< Sakarjan 4 >
1 Ja Herran enkeli, joka puhutteli minua, palasi ja herätti minut, niinkuin joku herätetään unestansa.
၁ငါနှင့်စကားပြောဆိုနေခဲ့သည့်ကောင်းကင် တမန်သည် တစ်ဖန်လာ၍အိပ်ပျော်သူကို နှိုးသကဲ့သို့ငါ့ကိုနှိုးပြီးလျှင်၊-
2 Ja hän sanoi minulle: "Mitä sinä näet?" Minä vastasin: "Minä näen, katso: lampunjalka, kokonansa kultaa, ja sen yläpuolella sen öljyastia, ja lampunjalassa sen seitsemän lamppua, ja seitsemän öljyputkea lamppuihin, jotka ovat siinä ylimpänä.
၂``အဘယ်အရာကိုသင်မြင်ပါသနည်း'' ဟုမေး၏။ ငါကလည်း``ရွှေမီးတင်ခုံတစ်ခု ကိုမြင်ပါသည်။ မီးတင်ခုံတိုင်ထိပ်တွင်ဆီ ခွက်တစ်ခုရှိပါသည်။ မီးတင်ခုံပေါ်တွင် မီးစာခုနစ်စစီရှိသောမီးခွက်ခုနစ်လုံး ရှိပါသည်။-
3 Ja kaksi öljypuuta sen ääressä, toinen öljyastian oikealla, toinen vasemmalla puolella."
၃မီးတင်ခုံ၏နံဘေးတစ်ဖက်တစ်ချက်တွင် သံလွင်ပင်တစ်ပင်စီရှိပါသည်'' ဟုဖြေ ကြားလိုက်လေသည်။-
4 Minä lausuin ja sanoin näin enkelille, joka puhutteli minua: "Mitä nämä ovat, Herra?"
၄ထိုနောက်ငါသည်ကောင်းကင်တမန်အား၊ အရှင် ဤအရာတို့သည်အဘယ်အဖြစ်အပျက် များကိုသရုပ်ဆောင်ပါသနည်း'' ဟုမေး၏။
5 Niin enkeli, joka puhutteli minua, vastasi ja sanoi minulle: "Etkö tiedä, mitä ne ovat?" Minä sanoin: "En, Herra".
၅ကောင်းကင်တမန်က``သင်မသိပါသလော'' ဟုဆိုလျှင် ငါကလည်း``အရှင်အကျွန်ုပ်မ သိပါ'' ဟုပြန်လည်ဖြေကြားလိုက်၏။
6 Ja hän lausui ja sanoi minulle näin: "Tämä on Herran sana Serubbaabelille, näin kuuluva: Ei sotaväellä eikä voimalla, vaan minun Hengelläni, sanoo Herra Sebaot.
၆ကောင်းကင်တမန်ကငါ့အား``သင်သည်ဇေရုဗ ဗေလသို့ထာဝရဘုရားပေးတော်မူသည့်ဤ ဗျာဒိတ်တော်ကိုပြန်ကြားလော့။ ကိုယ်တော်က သူ့အား`သင်သည်မိမိ၏တန်ခိုးစွမ်းရည်အား ဖြင့်သော်လည်းကောင်း၊ စစ်သည်ဗိုလ်ခြေအင်အား အားဖြင့်သော်လည်းကောင်းဤအမှုကိုပြု လိမ့်မည်မဟုတ်။ ငါ၏ဝိညာဉ်တော်တန်ခိုး တော်အားဖြင့်သာလျှင်ပြုနိုင်လိမ့်မည်'' ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော် မူ၏။-
7 Mikä olet sinä, suuri vuori, Serubbaabelin edessä? Lakeudeksi sinä! Hän on paneva paikoillensa huippukiven huutojen kaikuessa: "Suosio, suosio sille!"
၇တောင်များသဖွယ်ကြီးမားသည့်အခက် အခဲတို့သည်သင်၏ရှေ့မှကွယ်ပျောက်သွား လိမ့်မည်။ သင်သည်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ရလိမ့်မည်။ တိုက်ထောင့်အထွတ် ကျောက်ကိုအပြီးသတ်တပ်ဆင်လိုက်သော အခါ ပြည်သူတို့က`တင့်တယ်လှပါပေသည်၊ တင့်တယ်လှပါပေသည်' ဟုကြွေးကြော် ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။''
8 Ja minulle tuli tämä Herran sana:
၈ထာဝရဘုရားထံတော်မှအခြားနှုတ် ကပတ်တော်တစ်ပါးသည် ငါ၏ထံတော် သို့ရောက်ရှိလာပြန်၏။-
9 "Serubbaabelin kädet ovat tämän temppelin perustaneet, ja hänen kätensä sen valmiiksi saattavat. Ja sinä tulet tietämään, että Herra Sebaot on lähettänyt minut teidän luoksenne.
