< 2 Rois 17 >

1 La douzième année d'Achaz, roi de Juda, Osée, fils d'Éla, régna à Samarie sur Israël pendant neuf ans.
ယုဒ ရှင်ဘုရင် အာခတ် နန်းစံဆယ် နှစ် နှစ် တွင် ဧလာ သား ဟောရှေ သည် နန်းထိုင် ၍ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို ကိုး နှစ်စိုးစံလေ၏
2 Il fit ce qui est mal aux yeux de Yahvé, mais pas comme les rois d'Israël qui l'ont précédé.
ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ သို့သော်လည်း သူ့ ရှေ့ မှာ ဖြစ် ဘူးသော ဣသရေလ ရှင်ဘုရင် တို့ပြုသောဒုစရိုက်ကိုမမှီ
3 Shalmaneser, roi d'Assyrie, monta contre lui; Hoshea devint son serviteur et lui apporta un tribut.
ထိုမင်း ကိုအာရှုရိ ရှင်ဘုရင် ရှာလမနေဇာ သည် စစ်ချီ ၍ ဟောရှေ သည် ကျွန် ခံသဖြင့် အခွန် ဆက် ရ၏
4 Le roi d'Assyrie découvrit une conspiration chez Hosée, car il avait envoyé des messagers à So, roi d'Égypte, et n'avait pas offert de tribut au roi d'Assyrie, comme il l'avait fait d'année en année. C'est pourquoi le roi d'Assyrie se saisit de lui et le fit mettre en prison.
နောက် တဖန်နှစ် တိုင်းဆက်ရသောအခွန် ကို မ ဆက်။ သွာအမည်ရှိသောအဲဂုတ္တု” ရှင်ဘုရင် ထံသို့ သံတမန် ကိုစေလွှတ် ၍ ၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိ ရှင်ဘုရင် သိ သဖြင့် ၊ ဟောရှေ ကိုဘမ်းဆီး ၍ ထောင် ထဲမှာ ချုပ် ထားပြီးလျှင်၊ “
5 Puis le roi d'Assyrie parcourut tout le pays, monta à Samarie et l'assiégea pendant trois ans.
ဣသရေလပြည် တရှောက်လုံး သို့ စစ်ချီ ၍ ၊ ရှမာရိ မြို့သို့ ရောက် သော် သုံး နှစ် ဝိုင်း ထား၏
6 La neuvième année d'Osée, le roi d'Assyrie prit Samarie et emmena Israël en Assyrie. Il les plaça à Halah, sur le Habor, le fleuve de Gozan, et dans les villes des Mèdes.
ဟောရှေ နန်းစံကိုး နှစ် တွင် ၊ အာရှုရိ ရှင် ဘုရင်သည် ရှမာရိ မြို့ကို ရ ပြီးလျှင် ၊ ဣသရေလ အမျိုးကို အာရှုရိ ပြည်သို့ သိမ်းသွား ၍ ဂေါဇန် မြစ် နား၊ ဟာလ မြို့၊ ဟာဗော် မြို့အစရှိသော မေဒိ နိုင်ငံမြို့ ရွာတို့၌ ထား ၏
7 C'est parce que les enfants d'Israël avaient péché contre l'Éternel, leur Dieu, qui les avait fait monter du pays d'Égypte, de dessous la main de Pharaon, roi d'Égypte, et qu'ils avaient craint d'autres dieux,
အကြောင်း မူကား၊ အဲဂုတ္တု ပြည် နှင့် အဲဂုတ္တု ဖာရော ဘုရင် လက် ထဲက ကယ်နှုတ် တော်မူသောမိမိ တို့ ဘုရား သခင်ထာဝရဘုရား ကို ဣသရေလ အမျိုးသား တို့ သည် ပြစ်မှား ၍ အခြား တပါးသော ဘုရား တို့ကို ရိုသေ ကြ၏
8 et suivi les lois des nations que l'Éternel avait chassées devant les enfants d'Israël, et des rois d'Israël, qu'ils avaient établis.
