< Daniel 9 >
1 La première année de Darius, fils d'Assuérus, de la descendance des Mèdes, qui fut établi roi sur le royaume des Chaldéens -
၁ယေရုရှလင် မြို့ပျက်စီး ၍ အနှစ် ခုနစ် ဆယ် လွန် စေမည်ဟု၊
2 la première année de son règne, moi, Daniel, je compris par les livres le nombre des années au sujet desquelles la parole de Yahvé fut adressée à Jérémie, le prophète, pour l'accomplissement des désolations de Jérusalem, soit soixante-dix ans.
၂ထာဝရဘုရား ၏ ဗျာဒိတ် တော်ကို ပရောဖက် ယေရမိ ခံဘူးသည်ဖြစ်၍၊ ခါလာဒဲ နိုင်ငံ ကို အစိုးရ သော မေဒိ အမျိုး ၊ အာရွှေရု သား ဒါရိ နန်းစံပဌမ နှစ် တွင် ၊ ငါ ဒံယေလ သည် ထိုနှစ် ပေါင်းအရေအတွက် ကို ကျမ်းစာ အားဖြင့် သိ ရသောကြောင့် ၊
3 Je me suis tourné vers le Seigneur Dieu, pour le consulter par des prières et des supplications, avec des jeûnes, des sacs et des cendres.
၃အစာ ကိုရှောင်လျက်၊ လျှော်တေ အဝတ်ကို ဝတ် လျက်၊ ပြာ နှင့်လူးလျက်၊ အရှင် ဘုရား သခင့်ထံ တော်သို့ ချဉ်းကပ်၍ ဆုတောင်း ပဌနာပြု၏။
4 J'ai prié Yahvé, mon Dieu, et je me suis confessé, en disant, « Seigneur, Dieu grand et redoutable, qui garde l'alliance et la bonté envers ceux qui l'aiment et gardent ses commandements,
၄ထိုသို့ အပြစ်ကို ဘော်ပြ တောင်းပန်၍ ငါ ကိုးကွယ်သော ဘုရား သခင်ထာဝရဘုရား ထံ ငါပြုသောပဌနာ ဟူမူကား ၊ ကိုယ်တော် ကိုချစ် ၍ ပညတ် တော်တို့ကို စောင့် သောသူတို့ အား သစ္စာတော်မပျက်၊ ကရုဏာ တရားကိုစောင့် တော်မူထသော၊ အလွန် ကြီးမြတ်၍ ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူသောအရှင် ဘုရား သခင်၊
5 nous avons péché, nous avons agi avec perversité, nous avons fait le mal, nous nous sommes rebellés, nous nous sommes détournés de tes préceptes et de tes ordonnances.
၅အကျွန်ုပ်တို့သည် ပြစ်မှား မိပါပြီ။ ဒုစရိုက် ကို ပြုမိ ပါပြီ။ မ တရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန် မိပါပြီ။ စီရင် ထုံးဖွဲ့တော်မူသောတရား လမ်းမှ လွှဲ မိပါပြီ။
6 Nous n'avons pas écouté tes serviteurs les prophètes, qui ont parlé en ton nom à nos rois, à nos princes, à nos pères et à tout le peuple du pays.
၆အကျွန်ုပ် တို့၏ရှင် ဘုရင်၊ မင်းသား အသက်ကြီးသူမှစ၍ပြည်သူ ပြည်သားအပေါင်း တို့အား ကိုယ်တော် ၏အခွင့် နှင့် ဟောပြော သော ကိုယ်တော် ၏ ကျွန် ၊ ပရောဖက် တို့၏စကားများကို အကျွန်ုပ်တို့သည် နား မ ထောင်ဘဲနေကြပါပြီ။
7 « Seigneur, la justice t'appartient, mais à nous la confusion de visage, comme aujourd'hui, aux hommes de Juda, aux habitants de Jérusalem, et à tout Israël, proches et lointains, dans tous les pays où tu les as chassés, à cause de la faute qu'ils ont commise contre toi.
