< Amos 8 >
1 Ainsi le Seigneur Yahvé m'a montré: voici une corbeille de fruits d'été.
၁တဖန် အရှင် ထာဝရဘုရား သည် ငါ့ အား ပြ တော်မူသောရူပါရုံဟူမူကား ၊ နွေ ကာလအသီးပါသောတောင်း သည် ထင်ရှား ၏။
2 Il dit: « Amos, que vois-tu? » J'ai dit: « Un panier de fruits d'été. » Alors Yahvé me dit, « La fin est venue sur mon peuple Israël. Je ne passerai plus devant eux.
၂အာမုတ် ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ၊ နွေ ကာလအသီးပါသောတောင်း ကို မြင်ပါသည်ဟု ငါလျှောက် သော်၊ ထာဝရဘုရား က၊ နောက်ဆုံး ကာလသည် ငါ ၏လူ ဣသရေလ အမျိုး၌ ရောက် လေပြီ။ နောက် တဖန် သူ တို့ကို သည်း မ ခံ။
3 Les chants du temple seront des gémissements en ce jour-là, dit le Seigneur Yahvé. « Les cadavres seront nombreux. En tout lieu, on les jettera en silence.
၃ထိုကာလ ၌ နန်း စဉ်ကခြေသည် တို့သည် မြည်တမ်း ကြလိမ့်မည်။ အရပ်ရပ် တို့၌ များစွာ သော အသေကောင် ရှိ၍၊ လူတို့သည် တိတ်ဆိတ် စွာ ပစ်ချ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
4 Écoutez ceci, vous qui voulez engloutir les indigents, et faire échouer les pauvres du pays,
၄ငါတို့သည် စပါး ကို ရောင်း အံ့သောငှါလဆန်း နေ့လွန် ပါစေ၊ ဂျုံ ကို ရောင်း အံ့သောငှါ ဥပုသ် နေ့လွန်ပါစေဟု ဆို လျက်၊
5 en disant: « Quand la nouvelle lune sera-t-elle passée, pour que nous puissions vendre du blé? Et le sabbat, pour que nous puissions commercialiser le blé, rendant l'épha petit, et le shekel grand, et de traiter faussement avec des balances de tromperie;
၅ဧဖာ လေးကို ငယ် စေခြင်းငှါ ၎င်း ၊ ကျပ်လေး ကိုကြီး စေခြင်းငှာ ၎င်း လုပ်၍၊ စဉ်းလဲ သော ချိန်ခွင် ကို သုံးလျက်ဆင်းရဲ သောသူကို ငွေ နှင့် ၎င်း ၊ ငတ်မွတ် သောသူကို ခြေနင်း တရံနှင့် ၎င်း ဝယ် ၍၊
6 afin que nous puissions acheter les pauvres pour de l'argent, et les nécessiteux pour une paire de sandales, et vendre les balayures avec le blé? »
၆ညံ့ သော ဂျုံ ဆန်ကို ရောင်း လျက်၊ ငတ်မွတ် သောသူတို့ ကို နှိပ်နင်း ၍ ဆင်းရဲ သော ပြည်သား တို့ကို ဖြတ် ခြင်းငှါ အလွန်အလိုကြီးသောသူတို့ ၊ ဤ စကားကို နားထောင် ကြလော့။
7 Yahvé a juré par l'orgueil de Jacob, « Je n'oublierai certainement jamais aucune de leurs œuvres.
၇ထာဝရဘုရား သည် ယာကုပ် ၏ဘုန်း ကို တိုင်တည်၍ ကျိန်ဆို တော်မူသည်ကား၊ အကယ်စင်စစ်သူ တို့ ကျင့်ကြံ ပြုမူသမျှ တို့ကို ငါသည် အစဉ် မပြတ်မ မေ့လျော့ ။
8 Le pays ne tremblera-t-il pas pour cela? et tous ceux qui l'habitent en deuil? Oui, il s'élèvera entièrement comme le fleuve; et il sera remué et coulera de nouveau, comme le fleuve d'Égypte.
