< 1 Samuel 20 >
1 David s'enfuit de Naïoth à Rama, et vint dire à Jonathan: Qu'ai-je fait? Quelle est mon iniquité? Quel est mon péché devant ton père, pour qu'il en veuille à ma vie? »
၁ဒါဝိဒ် သည် ရာမ မြို့၊ နာယုတ် ရွာမှ ပြေး ၍ ယောနသန် ထံသို့ ရောက် ပြီးလျှင် ၊ ကျွန်ုပ်သည် အဘယ်သို့ ပြု ဘိသနည်း။ အဘယ် အပြစ် ရှိသနည်း။ ခမည်းတော် သည် ကျွန်ုပ် အသက် ကို ရှာ မည်အကြောင်း ၊ ကျွန်ုပ် သည် အဘယ် ဒုစရိုက် ကို ပြုဘိသနည်းဟုမေးသော်၊
2 Il lui dit: « Loin de là, tu ne mourras pas. Voici que mon père ne fait rien, ni grand ni petit, sans qu'il me le révèle. Pourquoi mon père me cacherait-il cette chose? Ce n'est pas ainsi. »
၂ယောနသန်က၊ ဤအမှုဝေးပါစေသော။ သင်သည် မ သေ ရ။ ကျွန်ုပ် အဘ သည် ကျွန်ုပ် အား မ ပြော ဘဲ အမှု အကြီး အငယ် တစုံတခု ကိုမျှ မ ပြု တတ်။ ဤအမှုမှန်လျှင် ကျွန်ုပ် မသိစေခြင်းငှါအဘယ်ကြောင့် ဝှက်ထား မည်နည်း။ ဤ အမှု မ မှန်ဘူးဟု ပြန်ပြော ၏။
3 David jura en outre et dit: « Ton père sait bien que j'ai trouvé grâce à tes yeux, et il dit: « Ne le fais pas savoir à Jonathan, de peur qu'il ne s'afflige »; mais en vérité, aussi vrai que Yahvé est vivant et que ton âme est vivante, il n'y a qu'un pas entre moi et la mort. »
၃ဒါဝိဒ် ကလည်း၊ ကျွန်ုပ်သည် သင်၏ မိတ်ဆွေဖြစ်ကြောင်းကို သင် ၏ အဘ သည် အမှန်သိ သဖြင့်၊ ယောနသန် စိတ် မသာ ရှိမည်စိုးရိမ်၍ သူသည် ဤ အမှုကို မ သိ စေနှင့်ဟု ပြောဆို ပါပြီ။ အကယ်စင်စစ် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင့် အသက် လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ် နှင့် သေ ဘေးစပ်ကြား မှာ အသွား တလှမ်းသာ ရှိပါသည်ဟု အကျိန် နှင့် ဆို၏။
4 Et Jonathan dit à David: « Tout ce que ton âme désire, je le ferai pour toi. »
၄ယောနသန် ကလည်း ၊ သင့် စိတ် နှလုံးအလိုရှိသည်အတိုင်း ကျွန်ုပ်ပြု ပါမည်ဟု ဒါဝိဒ် အား ဆို လျှင်၊
5 David dit à Jonathan: « Voici, demain c'est la nouvelle lune, et je ne dois pas manquer de dîner avec le roi; mais laisse-moi partir, et je me cacherai dans les champs jusqu'au troisième jour au soir.
၅ဒါဝိဒ် က၊ နက်ဖြန် နေ့သည် လဆန်း နေ့ဖြစ်၍ ၊ ကျွန်ုပ် သည် ရှင်ဘုရင် နှင့်အတူ စားပွဲ တော်နားမှာ မထိုင် ဘဲ မနေသင့်။ သို့သော်လည်း ကျွန်ုပ် သွား ၍ သုံး ရက်နေ့ ညဦး တိုင်အောင် တော ၌ ပုန်းရှောင် လျက် နေပါရစေ။
6 Si je manque à ton père, dis-lui: « David m'a demandé congé pour aller à Bethléem, sa ville, car c'est là qu'a lieu le sacrifice annuel pour toute la famille ».