၇အိုဘုရား ရှင်၊ ကိုယ်တော် သည် တရား နှင့် ဆိုင် တော်မူ၏။ ကိုယ်တော်ကို ပြစ်မှားသောအပြစ် ကြောင့် နှင်ထုတ် တော်မူ၍၊ နီး သောပြည်၊ ဝေး သောပြည်၊ အရပ်ရပ် တို့၌ နေရသော ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား မှစ၍ဣသရေလ လူအပေါင်း တည်းဟူသောအကျွန်ုပ် တို့ သည် ယနေ့ ၌ရှိသည်အတိုင်း ၊ မျက်နှာ ပျက် ခြင်းနှင့် ဆိုင်ကြပါ၏။
8 Seigneur, à nous la confusion du visage, à nos rois, à nos princes et à nos pères, parce que nous avons péché contre toi.
၈အိုဘုရား ရှင်၊ ကိုယ်တော် ကို ပြစ်မှား သောကြောင့် ၊ အကျွန်ုပ် တို့၏ရှင် ဘုရင်၊ မင်းသား ၊ အသက်ကြီးသူမှစ၍အကျွန်ုပ် တို့သည် မျက်နှာပျက် ခြင်းနှင့် ဆိုင်ကြပါ ၏။
9 Au Seigneur notre Dieu appartiennent la miséricorde et le pardon, car nous nous sommes révoltés contre lui.
၉အကျွန်ုပ်တို့သည် ကိုယ်တော် ကို ပုန်ကန် သော်လည်း ၊ အကျွန်ုပ် တို့အရှင် ဘုရား သခင်သည် ကရုဏာ ကို ပြခြင်း၊ အပြစ် ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။
10 Nous n'avons pas obéi à la voix de l'Éternel, notre Dieu, pour marcher dans ses lois, qu'il nous avait prescrites par ses serviteurs les prophètes.
၁၀အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ကျွန် တော်ရင်း၊ ပရောဖက် တို့ဖြင့် အကျွန်ုပ် တို့၌ ထား တော်မူ သော ပညတ် တရားတော်လမ်းသို့ လိုက် ခြင်းငှါ ၊ ဗျာဒိတ် တော်အသံ ကို အကျွန်ုပ်တို့သည်နား မ ထောင်ဘဲ နေကြ ပါပြီ။
11 Oui, tout Israël a transgressé ta loi, en se détournant, pour ne pas obéir à ta voix. « C'est pourquoi la malédiction et le serment écrits dans la loi de Moïse, serviteur de Dieu, ont été répandus sur nous, car nous avons péché contre lui.
၁၁အကယ်စင်စစ်ဣသရေလ အမျိုးသားအပေါင်း တို့ သည် ဗျာဒိတ်တော်အသံ ကို နား မ ထောင်၊ လွှဲ သွား၍ ပညတ် တရားတော်ကို လွန်ကျူး ကြပါပြီ။ သို့ဖြစ်၍ ၊ ကိုယ်တော် ကို ပြစ်မှား သော အပြစ်ကြောင့် ၊ ကျိန်ဆို တော်မူ ခြင်းတည်းဟူသော၊ ဘုရား သခင်၏ ကျွန် မောရှေ ၏ ပညတ္တိ ကျမ်း၌ မှတ်သား သော အကျိန် ကို အကျွန်ုပ် တို့ အပေါ် သို့ သွန်းလောင်း တော်မူ၏။
12 Il a confirmé les paroles qu'il a prononcées contre nous et contre les juges qui nous ont jugés, en faisant venir sur nous un grand malheur; car, sous tout le ciel, il n'a pas été fait à Jérusalem ce qui lui a été fait.
၁၂အကျွန်ုပ် တို့တဘက် ၊ အကျွန်ုပ် တို့ကို အုပ် သော တရားသူကြီး တို့ တဘက် ၌ မိန့် တော်မူသော စကား တော် ကို တည် စေ၍ ၊ အကျွန်ုပ် တို့အပေါ် မှာ ကြီးစွာ သော ဘေးဥပဒ် ကို ရောက် စေတော်မူပြီ။ အကြောင်းမူကား၊ ယေရုရှလင် မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင် အောက် တွင် အဘယ်အရပ်၌မျှ မ ရောက်စဖူးပါ။
13 Comme il est écrit dans la loi de Moïse, tout ce malheur est venu sur nous. Et nous n'avons pas imploré la faveur de l'Éternel, notre Dieu, pour que nous nous détournions de nos iniquités et que nous soyons éclairés par ta vérité.