၈ထို အပြစ်ကြောင့် မြေ တုန်လှုပ် လိမ့်မည်မ ဟုတ်လော ။ မြေသား အပေါင်း တို့သည် ညည်းတွား ကြလိမ့်မည် မဟုတ်လော။ မြစ် ကဲ့သို့ တပြည်လုံး ထ ပြီးလျှင် ၊ တဖန် အဲဂုတ္တု မြစ် ၌ မြုပ်သကဲ့သို့ ပါသွား၍ မြုပ် လိမ့်မည်မဟုတ် လော။
9 Cela arrivera en ce jour-là, dit le Seigneur Yahvé, « que je ferai en sorte que le soleil se couche à midi, et j'obscurcirai la terre en plein jour.
၉အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ အခါ မွန်းတည့် အချိန်၌ ငါသည် နေ ကိုဝင် စေမည်။ ကြည်လင် သောနေ့ ၌ မြေကြီး ကို မိုက် စေမည်။
10 Je transformerai vos fêtes en deuil, et toutes vos chansons en lamentations; et je vous ferai porter le sac sur tout votre corps, et la calvitie sur toutes les têtes. Je le ferai comme le deuil d'un fils unique, et sa fin comme un jour amer.
၁၀သင် တို့ပွဲ ခံခြင်းကို ညည်းတွား ခြင်းဖြစ်စေ မည်။ သီချင်း ဆိုခြင်းရှိသမျှ ကို ငိုကြွေး ခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေ အဝတ်နှင့် ခါး ကိုစည်းစေခြင်းငှါ၎င်း ၊ ဆံပင် ကိုရိတ် စေခြင်းငှါ ၎င်း ငါစီရင် မည်။ တယောက် တည်းသောသား သေသည်အတွက် မြည်တမ်း ခြင်းကဲ့သို့ ၎င်း ၊ အဆုံး ၌ ခါး စွာသောနေ့ ကဲ့သို့ ၎င်း ငါဖြစ်စေ မည်။
11 Voici, les jours viennent, dit le Seigneur Yahvé, « que j'enverrai une famine dans le pays, pas une famine de pain, ni la soif d'eau, mais d'entendre les paroles de Yahvé.
၁၁အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မွတ်သိပ် ခြင်းဘေးကို တပြည်လုံး ၌ ငါဖြစ် စေသောကာလ ရောက် လိမ့်မည်။ အစာ ခေါင်းပါး၍ မွတ်သိပ် ခြင်းဘေးမ ဟုတ်၊ ရေ ငတ် ခြင်းဘေးလည်း မ ဟုတ်၊ ထာဝရဘုရား ၏ အမိန့် တော်ကို မ ကြား ရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့်မည်။
12 Ils erreront d'une mer à l'autre, et du nord jusqu'à l'est; ils courront de long en large pour chercher la parole de Yahvé, et ne le trouveront pas.
၁၂လူတို့သည် ထာဝရဘုရား ၏ အမိန့် တော်ကို ရှာ လျက်၊ ပင်လယ် တပါးမှ သည် ပင်လယ် တပါးတိုင်အောင် လှည့်လည် ၍ ၊ တောင် မြောက် ပြေး သွားသော်လည်း မ တွေ့ ရကြ။
13 En ce jour-là, les belles vierges et les jeunes hommes s'évanouiront de soif.
၁၃ထိုကာလ ၌ အဆင်း လှသော သတို့သမီး ကညာများနှင့် လုလင် များတို့သည် ရေငတ် ၍ မော ကြလိမ့်မည်။
14 Ceuxqui jurent par le péché de Samarie, et dire: « Ton dieu, Dan, est vivant ». et, « Comme le chemin de Beersheba vit, ils tomberont, et ne se relèveront jamais. »
၁၄ရှမာရိ အပြစ် ကို တိုင်တည်၍ ကျိန်ဆို သောသူ၊ အိုဒန် ၊ သင် ၏ဘုရား အသက် ရှင်တော်မူသည်အတိုင်း ဟူ၍၎င်း ၊ ဗေရရှေဘ ဘာသာ အသက် တည်သည်အတိုင်းဟူ၍၎င်း ဆို သောသူတို့သည်၊ နောက် တဖန် မ ထ နိုင် အောင်လဲ ၍ နေရကြလိမ့်မည်ဟု မိန့်တော်မူ၏။