< 2 Samuel 19 >
1 On dit à Joab: « Voici que le roi pleure et se lamente sur Absalom. »
၁ရှင် ဘုရင်သည် အဗရှလုံ ကြောင့် ငိုကြွေး မြည်တမ်း တော်မူသည်ဟု ယွာဘ အား ကြားပြော လေ၏။
2 Ce jour-là, la victoire se transforma en deuil parmi tout le peuple, car le peuple entendit dire ce jour-là: « Le roi pleure son fils. »
၂ထို နေ့၌ အောင်ပွဲ သည် လူ အပေါင်း တို့တွင် ဝမ်းနည်း စရာအကြောင်းဖြစ် ပြန်၏။ ရှင် ဘုရင်သည် သား တော်ကြောင့် စိတ် ကြင်နာတော်မူသည်ကို လူ အပေါင်းတို့သည် ထို နေ့၌ ကြား ၍၊
3 Ce jour-là, le peuple se faufila dans la ville, comme se faufilent les gens qui ont honte lorsqu'ils fuient au combat.
၃စစ်တိုက် ရာမှ ပြေးသောသူ တို့ သည် ရှက် ၍ တိတ်ဆိတ် စွာ ပြေး တတ်သကဲ့သို့ မြို့ ထဲသို့ တိတ်ဆိတ် စွာ ပြေးဝင် ကြ၏။
4 Le roi se couvrit le visage et s'écria d'une voix forte: « Mon fils Absalom, Absalom, mon fils, mon fils! »
၄ရှင် ဘုရင်သည်လည်း ၊ မျက်နှာ ကိုဖုံး ၍ ၊ အိုငါ့ သား အဗရှလုံ ၊ အိုအဗရှလုံ ၊ ငါ့ သား ၊ ငါ့ သား ဟု ကြီး သောအသံ နှင့် ငိုကြွေး တော်မူ၏။
5 Joab entra dans la maison auprès du roi et dit: « Aujourd'hui, tu as fait honte à tous tes serviteurs qui ont sauvé ta vie, celle de tes fils et de tes filles, celle de tes femmes et celle de tes concubines,
၅ယွာဘ သည် ရှင်ဘုရင် ထံ အိမ် ထဲသို့ဝင် ၍ ၊ ကိုယ်တော် ၏ အသက် မှစ၍သား တော် သမီး တော်၊ မိဖုရား မောင်းမ မိဿံတို့၏ အသက် ကို ကယ်တင် သော ကိုယ်တော် ကျွန် တို့ကို ယနေ့ အရှက်ကွဲ စေတော်မူပြီ။
6 en aimant ceux qui te haïssent et en haïssant ceux qui t'aiment. Car vous avez déclaré aujourd'hui que les princes et les serviteurs ne sont rien pour vous. Car je vois aujourd'hui que si Absalom avait vécu et si nous étions tous morts aujourd'hui, cela t'aurait plu.
၆ရန်သူ တို့ကိုချစ် ၍ အဆွေ ခင်ပွန်းတို့ကို မုန်း တော်မူ၏။ မှူးမတ် များ၊ ကျွန် များတို့ကို ပမာဏ ပြုတော် မမူကြောင်း ကို ယနေ့ ထင်ရှားစွာပြ တော်မူပြီ။ အဗရှလုံ သည် အသက် ရှင်၍ ကျွန်တော်မျိုး အပေါင်းတို့သည် ယနေ့ သေ လျှင် အားရ တော်မူလိမ့်မည်ဟု ယနေ့ ကျွန်တော်သိမြင် ပါ၏။
7 Maintenant, lève-toi, sors et parle pour réconforter tes serviteurs; car je jure par Yahvé que si tu ne sors pas, pas un homme ne restera avec toi cette nuit. Cela serait pire pour toi que tout le mal qui t'est arrivé depuis ta jeunesse jusqu'à maintenant. »
၇ယခု မှာထ တော်မူပါ။ ကြွ ၍ ကိုယ်တော် ကျွန် တို့အား နှစ်သိမ့်သောစကားကို ပြော တော်မူပါ။ ကြွ တော်မ မူ လျှင် ယနေ့ည မှာ အထံ တော်၌ လူ တယောက်မျှမ နေ ပါ။ ထိုအမှုသည် ငယ် သောအရွယ်မှစ၍ ယခု တိုင်အောင် ကိုယ်တော် ၌ ဖြစ် လေသမျှ သော အမှု ထက် သာ၍ဆိုး ပါလိမ့်မည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျွန်တော်ကျိန်ဆို ပါသည်ဟု လျှောက် သော်၊
8 Alors le roi se leva et s'assit à la porte. On dit à tout le peuple: « Voici que le roi est assis à la porte. » Tout le peuple se présenta devant le roi. Israël s'était enfui, chacun dans sa tente.
