< Genèse 37 >
1 Jacob habitait dans le pays où voyageait son père, dans le pays de Canaan.
၁ယာကုပ် သည် မိမိ အဘ တည်းခို ရာခါနာန် ပြည် ၌ နေ ၏။
2 Voici l'histoire des générations de Jacob. Joseph, âgé de dix-sept ans, faisait paître le troupeau avec ses frères. Il était en compagnie des fils de Bilha et de Zilpa, femmes de son père. Joseph fit un mauvais rapport sur eux à leur père.
၂ယာကုပ် အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိ များ ဟူမူကား ၊ ယောသပ် သည် အသက် တဆယ် ခုနစ် နှစ်ရှိ ၍၊ အစ်ကို တို့နှင့်အတူ သိုး ဆိတ်များကို ထိန်း လေ၏။ အဘ ၏မယား ဗိလဟာ နှင့် ဇိလပ ၏သား တို့နှင့်အတူ နေ၍၊ သူ တို့အပြစ် ကို အဘ အား ကြား ပြောတတ်၏။
3 Or Israël aimait Joseph plus que tous ses enfants, car il était le fils de sa vieillesse, et il lui fit une tunique de plusieurs couleurs.
၃ဣသရေလ သည် အသက် ကြီးစဉ်အခါသား ယောသပ်ကို ရသောကြောင့် ၊ အခြားသော သား အပေါင်း တို့ကို ချစ် သည်ထက် ယောသပ် ကို သာ၍ချစ်၏။ အဆင်း အရောင်ထူးခြားသော အင်္ကျီ ကို ချုပ် ၍ ပေး၏။
4 Ses frères virent que leur père l'aimait plus que tous ses frères, et ils le haïrent, et ne purent pas lui parler en paix.
၄အဘ သည် မိမိသားအပေါင်းတို့တွင်၊ ယောသပ် ကိုသာ၍ ချစ် ကြောင်းကို၊ အစ်ကို တို့သည် သိမြင် သောအခါ ၊ သူ့ ကိုမုန်း ၍ မေတ္တာ စကားကို သူ့ အား မ ပြော နိုင်ကြ။
5 Joseph eut un songe, et il le raconta à ses frères, qui le haïrent d'autant plus.
၅ယောသပ် သည် အိပ်မက် ကို မြင် ၍ ၊ အစ်ကို တို့ အား ပြန်ပြော သဖြင့် ၊ သူတို့သည် သာ၍ မုန်း ကြ၏။
6 Il leur dit: « Écoutez, je vous prie, le songe que j'ai eu.
၆အိပ်မက်ကို အဘယ်သို့ပြန်ပြောသနည်းဟူမူကား၊ ကျွန်ုပ်မြင် ရသောအိပ်မက် ကို နားထောင် ကြပါ လော့။
7 Car voici, nous lions des gerbes dans le champ, et voici que ma gerbe se leva et se tint debout; et voici que vos gerbes s'approchèrent et se prosternèrent devant ma gerbe. »
၇ကျွန်ုပ် တို့သည် လယ် ၌ ကောက်လှိုင်း ကို စည်း ၍ နေကြစဉ်တွင်၊ ကျွန်ုပ် ကောက်လှိုင်း သည် ထ ၍ မတ်တတ်နေသဖြင့်၊ သင် တို့၏ ကောက်လှိုင်း တို့သည် ဝိုင်း ၍ ရပ် လျက် ၊ ကျွန်ုပ် ကောက်လှိုင်း ကို ရှိခိုး ကြသည်ဟု ပြောဆို လေ၏။
8 Ses frères lui demandèrent: « Vas-tu vraiment régner sur nous? Est-ce que tu vas dominer sur nous? » Ils le haïssaient d'autant plus qu'il rêvait et qu'il parlait.
၈အစ်ကို တို့ကလည်း၊ သင်သည် ငါ တို့၌ မင်း ပြု ရလိမ့်မည်လော၊ ငါ တို့ကို အစိုး ရလိမ့်မည်လောဟု ပြန် ဆို ၍ ၊ သူ ၏အိပ်မက် နှင့် သူ ၏စကား အကြောင်း ကြောင့် သာ၍ မုန်း ကြ၏။
9 Il eut un autre songe, qu'il raconta à ses frères, et il dit: « Voici, j'ai eu un autre songe; et voici, le soleil, la lune et onze étoiles se sont prosternés devant moi. »
၉တဖန် အိပ်မက် ကိုမြင် ပြန်၍ အစ်ကို တို့အား ၊ အခြားသော အိပ်မက် ကို ကျွန်ုပ်မြင် ရပြီ။ နေ ၊ လ နှင့်တကွ ၊ ကြယ် ဆယ့် တလုံး တို့သည်၊ ကျွန်ုပ် ကို ရှိခိုး ကြ၏ဟု ကြားပြော လေ၏။
10 Il le raconta à son père et à ses frères. Son père le réprimanda et lui dit: « Quel est ce rêve que tu as fait? Viendrons-nous, moi, ta mère et tes frères, nous prosterner en terre devant toi? »
၁၀ထိုသို့အဘ နှင့် အစ်ကို တို့အား ကြားပြော သောအခါ ၊ အဘ က ၊ သင်မြင် သောအိပ်မက် သည် အဘယ်သို့ နည်း။ ငါ နှင့် သင် ၏အမိ ၊ သင် ၏ အစ်ကို တို့သည် သင့် ထံ သို့ စင်စစ် လာ ၍ ဦးညွှတ် ချရမည်လောဟူ၍၊ သူ့ ကို ဆုံးမ လေ၏။
