< 1 Chroniques 5 >

1 Les fils de Ruben, premier-né d'Israël (car il était le premier-né, mais parce qu'il souilla la couche de son père, son droit d'aînesse fut donné aux fils de Joseph, fils d'Israël; et la généalogie ne doit pas être classée selon le droit d'aînesse.
ရုဗင် သည် ဣသရေလ ၏ သားဦး ဖြစ်သော်လည်း ၊ အဘ အိပ်ရာ ကို ညစ်ညူး စေသောကြောင့် ၊ သားဦးအရာကိုနှုတ်ပြီးလျှင်၊ ဣသရေလ ၏သား ဖြစ်သော ယောသပ် ၏ သား တို့အား ပေး သည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ၊ သားဦး အရာကို လိုက် ၍ မ မှတ်ရ။
2 Car Juda l'emporta sur ses frères, et c'est de lui que vint le prince; mais le droit d'aînesse appartenait à Joseph)-
ယုဒ သည်လည်း ညီအစ်ကို တို့တွင် လွန်ကဲ ၍ သူ ၏အမျိုးထဲက မင်း ဖြစ်တတ်သော်လည်း၊ သားဦး အရာ ကိုမရ၊ ယောသပ် ရ၏။
3 les fils de Ruben, premier-né d'Israël: Hanoch, Pallu, Hezron et Carmi.
ဣသရေလ ၏ သားဦး ရုဗင် သား ကား ဟာနုတ် ၊ ဖာလု ၊ ဟေဇရုံ ၊ ကာမိ တည်း။
4 Fils de Joël: Schemaeja, son fils; Gog, son fils; Shimei, son fils;
ယောလ သား ကား ရှေမာယ ၊ ရှေမာယသား ဂေါဂ ၊ ဂေါဂသား ရှေမိ၊
5 Michée, son fils; Réaja, son fils; Baal, son fils;
ရှေမိသား မိက္ခ ၊ မိက္ခသား ရာယ ၊ ရာယသား ဗာလ တည်း။
6 et Beérah, son fils, que Tilgath Pilnéser, roi d'Assyrie, emmena captif. Il était prince des Rubénites.
ဗာလသား ကား၊ အာရှုရိ ရှင်ဘုရင် တိဂလတ်ပိလေသာ သိမ်း သွားသော ရုဗင် အမျိုး မင်း ဗေရာ တည်း။
7 Ses frères, selon leurs familles, d'après la généalogie de leurs générations: le chef, Jeïel, et Zacharie,
သူ ၏ညီ ယေယေလ နှင့် ဇာခရိ တို့သည်လည်း၊ သားစဉ် မြေးဆက်စာရင်း ယူသောအခါ အဆွေအမျိုး သူကြီး ဖြစ်သတည်း။
8 et Béla, fils d'Azaz, fils de Shema, fils de Joël, qui habitait à Aroër, jusqu'à Nebo et Baal Meon;
ထိုအတူ ယောလ ၊ ရှေမ ၊ အာဇတ် တို့မှ ဆင်းသက် သော ဗေလ သည်လည်း မင်းဖြစ်လျက်၊ အာရော် မြို့ မှစ၍နေဗော မြို့၊ ဗာလမောင် မြို့တိုင်အောင် နေရာ ကျယ်၏။
9 et il habitait à l'orient, jusqu'à l'entrée du désert du fleuve Euphrate, parce que leur bétail était multiplié dans le pays de Galaad.
ဂိလဒ် ပြည် ၌ သိုး နွားများပြား သောကြောင့် ၊ အရှေ့ မျက်နှာ၌ ဥဖရတ် မြစ် နှင့်ဆိုင်သော တော ဝင်ဝ တိုင်အောင် နေရာ ကျယ်၏။
10 Du temps de Saül, ils firent la guerre aux Hagrites, qui tombèrent sous leurs coups; et ils habitèrent dans leurs tentes dans tout le pays situé à l'est de Galaad.
