< Esther 5 >

1 Le troisième jour, Esther mit ses vêtements royaux et se tint dans la cour intérieure de la maison du roi, à côté de la maison du roi. Le roi était assis sur son trône royal dans la maison royale, à côté de l'entrée de la maison.
သုံး ရက်မြောက်သောနေ့ ၌ ၊ ဧသတာ သည် မိဖုရား အဝတ်တန်ဆာကို ဝတ်ဆင် ၍ ၊ နန်းတော်အဆောင်မှတဘက်တချက် ၊ နန်းတော် အတွင်း တန်တိုင်း ထဲ မှာ ရပ် နေ၏။ ရှင် ဘုရင်သည် နန်းတော် တံခါး တစ်ဘက်တချက် ၊ နန်းတော် ထဲ ၊ ရာဇ ပလ္လင်ပေါ် မှာ ထိုင် တော်မူ၏။
2 Lorsque le roi vit la reine Esther debout dans la cour, elle obtint grâce à ses yeux; et le roi tendit à Esther le sceptre d'or qui était dans sa main. Esther s'approcha et toucha le sommet du sceptre.
မိဖုရား ဧသတာ သည် တန်တိုင်း တော်ထဲ မှာ ရပ် နေသည်ကို ရှင်ဘုရင် မြင် လျှင် ၊ နူးညွတ် သောစိတ်ရှိ၍ လက် တော်၌ ပါသော ရွှေ ရာဇ လှံတံကို၊ ဧသတာ သို့ ကမ်း တော်မူသဖြင့် ၊ ဧသတာ သည် ချဉ်းကပ် ၍ ရာဇ လှံတံတော်အထွဋ် ကိုတို့ လေ၏။
3 Alors le roi lui demanda: « Que veux-tu, reine Esther? Quelle est ta demande? Il te sera donné jusqu'à la moitié du royaume. »
ရှင် ဘုရင်ကလည်း ၊ မိဖုရား ဧသတာ ၊ သင် သည် အဘယ် အလိုရှိသနည်း။ အဘယ် ဆုကို တောင်း ချင် သနည်း။ တောင်းသမျှကို နိုင်ငံ တော် တဝက် တိုင်အောင် ငါပေး မည်ဟု မိန့် တော်မူလျှင်၊
4 Esther dit: « Si le roi le trouve bon, que le roi et Haman viennent aujourd'hui au banquet que j'ai préparé pour lui. »
ဧသတာ က၊ အရှင်မင်းကြီး အလို တော်ရှိလျှင် ၊ အရှင် မင်းကြီးအဘို့ ကျွန်တော်မပြင်ဆင် သော ပွဲ သို့ ဟာမန် နှင့်တကွ ယနေ့ ကြွ တော်မူပါဟု လျှောက် သော်၊
5 Alors le roi dit: « Amène vite Haman, afin qu'il soit fait comme Esther l'a dit. » Le roi et Haman arrivèrent donc au banquet qu'Esther avait préparé.
ရှင် ဘုရင်က၊ ဧသတာ လျှောက် သည်အတိုင်း ပြု အံ့သောငှါ ၊ ဟာမန် သည် အလျင် အမြန်လာစေဟု မိန့် တော်မူသဖြင့် ၊ ဧသတာ ပြင်ဆင် သော ပွဲ သို့ ဟာမန် နှင့်တကွ ရှင်ဘုရင် ကြွ တော်မူ၏။
6 Le roi dit à Esther, lors du banquet du vin: « Quelle est ta demande? Elle te sera accordée. Quelle est ta demande? Elle sera exécutée jusqu'à la moitié du royaume. »
တဖန် စပျစ်ရည် သောက်ပွဲ ခံစဉ်၊ ရှင် ဘုရင်က၊ သင်သည် အဘယ်သို့အလိုရှိသနည်း။ အလိုရှိသည် အတိုင်း ငါပေးမည်။ အဘယ် ဆုကို တောင်း ချင်သနည်း။ တောင်း သမျှကိုနိုင်ငံ တော်တဝက် တိုင်အောင် ငါပေး မည် ဟု ဧသတာ အား မိန့် တော်မူလျှင်၊