11 Ses frères l'envièrent, mais son père garda cette parole en mémoire.
၁၁အစ်ကို တို့သည် သူ့ ကို ငြူစူ ကြ၏။ အဘ သည် ထိုအရာ ကို မှတ် လေ၏။
12 Ses frères allèrent faire paître le troupeau de leur père à Sichem.
၁၂အစ်ကို တို့သည် အဘ ၏သိုး ဆိတ်များကို ရှေခင် မြို့မှာ ထိန်း ခြင်းငှါ သွား ကြ၏။
13 Israël dit à Joseph: « Tes frères ne font-ils pas paître le troupeau à Sichem? Viens, et je t'enverrai vers eux. » Joseph lui répondit: « Me voici. »
၁၃ဣသရေလ သည် ယောသပ် ကို ခေါ် ၍ ၊ သင် ၏ အစ်ကို တို့သည် သိုးဆိတ်များကို ရှေခင် မြို့မှာ ထိန်း ကြသည်မ ဟုတ်လော။ လာ ပါ။ သင့် ကို သူ တို့ရှိရာသို့ ငါ စေလွှတ် မည်ဟုခေါ်လျှင်၊ ကျွန်ုပ် ရှိ ပါသည်ဟုဆို သော်၊
14 Il lui dit: « Va maintenant, vois si tout va bien pour tes frères et pour le troupeau, et rapporte-moi des nouvelles. » Il l'envoya donc hors de la vallée d'Hébron, et il arriva à Sichem.
၁၄အဘ က သွား ပါ၊ အစ်ကို တို့သည် ချမ်းသာ သလော၊ သိုး ဆိတ်တို့လည်း ကောင်းမွန် စွာရှိသလောဟူ၍ကြည့်ရှု ပြီးလျှင် ၊ ငါ့ အားသိတင်း ကြားပြော ပါဟု မှာ လိုက်လျက်၊ ဟေဗြုန် ချိုင့် မှ စေလွှတ် သဖြင့် ၊ သူသည် ရှေခင် မြို့သို့ ရောက် လေ၏။
15 Un homme le trouva, et voici qu'il errait dans les champs. L'homme lui demanda: « Que cherches-tu? »
၁၅တော ၌ လှည့်လည် စဉ်တွင်၊ တစုံတယောက် သောသူနှင့် တွေ့ ၍ ထိုသူ က၊ သင်သည် ဘာ ကိုရှာ သနည်း ဟုမေး လျှင်၊
16 Il dit: « Je cherche mes frères. Dis-moi, je t'en prie, où ils font paître le troupeau. »
၁၆အစ်ကို များကို ရှာ ၏။ အဘယ် မှာထိန်း ကြသည် ကို ပြော ပါဟုဆိုသော်၊
17 L'homme dit: « Ils sont partis d'ici, car je les ai entendus dire: « Allons à Dothan ». » Joseph partit à la recherche de ses frères, et il les trouva à Dothan.
၁၇ထိုသူ က၊ ဤ အရပ်မှ ထွက် သွားပြီ။ ဒေါသန် မြို့သို့ သွား ကြစို့ဟု သူတို့ပြော သံကို ကျွန်ုပ်ကြား ခဲ့ပြီဟုဆို ၏။ ယောသပ် သည်လည်း ၊ အစ်ကို တို့ကို လိုက် ရှာ၍ ဒေါသန် မြို့မှာ တွေ့ လေ၏။
18 Ils le virent de loin, et, avant qu'il ne s'approche d'eux, ils complotèrent contre lui pour le tuer.
၁၈အနီးသို့မ ရောက် မှီ အဝေး ၌ ရှိစဉ်ပင်၊ အစ်ကိုတို့ သည်မြင် လျှင် ၊ သတ် ခြင်းငှါ တိုင်ပင် လျက်၊