၁၀ရှောလု မင်းလက်ထက် ဟာဂရ အမျိုးသားတို့ကို စစ်တိုက်၍ လုပ်ကြံသဖြင့်၊ ဂိလဒ် ပြည်အရှေ့ ပိုင်း တရှောက် လုံးတွင် ဟာဂရ၏နေရာကို ယူ၍ နေရာ ကျကြ ၏။
11 Les fils de Gad habitèrent à côté d'eux dans le pays de Basan jusqu'à Salca:
၁၁သူ တို့တဘက် တချက်၊ ဗာရှန် ပြည် တွင် သလကာ မြို့တိုင်အောင် ဂဒ် အမျိုးသား တို့သည် နေရာ ကျကြ၏။
12 Joël, le chef, Schapham, le second, Janaï, et Schaphat en Basan.
၁၂ဗာရှန် ပြည်၌ အကြီးအကဲ ကား ယောလ ၊ ထိုနောက် ရှာဖံ ၊ ယာနဲ ၊ ရှာဖတ် တည်း။
13 Leurs frères des maisons de leurs pères: Michel, Meshullam, Saba, Joraï, Jacan, Zia et Éber, au nombre de sept.
၁၃သူ တို့အဆွေအမျိုး ချင်း ပေါက်ဘော် တော်သော သူကားမိက္ခေလ ၊ မေရှုလံ ၊ ရှေဘ ၊ ယောရဲ ၊ ယာခန် ၊ ဇယာ ၊ ယေဗာ ၊ ပေါင်းခုနစ် ယောက်တည်း။
14 Ce sont là les fils d'Abihail, fils de Huri, fils de Jaroah, fils de Galaad, fils de Micaël, fils de Jeshishai, fils de Jahdo, fils de Buz;
၁၄
15 Ahi, fils d'Abdiel, fils de Guni, chefs des maisons de leurs pères.
၁၅ထိုသူတို့သည် ဂုနိ ၊ အာဗဒျေလ ၊ ဗုဇာ ဟိ ၊ ယာဒေါ ၊ ယေရှိရှဲ ၊ မိက္ခေလ ၊ ဂိလဒ် ၊ ယာရော် ၊ ဟုရိ ၊ အဘိဟဲလ အမျိုးအနွယ် ဖြစ်သတည်း။ ဂုနိကား ထိုအဆွေ အမျိုး၏ သူကြီး ဖြစ်၏။
16 Ils habitaient en Galaad, en Basan, et dans ses villes, et dans tous les pâturages de Saron, jusqu'à leurs limites.
၁၆သူတို့သည် ဂိလဒ် ပြည်၊ ဗာရှန် ပြည်မြို့ ရွာ၊ ရှာရုန် မြို့ပတ်လည်ပြည်စွန်း တိုင်အောင် နေရာ ကျကြ၏။
17 Tous ceux-là furent énumérés par des généalogies aux jours de Jotham, roi de Juda, et aux jours de Jéroboam, roi d'Israël.
၁၇ဤသူ အပေါင်း တို့သည် ယုဒ ရှင်ဘုရင် ယောသံ နှင့် ဣသရေလ ရှင်ဘုရင် ယေရောဗောင် လက်ထက် သားစဉ် မြေးဆက်စာရင်းဝင်ကြ၏။
18 Les fils de Ruben, les Gadites et la demi-tribu de Manassé, hommes vaillants, capables de porter le bouclier et l'épée, de tirer à l'arc, et habiles à la guerre, étaient au nombre de quarante-quatre mille sept cent soixante, aptes à faire la guerre.
၁၈ရုဗင် အမျိုး ၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တွင် ဒိုင်း နှင့် ထား ကို ကိုင် ၍ လေး နှင့် ပစ်တတ်သဖြင့်၊ စစ်မှု စစ်ရေးကိုလေ့ကျက် ၍ စစ်ချီတတ်သော စစ်သူရဲ ပေါင်း ကား၊ လေးသောင်း လေးထောင်ခုနစ် ရာ ခြောက် ဆယ်တည်း။
19 Ils firent la guerre aux Hagrites, à Jetur, à Naphish et à Nodab.
၁၉ထိုသူတို့သည် ဟာဂရ အမျိုးသားတည်းဟူသော ယေတုရ ၊ နာဖိရှ ၊ နောဒပ် အမျိုးသားတို့နှင့် စစ် တိုက် ကြ၏။
20 Ils furent secourus contre eux, et les Hagrites furent livrés entre leurs mains, avec tous ceux qui étaient avec eux; car ils crièrent à Dieu dans la bataille, et il les exauça, parce qu'ils avaient mis leur confiance en lui.
