< 1 Chroniques 11 >
1 Alors tout Israël se rassembla auprès de David à Hébron, en disant: « Voici, nous sommes tes os et ta chair.
၁ဣသရေလပြည်သားအပေါင်းတို့သည်ဟေဗြုန် မြို့ရှိဒါဝိဒ်ထံသို့လာရောက်လျက်``ကျွန်တော် တို့သည်အရှင်၏သွေးသားများဖြစ်ပါ၏။-
2 Autrefois, même lorsque Saül était roi, c'est toi qui as fait sortir et entrer Israël. Yahvé ton Dieu t'a dit: « Tu seras le berger de mon peuple d'Israël, et tu seras le prince de mon peuple d'Israël. »
၂အတိတ်ကာလကရှောလုမင်းဘုရင်ဖြစ်စဉ် အခါ၌ပင်လျှင် အရှင်သည်ဣသရေလပြည် သားတို့အားရှေ့ဆောင်၍တိုက်ပွဲဝင်ခဲ့ပါ၏။ အရှင်၏ဘုရားသခင်ထာဝရဘုရားက လည်း အရှင်သည်ကိုယ်တော့်လူမျိုးတော်၏ ခေါင်းဆောင်၊ သူတို့၏ဘုရင်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့ပါ၏'' ဟုလျှောက်ထား ကြ၏။-
3 Et tous les anciens d'Israël vinrent auprès du roi à Hébron, et David fit alliance avec eux à Hébron, devant Yahvé. Ils oignirent David comme roi d'Israël, selon la parole de Yahvé par Samuel.
၃ယင်းသို့ဣသရေလအမျိုးသားခေါင်းဆောင် အပေါင်းတို့သည် ဟေဗြုန်မြို့ရှိဒါဝိဒ်မင်းထံ တော်သို့လာရောက်ကြသောအခါ မင်းကြီးသည် ထာဝရဘုရား၏ရှေ့တော်၌ထိုသူတို့နှင့်သစ္စာ မိတ်ဖွဲ့တော်မူ၏။ သူတို့သည်လည်းရှမွေလအား ဖြင့်ထာဝရဘုရားကတိပေးတော်မူခဲ့သည့် အတိုင်း ဒါဝိဒ်အားဘိသိက်ပေး၍ဣသရေလ ဘုရင်အဖြစ်ဖြင့်ချီးမြှောက်ကြ၏။
4 David et tout Israël allèrent à Jérusalem (appelée aussi Jébus); les Jébusiens, habitants du pays, étaient là.
၄ဒါဝိဒ်မင်းနှင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ချီတက်၍ ယေရုရှလင် မြို့ကိုတိုက်ခိုက်ကြ၏။ ထိုစဉ်အခါက ယေရုရှလင်မြို့သည်ယေဗုတ်မြို့ဟုနာမည် တွင်၏။ ထိုမြို့တွင်ပင်ကိုယ်ရှိရင်းစွဲယေဗုသိ မြို့သားတို့ပင်လျှင်နေထိုင်လျက်ရှိသေး၏။-
5 Les habitants de Jébus dirent à David: « Tu n'entreras pas ici! » Néanmoins, David prit la forteresse de Sion. C'est la ville de David.
၅ယေဗုသိမြို့သားတို့ကဒါဝိဒ်မင်းအား``သင် သည်ဤမြို့ထဲသို့အဘယ်အခါ၌မျှဝင်ရ လိမ့်မည်မဟုတ်'' ဟုဆိုကြ၏။ သိုရာတွင် ဒါဝိဒ်မင်းသည်သူတို့၏ဇိအုန်ခံတပ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်သဖြင့် ခံတပ်သည် ဒါဝိဒ်မြို့ဟူသောနာမည်ကိုရရှိလေသည်။-
6 David avait dit: « Celui qui frappera le premier les Jébusiens sera chef et capitaine. » Joab, fils de Tseruja, monta le premier, et fut nommé chef.