၈ရှင် ဘုရင်သည် ထ ၍ တံခါးဝ ၌ ထိုင် တော်မူ၏။ ရှင် ဘုရင်သည် တံခါးဝ ၌ ထိုင် တော်မူသည်ကို လူ အပေါင်း တို့သည် ကြား သောအခါ အထံ တော်သို့ ချဉ်းကပ် ကြ၏။ ဣသရေလ လူများမူကား မိမိ တို့နေရာ သို့ ပြေး သွားကြပြီ။
9 Tout le peuple se disputait dans toutes les tribus d'Israël, en disant: « Le roi nous a délivrés de la main de nos ennemis, il nous a sauvés de la main des Philistins, et maintenant il s'est enfui du pays à cause d'Absalom.
၉ထိုနောက် ၊ ဣသရေလ အမျိုးအနွယ် အပေါင်း တို့က၊ ရှင် ဘုရင်သည် ဖိလိတ္တိ လူအစ ရှိသော ရန်သူ တို့ လက် မှ ငါ တို့ကိုကယ်နှုတ် တော်မူပြီ။ ယခု မှာ အဗရှလုံ ကြောင့် နိုင်ငံ တော်မှ ထွက်ပြေး တော်မူရ၏။
10 Absalom, que nous avons oint sur nous, est mort dans la bataille. Maintenant donc, pourquoi ne dis-tu pas un mot pour ramener le roi? »
၁၀ငါတို့ ဘိသိက် ပေး၍ ချီးမြှောက်သော အဗရှလုံ သည် စစ်တိုက် ပွဲ၌ သေ ပြီ။ ယခု မှာ ရှင် ဘုရင်ကို တဖန် ဆောင်ခဲ့ရမည်ဟုမ ဆို၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ၏။
11 Le roi David envoya dire aux prêtres Tsadok et Abiathar: « Parle aux anciens de Juda, et dis-leur: Pourquoi êtes-vous les derniers à ramener le roi dans sa maison, puisque la parole de tout Israël est venue au roi pour le ramener dans sa maison?
၁၁ဒါဝိဒ် မင်းကြီး သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် အဗျာသာ တို့ထံသို့ လူကိုစေလွှတ် ၍၊ ယုဒ အမျိုးအသက်ကြီး သူတို့ထံသို့ သွား၍ပြော ရမည်ကား၊ ရှင် ဘုရင်ကို နန်းတော် သို့ ပြန်ပို့ ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျ ကြသနည်း။ ရှင် ဘုရင်သည် စံနန်း တော်၌ နေစဉ်အခါ၊ ဣသရေလ အမျိုးသားအပေါင်း တို့ ပြောတတ်သောစကား ကို ကြား တော်မူပြီ။
12 Vous êtes mes frères. Vous êtes mes os et ma chair. Pourquoi donc êtes-vous les derniers à ramener le roi?
၁၂သင် တို့သည် ငါ့ ညီအစ်ကို ၊ ငါ့ အရိုး ၊ ငါ့ အသား ဖြစ်၍ ၊ ရှင် ဘုရင်ကို ပြန်ပို့ ရမည်အမှုမှာ အဘယ်ကြောင့် နောက်ကျ ကြသနည်းဟူ၍၎င်း၊
13 Dis à Amasa: « N'es-tu pas mon os et ma chair? Que Dieu me le rende, et plus encore, si tu n'es pas continuellement le chef de l'armée devant moi, à la place de Joab.'"