၆သင် ၏ အဘ သည် ကျွန်ုပ် မ ရှိသည်ကို မှတ်မိ လျှင် ၊ ဒါဝိဒ် ၏ အဆွေ အမျိုးအပေါင်း တို့သည် နှစ် စဉ်ပွဲ ခံ ချိန်ရှိသောကြောင့် ၊ မိမိ နေရာ ဗက်လင် မြို့ သို့ သွား ရမည်အကြောင်း ၊ ကျပ်ကျပ်အခွင့်ပန် ပါ၏ဟု လျှောက် ပါ။
7 S'il dit: « C'est bien », ton serviteur aura la paix; mais s'il se met en colère, sache que c'est lui qui a décidé du mal.
၇အဘက ကောင်းပြီ ဟုဆို လျှင် ၊ ကိုယ်တော် ကျွန် သည် ချမ်းသာ ရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုး လျှင် ၊ ဘေး ပြုမည် အကြံ ရှိသည်ကို သဘောကျပါ။
8 C'est pourquoi, traite ton serviteur avec bonté, car tu l'as fait entrer dans une alliance de l'Éternel avec toi; mais s'il y a de l'iniquité en moi, tue-moi toi-même, car pourquoi m'amener à ton père? ».
၈ကိုယ်တော် ကျွန် ၌ ကျေးဇူး ပြု ပါ။ ထာဝရဘုရား ၏ ပဋိညာဉ် ကို ကိုယ်တော် ကျွန် နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ် ၌ အပြစ် ရှိ လျှင် ကိုယ်တော် တိုင် သတ် ပါ။ အဘယ်ကြောင့် အဘ ထံသို့ ဆောင် သွားရပါမည်နည်းဟု ယောနသန် အား ဆို ၏။
9 Jonathan dit: « Loin de toi l'idée; car si je devais savoir que le mal était déterminé par mon père à venir sur toi, ne te le dirais-je pas? »
၉ယောနသန် က ထိုသို့သောအမှု ဝေး ပါစေသော။ ကျွန်ုပ် အဘ သည် သင် ၌ ဘေး ပြုမည်ဟု အကြံ ရှိသည်ကို ကျွန်ုပ်သည် အမှန်သိ လျှင် သင့် အား မ ပြော ဘဲနေလိမ့်မည်လောဟု ဆို ၏။
10 David dit alors à Jonathan: « Qui me dira si ton père te répond durement? »
၁၀ဒါဝိဒ် ကလည်း ၊ ခမည်းတော် သည် ကြမ်းတမ်း စွာ ပြန် ပြောလျှင် ၊ ကျွန်ုပ် အား အဘယ်သူ ကြား ပြောလိမ့်မည်နည်းဟု ယောနသန် အား မေး သော်၊
11 Jonathan dit à David: « Viens! Allons dans les champs. » Ils sortirent tous deux dans les champs.
၁၁ယောနသန် က၊ ငါတို့သည် တော သို့ သွား ကြကုန်အံ့ဟု ဒါဝိဒ် အား ဆို လျက် ၊ နှစ် ယောက်တို့သည် တော သို့ထွက်သွား ကြ၏။
12 Jonathan dit à David: « Par l'Éternel, le Dieu d'Israël, quand j'aurai sondé mon père, demain à cette heure-ci, ou le troisième jour, voici, s'il y a du bien envers David, n'enverrai-je pas vers toi pour te l'annoncer?
၁၂ယောနသန် ကလည်း ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန် နေ့၊ သန်ဘက် နေ့၌ ကျွန်ုပ် အဘ ကို စုံစမ်း သောအခါ သူသည် ဒါဝိဒ် ၌ ကောင်း သော အကြံရှိ၍ သင့် ကို ကျွန်ုပ်မ ကြားလိုက်ဘဲ နေသော်၎င်း၊
13 Que l'Éternel fasse de même pour Jonathan et pour d'autres, si mon père veut vous faire du mal, si je ne vous l'annonce pas et ne vous renvoie pas, afin que vous partiez en paix. Que Yahvé soit avec vous comme il a été avec mon père.