7 Alors Esther répondit et dit: Voici ma requête et ma demande.
ဧသတာ က၊ ကျွန်တော် မအလို ရှိ၍ ကျွန်တော် မ တောင်း ချင်သော ဆုဟူမူကား ၊
8 Si j'ai trouvé grâce aux yeux du roi, et s'il plaît au roi d'accéder à ma requête et d'exécuter ma demande, que le roi et Haman viennent au banquet que je leur préparerai, et je ferai demain ce que le roi a dit. »
ကျွန်တော်မကို အရှင်မင်းကြီး ၏စိတ် နှင့် တွေ့ တော်မူလျှင် ၎င်း ၊ ကျွန်တော်မအလို ရှိ၍ ကျွန်တော် မတောင်း ချင်သောဆုကို ပေး သနားခြင်းငှါ အရှင်မင်းကြီးအလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မပြင်ဆင် သော ပွဲ သို့ အရှင် မင်းကြီးသည် ဟာမန် နှင့်တကွ တဖန်ကြွ တော်မူပါ။ အမိန့် တော်ရှိသည်အတိုင်း နက်ဖြန် နေ့၌ ကျွန်တော်မပြု ပါမည်ဟု ပြန်လျှောက် လေ၏။
9 Haman sortit ce jour-là, joyeux et le cœur content. Mais quand Haman vit Mardochée à la porte du roi, qui ne se levait pas et ne bougeait pas pour lui, il fut rempli de colère contre Mardochée.
ထို နေ့ ၌ ဟာမန် သည် ဝမ်းမြောက် ရွှင်လန်း သောစိတ် နှင့် ထွက် သွားသော်လည်း ၊ နန်းတော်တံခါးဝ မှာ မော်ဒကဲ သည် ရိုသေစွာမ ထ ၊ အလျှင်းမ လှုပ် ဘဲနေသည် ကို မြင် သောအခါ ၊ မော်ဒကဲ ကို အလွန်အမျက် ထွက် လေ၏။
10 Haman se retint néanmoins et rentra chez lui. Là, il fit appeler ses amis et Zéresh, sa femme.
၁၀သို့ရာတွင် မိမိစိတ်ကို ချုပ်တည်း လျက်သွား ၍ ၊ မိမိ အိမ် သို့ ရောက် သောအခါ ၊ မယား ဇေရက် နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ် ပြီးလျှင်၊
11 Haman leur raconta la gloire de ses richesses, la multitude de ses enfants, toutes les choses dans lesquelles le roi l'avait promu, et comment il l'avait élevé au-dessus des princes et des serviteurs du roi.
၁၁မိမိ ဘုန်း စည်းစိမ် ကြီးကြောင်း၊ သား သမီးများ ကြောင်း၊ ရှင်ဘုရင်အလွန်ချီးမြှောက်၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ၍မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက်၊
12 Haman dit aussi: « Oui, la reine Esther n'a laissé entrer personne d'autre que moi au banquet qu'elle a préparé avec le roi, et demain elle m'invitera aussi avec le roi.
၁၂မိဖုရား ဧသတာ သည် မိမိပြင်ဆင် သော ပွဲ သို့ ငါ မှတပါး ၊ အဘယ်သူကိုမျှ ရှင်ဘုရင် နှင့်အတူ မ ဝင် စေ။ နက်ဖြန် နေ့၌ လည်း ရှင်ဘုရင် နှင့်အတူ ငါ့ ကို ဘိတ် ပြန်၏။
13 Mais tout cela ne me sert à rien, tant que je vois le Juif Mardochée assis à la porte du roi. »
၁၃သို့ရာတွင် ၊ ယုဒ လူမော်ဒကဲ သည် နန်းတော်တံခါးဝ မှာ ထိုင် လျက်ရှိသည်ကို ငါ မြင် ရသည် ကာလ ပတ်လုံး ၊ ယခု ဘော်ပြသမျှ တို့သည် ငါ ၌ ကျေးဇူးမ ရှိဟု ဆို ၏။
14 Alors Zéresh, sa femme, et tous ses amis lui dirent: « Qu'on fasse une potence de cinquante coudées de haut, et demain matin, tu parleras au roi pour qu'il y pende Mardochée. Puis tu iras joyeusement avec le roi au banquet. » Cela plut à Haman, et il fit fabriquer la potence.
၁၄ထိုအခါ မယား ဇေရက် နှင့် အဆွေ ခင်ပွန်းရှိသမျှ တို့က၊ အတောင် ငါးဆယ် မြင့် သော လည်ဆွဲချတိုင် ကိုစိုက် ပါစေ။ ထိုတိုင် ၌ မော်ဒကဲ ကိုလည်ဆွဲ ချစေမည် အကြောင်း နက်ဖြန် သံတော်ဦး တင်လော့။ ထိုနောက်မှစိတ်ရွှင်လန်း လျက် ရှင်ဘုရင် နှင့်အတူ ပွဲ သို့ ဝင် လော့ဟု ပြောဆိုသောစကား ကို ဟာမန်သည် နှစ်သက် ၍၊ လည်ဆွဲ ချတိုင်ကို လုပ် စေ၏။

< Esther 5 >