< 2 Rois 20 >
1 En ces jours-là, Ézéchias était malade et mourant. Le prophète Ésaïe, fils d'Amoz, vint le trouver et lui dit: « Yahvé dit: « Mets en ordre ta maison, car tu vas mourir et tu ne vivras pas. »
၁ထို ကာလ အခါ ဟေဇကိ မင်းသည် သေ နာ စွဲသဖြင့် ၊ အာမုတ် သား ပရောဖက် ဟေရှာယ သည် လာ ၍ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ် အိမ် အမှုကို စီရင် လော့။ သင်သည် အသက် မ ရှင်သေ ရမည်ဟု အမိန့်တော်ကို ပြန် လေ၏
2 Et il tourna son visage vers la muraille et pria Yahvé, en disant:
၂ဟေဇကိ မင်းသည်လည်း ထရံ သို့ မျက်နှာ လှည့် ၍၊ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့ တော်၌သစ္စာစောင့် လျက် ၊ စုံလင် သောစိတ်နှလုံး နှင့် ကျင့် ၍နှစ်သက် တော်မူသည်အတိုင်းပြု ကြောင်း ကို အောက်မေ့ တော်မူပါ
3 « Souviens-toi maintenant, Yahvé, je t'en supplie, comment j'ai marché devant toi dans la vérité et avec un cœur parfait, et comment j'ai fait ce qui est bon à tes yeux. » Et Ézéchias pleura amèrement.
၃အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန် ငိုကြွေး လျက် ထာဝရဘုရား ကို ဆုတောင်း လေ၏
4 Avant qu'Ésaïe ne soit sorti au milieu de la ville, la parole de Yahvé lui fut adressée en ces termes:
၄ဟေရှာယ သည် နန်းတော်အလယ် တန်တိုင်း သို့ မ ရောက် မှီ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရောက် ၍၊ “
5 « Retourne, et dis à Ézéchias, prince de mon peuple: « Yahvé, le Dieu de David, ton père, dit: « J'ai entendu ta prière. J'ai vu tes larmes. Voici que je vais te guérir. Le troisième jour, tu monteras à la maison de l'Éternel.
၅သင်သည် ငါ့ လူ တို့၏ ဗိုလ်ချုပ် ဟေဇကိ မင်းထံသို့ တဖန် သွားပြီးလျှင် ၊ သင့် အဘ ဒါဝိဒ် ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် ၏ပဌနာ စကားကို ငါကြား ပြီ။ သင် ၏မျက်ရည် ကိုလည်း ငါမြင် ပြီ။ သင်၏အနာ ကို ငါ ပျောက်စေသဖြင့်၊ သင် သည်သုံး ရက် လွန်လျှင် ဗိမာန် တော်သို့ တက် ရလိမ့်မည်
6 J'ajouterai quinze ans à tes jours. Je te délivrerai, toi et cette ville, de la main du roi d'Assyrie. Je défendrai cette ville à cause de moi et à cause de mon serviteur David. »'"
၆သင့် အသက် ၌ တဆယ် ငါး နှစ် ကို ငါဆက် ၍ ပေးမည်။ သင် နှင့် ဤ မြို့ ကို အာရှုရိ ရှင်ဘုရင် လက် မှ ငါကယ်လွှတ် မည်။ ငါ့မျက်နှာကို၎င်း၊ ငါ့ ကျွန် ဒါဝိဒ် ၏ မျက်နှာ ကို၎င်း ထောက်၍ ဤမြို့ ကို ကွယ်ကာ စောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ၏
7 Ésaïe a dit: « Prends un gâteau de figues. » Ils l'ont pris et l'ont mis sur le furoncle, et il a récupéré.