၁၃သို့မဟုတ်ကျွန်ုပ် အဘ သည် ဘေး ပြုခြင်းငှါ အလို ရှိ၍ သင်သည် ငြိမ်ဝပ် စွာ သွား ရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်၎င်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရား သည် ကျွန်ုပ် အဘ နှင့်အတူ ရှိ ခဲ့ပြီးသကဲ့သို့ သင် နှင့်အတူ ရှိ ပါစေသော။
14 Non seulement tu me montreras la bonté de Yahvé tant que je vivrai encore, afin que je ne meure pas;
၁၄သင်သည် ကျွန်ုပ် အသက် ရှင်စဉ် အခါ၌သာ အသက်ချမ်းသာစေခြင်းငှါ ထာဝရဘုရား အလိုတော်အတိုင်း ကျေးဇူး ပြု ရမည်မက၊
15 mais encore tu ne retrancheras pas ta bonté de ma maison pour toujours, non, pas quand Yahvé aura exterminé de la surface de la terre tous les ennemis de David. »
၁၅ထာဝရဘုရား သည် ဒါဝိဒ် ၏ ရန်သူ အပေါင်းတို့ကို မြေကြီး ပေါ် က ပယ်ရှင်း တော်မူသောနောက်မှာလည်း၊ ကျွန်ုပ် အမျိုးအနွယ် ၌ အစဉ်အမြဲ ကျေးဇူး ပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်၎င်း၊
16 Jonathan fit donc une alliance avec la maison de David, en disant: « Yahvé la réclamera de la main des ennemis de David. »
၁၆သစ္စာပျက်လျှင် ဒါဝိဒ် ၏ ရန်သူ တို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ် ၏ အမျိုးအနွယ် နှင့် ပဋိညာဉ်ဖွဲ့ သဖြင့် ၎င်း၊
17 Jonathan fit encore jurer David, à cause de l'amour qu'il avait pour lui, car il l'aimait comme il aimait sa propre âme.
၁၇ကိုယ် ဝိညာဉ် ကို ချစ် သကဲ့သို့ဒါဝိဒ်ကို ချစ် သောကြောင့် ၊ ချစ်သောစိတ်အားကြီး၍ ဒါဝိဒ် အား အထပ်ထပ် ကျိန်ဆို ၏။
18 Jonathan lui dit alors: « Demain, c'est la nouvelle lune, et tu manqueras, car ta place sera vide.
၁၈တဖန် ယောနသန် က၊ နက်ဖြန် နေ့သည် လဆန်း နေ့ဖြစ်၍ ၊ သင် ထိုင် ရာအရပ် လပ် လျှင် သင်မ ရှိကြောင်း ထင်ရှားလိမ့်မည်။
19 Quand tu seras resté trois jours, descends vite et viens à l'endroit où tu t'es caché quand tout cela a commencé, et reste près de la pierre Ezel.
၁၉သင်သည် သုံး ရက်နေပြီးမှ အလျင်အမြန် ဆင်းလာ သဖြင့် ၊ အရင်အမှု ရှိစဉ် ပုန်းရှောင် ၍ နေရာ အရပ်သို့ ရောက် လျှင် ၊ ဧဇေလ ကျောက် နား မှာ နေ ရမည်။
20 Je tirerai trois flèches sur son côté, comme si je tirais sur une marque.
၂၀ကျွန်ုပ် သည်လည်း ၊ စက် ကို ပစ် ဟန်ပြု၍၊ ထိုကျောက်နား သို့ မြှား သုံး စင်းပစ် မည်။
21 Voici que j'enverrai le garçon en disant: « Va chercher les flèches ». Si je dis au garçon: « Voici, les flèches sont de ce côté-ci de toi. Si je dis au garçon: « Voici, les flèches sont de ce côté-ci de toi, prends-les », alors viens, car tu auras la paix et aucun danger, car l'Éternel est vivant.
