< 2 Rois 8 >
1 Élisée avait parlé à la femme dont il avait rendu la vie au fils, en disant: « Lève-toi, va, toi et ta famille, et reste quelque temps où tu pourras, car Yahvé a annoncé une famine. Elle s'abattra sur le pays pendant sept ans. »
၁တဖန်ဧလိရှဲသည် အထက်က အသက်ရှင်စေ သော သူငယ်၏အမိကိုခေါ်၍၊ သင်သည် အိမ်သူ အိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍ နေနိုင်သော အရပ်တစုံတရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရား သည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူပြီ။ တပြည်လုံး၌ ခုနစ်နှစ်ခေါင်းပါးလိမ့်မည်ဟု သတိပေး၏။
2 La femme se leva, et fit ce que l'homme de Dieu lui avait dit. Elle partit avec sa famille, et elle vécut sept ans dans le pays des Philistins.
၂ထိုမိန်းမသည် ဘုရားသခင့်လူ၏စကားကို နား ထောင်သဖြင့်၊ အိမ်သူအိမ်သားတို့နှင့်တကွ သွား၍ ဖိလိတ္တိပြည်၌ ခုနစ်နှစ်နေ၏။
3 Au bout de sept ans, la femme revint du pays des Philistins. Elle sortit pour demander au roi sa maison et son pays.
၃ခုနစ်နှစ်စေ့သောအခါ၊ ဖိလိတ္တိပြည်မှ ပြန်လာ၍ ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံမည့် အကြံနှင့် ရှင်ဘုရင်ထံသို့ သွား၏။
4 Or, le roi parlait avec Guéhazi, le serviteur de l'homme de Dieu, en disant: « Je te prie de me raconter toutes les grandes choses qu'Élisée a faites. »
၄ထိုအခါရှင်ဘုရင်သည် ဘုရားသခင့်လူ၏ ကျွန် ဂေဟာဇိနှင့် နှုတ်ဆက်လျက်၊ ဧလိရှဲပြုသောအံ့ဩဘွယ် သော အမှုအလုံးစုံတို့ကို ပြောပါလော့ဟု မိန့်တော်မူ၍၊
5 Comme il racontait au roi comment il avait rendu la vie à celui qui était mort, voici que la femme dont il avait rendu la vie au fils supplia le roi pour sa maison et pour son pays. Guéhazi dit: « Mon seigneur, ô roi, voici la femme et voici son fils qu'Élisée a rendu à la vie. »
၅ဧလိရှဲသည် သေသောသူ အသက်ရှင်စေ ကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင်၊ အသက် ရှင်စေသောသူငယ်၏ အမိသည်ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင်မင်းကြီး၊ ဤမိန်းမကား ယခုပြောသော မိန်းမ၊ ဤ သူငယ်ကား ဧလိရှဲအသက်ရှင်စေသော သူငယ်ဖြစ်ပါ သည်ဟု လျှောက်လျှင်၊
6 Le roi interrogea la femme, et elle lui répondit. Alors le roi lui nomma un officier, en disant: « Restaure tout ce qui lui appartenait, et tous les fruits des champs depuis le jour où elle a quitté le pays, jusqu'à maintenant. »
၆ရှင်ဘုရင်သည် မိန်းမကိုမေး၍ မိန်းမလည်း သက်သေခံ၏။ ထိုအခါရှင်ဘုရင်က၊ သူ၏ဥစ္စာရှိသမျှကို ၎င်း၊ ပြည်တော်ကထွက်သော နေ့မှစ၍ ယခုတိုင်အောင် သူ့မြေ၌ ဖြစ်သမျှကို၎င်း ပြန်ပေးစေဟု မိန့်တော်မူလျက်၊ သူ၏အမှုကို စောင့်စေခြင်းငှါ အရာရှိ၏တယောက်ကို ခန့်ထားတော်မူ၏။
7 Elisée arriva à Damas, et Benhadad, le roi de Syrie, était malade. On lui dit: « L'homme de Dieu est venu ici. »
၇တဖန်ဧလိရှဲသည် ဒမာသက်မြို့သို့သွား၏။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ၏။ ဘုရား သခင်၏လူရောက်ကြောင်းကို နားတော်လျှောက်လေ သော်။
8 Le roi dit à Hazaël: « Prends un présent dans ta main, va à la rencontre de l'homme de Dieu, et interroge par lui Yahvé en disant: « Vais-je guérir de cette maladie? »"
၈ဟာဇေလကို ခေါ်၍၊ သင်သည်လက်ဆောင်ကို ဆောင်လျက် ဘုရားသခင်၏ လူကိုခရီးဦးကြိုပြုပြီးလျှင်၊ ငါသည်ဤအနာမှ ထမြောက်မည်လောဟု သူအားဖြင့် ထာဝရဘုရားကို မေးလျှောက်လော့ဟု စေလွှတ်သည် အတိုင်း၊