၆ဒါဝိဒ်မင်းက``ယေဗုသိမြို့သားတစ်ယောက် ယောက်ကိုအဦးအဖျားလုပ်ကြံနိုင်သူ အားတပ်မှူးအရာကိုငါပေးမည်'' ဟု အမိန့်တော်ရှိသည့်အတိုင်းဇေရုယာ၏ သားယွာဘသည်ရှေ့ဆုံးမှနေ၍ တိုက်စစ် ဆင်သူဖြစ်သဖြင့်တပ်မှူးအရာကိုရ လေ၏။-
7 David habitait dans la forteresse; c'est pourquoi on l'appelait la ville de David.
၇ဒါဝိဒ်မင်းသည်ထိုခံတပ်တွင်နေထိုင်ရန် သွားရောက်တော်မူသည်ကိုအစွဲပြု၍ ယင်း ကို``ဒါဝိဒ်မြို့'' ဟုခေါ်ဆိုသမုတ်ကြ သတည်း။-
8 Il construisit la ville tout autour, depuis Millo jusqu'aux environs; et Joab répara le reste de la ville.
၈မင်းကြီးသည်ဇိအုန်တောင်၏အရှေ့ဘက်၊ မြေကတုတ်ဖို့ထားသည့်အရပ်မှအစပြု ၍ခံတပ်ပတ်လည်တွင်မြို့ကိုပြန်လည်တည် ဆောက်တော်မူ၏။ ထိုမြို့ရှိကျန်သောအရပ် တို့ကိုမူယွာဘကပြုပြင်တည်ဆောက် ပေးလေသည်။-
9 David devenait de plus en plus grand, car l'Éternel des armées était avec lui.
၉ဒါဝိဒ်မင်းသည်တစ်နေ့တစ်ခြားတန်ခိုး ကြီးမား၍လာတော်မူ၏။ အဘယ်ကြောင့် ဆိုသော်အနန္တတန်ခိုးရှင်ထာဝရဘုရား သည်မင်းကြီးနှင့်အတူရှိတော်မူသော ကြောင့်ဖြစ်၏။
10 Et voici les chefs des hommes forts que David avait, qui se sont montrés forts avec lui dans son royaume, avec tout Israël, pour le faire roi, selon la parole de l'Éternel sur Israël.
၁၀အောက်ပါတို့သည်ဒါဝိဒ်၏နာမည်ကျော် စစ်သူရဲများဖြစ်ကြ၏။ သူတို့သည်ထာဝရ ဘုရား၏ကတိတော်အတိုင်း ဒါဝိဒ်အားမင်း မြှောက်နိုင်ရန်အခြားဣသရေလပြည်သား တို့နှင့်အတူဝိုင်းဝန်းကူညီကာ မင်းကြီး ၏နိုင်ငံကိုလည်းတည်တံ့ခိုင်မြဲစေသူ များဖြစ်ကြ၏။
11 Voici le nombre des vaillants hommes que David avait: Jashobeam, fils d'un Hachmonite, chef des trente; il leva sa lance contre trois cents personnes et les tua en une seule fois.
၁၁သူတို့၏နာမည်များမှာပထမဆုံး၊ ဟခ မောနိသားချင်းစုဝင်ယာရှောဗံဖြစ်သည်။ သူသည်သူရဲကောင်းသုံးယောက်တို့တွင်ခေါင်း ဆောင်ဖြစ်၏။ တိုက်ပွဲတစ်ခုတည်း၌ပင်လျှင် လူသုံးရာကိုလှံဖြင့်ထိုးသတ်တိုက်ခိုက်ခဲ့ သူဖြစ်သတည်း။-
12 Après lui, Éléazar, fils de Dodo, l'Ahochite, qui était l'un des trois hommes forts.
၁၂နာမည်ကျော်သူရဲကောင်းသုံးယောက်အပါ အဝင်ဒုတိယသူရဲကောင်းမှာအဟောဟိ သားချင်းစုဝင်၊ ဒေါဒေါ၏သားဧလဇာ ဖြစ်၏။-
13 Il était avec David à Pasdammim, et là, les Philistins étaient rassemblés pour combattre, là où il y avait un terrain plein d'orge; et le peuple fuyait devant les Philistins.
၁၃သူသည်ပါသဒမ္မိမ်တိုက်ပွဲတွင်ဒါဝိဒ်နှင့် အတူ ဖိလိတ္တိအမျိုးသားတို့အားတိုက်ခိုက် ခဲ့သူဖြစ်၏။ ဣသရေလအမျိုးသားတို့ တပ်လှန့်စပြုသောအခါသူသည်မုယော စပါးလယ်ပြင်တစ်ခုတွင်ရှိ၏။-
14 Ils se placèrent au milieu du champ, le défendirent et tuèrent les Philistins, et Yahvé les sauva par une grande victoire.