၂၁မြှား တို့ကို သွား ၍ ရှာ ချေဟု လူ ကလေးကို စေခိုင်း သောအခါ ၊ မြှား တို့သည် နင့် အနား မှာရှိ၏။ ကောက် တော့ဟု သေချာစွာ ပြော လျှင် လာ ခဲ့ပါ။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ဘေး မ ရှိ၊ ချမ်းသာ ရပြီ။
22 Mais si je dis au garçon: « Voici, les flèches sont au-delà de toi », alors va-t'en, car l'Éternel te renvoie.
၂၂သို့မဟုတ် ၊ မြှား တို့သည် နင့် ကို လွန် ပြီဟု လုလင် အား ဆို လျှင် သွား လော့။ ထာဝရဘုရား သည် သင့် ကို လွှတ်လိုက် တော်မူ၏။
23 Quant à l'affaire dont nous avons parlé, toi et moi, voici que l'Éternel est entre toi et moi pour toujours. »
၂၃ယခု ငါတို့နှစ်ယောက် ပြော သော အမှု ၌ကား၊ ထာဝရဘုရား သည် သင် နှင့် ကျွန်ုပ် စပ်ကြား မှာ အစဉ် ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။
24 David se cacha donc dans les champs. Lorsque la nouvelle lune fut venue, le roi s'assit pour manger.
၂၄ဒါဝိဒ် သည် တော ၌ ပုန်းရှောင် ၍ နေ၏။ လဆန်း နေ့ရောက် မှ ရှင် ဘုရင်သည် စားတော်ခေါ် ခြင်းငှါ ထိုင် ၏။
25 Le roi s'assit sur son siège, comme les autres fois, même sur le siège près du mur; Jonathan se leva, et Abner s'assit aux côtés de Saül, mais la place de David était vide.
၂၅ထုံးစံအတိုင်းထရံ နား မှာ ရှင်ဘုရင် ထိုင် လျှင် ၊ ယောနသန် ထ ၍ အာဗနာ သည် ရှောလု အနား မှာ ထိုင် ၏။ ဒါဝိဒ် ၏ နေရာ ထိုင်ရာသည် လပ် ၏။
26 Saül ne dit rien ce jour-là, car il pensait: « Il lui est arrivé quelque chose. Il n'est pas pur. Il n'est certainement pas pur. »
၂၆သို့ရာတွင် ရှောလု က အကြောင်းတစုံတခု ရှိလိမ့်မည်။ သူ သည် မ စင်ကြယ်။ အကယ်၍ သူ သည် မ စင်ကြယ် ဟု ထင်မှတ် ၍ ထို နေ့၌ တိတ်ဆိတ် စွာနေ၏။
27 Le lendemain de la nouvelle lune, le deuxième jour, la place de David était vide. Saül dit à Jonathan, son fils: « Pourquoi le fils de Jessé n'est-il pas venu manger, ni hier, ni aujourd'hui? »
၂၇နက်ဖြန် နေ့ လဆန်း နှစ် ရက်နေ့၌ ဒါဝိဒ် ၏ နေရာ ထိုင်ရာသည်လပ် သောကြောင့် ရှောလု က၊ ယေရှဲ သား သည် စား ပွဲတော်သို့ မနေ့က မလာ၊ ယနေ့ လည်း မ လာ ဘဲ အဘယ်ကြောင့် နေသနည်းဟု သား တော် ယောနသန် အား မေး လျှင်၊