၉ကိုယ်တော်က၊``ဇေရုဗဗေလသည်ဗိမာန် တော်အုတ်မြစ်ကိုချထားပြီးလေပြီ။ သူ သည်ထိုအဆောက်အဦးကိုလက်စသတ် ရပေလိမ့်မည်။ ယင်းသို့လက်စသတ်သော အခါ၌ငါ၏လူမျိုးတော်သည် မိမိတို့ ထံသို့သင့်ကိုစေလွှတ်ခဲ့သူမှာ အနန္တတန်ခိုး ရှင်ငါထာဝရဘုရားပင်ဖြစ်ကြောင်းသိရှိ ကြလိမ့်မည်။-
10 Sillä kuka pitää halpana pienten alkujen päivän, kun nuo seitsemän Herran silmää, jotka tarkastavat koko maata, iloitsevat nähdessään luotilangan Serubbaabelin kädessä?"
၁၀သူသည်ဗိမာန်တော်ဆောက်လုပ်ရာတွင် တိုး တက်မှုနှေးကွေးသည့်အတွက်စိတ်ပျက်ကြ သော်လည်း ဗိမာန်တော်ကိုဇေရုဗဗေလသည် ချိန်ကြိုးကိုင်လျက် ဆက်လက်တည်ဆောက်လျက် နေကြောင်းကိုတွေ့မြင်ရသောအခါ၌မူ ဝမ်းမြောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ကောင်းကင်တမန်ကငါ့အား``မီးခွက်ခုနစ် ခုသည်ကမ္ဘာမြေကြီးတစ်ခုလုံးကိုတွေ့ မြင်နိုင်သော ထာဝရဘုရား၏မျက်စိ ခုနစ်လုံးဖြစ်၏'' ဟုပြော၏။
11 Ja minä lausuin ja sanoin hänelle: "Mitä ovat nämä kaksi öljypuuta lampunjalan oikealla ja vasemmalla puolella?"
၁၁ထိုအခါငါသည်သူ့အား``မီးတင်ခုံ၏ တစ်ဖက်တစ်ချက်တွင်ရှိသောသံလွင်ပင် နှစ်ပင်၏အနက်အဋ္ဌိပ္ပါယ်ကားအဘယ် သို့နည်း။-
12 Sitten minä toistamiseen lausuin ja sanoin hänelle: "Mitä ovat nuo kaksi öljypuun terttua kahden kultaisen putken kohdalla, jotka vuodattavat sisästänsä öljynkultaa?"
၁၂သံလွင်ဆီများကျဆင်းရာရွှေပြွန်နှစ်လုံး ၏နံဘေးတွင်ရှိသောသံလွင်ခက်နှစ်ခု၏ အနက်အဋ္ဌိပ္ပါယ်မှာလည်းအဘယ်နည်း'' ဟု မေး၏။
13 Niin hän sanoi minulle näin: "Etkö tiedä, mitä ne ovat?" Minä vastasin: "En, Herra".
၁၃သူကငါ့အား``သင်မသိပါသလော'' ဟု ဆိုလျှင်၊ ငါကလည်း`အရှင်အကျွန်ုပ်မသိပါ' ဟု ပြန်လည်ဖြေကြားလိုက်၏။
14 Hän sanoi: "Nämä ovat ne molemmat öljyllä voidellut, jotka seisovat kaiken maan Herran edessä".
၁၄ထိုအခါကောင်းကင်တမန်က``ဤအရာ တို့သည်ကမ္ဘာမြေပြင်တစ်ခုလုံးကိုအစိုး ရသောအရှင်၊ ဘုရားသခင်၏အမှုတော် ကိုထမ်းဆောင်ရန်ကိုယ်တော်ရွေးချယ်ဘိသိက် ပေးတော်မူသောသူနှစ်ဦးဖြစ်၏'' ဟုဆို လေသည်။