< 2 Rois 7 >
1 Élisée dit: « Écoute la parole de Yahvé. Yahvé dit: « Demain, à cette heure-ci, on vendra un seah de fleur de farine pour un sicle, et deux seahs d'orge pour un sicle, à la porte de Samarie. »
၁ဧလိရှဲ က၊ ထာဝရဘုရား ၏ စကား တော်ကို နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ နက်ဖြန် နေ့ယခုအချိန် ရောက်လျှင် ၊ ဂျုံမုန့်ညက် တစိတ် ကို ငွေတကျပ် ၊ မုယော ဆန်တခွဲ ကို တကျပ် နှင့် ရှမာရိ မြို့တံခါးဝ ၌ ရောင်းရလိမ့်မည်ဟု ဆင့်ဆို၏
2 Alors le capitaine sur la main duquel le roi s'appuyait prit la parole devant l'homme de Dieu, et dit: « Voici, si Yahvé a fait des fenêtres dans le ciel, cela pourrait-il se produire? » Il a dit: « Voici, vous le verrez de vos yeux, mais vous n'en mangerez pas. »
၂ရှင်ဘုရင် မှီ ခြင်းကို ခံရသောအမတ် က၊ ထာဝရဘုရား သည် မိုဃ်း ကောင်းကင်၌ ပြတင်းပေါက် တို့ကို ဖွင့်လှစ် တော်မူလျှင် ၊ ထိုသို့ ဖြစ် နိုင်ကောင်းသည်ဟု ဘုရား သခင် ၏လူ အားဆို သော်၊ ဘုရားသခင်၏လူက၊ သင် သည် ကိုယ် မျက်စိ နှင့် မြင် ရသော်လည်း မ စား ရဟု ပြန်ပြော ၏
3 Or, il y avait quatre hommes atteints de lèpre à l'entrée de la porte. Ils se dirent l'un à l'autre: « Pourquoi restons-nous assis ici jusqu'à ce que nous mourions?
၃ထိုအခါ မြို့ တံခါးဝ ၌ ထိုင်လျက်ရှိ သောလူ နူ လေး ယောက်တို့က၊ ငါတို့သည် သေ သည်တိုင်အောင် အဘယ် ကြောင့်ဤ အရပ်၌ ထိုင် ရမည်နည်း
4 Si nous disons: « Nous entrerons dans la ville », la famine est dans la ville, et nous y mourrons. Si nous restons assis ici, nous mourrons aussi. Venez donc, et livrons-nous à l'armée des Syriens. S'ils nous sauvent la vie, nous vivrons; et s'ils nous tuent, nous ne pourrons que mourir. »
၄မြို့ ထဲသို့ဝင် လျှင် အစာခေါင်းပါး သောကြောင့် သေ ရမည်။ ဤ အရပ်၌ ထိုင်လျက်နေ လျှင် လည်း သေ ရ မည်။ သို့ဖြစ်၍ ရှုရိ တပ် သို့ ဝင် စားကြကုန်အံ့။ သူတို့သည် အသက် ရှင်စေလျှင် ရှင် ရမည်။ သတ် လျှင် သေ ရမည်ဟု တိုင်ပင် ပြီးလျှင်၊ “
5 Ils se levèrent au crépuscule pour aller au camp des Syriens. Lorsqu'ils furent arrivés à l'extrémité du camp des Syriens, voici, il n'y avait personne.
၅မိုဃ်း မလင်းမှီထ ၍ ရှုရိ တပ် သို့ သွား ကြ၏။ တပ် ဦး သို့ ရောက် သောအခါ အဘယ်သူ ကိုမျှ မ တွေ့ ကြ
6 Car l'Éternel avait fait entendre à l'armée des Syriens le bruit des chars et le bruit des chevaux, le bruit d'une grande armée; et ils se disaient les uns aux autres: « Voici, le roi d'Israël a engagé contre nous les rois des Héthiens et les rois des Égyptiens pour nous attaquer. »
၆အကြောင်း မူကား၊ ရှုရိ လူ တို့သည်ရထား စီးသူရဲ၊ မြင်း စီးသူရဲ၊ များစွာ သော ဗိုလ်ခြေ အသံ ကိုကြား စေခြင်းငှါ၊ ထာဝရဘုရားပြုတော်မူသဖြင့်၊ သူတို့ကဣသရေလ ရှင် ဘုရင်သည် ငါ တို့ကို တိုက် စေခြင်းငှါ ၊ ဟိတ္တိ မင်း များ၊ အဲဂုတ္တု မင်း များတို့ကို ငှါး ပြီဟု တယောက် ကိုတယောက်ဆို လျက်၊ “
7 Ils se levèrent donc et s'enfuirent au crépuscule, abandonnant leurs tentes, leurs chevaux et leurs ânes, et même le camp tel qu'il était, et s'enfuirent pour sauver leur vie.