၁၃မောရှေ ၏ ပညတ္တိ ကျမ်းစာ၌ မှတ်သား သည် အတိုင်း ၊ ဤ ဘေးဥပဒ် ရှိသမျှ သည် အကျွန်ုပ် တို့အပေါ် မှာ ရောက် ပါပြီ။ အကျွန်ုပ် တို့သည် ဒုစရိုက် များကိုရှောင်၍ သမ္မာ တရားတော်ကို နားလည် ခြင်းအလိုငှါ ၊ အကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ထံ တော်၌ မ တောင်းပန် ဘဲ နေကြပါပြီတကား။
14 C'est pourquoi l'Éternel a veillé sur le malheur et l'a fait venir sur nous; car l'Éternel, notre Dieu, est juste dans toutes les œuvres qu'il fait, et nous n'avons pas obéi à sa voix.
၁၄ထို့ကြောင့် ၊ ထာဝရဘုရား သည် ဘေးဥပဒ် ကို စောင့်၍၊ အကျွန်ုပ် တို့အပေါ် သို့ရောက် စေတော်မူပြီ။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ပြု တော်မူသမျှ တို့၌ ဖြောင့်မတ် တော်မူ၏။ အကျွန်ုပ်တို့ သည် ဗျာဒိတ်တော်အသံ ကို နား မ ထောင်ဘဲ နေကြပါပြီ တကား။
15 « Maintenant, Seigneur notre Dieu, toi qui as fait sortir ton peuple du pays d'Égypte d'une main puissante, et qui t'es acquis une renommée, comme c'est le cas aujourd'hui, nous avons péché. Nous avons fait le mal.
၁၅တန်ခိုး ကြီးသောလက် တော်ဖြင့် ကိုယ်တော် ၏ လူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍ ၊ ယနေ့ ၌ရှိသည် အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသောအကျွန်ုပ် တို့၏ အရှင် ဘုရား သခင်၊ အကျွန်ုပ်တို့သည် ပြစ်မှား မိပါပြီ။ မ တရားသဖြင့်ပြုမိပါပြီ။
16 Seigneur, selon toute ta justice, fais que ta colère et ton courroux se détournent de ta ville Jérusalem, ta montagne sainte, car à cause de nos péchés et des iniquités de nos pères, Jérusalem et ton peuple sont devenus un opprobre pour tous ceux qui nous entourent.
၁၆အိုဘုရား ရှင်၊ ဖြောင့်မတ် တော်မူခြင်း တရား တော်ရှိသမျှ တို့နှင့်အညီ ၊ သန့်ရှင်း သော တောင် တော် တည်းဟူသောကိုယ်တော် ၏ ယေရုရှလင် မြို့ မှ ပြင်းစွာသော ဒေါသ အမျက် တော်ကို လွှဲ တော်မူပါဟု အကျွန်ုပ် တောင်းပန်ပါ၏။ အကြောင်း မူကား၊ အကျွန်ုပ် တို့ အပြစ် များမှစ၍ဘိုးဘေး တို့၏ အပြစ် များကြောင့် ၊ ယေရုရှလင် မြို့နှင့် ကိုယ်တော် ၏လူစု သည် ပတ်ဝန်းကျင် ၌ရှိသောသူတို့ တွင် ကဲ့ရဲ့ စရာအကြောင်းဖြစ်ပါ၏။
17 « Maintenant, notre Dieu, écoute la prière de ton serviteur et ses supplications, et fais briller ta face sur ton sanctuaire dévasté, à cause du Seigneur.
၁၇ယခု မူကား ၊ အကျွန်ုပ် တို့ဘုရား သခင်၊ ကိုယ်တော် ၏ ကျွန် ပြုသောပဌနာ စကားကို နားထောင် တော်မူ ပါ။ ဆိတ်ညံ လျက်ရှိသောသန့်ရှင်း ရာဌာနတော်ကို ဘုရား ရှင်၏ အကျိုး တော်ကြောင့်၊ မျက်နှာ တော် ရောင်ခြည်ကို ထွန်းလင်း စေတော်မူပါ။
18 Mon Dieu, tends l'oreille et écoute. Ouvre tes yeux et vois nos désolations, et la ville qui est appelée de ton nom; car nous ne présentons pas nos requêtes devant toi à cause de notre justice, mais à cause de tes grandes compassions.