သူတို့ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့ ထုံးစံနှင့် မိမိတို့ချီးမြှောက်သော ရှင် ဘုရင်တို့ ထုံးစံ သို့ လိုက် ကြ၏
9 Les enfants d'Israël firent en secret des choses injustes à l'égard de Yahvé, leur Dieu; ils se bâtirent des hauts lieux dans toutes leurs villes, depuis la tour de guet jusqu'à la ville fortifiée;
မိမိ တို့ ဘုရားသခင် ထာဝရဘုရား တဘက် ၌ မ တရား သောအမှု ကို မထင် မရှားပြုကြ၏။ ကင်းစောင့် သော မျှော်စင် ဖြစ်စေ ၊ ခိုင်ခံ့ သောမြို့ ဖြစ်စေ ၊ မြို့ရွာ အလုံးစုံ တို့၌ မြင့် သောအရပ်ကို တည် ကြ၏
10 ils se dressèrent des colonnes et des mâts d'Astarté sur toute colline élevée et sous tout arbre vert;
၁၀ရုပ်တု ဆင်းတုနှင့် အာရှရ ပင်တို့ကို မြင့် သော ကုန်း ရှိသမျှ တို့ အပေါ် မှာ၎င်း ၊ စိမ်း သောသစ်ပင် ရှိသမျှ အောက် မှာ၎င်း ၊ တည်ထောင် ပြုစုကြ၏
11 Ils brûlèrent de l'encens sur tous les hauts lieux, comme le faisaient les nations que Yahvé avait chassées avant eux, et ils firent des choses méchantes pour irriter Yahvé.
၁၁သူ တို့ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသောတပါးအမျိုးသား ပြုသကဲ့သို့ မြင့် သောအရပ်ရှိသမျှ အပေါ် မှာ နံ့သာပေါင်းကိုမီးရှို့ ၍ ထာဝရဘုရား ၏ အမျက် တော် ကို နှိုးဆော်ခြင်းငှါ အဓမ္မ အမှု တို့ကို ပြု ကြ၏
12 Ils servirent des idoles dont Yahvé leur avait dit: « Tu ne feras pas cela ». »
၁၂ထာဝရဘုရား ပညတ် တော်မူသော အမှု၊ ရုပ်တု ဆင်းတုတို့၌ ပူဇော် ခြင်းအမှုကို ပြုကြ၏
13 Mais l'Éternel a rendu témoignage à Israël et à Juda, par tous les prophètes et tous les voyants, en disant: « Revenez de vos mauvaises voies, et observez mes commandements et mes statuts, selon toute la loi que j'ai prescrite à vos pères et que je vous ai envoyée par mes serviteurs les prophètes. »
၁၃သို့ရာတွင် ထာဝရဘုရား က အဓမ္မ လမ်း တို့ကို ရှောင် ကြလော့။ ငါသည် သင် တို့ဘိုးဘေး တို့၌ ထား သော တရား ၊ ငါ့ ကျွန် ပရောဖက် တို့ဖြင့် ပေး လိုက်သောတရား ကို အကုန် အစင်ကျင့်၍၊ ငါ့ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ကြလော့ဟု ပရောဖက် များနှင့် အနာဂတ် ဟော ဆရာများတို့ ဖြင့် ဣသရေလ အမျိုး၊ ယုဒ အမျိုး၌ သက်သေခံ တော်မူသော်လည်း၊”
14 Mais ils n'ont pas voulu écouter, et ils ont endurci leur cou, comme le cou de leurs pères qui n'ont pas cru en Yahvé, leur Dieu.
၁၄သူတို့သည်နား မ ထောင်။ မိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မ ယုံကြည် သော ဘိုးဘေး တို့ လည်ပင်း ကဲ့သို့ မိမိ တို့လည်ပင်း ကို ခိုင်မာ စေကြ၏
15 Ils rejetèrent ses lois et l'alliance qu'il avait conclue avec leurs pères, et les témoignages qu'il leur avait adressés; ils suivirent la vanité, ils devinrent vains, et ils suivirent les nations qui les entouraient, au sujet desquelles l'Éternel leur avait ordonné de ne pas faire comme elles.
