< Isaïe 16 >

1 Envoyez les agneaux pour le chef du pays, de Sélah au désert, à la montagne de la fille de Sion.
မြေ ရှင် ထံသို့သိုးသငယ် ကိုပေး လိုက်ကြလော့။ သေလ မြို့မှ တော တရှောက်လုံး၊ ဇိအုန် သတို့သမီး ၏ တောင် သို့ ပေးလိုက်ကြလော့။
2 Car, comme des oiseaux errants, comme un nid dispersé, ainsi seront les filles de Moab aux gués de l'Arnon.
မိမိအသိုက် ကို စွန့်ပစ် ၍ လည် ရသောငှက် ကဲ့သို့ ၊ မောဘ သမီး တို့သည် အာနုန် မြစ်ကူး ရာကမ်းနားမှာ ရှိ ကြလိမ့်မည်။
3 Donnez des conseils! Rendez la justice! Fais ton ombre comme la nuit au milieu du midi! Cache les proscrits! Ne trahis pas le fugitif!
အကြံ ပေး လော့။ တရား သဖြင့် စီရင် လော့။ မွန်းတည့် အလင်းထဲ ၌ ညဉ့် ကဲ့သို့ သင် ၏အရိပ် ကို ဖြစ် စေလော့။ နှင်ထုတ် သောသူတို့ကို ဝှက် ထားလော့။ ပြေး သောသူတို့ ကို မ ပြ နှင့်။
4 Laisse mes exilés habiter chez toi! Quant à Moab, sois pour lui un refuge contre la face du destructeur. Car l'extorqueur est réduit à néant. La destruction cesse. Les oppresseurs sont consumés hors du pays.
မောဘ ပြည်မှ နှင်ထုတ် သောသူတို့ သည် သင် နှင့်အတူ နေ ကြစေလော့။ ဖျက်ဆီး သောသူ၏ လက်မှ လွတ် စေခြင်းငှါ သူ တို့ကိုစောင့်မလော့။ သင့်ကို ညှဉ်းဆဲ သောသူမရှိ။ ဖျက်ဆီး သောသူ ပြတ် လေ၏။ နှိပ် နင်းသောသူတို့ ကို မြေ ပေါ်က ပယ်ရှင်း လေပြီ။
5 Un trône sera établi dans la bonté. Un homme s'y assiéra dans la vérité, dans la tente de David, jugeant, recherchant la justice, et prompt à pratiquer la droiture.
ရာဇ ပလ္လင်သည်လည်း ၊ ကရုဏာ ၌ တည် လိမ့်မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူ သောသူသည် ဖြောင့်မတ် စွာ စစ်ကြော ၍ ၊ တရား မှုကို အလျင် အမြန်ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ် မင်း၏ တဲ တော်၌ တရား စီရင်တော်မူလိမ့်မည်။
6 Nous avons entendu parler de l'orgueil de Moab, de sa grande fierté, de son arrogance, de son orgueil et de sa colère. Ses fanfaronnades ne sont rien.
မောဘ ၏ မာန ကို ငါတို့သည်ကြား သိကြ၏။ အလွန်ကြီး သော မာန ဖြစ်၏။ ထောင်လွှား စော်ကား ခြင်း၊ ဒေါသ အမျက်ထွက်ခြင်းရှိ၍၊ အချည်းနှီးသက်သက်ဝါကြွား သော စကားကိုပြောတတ်၏။
7 C'est pourquoi Moab se lamentera sur Moab. Tout le monde se lamentera. Vous pleurerez sur les gâteaux de Kir Hareseth, frappés de mort.
ထို့ကြောင့်၊ မောဘ သည် မိမိအတွက် ညည်းတွား မြည်တမ်းရလိမ့်မည်။ ပြည်သားရှိသမျှ တို့သည် ညည်းတွား မြည်တမ်းကြလိမ့်မည်။ ကိရဟရက် မြို့ပျက် သည်အတွက် သင်တို့သည်ညည်းတွား ကြလိမ့်မည်။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ၏။
8 Car les champs de Hesbon languissent avec la vigne de Sibma. Les seigneurs des nations ont brisé ses sarments de choix, qui atteignaient jusqu'à Jazer, qui s'égaraient dans le désert. Ses sarments se sont répandus. Elles passaient au-dessus de la mer.