၂၀စစ်တိုက် သောအခါ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း သောကြောင့် ၊ ဘုရားသခင် မစ တော်မူ ခြင်းကျေးဇူးအားဖြင့်၊ ဟာဂရ လူတို့နှင့် သူ တို့ဥစ္စာ ရှိသမျှ ကိုရ ကြ၏။
21 Ils prirent leur bétail: cinquante mille chameaux, deux cent cinquante mille moutons, deux mille ânes, et cent mille hommes.
၂၁ကုလားအုပ် ငါးထောင်၊ သိုး နှစ်သိန်း ငါးသောင်း၊ မြည်း နှစ် ထောင်၊ လူ တသိန်း တို့ကိုသိမ်းယူ ကြ၏။
22 Car beaucoup tombèrent morts, parce que la guerre était de Dieu. Ils vécurent à leur place jusqu'à la captivité.
၂၂ဘုရားသခင့် အခွင့်နှင့် စစ်တိုက် သောကြောင့် ၊ ရန်သူအများ တို့သည် လဲ သေ ကြ၏။ ဣသရေလလူတို့ သည် သိမ်းသွား ခြင်းအမှုမ ရောက်မှီတိုင်အောင်၊ ဟာဂရ လူတို့နေရာ ၌ နေရာ ကျကြ၏။
23 Les enfants de la demi-tribu de Manassé habitaient dans le pays. Ils s'étendaient de Basan à Baal Hermon, à Senir et à la montagne de l'Hermon.
၂၃မနာရှေ အမျိုး တဝက် သည်၊ ထိုပြည် တွင် ဗာရှန် မြို့မှစ၍ ဗာလဟေရမုန် မြို့၊ စနိရ မြို့၊ ဟေရမုန် တောင် တိုင်အောင်ပွားများ လျက်နေ၏။
24 Voici les chefs des maisons de leurs pères: Epher, Ishi, Eliel, Azriel, Jérémie, Hodavia et Jahdiel, hommes valeureux, hommes célèbres, chefs des maisons de leurs pères.
၂၄အဆွေအမျိုး သူကြီး များဟူမူကား ၊ ခွန်အား ကြီး ၍ ကျော်စောသော စစ် သူရဲဧဖာ ၊ ဣရှိ ၊ ဧလျေလ ၊ အာဇရေလ ၊ ယေရမိ ၊ ဟောဒဝိ ၊ ယာဒျေလ တည်း။
25 Ils ont péché contre le Dieu de leurs pères et se sont prostitués aux dieux des peuples du pays que Dieu a détruits devant eux.
၂၅သို့ရာတွင် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် သည် ဘိုးဘေး တို့၏ ဘုရားသခင် ကို ပြစ်မှား ၍ ၊ မိမိ တို့ရှေ့ မှာ ဘုရားသခင် ဖျက်ဆီး တော်မူသော ပြည်သား တို့ ဘုရား များနှင့် မှားယွင်း ကြ၏။
26 Le Dieu d'Israël excita l'esprit de Pul, roi d'Assyrie, et l'esprit de Tilgath Pilnéser, roi d'Assyrie, et il emmena les Rubénites, les Gadites et la demi-tribu de Manassé, et les conduisit à Halah, Habor, Hara et au fleuve de Gozan, jusqu'à ce jour.
၂၆သို့ဖြစ်၍ ဣသရေလ အမျိုး၏ ဘုရားသခင် သည် အာရှုရိ ရှင်ဘုရင် ပုလ နှင့် ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ် ကို နှိုးဆော် တော်မူသဖြင့် ၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန် မြစ် နား၊ ဟေလ မြို့၊ ဟာဗော် မြို့၊ ဟာရ မြို့သို့ သိမ်း သွား၍ ယနေ့ တိုင်အောင် နေရာချထား၏။

< 1 Chroniques 5 >