28 Jonathan répondit à Saül: « David m'a demandé avec insistance la permission d'aller à Bethléem.
၂၈ယောနသန် က၊ ဒါဝိဒ် သည် ဗက်လင် မြို့သို့ သွားရမည်အကြောင်းကျပ်ကျပ်အခွင့် ပန်လျက်၊
29 Il a dit: « Laisse-moi y aller, car notre famille offre un sacrifice dans la ville. Mon frère m'a ordonné de m'y rendre. Maintenant, si j'ai trouvé grâce à tes yeux, permets-moi de m'en aller voir mes frères ». C'est pourquoi il n'est pas venu à la table du roi. »
၂၉အကျွန်ုပ် သွားရသောအခွင့် ကိုပေး ပါလော့။ အကျွန်ုပ် အဆွေအမျိုး တို့သည် ထိုမြို့ ၌ ယဇ် ပွဲကို ဆောင်ကြပါ၏။ အကျွန်ုပ် အစ်ကို လည်း မှာ လိုက်ပါပြီ။ စိတ် တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား ၍ အစ်ကို တို့ကို မြင် ရမည်အကြောင်းအခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထို့ကြောင့် စားပွဲ တော်သို့ မ လာ ပါဟု ရှောလုအား လျှောက် လေ၏။
30 Alors la colère de Saül s'enflamma contre Jonathan, et il lui dit: « Fils d'une femme perverse et rebelle, ne sais-je pas que tu as choisi le fils d'Isaï à ta propre honte et à la honte de la nudité de ta mère?
၃၀ထိုအခါ ရှောလု သည် ယောနသန် ကို အမျက် ထွက် ၍ ၊ မြောက်မထား သော မိန်းမ၏သား ၊ သင် သည် ကိုယ်တိုင်အရှက် ကွဲသည်တိုင်အောင် ၎င်း၊ သင့် အမိ အဝတ် ကျွတ်၍ အရှက် ကွဲသည့်တိုင်အောင် ၎င်း၊ ယေရှဲ ၏သား ဘက် ၌ နေသည်ကို ငါမ သိ သလော။
31 Car tant que le fils d'Isaï vivra sur la terre, tu ne seras pas établi, ni ton royaume. C'est pourquoi, maintenant, envoie-le et amène-le-moi, car il va mourir! ».
၃၁ယေရှဲ ၏သား သည် မြေကြီး ပေါ် မှာ အသက် ရှင်သည်ကာလ ပတ်လုံး သင် နှင့် သင် ၏နိုင်ငံ မ တည် ရ။ ယခု စေလွှတ် ၍ သူ ကိုခေါ် ခဲ့။ သူ သည် အသေ ခံရမည်ဟုဆို လျှင်၊
32 Jonathan répondit à Saül, son père, et lui dit: « Pourquoi faut-il le mettre à mort? Qu'a-t-il fait? »
၃၂ယောနသန် က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေ ခံရမည်နည်း။ အဘယ်သို့ ပြု ဘိသနည်းဟု အဘ ရှောလု အား မေး လေသော်၊
33 Saül lança sa lance contre lui pour le frapper. Jonathan sut alors que son père était décidé à faire mourir David.
၃၃ရှောလု သည် ယောနသန်ကို မှန်စေခြင်းငှါ လှံ တိုကို လက်လွှတ် ၍ ထိုး လေ၏။ သို့ဖြစ်၍ အဘ သည် ဒါဝိဒ် ကိုသတ် မည်အကြံရှိသည်ကို ယောနသန် သည် သိ သဖြင့်၊
34 Jonathan se leva de table avec une grande colère, et il ne mangea rien le second jour du mois, car il était affligé par David, que son père avait maltraité.
၃၄အမျက် ထွက်၍ ၊ ထိုလဆန်း နှစ် ရက်နေ့ ၌ အစာ မ စား ဘဲ ထ သွား၏။ မိမိ အဘ သည် ဒါဝိဒ်ကို အရှက် ခွဲသောကြောင့် ဒါဝိဒ် အတွက် ညှိုးငယ် သောစိတ် ရှိ၏။
35 Le matin, Jonathan sortit dans les champs à l'heure dite avec David, et un petit garçon avec lui.
၃၅နံနက် ရောက် မှ ဒါဝိဒ် နှင့် ချိန်းချက် သော အချိန်၌ ၊ ယောနသန် သည် လူ ကလေးကို ခေါ်၍ တော သို့ သွား ၏။
36 Il dit à son garçon: « Cours, trouve maintenant les flèches que je tire. » Comme le garçon courait, il tira une flèche au-delà de lui.