19 Ils se disaient les uns aux autres: « Voici que ce rêveur arrive.
၁၉ကြည့် လော့။ အိပ်မက် ဆရာ လာ ပြီ။
20 Venez donc maintenant, tuons-le, jetons-le dans une des fosses, et nous dirons: « Une bête malfaisante l'a dévoré ». Nous verrons ce qu'il adviendra de ses rêves. »
၂၀ကိုင်ကြ။ သူ့ ကိုသတ် ၍ တစုံတခု သောတွင်း ထဲ သို့ ချ ပစ်ကြစို့။ ဆိုး သောသားရဲ တစုံတခုကိုက်စား ပြီဟု ပြော ကြစို့။ ထိုသို့ပြုလျှင်၊ သူ ၏ အိပ်မက် တို့သည် အဘယ်သို့ နေရာ ကျမည်ကို ကြည့် ကြစို့ဟု အချင်းချင်းပြောဆိုကြ၏။
21 Ruben l'entendit, le délivra de leurs mains, et dit: « Ne lui ôtons pas la vie. »
၂၁ထိုစကားကို ရုဗင် ကြား လျှင် ၊ သူ့ကို မ သတ် ဘဲ နေကြစို့ဟုဆို လျက် ၊ သူ တို့လက် မှ ယောသပ် ကို နှုတ် လေ၏။
22 Ruben leur dit: « Ne versez pas de sang. Jetez-le dans cette fosse qui est dans le désert, mais ne portez pas la main sur lui », afin de le délivrer de leurs mains et de le rendre à son père.
၂၂တဖန် ရုဗင် က၊ သူ ၏အသွေး ကို မ သွန်း ကြနှင့်။ ကိုယ်လက် နှင့် မ ပြု ဘဲ၊ တော ၌ ဤ မည်သောတွင်း ထဲ သို့ ချ ကြစို့ဟု သူ တို့လက် မှ ယောသပ် ကို နှုတ် ယူ၍၊ အဘ ၌ တဖန် အပ် မည်အကြံရှိသည်နှင့်ဆို လေ၏။
23 Lorsque Joseph arriva auprès de ses frères, ils le dépouillèrent de sa tunique, la tunique multicolore qu'il portait.
၂၃ယောသပ် သည် အစ်ကို တို့ထံ သို့ရောက် သောအခါ ၊ သူ ဝတ်သောအင်္ကျီ ၊ အဆင်း ထူးခြားသောအင်္ကျီ ကို ချွတ် ပြီးမှ၊
24 Ils le prirent et le jetèrent dans la fosse. La fosse était vide. Il n'y avait pas d'eau dedans.
၂၄သူ့ ကိုကိုင် ယူ၍ တွင်း ထဲ သို့ ချ ကြ၏။ ထိုတွင်း ၌ ရေ မရှိ၊ သွေ့ခြောက် သောတွင်း ဖြစ်သတည်း။
25 Ils s'assirent pour manger du pain. Ils levèrent les yeux et regardèrent, et ils virent qu'une caravane d'Ismaélites venait de Galaad, avec leurs chameaux portant des aromates, du baume et de la myrrhe, pour les descendre en Égypte.
၂၅ထိုနောက် အစာ စား ခြင်းငှါ ထိုင် ကြစဉ် မြော် ကြည့် ၍ ၊ ဣရှမေလ အမျိုးသားအစုအဝေးသည် ဂိလဒ် ပြည်မှ လာ ၍ နံ့သာ မျိုး၊ ဗာလစံစေး ၊ မုရန်စေး များ ကို ကုလားအုပ် ပေါ်၌ တင် ဆောင်လျက်၊ အဲဂုတ္တု ပြည်သို့ ခရီးသွား ကြသည်ကို မြင် လျှင်၊
26 Juda dit à ses frères: « Quel avantage y a-t-il à tuer notre frère et à cacher son sang?
၂၆ယုဒ က၊ ငါတို့သည် ညီ ကိုသတ် ၍ သေ ကြောင်းကို ဖွက် ထားလျှင် အဘယ် ကျေးဇူး ရှိသနည်း။
27 Venez, vendons-le aux Ismaélites, et ne mettons pas la main sur lui, car il est notre frère, notre chair. » Ses frères l'écoutèrent.
၂၇ကိုင်ကြ။ ကိုယ်တိုင် မ ညှဉ်းဆဲဘဲ၊ ဣရှမေလ လူတို့အား ရောင်း လိုက်ကြစို့။ သူသည် တို့ ညီ ၊ တို့ အမျိုး ဖြစ်၏ဟု အစ်ကိုတို့အားဆိုသည်ရှိသော်၊ ညီအစ် ကိုတို့ သည် ဝန်ခံ ကြ၏။
28 Des marchands madianites passèrent par là; ils tirèrent et soulevèrent Joseph de la fosse, et le vendirent aux Ismaélites pour vingt pièces d'argent. Les marchands amenèrent Joseph en Égypte.