၁၈အကျွန်ုပ် ၏ဘုရား သခင်၊ နား တော်ကိုလှည့် ၍ နားထောင် တော်မူပါ။ မျက်စိ တော်ကိုဖွင့် ၍ အကျွန်ုပ် တို့ ပျက်စီး ရာများကို၎င်း၊ နာမ တော်ဖြင့် သမုတ် သော မြို့ ကို၎င်း ကြည့်ရှု တော်မူပါ။ အကျွန်ုပ် တို့သည် ကိုယ် ကုသိုလ် ကို အမှီ မ ပြု၊ မဟာ ကရုဏာ တော်ကိုသာ အမှီ ပြု၍ ပဌနာ စကားကို ရှေ့ တော်၌ ဆက်ကပ်ပါ၏။
19 Seigneur, écoute. Seigneur, pardonne. Seigneur, écoute et fais. Ne diffère pas, pour ton bien, mon Dieu, parce que ta ville et ton peuple sont appelés par ton nom. »
၁၉အိုဘုရား ရှင်၊ နားထောင် တော်မူပါ။ အိုဘုရား ရှင်၊ အပြစ်ကိုလွှတ် တော်မူပါ။ အိုဘုရား ရှင်၊ နားထောင် ၍ ပြု တော်မူပါ။ အကျွန်ုပ် ၏ဘုရား သခင်၊ ကိုယ်တော် အတွက် ဖင့်နွှဲ တော်မ မူပါနှင့်။ ကိုယ်တော် ၏မြို့ ၊ ကိုယ်တော် ၏ လူစု သည် နာမ တော်ဖြင့် သမုတ် ခြင်းရှိပါသည်ဟု ဆုတောင်းပဌနာပြု ၏။
20 Pendant que je parlais, que je priais, que je confessais mon péché et le péché de mon peuple d'Israël, et que je présentais mes supplications à Yahvé mon Dieu pour la montagne sainte de mon Dieu -
၂၀ထိုသို့ဆုတောင်း ပဌနာပြု၍၊ ကိုယ် အပြစ် ကို၎င်း ၊ အမျိုးသား ချင်း ဣသရေလ လူတို့၏ အပြစ် ကို၎င်းဘော်ပြ တောင်းပန်၍ ၊ ငါ ကိုးကွယ်သော ဘုရား သခင်၏ သန့်ရှင်း သော တောင် တော်အဘို့ ငါ ပြုသော ပဌနာ စကားကို၊ ငါ ၏ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ဆက်ကပ်လျက်နေ၍၊
21 oui, pendant que je parlais en priant - l'homme Gabriel, que j'avais vu dans la vision du début, se mit à voler rapidement et me toucha au moment de l'offrande du soir.
၂၁ဆုတောင်း သော အမှုမပြီးမှီ မြွက်ဆို စဉ် တွင်၊ ယခင် ဗျာဒိတ် ရူပါရုံ၌ ထင်ရှား သော သူ၊ ဂါဗေလ သည် လျင်မြန်စွာ ပျံ ၍လာ သဖြင့်၊ ညဦးယံ ပူဇော် ချိန် ၌ ရှိရာသို့ ရောက်၍၊
22 Il m'instruisit et s'entretint avec moi, et dit: « Daniel, je suis venu maintenant pour te donner la sagesse et l'intelligence.
၂၂နှုတ်ဆက်လျက်၊ အချင်းဒံယေလ ၊ ငါသည် သင် ၌ ဉာဏ် ပညာတိုးပွားစေမည်အကြောင်းထွက် လာပြီ။
23 Au début de tes requêtes, le commandement est sorti, et je suis venu te le dire, car tu es très aimé. Considère donc la question et comprends la vision.