၇ဟေရှာယ ကလည်း ၊ သင်္ဘော သဖန်းသီးအလုံး အထွေးကို ယူ ခဲ့လော့ဟုဆို သည်အတိုင်း ယူ ခဲ့၍ အနာ ကို အုံ ပြီးမှ မင်းကြီးသက်သာ လေ၏
8 Ézéchias dit à Ésaïe: « Quel sera le signe que Yahvé me guérira et que je monterai à la maison de Yahvé le troisième jour? »
၈ဟေဇကိ မင်းကလည်း၊ ထာဝရဘုရား သည် ငါ့ အနာ ကို ပျောက်စေ၍ သုံး ရက် လွန်လျှင် ငါသည် ဗိမာန် တော်သို့တက် လိမ့်မည်ဆို သော်၊ အဘယ် လက္ခဏာ သက်သေရှိသနည်းဟုမေး လျှင်၊”
9 Ésaïe dit: « Voici le signe que vous donnera Yahvé, que Yahvé accomplira ce qu'il a dit: l'ombre doit-elle avancer de dix pas ou reculer de dix pas? ».
၉ဟေရှာယ က၊ ထာဝရဘုရား အမိန့် တော်ရှိသည် အတိုင်း ပြု တော်မူမည်ဟု ထာဝရဘုရား သည် သင့် အား ပေး တော်မူသောလက္ခဏာ သက်သေဟူမူကား ၊ အရိပ် သည် ဆယ် ချက် တိုး ရမည်လော။ ဆယ် ချက် ဆုတ် ရမည် လောဟု မေးသော်၊”
10 Ézéchias répondit: « C'est une chose légère que l'ombre avance de dix pas. Non, mais que l'ombre revienne en arrière de dix pas. »
၁၀ဟေဇကိ က၊ အရိပ် သည် ဆယ် ချက် တိုး လွယ်၏။ ထိုသို့ အလိုမ ရှိ။ ဆယ် ချက် ဆုတ် ပါစေဟု ပြန်ပြော ၏
11 Le prophète Ésaïe cria à Yahvé, et il fit reculer de dix pas l'ombre qui était descendue sur le cadran d'Achaz.
၁၁ပရောဖက် ဟေရှာယ သည်လည်း ၊ ထာဝရဘုရား အား ဆုတောင်း သောအခါ ၊ အာခတ် ၏နေတိုင်း နာရီပေါ် မှာဆယ် ချက် ရွေ့ ပြီးသော အရိပ် ကို ဆယ်ချက် ပြန် စေတော်မူ၏
12 En ce temps-là, Berodach Baladan, fils de Baladan, roi de Babylone, envoya des lettres et un présent à Ézéchias, car il avait appris qu'Ézéchias était malade.
၁၂ထို ကာလ အခါ ဗာလဒန် သား ဗာဗုလုန် မင်းကြီး မေရောဒဗာလဒန် သည်၊ ဟေဇကိ မင်းနာ ၍ အနာ ပျောက်သည် ကို ကြား သောကြောင့် ၊ မေတ္တာစာ နှင့် လက်ဆောင် ပါလျက် တမန်တို့ကို စေလွှတ် လေ၏
13 Ézéchias les écouta et leur montra tout le dépôt de ses objets précieux, l'argent, l'or, les aromates, l'huile précieuse, la maison de ses armures et tout ce qui se trouvait dans ses trésors. Il n'y avait rien dans sa maison, ni dans toute sa domination, qu'Ézéchias ne leur ait montré.