၁၅စီရင် တော်မူချက်၊ ဘိုးဘေး တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ၊ သူ တို့၌ သက်သေခံ တော်မူသောသက်သေ တို့ကို ပယ် ၍ အနတ္တ တရားကို ကျင့် လျက် အချည်းနှီး သက်သက်ဖြစ်ကြ၏။ အကြင် တပါးအမျိုးသား ကျင့်သကဲ့သို့ မ ကျင့် ကြနှင့်ဟု ထာဝရဘုရား ပညတ် တော်မူ ၏၊ ပတ်လည် ၌နေသောထို အမျိုးသား နောက် သို့ လိုက်ကြ၏
16 Ils abandonnèrent tous les commandements de l'Éternel, leur Dieu, et se firent des images en fonte, deux veaux, ils se firent une idole, ils se prosternèrent devant toute l'armée du ciel et servirent Baal.
၁၆မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ် တော်ရှိသမျှ တို့ကို စွန့် ၍ နွားသငယ် တည်းဟူသောသွန်းသောရုပ်တု နှင့် အာရှရ ပင်ကို လုပ် ကြ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကို ကိုးကွယ် ၍ ဗာလ ဘုရားကိုလည်း ဝတ်ပြု ကြ၏
17 Ils firent passer leurs fils et leurs filles par le feu, utilisèrent la divination et les enchantements, et se vendirent pour faire ce qui est mal aux yeux de l'Éternel, pour l'irriter.
၁၇သား သမီး တို့ကို မီး ဖြင့် ပူဇော် ကြ၏။ နတ် ဝိဇ္ဇာအတတ်၊ ပြုစား သောအတတ်ကို သုံးဆောင် ၍ ထာဝရဘုရား ၏ အမျက် တော်ကိုနှိုးဆော်ခြင်းငှါ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု မည်ဟု ကိုယ်ကိုရောင်း ကြ၏
18 C'est pourquoi l'Éternel fut très irrité contre Israël, et il l'éloigna de sa vue. Il ne resta plus que la tribu de Juda seule.
၁၈ထိုကြောင့် ထာဝရဘုရား သည် ဣသရေလ အမျိုးကို ပြင်းစွာ အမျက် ထွက်၍ မျက်မှောက် တော်မှ ပယ်ရှား တော်မူ၏။ ယုဒ အမျိုး မှတပါး အခြားသော အမျိုးမ ကျန်ကြွင်း ရ
19 Juda aussi n'a pas gardé les commandements de l'Éternel, son Dieu, et il a suivi les lois d'Israël qu'il avait établies.
၁၉ယုဒ အမျိုးမူကား ၊ မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ပညတ် တရားတော်ကိုမ စောင့် ၊ ဣသရေလ အမျိုးလိုက် သော ထုံးစံ ဓလေ့သို့ လိုက် ကြ၏
20 L'Éternel rejeta toute la descendance d'Israël, il l'affligea et la livra entre les mains de pillards, jusqu'à ce qu'il l'eût chassée de sa vue.
၂၀ထာဝရဘုရား သည်လည်း ၊ ဣသရေလ အမျိုး ရှိသမျှ ကို ရွံရှာ ၍ မျက်မှောက် တော်မှ မ နှင်ထုတ် မှီ တိုင်အောင်ဒဏ်ခတ် တော်မူ၏။ လုယက် သောသူတို့ လက် ၌ အပ် တော်မူ၏
21 Car il arracha Israël de la maison de David, et ils firent roi Jéroboam, fils de Nebath; et Jéroboam éloigna Israël de la suite de l'Éternel, et lui fit commettre un grand péché.