9 Hazaël alla au-devant de lui et prit avec lui un présent, de tout ce qu'il y avait de bon à Damas, quarante charges de chameaux, puis il vint se placer devant lui et dit: « Ton fils Benhadad, roi de Syrie, m'a envoyé vers toi, en disant: « Vais-je guérir de cette maladie? »
၉ဟာဇေလသည် ကုလားအုပ်လေးဆယ်အပေါ် မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကို ဆောင် သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှါသွား၍ ရှေ့တော်၌ ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်က၊ ငါသည်ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှါ၊ ကျွန်တော်ကို စေလွှတ်ပါသည်ဟု ဆို၏။
10 Élisée lui dit: « Va, dis-lui: « Tu vas guérir », mais l'Éternel m'a montré qu'il allait mourir. »
၁၀ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော် သည် ထမြောက်နိုင်ပါ၏ဟု ပြန်လျှောက်လော့။ သို့သော် လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရား သည် ငါ့အားပြတော်မူပြီဟုဆိုလျက်၊
11 Il fixa son regard sur lui, jusqu'à ce qu'il ait honte. Alors l'homme de Dieu pleura.
၁၁စေ့စေ့ကြည့်ရှု၍ ဟာဇေလသည် မျက်နှာပျက် လေ၏။ ဘုရားသခင်၏ လူသည်လည်း မျက်ရည်ကျ၏။
12 Hazaël dit: « Pourquoi pleures-tu, mon seigneur? » Il répondit: « Parce que je sais le mal que tu feras aux enfants d'Israël. Vous mettrez le feu à leurs forteresses, vous tuerez leurs jeunes gens par l'épée, vous mettrez en pièces leurs petits enfants et vous déchirerez leurs femmes enceintes. »
၁၂ဟာဇေလကလည်း၊ သခင်သည် အဘယ် ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲ က၊ သင်သည် ဣသရေလအမျိုးသားတို့၌ပြုလတံ့သော ဘေးဥပဒ်တည်းဟူသော သူတို့၏ ရဲတိုက်များကို မီးရှို့ ခြင်း၊ လုလင်များကို ထားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမ များ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော်၊
13 Hazaël dit: « Mais qu'est-ce que ton serviteur, qui n'est qu'un chien, pour qu'il puisse faire cette grande chose? » Elisée répondit: « Yahvé m'a montré que tu seras roi de Syrie. »
၁၃ဟာဇေလက၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက် နှင့် ဤမျှလောက်ကြီးသော အမှုကို ပြုရပါလိမ့်မည် လောဟု မေးပြန်သော်၊ ဧလိရှဲက၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အား ပြတော်မူပြီဟုဆို၏။
14 Puis il se sépara d'Élisée et vint vers son maître, qui lui dit: « Que t'a dit Élisée? » Il a répondu: « Il m'a dit que vous alliez sûrement guérir. »
၁၄ဟာဇေလသည်သွား၍ မိမိသခင့်ထံသို့ ရောက် သောအခါ၊ သခင်က၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်း ဟု မေးလျှင်၊ ကိုယ်တော်သည် အနာမှ ဆက်ဆက် ထမြောက်တော်မူမည်ဆိုပါသည်ဟု လျှောက်လေ၏။
15 Le lendemain, il prit un linge épais, le trempa dans l'eau et l'étendit sur le visage du roi, de sorte qu'il mourut. Hazaël régna à sa place.
၁၅နက်ဖြန်နေ့၌ ဟာဇေလသည် သိုးမွှေးအဝတ်ကို ရေ၌ နှစ်ပြီးလျှင်၊ ရှင်ဘုရင်၏ မျက်နှာကိုဖုံးအုပ်သဖြင့်၊ ရှင်ဘုရင်သေ၍ ဟာဇေလသည် နန်းထိုင်လေ၏။
16 La cinquième année de Joram, fils d'Achab, roi d'Israël, Josaphat étant alors roi de Juda, Joram, fils de Josaphat, roi de Juda, commença à régner.