၁၄သို့ဖြစ်၍သူသည်မိမိ၏အဖော်များနှင့် လယ်ပြင်အလယ်တွင်ရပ်လျက် ဖိလိတ္တိအမျိုး သားတို့ကိုတိုက်ခိုက်လေသည်။ ထာဝရ ဘုရားသည်သူ့အားကြီးစွာသောအောင်ပွဲ ကိုပေးတော်မူ၏။
15 Trois des trente chefs descendirent au rocher vers David, dans la grotte d'Adullam; et l'armée des Philistins campait dans la vallée des Rephaïm.
၁၅တစ်နေ့သ၌ဖိလိတ္တိအမျိုးသားတစ်စု သည်ရေဖိမ်ချိုင့်ဝှမ်းတွင်တပ်စခန်းချလျက် ရှိနေစဉ် ရှေ့တန်းခေါင်းဆောင်များဖြစ်သော ရဲဘော်သုံးကျိပ်မှရဲဘော်သုံးဦးတို့သည် အဒုလံလှိုဏ်ဂူအနီးဒါဝိဒ်မင်းရှိရာ ကျောက်ဆောင်သို့သွားရောက်ကြ၏။-
16 David était alors dans la forteresse, et la garnison des Philistins était en ce moment à Bethléem.
၁၆ထိုအချိန်၌ဒါဝိဒ်သည်အခိုင်အမာခံ တပ်တည်ထားသောတောင်ကုန်းတစ်ခုပေါ် တွင်ရှိ၍ ဖိလိတ္တိအမျိုးသားတစ်စုကလည်း ဗက်လင်မြို့ကိုဝင်ရောက်သိမ်းပိုက်၍ထား ကြ၏။-
17 David se languissait et disait: « Oh, si quelqu'un me donnait à boire de l'eau du puits de Bethléem, qui est près de la porte! ».
၁၇ဒါဝိဒ်မင်းသည်ပြည်တော်ကိုလွမ်းဆွတ် တော်မူသဖြင့်``ငါ့အားဗက်လင်မြို့တံခါး အနီးရှိရေတွင်းမှသောက်ရေတစ်ပေါက် လောက်ယူဆောင်ပေးမည့်သူရှိလျှင် အဘယ် မျှကောင်းလိမ့်မည်နည်း'' ဟုတောင့်တပြော ဆိုတော်မူ၏။-
18 Les trois hommes traversèrent l'armée des Philistins, puisèrent de l'eau dans le puits de Bethléem, près de la porte, la prirent et l'apportèrent à David. David ne voulut pas en boire, mais il la versa à Yahvé,
၁၈ထိုအခါနာမည်ကျော်သူရဲကောင်းသုံး ယောက်တို့သည် ဖိလိတ္တိအမျိုးသားတပ်စခန်း ကိုဖောက်ထွင်းပြီးလျှင်ရေတွင်းမှရေအနည်း ငယ်ကိုခပ်ယူ၍ဒါဝိဒ်မင်းထံယူဆောင်ခဲ့ ကြ၏။ သို့ရာတွင်မင်းကြီးသည်ထိုရေကို သောက်တော်မမူလို။ ယင်းကိုသောက်မည့် အစားထာဝရဘုရားအားပူဇော်သည့် အနေဖြင့်သွန်းလောင်းလေ၏။-
19 et dit: « Mon Dieu me défend de faire cela! Boirais-je le sang de ces hommes qui ont mis leur vie en péril? ». Car ils avaient risqué leur vie pour l'apporter. Il n'a donc pas voulu le boire. Les trois hommes forts firent ces choses.
၁၉ထို့နောက်မင်းကြီးက``ငါသည်ဤရေကို အဘယ်နည်းနှင့်မျှမသောက်နိုင်၊ သက်စွန့် ကြိုးပမ်းအမှုတော်ထမ်းကြသူတို့၏ သွေးကိုသောက်သည်နှင့်တူလိမ့်မည်'' ဟု မိန့်တော်မူလျက်ထိုရေကိုမသောက်ဘဲ နေတော်မူ၏။ ဤကားနာမည်ကျော်သူရဲ ကောင်းသုံးယောက်တို့၏စွန့်စားခန်းတစ် ရပ်ဖြစ်သတည်း။
20 Abishaï, frère de Joab, était le chef des trois, car il leva sa lance contre trois cents personnes et les tua, et il eut un nom parmi les trois.