၁၃အာမသ အား လည်း ၊ သင် သည် ငါ့ အသား ငါ့ အရိုး တို့ အဝင်ဖြစ်သည်မ ဟုတ်လော။ သင်သည် ငါ့ ရှေ့ မှာ ယွာဘ ၏ကိုယ်စား အစဉ် ဗိုလ်ချုပ် မင်းမ ဖြစ် လျှင် ထိုမျှမက ဘုရား သခင်သည် ငါ ၌ ပြု တော်မူစေသတည်း ဟူ၍၎င်း၊ ပြော ကြလော့ဟု မှာလိုက် တော်မူ၏။
14 Il fit fléchir le cœur de tous les hommes de Juda, comme un seul homme, de sorte qu'ils envoyèrent dire au roi: « Reviens, toi et tous tes serviteurs. »
၁၄ထိုသို့ယုဒ အမျိုးသား အပေါင်း တို့ကို တညီတညွတ် တည်း နှလုံး ညွတ် စေတော်မူသဖြင့် ၊ သူတို့က ကိုယ်တော် ကျွန် အပေါင်း တို့နှင့်တကွ ကိုယ်တော် တိုင် ပြန်လာ တော်မူပါဟု ရှင်ဘုရင် အား လျှောက်စေကြ၏။
15 Le roi s'en retourna et arriva au Jourdain. Juda se rendit à Guilgal, pour aller à la rencontre du roi, afin de lui faire passer le Jourdain.
၁၅ထိုအခါ ရှင် ဘုရင်သည် ပြန် ၍ ယော်ဒန် မြစ်သို့ ရောက် တော်မူ၏။ ယုဒ အမျိုးသည် ရှင် ဘုရင်ကို ခရီးဦးကြို ပြု၍ ယော်ဒန် မြစ်တဘက် သို့ပို့ခြင်းငှါ ဂိလဂါလ မြို့သို့ သွား ကြ၏။
16 Shimei, fils de Gera, Benjamite, qui était de Bahurim, se hâta de descendre avec les hommes de Juda à la rencontre du roi David.
၁၆ဗင်္ယာမိန် အမျိုးဖြစ်သော ဗာဟုရိမ် မြို့သားဂေရ ၏သား ရှိမိ သည် ယုဒ အမျိုးသား တို့နှင့်အတူ ဒါဝိဒ် မင်းကြီး ကို ခရီးဦးကြို ပြုခြင်းငှါ အလျင်အမြန် လိုက် လာ၏။
17 Il y avait avec lui mille hommes de Benjamin, et Tsiba, serviteur de la maison de Saül, ses quinze fils et ses vingt serviteurs; et ils passèrent le Jourdain en présence du roi.
၁၇သူ နှင့်အတူ ဗင်္ယာမိန် အမျိုးသား တထောင် ၊ ရှောလု အဆွေအမျိုး ၏ ကျွန် ဇိဘ နှင့် သူ ၏သား တကျိပ် ငါး ယောက်၊ ကျွန် နှစ် ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင် ရှေ့ တော်၌ ယော်ဒန် မြစ်ကို ကူး ကြ၏။
18 Un bac partit pour faire passer la maison du roi, et pour faire ce qu'il jugeait bon. Shimei, fils de Gera, se prosterna devant le roi après avoir passé le Jourdain.
၁၈ကုတို့ လှေသည် နန်းတော်သား များကို ပို့ ခြင်းငှါ ၎င်း၊ အလိုတော်ကိုဆောင် ခြင်းငှါ ၎င်း၊ သွား လာလျက် ရှိ၏။ ယော်ဒန် မြစ်ကို ကူး တော်မူသောအခါ ၊ ဂေရ ၏သား ရှိမိ သည် ရှေ့ တော်၌ပြပ်ဝပ် ၍၊
19 Il dit au roi: « Que mon seigneur ne m'impute pas d'iniquité et ne se souvienne pas de ce que ton serviteur a fait de pervers le jour où mon seigneur le roi est sorti de Jérusalem, afin que le roi le prenne à cœur.