၁၆ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံငါးနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟော ရံသည် နန်းထိုင်လေ၏။
17 Il avait trente-deux ans lorsqu'il devint roi. Il régna huit ans à Jérusalem.
၁၇အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ ယေရုရှလင် မြို့၌ မင်းပြု၍ ရှစ်နှစ်စိုးစံ၏။
18 Il marcha dans la voie des rois d'Israël, comme la maison d'Achab, car il avait épousé la fille d'Achab. Il fit ce qui est mal aux yeux de l'Éternel.
၁၈အာဟပ်သမီးနှင့်စုံဘက်သဖြင့်၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
19 Cependant, l'Éternel ne voulut pas détruire Juda, à cause de David, son serviteur, car il lui avait promis de lui donner une lampe pour ses enfants, pour toujours.
၁၉သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိ သော သားမြေးတို့ ၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည် ဟု ဂတိတော်ရှိသောကြောင့်၊ ဒါဝိဒ်၏ မျက်နှာကို ထောက်၍၊ ယုဒပြည်ကို မဖျက်ဆီးဘဲ ထားတော်မူ၏။
20 De son temps, Édom se révolta de dessous la main de Juda, et se fit un roi.
၂၀ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သည် ယုဒရှင် ဘုရင်ကို ပုန်ကန်၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
21 Et Joram passa à Zaïr, et tous ses chars avec lui; et il se leva de nuit et frappa les Édomites qui l'entouraient avec les chefs des chars; et le peuple s'enfuit dans ses tentes.
၂၁ယဟောရံမင်းသည် ရထားစီးသူရဲအပေါင်းတို့ နှင့်တကွ၊ ဇာဣရမြို့သို့ စစ်ချီ၍ ညဉ့်အခါဝိုင်းသော ဧဒုံ လူများ၊ ရထားအုပ်များကို လုပ်ကြံသဖြင့်၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။
22 Ainsi Édom se révolta de dessous la main de Juda jusqu'à ce jour. En même temps, Libna se révolta.
၂၂သို့သော်လည်း၊ ဧဒုံပြည်သည်ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။
23 Le reste des actes de Joram, et tout ce qu'il a fait, n'est-ce pas écrit dans le livre des Chroniques des rois de Juda?
၂၃ယဟောရံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
24 Joram se coucha avec ses pères et fut enterré avec ses pères dans la ville de David; et Achazia, son fils, régna à sa place.
၂၄ယဟောရံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော်အာခဇိသည် ခမည်းတော်အရာ၌နန်းထိုင်၏။
25 La douzième année de Joram, fils d'Achab, roi d'Israël, Achazia, fils de Joram, roi de Juda, commença à régner.
၂၅ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသား အာခဇိသည် နန်းထိုင်လေ၏။
26 Achazia avait vingt-deux ans lorsqu'il devint roi, et il régna un an à Jérusalem. Le nom de sa mère était Athalie, fille d'Omri, roi d'Israël.
၂၆အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊မင်းပြု၍ ယေရု ရှလင်မြို့၌ တနှစ်စိုးစံ၏။ မယ်တော်ကား၊ ဣသရေလ ရှင်ဘုရင်ဩမရိမြေးအာသလိ အမည်ရှိ၏။
27 Il marcha dans la voie de la maison d'Achab et fit ce qui est mal aux yeux de Yahvé, comme la maison d'Achab, car il était le gendre de la maison d'Achab.
၂၇အာခဇိသည် အာဟပ်၏သမက်ဖြစ်သဖြင့်၊ အာဟပ်အမျိုးလိုက်ရာလမ်းသို့လိုက်၍၊ အာဟပ်အမျိုး ကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
28 Il alla avec Joram, fils d'Achab, à la guerre contre Hazaël, roi de Syrie, à Ramoth Galaad, et les Syriens blessèrent Joram.
၂၈အာဟပ်၏သားယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည်ယောရံကိုတိခိုက်ကြ၏။
29 Le roi Joram revint se faire guérir à Jizreel des blessures que les Syriens lui avaient faites à Rama, lorsqu'il combattait contre Hazaël, roi de Syrie. Achazia, fils de Joram, roi de Juda, descendit voir Joram, fils d'Achab, à Jizreel, car il était malade.
၂၉ထိုသို့ရာမုတ်မြို့၌ ရှုရိဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်း ငှါ ထိုမြို့သို့ ဆင်းသွားလေ၏။