၁၃ဟေဇကိ မင်းသည် သူ တို့ရောက် သောကြောင့် ဝမ်းမြောက်၍ ရွှေတိုက် မှစသောရွှေ ၊ ငွေ ၊ နံ့သာမျိုး ၊ အဘိုး ထိုက်သော နံ့သာ ဆီ၊ လက်နက် တိုက် နှင့် ဘဏ္ဍာ တော်အလုံးစုံ တို့ကိုပြ လေ၏။ နန်းတော် မှစ၍ နိုင်ငံ တော်အရပ်ရပ် ၌ မ ပြ သော အရာ တစုံတခုမျှမ ရှိ။
14 Alors Ésaïe, le prophète, vint auprès du roi Ézéchias et lui dit: « Qu'ont dit ces hommes? D'où sont-ils venus vers toi? » Ezéchias dit: « Ils viennent d'un pays lointain, même de Babylone. »
၁၄ထိုအခါ ပရောဖက် ဟေရှာယ သည် ဟေဇကိ မင်းကြီး ထံ တော်သို့ သွား ၍ ၊ ထို လူ တို့သည် အဘယ် သို့ပြော ကြပါသနည်း။ အဘယ် ပြည်မှ အထံ တော်သို့ လာ ကြ ပါသနည်းဟု မေးလျှောက် သော် ၊ ဟေဇကိ မင်းက ၊ ဝေး သောအရပ် ဗာဗုလုန် ပြည်မှ ရောက် လာကြသည်ဟု ပြန်ပြော ၏
15 Il dit: « Qu'ont-ils vu dans ta maison? » Ézéchias répondit: « Ils ont vu tout ce qui est dans ma maison. Il n'y a rien parmi mes trésors que je ne leur aie montré. »
၁၅နန်းတော် ၌ အဘယ် အရာကို မြင် ကြပြီနည်းဟုမေး ပြန်လျှင် ၊ ဟေဇကိ မင်းက၊ နန်းတော် ၌ ရှိသမျှ ကို မြင် ရ ကြပြီ။ ဘဏ္ဍာ တော်တွင် ငါမ ပြ သော အရာ တစုံတခုမျှ မ ရှိ ဟု ပြန်ပြော ၏
16 Ésaïe dit à Ézéchias: « Écoute la parole de Yahvé.
၁၆ထိုအခါ ဟေရှာယ က၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် လော့
17 Voici, les jours viennent où tout ce qui est dans ta maison, et ce que tes pères ont amassé jusqu'à ce jour, sera emporté à Babylone. Il ne restera rien, dit Yahvé.
၁၇နန်းတော် ၌ ရှိသမျှ ကို ၎င်း ၊ ယနေ့ တိုင်အောင် ဘိုးဘေး တို့သည် ဆည်းဖူး သမျှကို၎င်း ၊ ဗာဗုလုန် မြို့သို့ ယူ သွားရသောကာလ သည် ရောက် လိမ့်မည်။ တစုံ တခုမျှ မ ကျန်ကြွင်း ရဟု ထာဝရဘုရား မိန့် တော်မူ၏
18 Ils prendront quelques-uns de tes fils qui sortiront de toi, que tu auras engendrés, et ils seront eunuques dans le palais du roi de Babylone. »
၁၈သင် နှင့် နွှယ်၍ရသော သင် ၏ သား မြေးတို့ကိုလည်း ယူ သွား၍ ၊ သူတို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ နန်းတော် ၌ လူပျို တော်လုပ် ရကြလိမ့်မည်ဟု ဟေဇကိမင်း အား ပြောဆိုလေ၏
19 Alors Ézéchias dit à Ésaïe: « La parole de l'Éternel que tu as prononcée est bonne ». Il dit encore: « N'est-ce pas ainsi, si la paix et la vérité seront de mon temps? »
၁၉ဟေဇကိ မင်းကလည်း ၊ သင်ပြန်ရသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ကောင်း ပါ၏ဟူ၍၎င်း၊ အကယ်၍ ငါ့ လက်ထက် ၌ ငြိမ်သက် ခြင်းနှင့် သစ္စာ စောင့်ခြင်းရှိ လျှင် ကောင်းပါသည် မ ဟုတ်လော ဟူ၍၎င်း၊ ဟေရှာယ အား ဆို လေ၏
20 Le reste des actes d'Ézéchias, et toute sa puissance, et comment il fit l'étang, et le conduit, et amena l'eau dans la ville, ne sont-ils pas écrits dans le livre des chroniques des rois de Juda?
၂၀ဟေဇကိ ပြုမူသော အမှု အရာ ကြွင်း လေသမျှ တို့ နှင့် တန်ခိုး ကြီးခြင်း၊ ရေကန် နှင့် ရေပြွန် ကို လုပ် ၍ မြို့ ထဲသို့ ရေ ကို ဆောင် ခြင်းအရာတို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
21 Ézéchias se coucha avec ses pères, et Manassé, son fils, régna à sa place.
၂၁ဟေဇကိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ သား တော်မနာရှေ သည် ခမည်းတော် အရာ ၌နန်းထိုင် ၏