၂၁ဣသရေလ အမျိုးကို ဒါဝိဒ် မင်းမျိုး မှ ဆုတ်ဖဲ့ ၍ ၊ သူတို့သည် နေဗတ် ၏ သား ယေရောဗောင် ကို ရှင် ဘုရင်အရာ၌ခန့်ထားကြ၏။ ယေရောဗောင် သည်လည်း ထာဝရဘုရား နောက် တော်သို့ လိုက်ရာလမ်းမှ ဣသရေလ အမျိုးကို လွှဲစေ ၍ ဒုစရိုက် ကြီး ကို ပြု စေ၏
22 Les enfants d'Israël marchèrent dans tous les péchés que Jéroboam avait commis; ils ne s'en détournèrent pas
၂၂သို့ဖြစ်၍ ယေရောဗောင် ပြု သော ဒုစရိုက် လမ်း သို့ ဣသရေလ အမျိုးသား တို့သည် အစဉ်တစိုက်လိုက် ကြ၏
23 jusqu'à ce que Yahvé eût éloigné Israël de sa face, comme il l'avait annoncé par tous ses serviteurs les prophètes. C'est ainsi qu'Israël fut transporté hors de son pays, en Assyrie, jusqu'à ce jour.
၂၃ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် အပေါင်း တို့ဖြင့် မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးကို မျက်မှောက် တော်မှ ပယ်ရှား တော်မ မူမှီ တိုင်အောင်သူတို့သည် ထို ဒုစရိုက်အပြစ်ကို မ ရှောင် ဘဲလိုက်ကြ၏။ ထိုကြောင့် နေရင်းပြည် မှ အာရှုရိ ပြည်သို့ သိမ်းသွား ခြင်းကိုယနေ့ တိုင်အောင် ခံရကြ၏
24 Le roi d'Assyrie fit venir des gens de Babylone, de Cuthah, d'Avva, de Hamath et de Sépharvaïm, et les plaça dans les villes de Samarie à la place des enfants d'Israël; ils possédèrent Samarie et habitèrent dans ses villes.
၂၄အာရှုရိ ရှင် ဘုရင်သည်လည်း ၊ ဗာဗုလုန် မြို့သား၊ ကုသ မြို့သား၊ အာဝ မြို့သား၊ ဟာမတ် မြို့သား၊ သေဖရဝိမ် မြို့သားတို့ကို ဆောင်ခဲ့ ၍ ၊ ရှမာရိ မြို့ ရွာတို့တွင် ဣသရေလ အမျိုးသား ကိုယ်စား ထား သဖြင့် ထိုလူတို့သည် ရှမာရိ မြို့ ရွာတို့ကို သိမ်းယူ ၍ နေရာ ကျကြ၏
25 Au début de leur séjour dans cette ville, ils ne craignaient pas Yahvé. L'Éternel envoya contre eux des lions qui tuèrent quelques-uns d'entre eux.
၂၅နေရာ ကျစ က ထာဝရဘုရား ကို မ ရိုသေ သောကြောင့် ၊ ခြင်္သေ့ တို့ကို စေလွှတ် ၍ အချို့တို့ကို ကိုက် စေ တော်မူ၏
26 Ils parlèrent alors au roi d'Assyrie, en disant: « Les nations que tu as emmenées et placées dans les villes de Samarie ne connaissent pas la loi du dieu du pays. C'est pourquoi il a envoyé des lions parmi elles; et voici qu'ils les tuent, parce qu'elles ne connaissent pas la loi du dieu du pays. »
၂၆ထိုကြောင့် အချို့တို့က၊ ကိုယ်တော်ပြောင်းစေ၍၊ ရှမာရိ မြို့ ရွာတို့၌ ထား တော်မူသောလူအမျိုးမျိုးတို့သည် ထိုပြည် စောင့်ဘုရား ၏တရား ကို နား မ လည်သောကြောင့် ၊ ထိုဘုရား သည် ခြင်္သေ့ တို့ကိုစေလွှတ် ၍ နေရာကျ သောသူ တို့ ကိုသတ် ပါသည်ဟု အာရှုရိ ရှင်ဘုရင် အား လျှောက် ကြသော်၊”
27 Alors le roi d'Assyrie donna cet ordre: « Porte là l'un des prêtres que tu as fait venir de là-bas; qu'il aille y demeurer, et qu'il leur enseigne la loi du dieu du pays. »
၂၇အာရှုရိ ရှင် ဘုရင်က၊ ထို ပြည်မှ သိမ်း ခဲ့သော ယဇ်ပုရောဟိတ် တယောက် ကို ပြန် ပို့ကြ။ သူသည်သွား ၍ ထို ပြည် စောင့်ဘုရား ၏တရား ကို သွန်သင် လျက်နေပါလေ စေဟု မိန့် တော်မူသည်အတိုင်း၊ “
28 L'un des prêtres qu'ils avaient emmenés de Samarie vint habiter à Béthel et leur enseigna comment ils devaient craindre Yahvé.
