကြလော့။ ဤ မြို့ သည် အဘယ်ကြောင့် ပျက်စီး ခြင်းသို့ရောက် ရ မည်နည်း။
18 Mais s'ils sont prophètes, et si la parole de l'Éternel est avec eux, qu'ils intercèdent maintenant auprès de l'Éternel des armées, afin que les objets qui restent dans la maison de l'Éternel, dans la maison du roi de Juda et à Jérusalem, n'aillent pas à Babylone.
၁၈သူ တို့သည် ထာဝရဘုရား ၏ ဗျာဒိတ် တော်ကိုခံ ၍၊ ပရောဖက် မှန် လျှင် ၊ ဗိမာန် တော်၌ ၎င်း ၊ နန်းတော် ၌ ၎င်း ၊ ယေရုရှလင် မြို့၌ ၎င်း ကျန် ကြွင်းသေးသော တန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူ၍မ သွား ရမည်အကြောင်း၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားအား တောင်းပန် ကြလော့။
19 Car l'Éternel des armées dit, au sujet des colonnes, de la mer, des bases et du reste des ustensiles qui sont restés dans cette ville,
၁၉ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယုဒ ရှင်ဘုရင် ယောယကိမ် သား ယေခေါနိ အစရှိသော ယုဒ ပြည် ယေရုရှလင် မြို့ မှူး တော်မတ်တော်အပေါင်း တို့ကို၊
20 et que Nebucadnetsar, roi de Babylone, n'a pas pris quand il emmena captif Jeconia, fils de Jehoïakim, roi de Juda, de Jérusalem à Babylone, et tous les nobles de Juda et de Jérusalem-
၂၀ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ သိမ်း သွားသောအခါ ၊ ထိုရှင်ဘုရင်သည် မ သိမ်း မယူ၊
21 oui, Yahvé des armées, le Dieu d'Israël, dit au sujet des objets qui restent dans la maison de Yahvé, dans la maison du roi de Juda et à Jérusalem:
၂၁ဗိမာန် တော်၌၎င်း ၊ နန်းတော် ၌၎င်း ၊ ယေရုရှလင်မြို့ ၌ ၎င်း ကျန် ကြွင်းသေး သောတိုင် ၊ ရေကန် ၊ ရေကန်အခြေအမြစ် များ၊ ကျန်ကြွင်း သေးသောတန်ဆာ များတို့ကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊
22 'Ils seront transportés à Babylone, et ils y resteront jusqu'au jour où je les visiterai, dit Yahvé; alors je les ferai remonter et je les rétablirai dans ce lieu'.'"
၂၂ထိုတန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူသွား ရ လိမ့်မည်။ ငါ အကြည့်အရှု မ ကြွလာမှီတိုင်အောင်၊ ထို မြို့၌ ရှိ နေရကြလိမ့်မည်။ ငါကြွလာသောအခါ ၊ ထိုတန်ဆာတို့ကို ငါဆောင် ခဲ့၍ ၊ ဤ အရပ် ၌ ပြန်ထား မည်ဟု မိန့် တော်မူ၏။