၂၃သင် သည် ဆုတောင်း စ ပြုသောအခါ အမိန့် တော်ရှိသည်ဖြစ်၍၊ သင့်အားကြားပြော ခြင်းငှါ ငါ ရောက် လာပြီ။ သင် သည် အလွန် ချစ်အပ်သောသူဖြစ်၏။ ထိုကြောင့် ၊ ဗျာဒိတ် တော်အချက်ကို ဆင်ခြင် ၍ နားလည် ရသောအခွင့်ရှိ၏။
24 « Soixante-dix semaines ont été décrétées pour ton peuple et pour ta ville sainte, afin d'achever la désobéissance, de faire cesser les péchés, de réparer l'iniquité, d'instaurer la justice éternelle, de sceller les visions et les prophéties, et d'oindre le Très Saint.
၂၄လွန်ကျူး ခြင်းအမှုကို ဆီးတား ၍ အပြစ် ကို တံဆိပ်ခတ်စေခြင်းငှါ ၎င်း ၊ ဒုစရိုက် အပြစ်ကို ဖြေရှင်း ၍ ထာဝရ ကုသိုလ်ကို သွင်း စေခြင်းငှါ ၎င်း ၊ ဗျာဒိတ် ရူပါရုံနှင့် အနာဂတ္တိ ဗျာဒိတ်တော်တို့ကို တံဆိပ် ခတ်၍ ၊ အလွန် သန့်ရှင်း သော အရပ်ဌာနကိုလိမ်း စေခြင်းငှါ ၎င်း ၊ သိတင်း ခုနစ် ဆယ်ကို သင် ၏ အမျိုးသား ချင်းအဘို့ နှင့် သင် ၏ သန့်ရှင်း သောမြို့ အဘို့ ဆုံးဖြတ် ခြင်းရှိ၏။
25 « Sachez donc et discernez que, depuis l'envoi du commandement de rétablir et de reconstruire Jérusalem jusqu'à l'Oint, le prince, il y aura sept semaines et soixante-deux semaines. Elle sera rebâtie, avec des rues et des douves, même en des temps troublés.
၂၅ထိုကြောင့် ၊ ယေရုရှလင် မြို့ကိုတဖန် တည်ထောင် ပြုစုစေခြင်းငှါ ၊ အမိန့် တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင် ၊ ခုနစ် သိတင်း နှင့် ခြောက် ဆယ်နှစ် သိတင်း ကြာလိမ့်မည်ဟု သိမှတ် နားလည် လော့။ အနှောင့် အရှက် ခံရသောကာလ ၌ မြို့လမ်း ကို တဖန် တည်ထောင် ပြုစုရမည်ဟု စီရင် ဆုံးဖြတ်ခြင်းရှိ၏။
26 Après les soixante-deux semaines, l'Oint sera retranché et n'aura plus rien. Le peuple du prince qui vient détruira la ville et le sanctuaire. Sa fin sera un déluge, et la guerre durera jusqu'à la fin. Les désolations sont déterminées.
၂၆ထိုသိတင်းခြောက် ဆယ်နှစ် သိတင်း လွန် ပြီးမှ၊ ခရစ်တော်သည် အခွင့်မ ရဘဲအသေ သတ်ခြင်းကိုခံရလိမ့်မည်။ ထိုနောက်မှလာသော သခင် ၏ လူ တို့သည် မြို့ တော်ကို၎င်း ၊ သန့်ရှင်း ရာဌာနကို၎င်း ဖြိုဖျက် ကြ လိမ့်မည်။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံး တိုင်အောင် စစ်တိုက် ခြင်း၊ ပျက်စီး ရာနှင့်ဆိုင်သော စီရင် ဆုံးဖြတ်ခြင်းရှိလိမ့်မည်။
27 Il conclura avec beaucoup de gens une alliance ferme pour une semaine. Au milieu de la semaine, il fera cesser le sacrifice et l'offrande. Sur l'aile des abominations viendra celui qui fait la désolation; et jusqu'au terme fixé, la colère se répandra sur les désolés. »
၂၇တ သိတင်း တွင် လူအများ တို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်း တဝက် တွင် ယဇ် ပူဇော်ခြင်းနှင့် ဆက်ကပ် ခြင်းကို ပပျောက် စေလိမ့်မည်။ ရွံ့ရှာ ဘွယ်သောအရာ၏ အထွဋ်ပေါ် သို့ ဖျက်ဆီး သောသူသည် ရောက်၍၊ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီး အပ်သောသူတို့ ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။