၁၉ကျွန်တော် အရှင် သည် ကျွန်တော် ကို အပြစ် ပေး တော်မ မူပါနှင့်။ အရှင် မင်းကြီး သည် ယေရုရှလင် မြို့မှ ထွက် တော်မူသော နေ့ ၌ ကိုယ်တော် ကျွန် သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ် တော်မ မူပါနှင့်။ နှလုံး သွင်း တော်မမူပါနှင့်။
20 Car ton serviteur sait que j'ai péché. C'est pourquoi voici, je suis venu aujourd'hui comme le premier de toute la maison de Joseph pour descendre à la rencontre de mon seigneur le roi. »
၂၀ကိုယ်တော်ကျွန်သည် ပြစ်မှား မိသည်ကို ကိုယ်တော် ကျွန် သိ ပါ၏။ သို့သော်လည်း ယောသပ် အမျိုးသား အပေါင်း တို့အရင် ၊ ကျွန်တော်သည် ယနေ့ အရှင် မင်းကြီး ကို ခရီးဦးကြို ပြုခြင်းငှါ လာ ပါပြီဟု လျှောက် လေ၏။
21 Mais Abishai, fils de Tseruiah, prit la parole et dit: « Shimei ne devrait-il pas être mis à mort pour cela, parce qu'il a maudit l'oint de Yahvé? ».
၂၁ဇေရုယာ သား အဘိရှဲ ကလည်း ၊ ရှိမိ သည်ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောအရှင်ကို ကျိန်ဆဲ သောကြောင့် အသေ သတ်ခြင်းကိုခံရမည် မ ဟုတ်လော ဟုဆို သော်၊
22 David dit: « Qu'ai-je à faire avec vous, fils de Tseruja, pour que vous soyez aujourd'hui mes adversaires? Quelqu'un sera-t-il mis à mort aujourd'hui en Israël? Car ne sais-je pas que je suis aujourd'hui roi d'Israël? »
၂၂ဒါဝိဒ် က၊ အိုဇေရုယာ သား တို့၊ သင်တို့သည် ယနေ့ ငါ့ ရန်သူ လုပ် မည်အကြောင်း ငါ နှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ဣသရေလ အမျိုးသားတစုံတယောက် သည် ယနေ့ အသေ သတ်ခြင်းကိုခံရမည်လော။ ငါ သည် ယနေ့ ဣသရေလ ရှင်ဘုရင် ဖြစ်သည်ကို ငါသိ သည် မ ဟုတ်လော ဟုမိန့် တော်မူ၍၊
23 Le roi dit à Schimeï: « Tu ne mourras pas. » Le roi lui fit jurer.
၂၃ရှိမိ အား လည်း၊ သင်သည် အသေ သတ်ခြင်းကို မ ခံရဟု ကျိန်ဆို တော်မူ၏။
24 Mephibosheth, fils de Saül, descendit à la rencontre du roi. Il n'avait ni soigné ses pieds, ni taillé sa barbe, ni lavé ses vêtements, depuis le jour où le roi était parti jusqu'au jour où il était rentré en paix.
၂၄ရှောလု ၏သား မေဖိဗောရှက် သည်လည်း ရှင် ဘုရင် ကို ခရီးဦးကြို ပြုခြင်းငှါ လာ ၏။ ရှင်ဘုရင် ထွက် သောနေ့ မှစ၍ ငြိမ်ဝပ် စွာ ပြန်လာ တော် မ မူမှီတိုင်အောင်၊ သူသည် ခြေ တို့ကိုမ ပြုစု ၊ မုတ်ဆိတ် ကို မ ပြင်ဆင် ၊ အဝတ် ကို မ လျှော် ဘဲနေပြီ။
25 Lorsqu'il arriva à Jérusalem pour rencontrer le roi, celui-ci lui dit: « Pourquoi n'as-tu pas marché avec moi, Mephibosheth? »
၂၅ရှင် ဘုရင်ကို ခရီးဦးကြို ပြုခြင်းငှါ ယေရုရှလင် မြို့ သို့ ရောက် လာသောအခါ ၊ ရှင် ဘုရင်က မေဖိဗောရှက် ငါ နှင့်အတူ အဘယ်ကြောင့် မ လိုက် သနည်းဟုမေး တော်မူလျှင်၊
26 Il répondit: « Seigneur, ô roi, mon serviteur m'a trompé. En effet, ton serviteur a dit: « Je vais me faire seller un âne, je monterai dessus et j'irai avec le roi », car ton serviteur est boiteux.