ဟေရှဘုန် လယ်ပြင် တို့သည် သွေ့ခြောက် ကြ ၏။ စိဗမာ စပျစ် နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသား မင်း တို့သည် ချိုး ကြပြီ။ ထိုအညွန့် တို့သည် အထက်က ယာဇာ မြို့တိုင်အောင် ရောက် ၍၊ တော ၌လည် တတ်ကြ၏။ အလက် တို့သည် ရှည်လျား ၍၊ ပင်လယ် ကိုလွန် ကြ၏။
9 C'est pourquoi je pleurerai avec les pleurs de Jaezer sur la vigne de Sibma. Je t'arroserai de mes larmes, Hesbon et Élealé; car sur tes fruits d'été et sur ta moisson est tombé le cri de guerre.
ထို့ကြောင့် ၊ ယာဇာ မြို့အတွက်မျက်ရည် ကျသကဲ့သို့ ၊ စိဗမာ စပျစ် နွယ်ပင်အတွက် ငါသည်မျက်ရည် ကျမည်။ အိုဟေရှဘုန် မြို့နှင့် ဧလာလေ မြို့၊ ငါ သည် မျက်ရည် ကျလျက် သင့် ကိုရေလောင်း မည်။ အကြောင်း မူကား၊ သင် ၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။
10 L'allégresse a disparu, la joie s'est retirée du champ fructueux; dans les vignes, il n'y aura plus de chant, plus de bruit joyeux. Personne ne foulera le vin dans les pressoirs. J'ai fait cesser les cris.
၁၀ဝပြော သောလယ်ပြင်ထဲမှာ ဝမ်းမြောက် ရွှင်လန်း ခြင်း ပြတ် လေပြီ။ စပျစ် ဥယျာဉ်၌ သီချင်း မ ဆိုရကြ။ မ ကြွေးကြော် ရကြ။ စပျစ်သီး နယ်ရာကျင်း၌ စပျစ်သီးကိုနင်း သောသူလည်း မ နင်း ရ။ ကြွေးကြော် သော အသံ ကိုလည်းငါ ပြတ် စေပြီ။
11 C'est pourquoi mon cœur résonne comme une harpe pour Moab, et mes entrailles pour Kir Hérès.
၁၁ထို့ကြောင့် ၊ ငါ့ ဝမ်း သည် မောဘ ပြည်အတွက် ၊ ငါ့ အအူ သည် ကိရဟရက် မြို့အတွက် ၊ စောင်း ကဲ့သို့ မြည် ရ လိမ့်မည်။
12 Quand Moab se présentera, quand il se fatiguera sur le haut lieu, quand il viendra prier dans son sanctuaire, il ne prévaudra pas.
၁၂ထိုအခါ မောဘ သည် မိမိမြင့် သောအရပ်၌ မိမိကို ပင်ပန်း စေခြင်း၊ ပဌနာ ပြုအံ့သောငှါ မိမိ သန့်ရှင်း ရာ ဌာနသို့ ဝင် ခြင်းအရာသည် ထင်ရှား သော်လည်း ၊ အကြံ မ မြောက်နိုင်ရာ။
13 Telle est la parole que l'Éternel a prononcée autrefois sur Moab.
၁၃ထိုသို့ ထာဝရဘုရား သည် မောဘ ၏ အကြောင်း စကား ကို အထက်က မိန့် တော်မူ၏။
14 Mais maintenant, l'Éternel a parlé, en disant: « Dans trois ans, comme un ouvrier lié par contrat les compterait, la gloire de Moab sera méprisée, avec toute sa grande multitude; et le reste sera très petit et faible. »
၁၄ယခုတဖန် မိန့် တော်မူသည်ကား၊ အခစား သောသူရေတွက် သည်အတိုင်း၊ သုံး နှစ် လွန်မှ၊ မောဘ ပြည်၏ ဘုန်း အသရေသည် မိမိအလုံး အရင်းနှင့်တကွ ရှုတ်ချ ခြင်းသို့ ရောက်ရမည်။ ကျန် ကြွင်းသောသူတို့သည် အလွန်နည်း ၍၊ ခွန်အား ကုန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Isaïe 16 >