၃၆လူ ကလေးအား လည်း ပြေး တော့။ ငါ ပစ် သော မြှား တို့ကို ရှာ တော့ဟုဆို ၍ လူ ကလေးသည် ပြေး သောအခါ သူ့ ကို လွန် အောင်မြှား တစင်းကို ပစ် လေ၏။
37 Lorsque le garçon fut arrivé à la place de la flèche que Jonathan avait tirée, Jonathan cria après le garçon et dit: « La flèche n'est-elle pas au-delà de toi? ».
၃၇ယောနသန် ပစ် သော မြှား ကျရာ အရပ် သို့ လူ ကလေးရောက် သောအခါ ၊ ယောနသန် က၊ မြှား တစင်းသည် နင့် ကို လွန် ပြီမ ဟုတ်လော။
38 Jonathan cria après le garçon: « Va vite! Dépêche-toi. Ne tarde pas. » Le garçon de Jonathan ramassa les flèches et vint auprès de son maître.
၃၈ကြိုးစား၍ အလျင်အမြန် ပြေး တော့။ မ နေ နှင့်ဟု လူ ကလေးနောက် မှာ ဟစ် လေ၏။ လူ ကလေးသည်လည်း မြှား တို့ကို ကောက် ၍ မိမိ သခင့် ထံသို့ ပြန် လာ၏။
39 Mais le garçon ne savait rien. Seuls Jonathan et David connaissaient l'affaire.
၃၉သို့ရာတွင် လူ ကလေးသည် ထိုအမှု ကို နား မ လည်။ ယောနသန် နှင့် ဒါဝိဒ် သာ နားလည် ကြ၏။
40 Jonathan donna les armes à son garçon et lui dit: « Va, porte-les à la ville. »
၄၀ယောနသန် သည် မိမိ လက်နက် တို့ကို လူ ကလေး၌ အပ် ၍ မြို့ ထဲသို့ယူ သွားတော့ဟု ဆို ၏။
41 Dès que le garçon fut parti, David se leva du midi, tomba la face contre terre et se prosterna trois fois. Ils s'embrassèrent et pleurèrent l'un l'autre, et c'est David qui pleura le plus.
၄၁လူ ကလေးသွား သောနောက် ၊ ဒါဝိဒ် သည် တောင် မျက်နှာအရပ်က ထ ၍ မြေ ပေါ် မှာ ပြပ်ဝပ် လျက် သုံး ကြိမ် တိုင်အောင်ဦးညွှတ် ပြီးလျှင် ၊ သူတို့သည် တယောက် ကို တယောက်နမ်း လျက် မျက်ရည် ကျလျက်၊ ဒါဝိဒ် သည်သာ၍ ပြုသည်တိုင်အောင်ပြုကြ၏။
42 Jonathan dit à David: « Va en paix, car nous avons tous deux juré au nom de l'Éternel, en disant: « L'Éternel est entre moi et toi, entre ma descendance et ta descendance, pour toujours. » Il se leva et partit, et Jonathan alla à la ville.
၄၂ယောနသန် ကလည်း ၊ ထာဝရဘုရား သည် သင် နှင့် ကျွန်ုပ် စပ်ကြား ၊ သင့် အမျိုးအနွယ် နှင့် ကျွန်ုပ် အမျိုးအနွယ် စပ်ကြား မှာ အစဉ်အမြဲ ရှိ တော်မူစေသတည်းဟူ၍ထာဝရဘုရား ၏ နာမ တော်ကို တိုင်တည် သဖြင့် ၊ ငါ တို့နှစ် ယောက်သည် ကျိန်ဆိုကြသည်ကိုထောက် ၍၊ ငြိမ်ဝပ် စွာ သွား တော့ဟု ဒါဝိဒ် အား ဆို လျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။