၂၆အရှင် မင်းကြီး ၊ ကိုယ်တော် ကျွန် သည် ခြေဆွံ့ သောကြောင့် မြည်းစီး ၍ ကိုယ်တော်ထံသို့သွား ခြင်းငှါ မြည်း ကိုကုန်းနှီးတင် မည်ဟု ကြံစဉ်အခါ၊ ကျွန်တော် ကျွန် သည် ကျွန်တော် ကို လှည့်စား ပါ၏။
27 Il a calomnié ton serviteur devant le roi mon seigneur, mais le roi mon seigneur est comme un ange de Dieu. Fais donc ce qui est bon à tes yeux.
၂၇အရှင် မင်းကြီး ထံ တော်၌ ကိုယ်တော် ကျွန် ကို ကုန်းတိုက် ပါပြီ။ သို့ရာတွင် အရှင် မင်းကြီး သည် ဘုရား သခင်၏ ကောင်းကင် တမန်ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော်ရှိသည်အတိုင်း ပြု တော်မူပါ။
28 Car toute la maison de mon père n'était qu'un mort devant le roi mon seigneur, et tu as mis ton serviteur au nombre de ceux qui ont mangé à ta table. Quel droit ai-je donc encore d'en appeler au roi? »
၂၈ကျွန်တော် အဆွေ အမျိုးအပေါင်း တို့သည် အရှင် မင်းကြီး ရှေ့တော်မှာ လူ သေ ဖြစ်ကြသော်လည်း ၊ စားပွဲ တော်၌ စား သောသူတို့နှင့်အတူ ကိုယ်တော် ကျွန် ကို နေရာ ပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင် ထံ တော်၌ ကျွန်တော် မြည်တမ်း ရသော အခွင့် သည် အဘယ်သို့ ရှိ ပါသနည်းဟု ပြန် လျှောက်သော်၊
29 Le roi lui dit: « Pourquoi parles-tu encore de tes affaires? Je dis que toi et Ziba, vous vous partagerez le pays. »
၂၉ရှင် ဘုရင်က သင် ၏အမှု အရာတို့ကို အဘယ် ပြော စရာရှိသနည်း။ သင် နှင့် ဇိဘ သည်မြေ ကို ဝေ ၍ ယူရကြမည်ငါစီရင် ပြီဟု မိန့် တော်မူ၏။
30 Mephibosheth dit au roi: « Oui, qu'il prenne tout, car mon seigneur le roi est venu en paix dans sa maison. »
၃၀မေဖိဗောရှက် ကလည်း ၊ အရှင် မင်းကြီး သည် နန်း တော်သို့ တဖန် ငြိမ်ဝပ် စွာရောက် တော်မူသောကြောင့် ၊ သူသည်အလုံးစုံ တို့ကိုပင် ယူ ပါစေဟု လျှောက် လေ၏။
31 Barzillai, le Galaadite, descendit de Rogelim; et il passa le Jourdain avec le roi pour le conduire au delà du Jourdain.
၃၁ဂိလဒ် ပြည်သားဗာဇိလဲ သည်လည်း ရောဂေလိမ် မြို့မှ လာ ၍ ရှင် ဘုရင်ကို ယော်ဒန် မြစ်တစ်ဘက်သို့ ပို့ ခြင်းငှါ ကိုယ်တော် နှင့်အတူ ကူး လေ၏။
32 Or Barzillai était un homme très âgé, de quatre-vingts ans même. Il avait assuré la subsistance du roi pendant son séjour à Mahanaïm, car il était un très grand homme.