၂၈ရှမာရိ မြို့မှ သိမ်း ခဲ့သော ယဇ်ပုရောဟိတ် တယောက် သည် ပြန်၍ ဗေသလ မြို့၌ နေ လျက် ၊ ထာဝရဘုရား ကို အဘယ် သို့ရိုသေ ရမည်ကို သွန်သင် လေ၏
29 Mais chaque nation se fit ses propres dieux et les plaça dans les maisons des hauts lieux que les Samaritains avaient construits, chaque nation dans les villes qu'elle habitait.
၂၉သို့သော်လည်း ထိုလူမျိုး အသီးအသီးတို့သည် မိမိ တို့ဘုရား ကို လုပ် ၍ နေရာ ကျသောမြို့ ရွာတွင် မြင့် သောအရပ်ပေါ်မှာ ရှမာရိ မြို့သားလုပ် နှင့်သော အိမ် တို့ ၌ တင် ထားကြ၏
30 Les hommes de Babylone firent Succoth Benoth, les hommes de Cuth firent Nergal, les hommes de Hamath firent Ashima,
၃၀ဗာဗုလုန် မြို့သား တို့သည် သုကုတ် ဗေနုတ်ဘုရား၊ ကုသ မြို့သား တို့သည် နေရဂါလ ဘုရား၊ ဟာမတ် မြို့သား တို့သည် အရှိမ ဘုရား၊”
31 les Avvites firent Nibhaz et Tartak, et les Sépharvites brûlèrent leurs enfants au feu en l'honneur d'Adrammelech et d'Anammelech, les dieux de Sépharvaïm.
၃၁အာဝ မြို့သားတို့သည် နိဗဟာဇ ဘုရားနှင့် တာတက် ဘုရားကို လုပ်ကြ ၏။ သေဖရဝိမ် မြို့သားတို့ သည်လည်း သေဖရဝိမ် မြို့စောင့်ဘုရား အာဒြမ္မေလက် နှင့် အာနမ္မေလက် ဘုရားတို့အား သားသမီး ကိုမီးရှို့ ၍ ပူဇော်ကြ၏
32 Ils craignaient Yahvé, et ils se firent des prêtres des hauts lieux, qui sacrifiaient pour eux dans les maisons des hauts lieux.
၃၂ထာဝရဘုရား ကိုလည်း ရိုသေ ၍ သာမည လူတို့ကို မြင့် သော အရပ်ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား သဖြင့်၊ သူတို့သည် မြင့် သောအရပ် အိမ် တို့၌ လူ များအဘို့ ယဇ်ပူဇော် ကြ၏
33 Ils craignaient l'Éternel, et ils servaient leurs propres dieux, selon les coutumes des nations parmi lesquelles ils avaient été transportés.