၂၀ယွာဘ၏ညီအဘိရှဲသည်နာမည်ကျော် ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်ဖြစ်၏။ သူ သည်လူသုံးရာကိုလှံနှင့်ထိုးသတ်တိုက် ခိုက်ခဲ့သဖြင့်ရဲဘော်သုံးကျိပ်တို့တွင် နာမည်ကြီး၍လာ၏။-
21 Parmi les trois, il était plus honorable que les deux autres, et il fut fait leur chef; cependant il n'était pas compris dans les trois.
၂၁သူသည်ရဲဘော်သုံးကျိပ်တို့တွင်နာမည် အကြီးဆုံးဖြစ်၍ သူတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သို့ရာတွင်သူရဲကောင်း သုံးယောက်လောက်နာမည်မကြီးချေ။
22 Benaja, fils de Jehoiada, fils d'un homme vaillant de Kabzeel, qui avait fait des exploits, tua les deux fils d'Ariel de Moab. Il descendit aussi et tua un lion au milieu d'une fosse, un jour de neige.
၂၂ကပ်ဇေလမြို့မှယောယဒ၏သားဗေနာယ သည် နာမည်ကျော်စစ်သူရဲတစ်ဦးဖြစ်၏။ သူ သည်ရဲဝံ့စွန့်စားမှုအမြောက်အများကို ပြုခဲ့၏။ ယင်းအမှုတို့တွင်အလွန်ကြီးမား သောမောဘအမျိုးသားနှစ်ယောက်ကိုသတ် သောကိစ္စလည်းပါ၏။ အခါတစ်ပါးကသူ သည်မိုးပွင့်ကျသည့်နေ့တစ်နေ့၌သားရဲ တွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။-
23 Il tua un Égyptien, un homme de haute stature, haut de cinq coudées. Il descendit vers lui avec un bâton, arracha la lance de la main de l'Égyptien et le tua avec sa propre lance.
၂၃အလွန်ကြီးမားသောလှံကိုဆောင်ထားသူ အမြင့်ခုနစ်ပေခွဲရှိ အီဂျစ်အမျိုးသား ကြီးတစ်ယောက်ကိုလည်းသတ်ခဲ့၏။ ဗေနာယ သည်တင်းပုတ်ဖြင့်တိုက်ခိုက်ကာသူ၏လက် မှလှံကြီးကိုလုယူလိုက်၏။ ထို့နောက်ထို လှံဖြင့်ပင်လျှင်သူ၏အားအဆုံးစီရင် လေတော့သည်။-
24 Benaja, fils de Jehojada, fit ces choses et eut un nom parmi les trois vaillants hommes.
၂၄ဤအမှုများသည်ရဲဘော်သုံးကျိပ်တွင် ပါဝင်သူ ဗေနာယ၏စွန့်စားခန်းများ ဖြစ်လေသည်။-
25 Voici, il était plus honorable que les trente, mais il n'atteignait pas les trois, et David le plaça à la tête de sa garde.
၂၅သူသည်ရဲဘော်သုံးကျိပ်တို့တွင်ထူးချွန် သူဖြစ်သော်လည်း သူရဲကောင်းသုံးယောက် လောက်နာမည်မကြီးချေ။ ဒါဝိဒ်မင်းသည် သူ့အားကိုယ်ရံတော်တပ်မှူးအဖြစ်ဖြင့် ခန့်အပ်တော်မူ၏။
26 Parmi les vaillants soldats, il y avait aussi Asaël, frère de Joab, Elhanan, fils de Dodo, de Bethléhem,