၃၂ဗာဇိလဲ သည် အသက် ရှစ် ဆယ်ရှိ၍ အို သောသူဖြစ်၏။ ရှင်ဘုရင်သည်မဟာနိမ် မြို့မှာ တပ်ချ သော ကာလပတ်လုံးရှင် ဘုရင်ကို လုပ်ကျွေး ၏။ အလွန် ရ တတ် သော သူ လည်းဖြစ်၏။
33 Le roi dit à Barzillai: « Passe avec moi, et je te soutiendrai avec moi à Jérusalem. »
၃၃ရှင် ဘုရင်ကလည်း ငါ နှင့်အတူ လိုက် လော့။ ယေရုရှလင် မြို့၌ သင့် ကိုငါ နှင့်အတူ ငါလုပ်ကျွေး မည်ဟု ဗာဇိလဲ အား အမိန့် ရှိလျှင်၊
34 Barzillaï dit au roi: Combien y a-t-il de jours des années de ma vie, pour que je monte avec le roi à Jérusalem?
၃၄ဗာဇိလဲ က၊ အရှင်မင်းကြီး နှင့်အတူ ယေရုရှလင် မြို့သို့ သွား ရမည်အကြောင်း ကျွန်တော် အသက် သည် အဘယ်မျှ လောက်ကျန်ကြွင်းပါသေးသနည်း။
35 J'ai aujourd'hui quatre-vingts ans. Saurai-je discerner le bien du mal? Ton serviteur peut-il goûter ce que je mange ou ce que je bois? Est-ce que je peux encore entendre la voix des chanteurs et des chanteuses? Pourquoi donc ton serviteur serait-il un fardeau pour mon seigneur le roi?
၃၅ယနေ့ ကျွန်တော် အသက် ရှစ် ဆယ်ရှိပါပြီ။ ကောင်း မကောင်း ကို ကျွန်တော်ပိုင်းခြား၍ သိ နိုင်ပါမည် လော။ ကိုယ်တော် ကျွန် သည် အစား အသောက် အရသာကို မြည်း နိုင်ပါမည်လော။ သီချင်းသည် ယောက်ျား၊ သီချင်းသည် မိန်းမဆိုသောအသံ ကိုကြား နိုင်ပါမည်လော။ ကိုယ်တော် ကျွန် သည်အရှင် မင်းကြီး ကို အဘယ်ကြောင့် နှောင့်ရှက်ရပါမည်နည်း။
36 Ton serviteur n'aura qu'à passer le Jourdain avec le roi. Pourquoi le roi me rendrait-il une telle récompense?
၃၆ကိုယ်တော် ကျွန် သည် အရှင်မင်းကြီး နှင့်အတူ ယော်ဒန် မြစ်တစ်ဘက်သို့ အနည်းငယ် လိုက်ပါမည်။ ရှင် ဘုရင်သည် ဤမျှလောက် ကြီးစွာသော ဆု ကို အဘယ်ကြောင့် ချပေး တော်မူမည်နည်း။
37 Je te prie de laisser ton serviteur revenir sur ses pas, afin que je meure dans ma ville, près du tombeau de mon père et de ma mère. Mais voici ton serviteur Chimham; qu'il passe avec mon seigneur le roi, et fais-lui ce qui te semblera bon. »
၃၇ကိုယ်တော် ကျွန် သည် နေရင်းမြို့ တွင် မိဘ သင်္ချိုင်း နား မှာ သေ ရမည်အကြောင်း ၊ ပြန် သွားရသောအခွင့်ကိုပေး တော်မူပါ။ သို့ရာတွင် ကိုယ်တော် ကျွန် ခိမဟံ ရှိ ပါ၏။ အရှင် မင်းကြီး နှင့်အတူ လိုက် စေတော်မူပါ။ စိတ် တော်ရှိသည်အတိုင်း သူ ၌ ပြု တော်မူပါဟု လျှောက် လေ၏။
38 Le roi répondit: « Chimham passera avec moi, et je lui ferai ce qui te semblera bon. Tout ce que tu me demanderas, je le ferai pour toi. »
၃၈ရှင် ဘုရင်ကလည်း ၊ ခိမဟံ သည် ငါ နှင့်အတူ လိုက် ရမည်။ သင် အလိုရှိသည်အတိုင်းသူ ၌ ငါ ပြု မည်။ သင်တောင်း သမျှ ကိုလည်း သင့် အဘို့ ငါပြု မည်ဟု မိန့် တော်မူ၏။
39 Tout le peuple passa le Jourdain, et le roi aussi. Le roi embrassa Barzillai et le bénit, puis il retourna à sa place.