၇မိုဃ်း မလင်းမှီထ ၍ သူ တို့တဲ ၊ မြင်း ၊ မြည်း အစရှိသော တတပ်လုံး ကို စွန့်ပစ် ၍ ကိုယ် အသက် လွတ် အောင် ပြေး ကြ၏
8 Lorsque ces lépreux arrivèrent à l'extrémité du camp, ils entrèrent dans une tente, mangèrent et burent, puis emportèrent de l'argent, de l'or et des vêtements, et allèrent les cacher. Puis ils revinrent, entrèrent dans une autre tente, en emportèrent aussi des objets, et allèrent les cacher.
၈လူနူ တို့သည် တပ် ဦး သို့ ရောက် သောအခါ ၊ တဲ တခု ထဲသို့ ဝင် ၍ စား သောက် ပြီးမှ ၊ ရွှေ ငွေ အဝတ် တန်ဆာများကို ယူ သွားပြီးလျှင် ဝှက် ထားကြ၏။ နောက် တဖန် အခြား သောတဲ သို့ ဝင် ၍ ၊ ဥစ္စာများကို ယူ သွားပြီးလျှင် ဝှက် ထားကြ၏
9 Ils se dirent alors les uns aux autres: « Nous ne faisons pas bien. Aujourd'hui est un jour de bonne nouvelle, et nous nous taisons. Si nous attendons la lumière du matin, le châtiment nous atteindra. Maintenant donc, venez, allons le dire à la maison du roi. »
၉သို့ရာတွင် ၊ ငါ တို့သည်ကောင်းမွန် စွာ မ ပြု ပါ တကား။ ယခု နေ့ သည် ကောင်း သော သိတင်းကို ကြားပြောရသောနေ့ ဖြစ်လျက် ၊ ငါ တို့သည် မ ကြားမပြော ဘဲ နေပါပြီတကား။ မိုဃ်းလင်း သည်တိုင်အောင် မပြောဘဲ နေလျှင် အမှု တစုံတခုရောက် လိမ့်မည်။ သို့ဖြစ်၍ နန်းတော် ၌ သိတင်းကြားပြော အံ့သောငှါ ငါတို့သည် သွား ကြကုန်အံ့ဟု တိုင်ပင်ပြီးမှ၊”
10 Ils vinrent donc appeler les portiers de la ville, et ils leur dirent: « Nous sommes arrivés au camp des Syriens, et voici qu'il n'y avait personne, pas même une voix d'homme, mais les chevaux attachés, les ânes attachés, et les tentes comme elles étaient. »
၁၀မြို့ သို့သွား ၍ တံခါး ပြင်၌ ဟစ် ခေါ်လျက် ၊ ငါတို့ သည် ရှုရိ တပ် သို့ ရောက် ၍ အဘယ်သူကိုမျှ မ တွေ့။ လူ” သံ ကိုမကြား။ မြင်း ၊ မြည်း တို့ကို ချည်နှောင် လျက် ၊ တဲ များလည်း တတ်တိုင်း ရှိသည်ကိုတွေ့ပါ၏ဟု ကြား ပြောသည်အတိုင်း၊”
11 Et les gardiens de la porte crièrent et le racontèrent à la maison du roi qui était à l'intérieur.
၁၁တံခါး စောင့်တို့သည် တယောက်ကိုတယောက်ဟစ် ၍ ၊ ထိုသိတင်းသည် နန်းတော် ထဲ သို့ ရောက် လေ၏
12 Le roi se leva pendant la nuit et dit à ses serviteurs: « Je vais vous montrer ce que les Syriens nous ont fait. Ils savent que nous avons faim. Ils sont sortis du camp pour se cacher dans les champs, en disant: « Quand ils sortiront de la ville, nous les prendrons vivants et nous entrerons dans la ville. »
၁၂မိုဃ်း မလင်းမှီ ရှင် ဘုရင်သည်ထ ၍ ၊ ရှုရိ လူတို့ သည် ငါ တို့၌ အဘယ်သို့ ပြု လိုသည်ကို ငါပြော မည်။ သူတို့က မြို့ ပြင်သို့ ထွက် သော မြို့သားတို့ကို အရှင် ဘမ်း ပြီးမှ ၊ မြို့ ထဲ သို့ ဝင် မည်အကြံ ရှိ၍ ၊ ငါ တို့ငတ်မွတ် ကြောင်း ကို သိ သောကြောင့် ၊ မိမိတို့တပ် ပြင်သို့ ထွက် ၍ တော ၌ ပုန်းရှောင် လျက် နေကြသည်ဟုဆို လျှင်၊
13 L'un de ses serviteurs prit la parole et dit: « Qu'on prenne cinq des chevaux qui restent dans la ville. Voici, ils sont comme toute la multitude d'Israël qui est restée dans la ville. Voici qu'ils sont comme toute la multitude d'Israël qui est consumée. Envoyons et voyons. »
၁၃ကျွန် တယောက် က၊ မြို့ ၌ ကျန်ကြွင်း သော မြင်း ငါး စီးကိုပေး တော်မူပါ။ ထိုမြင်းမူကား ပျက်စီးခြင်းသို့ ရောက်သော ဣသရေလအမျိုးအလုံးအရင်းကဲ့သို့ဖြစ်ပါ ၏။ ထိုမြင်းတို့ကို စီးလျက်သွား၍ ကြည့်ရှုရသော အခွင့်ကိုပေး တော်မူပါဟုလျှောက်ပြီးမှ၊”
14 Ils prirent donc deux chars avec des chevaux, et le roi les envoya vers l'armée syrienne, en disant: « Allez et voyez. »
၁၄ရထား မြင်း နှစ် စီးကို ယူ ပြီးလျှင် သွား ၍ ကြည့်ရှု လော့ဟု ရှင် ဘုရင်သည် ရှုရိ ဗိုလ်ခြေ နောက် သို့ စေလွှတ် သည်အတိုင်း၊ “
15 Ils les suivirent jusqu'au Jourdain; et voici, tout le chemin était rempli de vêtements et d'équipements que les Syriens avaient jetés dans leur précipitation. Les messagers revinrent et en informèrent le roi.