၂၈ထိုအခါ၊ မိဒျန် အမျိုးသား ကုန်သည် တို့သည် ခရီးသွား ကြစဉ်တွင် ၊ အစ်ကိုတို့သည် ယောသပ် ကို တွင်း ထဲက ဆွဲ တင် ပြီးလျင် ၊ ငွေ အကျပ်နှစ်ဆယ် အဘိုး နှင့် ဣရှမေလ လူတို့အား ရောင်း ၍၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တု ပြည်သို့ ဆောင်သွား ကြ၏။
29 Ruben retourna à la fosse, et vit que Joseph n'y était pas; il déchira ses vêtements.
၂၉ရုဗင် သည်လည်း တွင်း သို့ သွား ၍ ၊ တွင်း ထဲမှာ ယောသပ် မ ရှိသည်ကို မြင် လျင်၊ မိမိ အဝတ် ကို ဆွဲဆုတ် လျက်၊
30 Il retourna vers ses frères et dit: « L'enfant n'est plus; et moi, où irai-je? »
၃၀ညီ တို့ရှိရာသို့ သွား ၍ ၊ သူငယ် မ ရှိပါတကား။ ငါ သည် အဘယ်သို့ သွား ရပါ မည်နည်းဟု ဆို လေ၏။
31 Ils prirent la tunique de Joseph, tuèrent un bouc, et plongèrent la tunique dans le sang.
၃၁သူတို့သည်လည်း၊ ယောသပ် အင်္ကျီ ကိုယူ ၍ ၊ ဆိတ် သငယ် ကိုသတ် ပြီးမှ ၊ အင်္ကျီ ကိုအသွေး ၌ နှစ် လေ၏။
32 Elles prirent la tunique multicolore, l'apportèrent à leur père et dirent: « Nous avons trouvé ceci. Examine-la maintenant, et vois si c'est la tunique de ton fils ou non. »
၃၂ထိုနောက်မှ ၊ အဆင်း ထူးခြားသော ထိုအင်္ကျီ ကို ပေး လိုက်၍၊ အချို့တို့သည် အဘ ထံ သို့ဆောင် ခဲ့လျက် ၊ ဤ အင်္ကျီကို အကျွန်ုပ်တို့ တွေ့ ပါပြီ။ သား ၏အင်္ကျီ ဟုတ် သည် မဟုတ်သည်ကို ကြည့် ပါဟုဆို လျှင်၊
33 Il la reconnut et dit: « C'est la tunique de mon fils. Un animal malfaisant l'a dévoré. Joseph est sans doute déchiré en morceaux. »
၃၃ထို အင်္ကျီကို အဘမှတ်မိ ၍ ၊ ငါ့ သား ၏ အင်္ကျီ မှန်၏။ သူ့ ကိုဆိုး သော သားရဲ ကိုက်စား ပြီ။ အကယ်၍ယောသပ် ကိုအပိုင်းပိုင်းကိုက်ဖြတ် ပါပြီတကားဟုဆို လျက်၊
34 Jacob déchira ses vêtements, mit un sac sur sa taille et porta le deuil de son fils pendant plusieurs jours.
၃၄မိမိ အဝတ် ကို ဆွဲဆုတ် ၍ ၊ လျှော်တေ အဝတ်ကို ပတ်စည်း သဖြင့် ၊ အင်တန် ကာလပတ်လုံး၊ သား ကြောင့် စိတ် မသာ ညည်းတွားလျက် နေလေ၏။
35 Tous ses fils et toutes ses filles se levèrent pour le consoler, mais il refusa d'être consolé. Il dit: « Car je descendrai au séjour des morts auprès de mon fils, en pleurant. » Son père pleura sur lui. (Sheol )
၃၅သား သမီး အပေါင်း တို့သည်၊ အဘ ကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း ၊ သူသည် နှစ်သိမ့် စေသော စကားကို နား မထောင်ဘဲ၊ ငါ့ သား ရှိ ရာ မရဏာ နိုင်ငံသို့ စိတ် မသာညည်းတွားလျက် ဆင်းသက် တော့မည်ဟု ဆို လေ၏။ ထိုသို့ယောသပ်အဘသည် သား ကြောင့် ငိုကြွေး မြည်တမ်းလျက် နေလေ၏။ (Sheol )
36 Les Madianites le vendirent en Égypte à Potiphar, un officier de Pharaon, le chef des gardes.
၃၆ယောသပ် ကိုကား၊ မိဒျန် လူတို့သည် အဲဂုတ္တု ပြည် သို့ ဆောင်သွား၍၊ ဖါရော ဘုရင်၏ အမတ် ဖြစ်သော ကိုယ်ရံတော် မှူး၊ ပေါတိဖါ ထံ မှာ ရောင်း ကြ၏။