၃၉လူ အပေါင်း တို့သည်လည်း ယော်ဒန် မြစ်ကို ကူး ကြ၏။ ရှင် ဘုရင်သည် ကိုယ်တိုင်ကူး ပြီးမှ ၊ ဗာဇိလဲ ကို နမ်း ၍ ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည် မိမိ နေရာ သို့ ပြန် သွား၏။
40 Le roi passa à Guilgal, et Chimham passa avec lui. Tout le peuple de Juda fit passer le roi, ainsi que la moitié du peuple d'Israël.
၄၀ရှင် ဘုရင်သည် ဂိလဂါလ မြို့သို့ ကြွ တော်မူ၏။ ခိမဟံ သည်လည်း လိုက် လေ၏။ ယုဒအမျိုးသားရှိသမျှတို့ နှင့် ဣသရေလအမျိုးသားတဝက်တို့သည် ရှင်ဘုရင်ကို ပို့ကြ၏။
41 Voici, tous les hommes d'Israël vinrent auprès du roi et lui dirent: « Pourquoi nos frères, les hommes de Juda, t'ont-ils enlevé et ont-ils fait passer le Jourdain au roi et à sa famille, et à tous les hommes de David avec lui? »
၄၁တဖန် ဣသရေလ အမျိုးသား အပေါင်း တို့သည် ရှင်ဘုရင် ထံ တော်သို့လာ ၍ ၊ ကျွန်တော် တို့ ညီအစ်ကို ဖြစ် သော ယုဒ အမျိုးသား တို့သည် ကိုယ်တော် ကို ခိုးယူ ၍ ကိုယ်တော်နှင့်တကွနန်းတော်သား ကိုယ်တော်၏ လူ အပေါင်း တို့ကို အဘယ်ကြောင့်ယော်ဒန် မြစ်တစ်ဘက်သို့ ပို့ရကြမည်နည်း’ဟုလျှောက် ကြသော်၊
42 Tous les hommes de Juda répondirent aux hommes d'Israël: « Parce que le roi est un proche parent pour nous. Pourquoi donc êtes-vous en colère à ce sujet? Avons-nous mangé aux frais du roi? Ou bien nous a-t-il fait un quelconque cadeau? »
၄၂ယုဒ အမျိုးသား အပေါင်း တို့က၊ ရှင် ဘုရင်သည် ငါ တို့နှင့် ပေါက်ဘော် တော်သည်ဖြစ်၍ ၊ ဤ အမှု ၌ သင် တို့သည် အဘယ်ကြောင့်စိတ်ဆိုး ကြသနည်း။ ရှင်ဘုရင် ၏ ရိက္ခါတော်ကို ငါတို့စား ကြသလော။ ငါ တို့အား တစုံတခုသောဆုကိုပေး တော်မူသလောဟု ဣသရေလ အမျိုးသား တို့အား ပြန် ပြောကြ၏။
43 Les hommes d'Israël répondirent aux hommes de Juda, et dirent: « Nous avons dix parts dans le roi, et nous avons aussi plus de droits que vous sur David. Pourquoi donc nous avez-vous méprisés, pour ne pas être les premiers à nous conseiller de ramener notre roi? » Les paroles des hommes de Juda étaient plus ardentes que celles des hommes d'Israël.
၄၃ဣသရေလ အမျိုးသား တို့ကလည်း ၊ ငါတို့သည် ရှင်ဘုရင် ၌ ဆယ် ဘို့တို့ကိုဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင် တို့ဆိုင်သည်ထက် ငါတို့ သာ၍ဆိုင်ကြ၏။ ရှင် ဘုရင်ကို ပြန် ပို့ခြင်းအမှုတွင် ငါ တို့နှင့်ရှေးဦးစွာ မ တိုင်ပင်ဘဲ အဘယ်ကြောင့် ငါ တို့ကို မထီမဲ့မြင် ပြုကြသနည်းဟု ယုဒ အမျိုးသား တို့ကို ပြန် ပြောကြ၏။ သို့ရာတွင် ဣသရေလအမျိုးသား တို့ စကား ထက် ယုဒ အမျိုးသား တို့ စကား သည်သာ၍ခိုင်ခံ့ ၏။