၃၃ထိုသို့ထာဝရဘုရား ကို ရိုသေ ကြ၏။ သိမ်းသွား ခြင်းကို ခံရသောလူမျိုး ပြုသကဲ့သို့ မိမိ တို့ဘုရား ကိုလည်း ဝတ်ပြု ကြ၏
34 Aujourd'hui encore, ils font ce qu'ils faisaient auparavant. Ils ne craignent pas Yahvé, et ils ne suivent ni les lois, ni les ordonnances, ni la loi, ni le commandement que Yahvé a prescrits aux enfants de Jacob, qu'il a appelés Israël,
၃၄ယနေ့ တိုင်အောင် ရှေး ထုံးစံ ဓလေ့သို့ လိုက် ကြသည် ဖြစ်၍ ၊ ထာဝရဘုရား ကို ရိုသေ ရာမ ရောက်။ ဣသရေလ အမျိုးခံရသောစီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့်။ ဣသရေလအမည်ဖြင့် သမုတ်သော ယာကုပ် အမျိုးသားတို့၌ ထာဝရဘုရားထားတော်မူသောပညတ်တရားတို့ကိုမကျင့်ဘဲနေကြ၏
35 avec lesquels Yahvé avait fait alliance et leur avait donné cet ordre: « Vous ne craindrez point d'autres dieux, vous ne vous prosternerez point devant eux, vous ne les servirez point, et vous ne leur offrirez point de sacrifices;
၃၅ထာဝရဘုရား သည်ထိုအမျိုးသား တို့နှင့် ပဋိညာဉ် ဖွဲ့ ၍ ၊ သင်တို့သည်အခြား တပါးသောဘုရား တို့ကို မ ရိုသေ ၊ ဦး မ ညွှတ်၊ ဝတ် မ ပြု၊ ယဇ် မ ပူဇော်ရ
36 mais vous craindrez Yahvé, qui vous a fait monter du pays d'Égypte avec une grande puissance et un bras étendu; vous vous prosternerez devant lui et vous lui offrirez des sacrifices.
၃၆သင် တို့ကို ကြီး သောတန်ခိုး ၊ ဆန့် သောလက်ရုံး တော်အားဖြင့် အဲဂုတ္တု ပြည် မှ ကယ်နှုတ် တော်မူသောထာဝရဘုရား ကိုသာ ရိုသေကိုးကွယ် ၍ ယဇ် ပူဇော်ရမည်
37 Les statuts et les ordonnances, la loi et le commandement qu'il a écrits pour vous, vous les mettrez en pratique à jamais. Vous ne craindrez pas d'autres dieux.
၃၇သင် တို့အဘို့ ရေးထား တော်မူသော စီရင် ထုံးဖွဲ့ချက်ပညတ် တရားတို့ကို အစဉ် အမြဲစောင့်ရှောက် ရမည်။ အခြား တပါးသော ဘုရား တို့ကိုမ ရိုသေ ရ
38 Vous n'oublierez pas l'alliance que j'ai conclue avec vous. Tu ne craindras pas d'autres dieux.
၃၈သင် တို့နှင့် ငါ ဖွဲ့ သော ပဋိညာဉ် ကို မ မေ့လျော့ ရ။ အခြား တပါးသော ဘုရား တို့ကိုမ ရိုသေ ရ
39 Mais tu craindras Yahvé ton Dieu, et il te délivrera de la main de tous tes ennemis. »
၃၉သင် တို့၏ဘုရား သခင်ထာဝရဘုရား ကိုသာ ရိုသေ ရမည်။ သို့ပြုလျှင် ရန်သူ အပေါင်း တို့လက် မှ ကယ်နှုတ် တော်မူ မည်ဟု မှာထားတော်မူသော်လည်း၊”
40 Mais ils n'écoutèrent pas, et ils firent ce qu'ils faisaient auparavant.
၄၀သူတို့သည်နား မ ထောင်ရှေး ထုံးစံ ဓလေ့သို့လိုက် ကြ၏
41 Ces nations craignaient donc Yahvé et servaient aussi leurs images gravées. Leurs enfants firent de même, et les enfants de leurs enfants aussi. Ils font comme leurs pères jusqu'à ce jour.
၄၁ထိုလူ အမျိုးမျိုးကိုယ်တိုင်မှစ၍၊ သား မြေး မြစ်တို့သည် ထာဝရဘုရား ကိုရိုသေ ကြ၏။ ရုပ်တု ဆင်းတုတို့ကိုလည်း ဝတ်ပြု ကြ၏။ မိရိုးဘလာ သို့လိုက် ၍ ယနေ့ တိုင်အောင် ကျင့် နေကြ၏

< 2 Rois 17 >