၂၆ထူးချွန်သောအခြားစစ်သူရဲများစာရင်း မှာအောက်ပါအတိုင်းဖြစ်သည်။ ယွာဘ၏ညီ၊အာသဟေလ။ ဗက်လင်မြို့သား၊ဒေါဒေါ၏သားဧလဟာနန်။ ဟေရောဒိမြို့သား၊ရှမ္မ။ ဖာလတိမြို့သားဟေလက်။ တေကောမြို့သားဣကေရှ၏သားဣရ။ အနေသောသိမြို့သားအဗျေဇာ။ ဟုရှသိမြို့သားသိဗေကဲ။ အဟောဟိမြို့သားဣလဲ။ နေတောဖာသိမြို့သားမဟာရဲ၊ နေတောဖာသိမြို့သားဗာန၏သား ဟေလက်။ ဗင်္ယာမိန်ပြည်ဂိဗာမြို့သားရိဘဲ၏သားဣတ္တဲ။ ပိရသောနိမြို့သားဗေနာယ။ ဂါရှမြို့အနီးချိုင့်ဝှမ်းများမှဟုရဲ။ အာဗသိမြို့သားအဗျေလ။ ဗာဟုမိမြို့သားအာဇမာဝက်။ ရှာလဗောနိမြို့သားဧလျာဘ။ ဂိဇောနိမြို့သားယာရှင်။ ဟာရာမြို့သားရှာဂဲ၏သားယောနသန်။ ဟာရာမြို့သားစာကာရ၏သားအဟိအံ။ ဥရ၏သားဧလိဖလ။ မေခေရသိမြို့သားဟေဖာ။ ပေလောနိမြို့သားအဟိယ။ ကရမေလမြို့သားဟေဇရဲ။ ဧဇပဲ၏သားနာရဲ။ နာသန်၏ညီယောလ။ ဟဂ္ဂေ၏သားမိဗဟာ။ အမ္မုန်မြို့သားဇေလက်။ ယွာဘ၏လက်နက်ကိုင်ဆောင်သူ ဗေရောသိမြို့သားနဟာရဲ။ ဣသရိမြို့သားဣရနှင့်ဂါရက်။ ဟိတ္တိလူမျိုးဥရိယ။ အာလဲ၏သားဇာဗဒ်။ ရှိဇ၏သားအဒိန(သူသည်ရုဗင်အနွယ်မှ ဦးစီးခေါင်းဆောင်တစ်ဦးဖြစ်၍ လူသုံးကျိပ်ရှိ တပ်စိပ်တစ်စိပ်အုပ်ချုပ်ရသူဖြစ်၏။) မာခါ၏သားဟာနန်။ မိသနိမြို့သားယောရှဖတ်။ အာရှတယောသိမြို့သားသြဇိ။ အာရော်မြို့မှဟောသန်၏သားများဖြစ် ကြသော ရှာမနှင့်ယေဟေလ။ တိဇိမြို့သားရှိမရိ၏သားများဖြစ်ကြသော ယေဒျေလနှင့်ယောဟ။ မဟာဝိမြို့သားဧလျေလ။ ဧလနန်၏သားများဖြစ်ကြသော ယေရိဗဲနှင့်ယောရှဝိ၊မောဘမြို့သားဣသမ။ မေဇောဗိတ်မြို့သားဧလျေလ၊သြဗက်နှင့် ယာသေလတို့ဖြစ်ကြ၏။
27 Schammoth, de Haror, Hélez, de Pelon,
၂၇
28 Ira, fils d'Ikkesh, de Teko, Abiézer, d'Anathoth,
၂၈
29 Sibbecaï, de Huschath, Ilaï, d'Ahoh,
၂၉
30 Maharaï, de Netophath, Héled, fils de Baana, de Netophath,
၃၀
31 Ithaï, fils de Ribaï, de Guibea, des fils de Benjamin, Benaja, le Pirathonien,
၃၁
32 Huraï, des ruisseaux de Gaash, Abiel, l'Arbathien,
၃၂
33 Azmaveth, le Baharumite, Eliahba, le Shaalbonite,
၃၃
34 les fils de Hachem, le Gizonite, Jonathan, fils de Schagee, le Hararien,
၃၄
35 Ahiam, fils de Sacar, le Hararien, Eliphal, fils d'Ur,
၃၅
36 Hépher, le Méchathien, Achija, le Pélonite,
၃၆
37 Hezro, le Carmélite, Naaraï, fils d'Ezbaï,
၃၇
38 Joël, frère de Nathan, Mibhar, fils de Hagri,
၃၈
39 Zelek, l'Ammonite, Naharaï, le Berothite, porteur d'armes de Joab, fils de Tseruja,
၃၉
40 Ira, l'Ithrite, Gareb, l'Ithrite,
၄၀
41 Urie, le Hittite, Zabad, fils d'Ahlaï,
၄၁
42 Adina, fils de Schiza, le Rubénite, chef des Rubénites, et trente avec lui,
၄၂
43 Hanan, fils de Maaca, Josaphat, le Mithnite,
၄၃
44 Uzzia, l'Asterathite, Shama et Jeiel, fils d'Hotham, l'Aroérite,
၄၄
45 Jediaël, fils de Shimri, et Joha, son frère, le Tizite,
၄၅
46 Éliel, le Mahavite, Jeribaï, et Joschavia, fils d'Elnaam, et Ithma, le Moabite,
၄၆
47 Éliel, Obed, et Jaasiel, le Mézobaite.
၄၇