၁၅ယော်ဒန် မြစ်တိုင်အောင် လိုက် ကြ၏။ ရှုရိ လူတို့ သည် အလျင် အမြန်ပြေးရာတွင် ၊ ပစ် ခဲ့သော အဝတ် တန်ဆာ တို့သည် လမ်း ၌ပြည့်လျက် ရှိကြ၏။ စေလွှတ် သူတို့သည် ပြန် လာ၍ နား တော်လျှောက်ကြ၏
16 Le peuple sortit et pilla le camp des Syriens. On vendit un seah de farine fine pour un sicle, et deux mesures d'orge pour un sicle, selon la parole de Yahvé.
၁၆ထိုအခါ မြို့သား တို့သည် ထွက် ၍ ရှုရိ တဲ တို့ကို လုယူ ကြ၏။ ထာဝရဘုရား ၏ စကား တော်အတိုင်း ၊ ဂျုံမုန့်ညက် တစိတ် ကို ငွေတကျပ် ၊ မုယော ဆန်တခွဲ ကို တကျပ် နှင့် ရောင်းကြ၏
17 Le roi avait confié la garde de la porte au capitaine sur la main duquel il s'appuyait; le peuple le piétina à la porte, et il mourut comme l'avait dit l'homme de Dieu, qui avait parlé quand le roi était descendu vers lui.
၁၇ရှင်ဘုရင် မှီ ခြင်းကိုခံရသောအမတ် သည်၊ အမိန့် တော်အတိုင်း တံခါး တော်ကို စောင့် သည်တွင် ၊ ထွက်ဝင်သောသူ တို့ နင်း မိ၍ ဘုရား သခင်၏လူ သည် ရှင်ဘုရင် ရောက် လာသောအခါ ပြော ဆိုနှင့်သည် အတိုင်း ၊ ထိုအမတ်သေ လေ၏
18 Il arriva ce que l'homme de Dieu avait dit au roi: « Deux seahs d'orge pour un sicle et un seah de fleur de farine pour un sicle seront demain, à cette heure-ci, à la porte de Samarie. »
၁၈ဘုရား သခင်၏ လူ က၊ နက်ဖြန် နေ့ယခုအချိန် ရောက် လျှင် ၊ ဂျုံမုန့်ညက် တစိတ် ကို ငွေတကျပ် ၊ မုယော ဆန်တခွဲ ကို တကျပ် နှင့် ရှမာရိ မြို့တံခါးဝ ၌ ရောင်းရ လိမ့်မည်ဟု ရှင်ဘုရင် အား ဆင့်ဆို သည်အတိုင်း ဖြစ် ၏
19 Ce capitaine répondit à l'homme de Dieu: « Voici, si l'Éternel a fait des fenêtres dans le ciel, cela se pourrait-il? » Il répondit: « Voici, tu le verras de tes yeux, mais tu n'en mangeras pas. »
၁၉အမတ်ကလည်း၊ ထာဝရဘုရား သည် မိုဃ်း ကောင်းကင်၌ ပြတင်းပေါက် တို့ကို ဖွင့်လှစ် တော်မူလျှင် ၊ ထိုသို့ ဖြစ် နိုင်ကောင်းသည်ဟု ဘုရားသခင်၏ လူအား ဆို၍၊ ဘုရား သခင်၏လူ က သင် သည်ကိုယ် မျက်စိ နှင့် မြင် ရသော်လည်း မ စား ရဟုပြန်ပြော သည် အတိုင်း၊ “
20 Cela lui arriva ainsi, car le peuple le piétina à la porte, et il mourut.
၂၀ထို အမတ်၌ ဖြစ် ၏။ မြို့တံခါးဝ မှာ မြို့သား တို့ နင်း ခြင်းကို ခံရ၍ သေ လေ၏