< Ilmestys 15 >
1 Ja minä näin toisen tunnusmerkin taivaassa, suuren ja ihmeellisen: seitsemän enkeliä, joilla oli seitsemän viimeistä vitsausta, sillä niissä Jumalan viha täyttyy.
၁တဖန်တုံ၊ ဘုရားသခင်၏အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါးတည်းဟူသော၊ ကောင်းကင်၌ အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကို ငါမြင်ရ၏။
2 Ja minä näin ikäänkuin lasisen meren, tulella sekoitetun, ja niiden, jotka olivat saaneet voiton pedosta ja sen kuvasta ja sen nimen luvusta, seisovan sillä lasisella merellä, ja heillä oli Jumalan kanteleet.
၂မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်၎င်း၊ သူ၏ရုပ်တုနှင့်၎င်း၊ သူ၏နာမအရေအတွက်နှင့်၎င်း၊ လွတ်၍ အောင်မြင်သော သူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။
3 Ja he veisasivat Mooseksen, Jumalan palvelijan, virttä ja Karitsan virttä, sanoen: "Suuret ja ihmeelliset ovat sinun tekosi, Herra Jumala, Kaikkivaltias; vanhurskaat ja totiset ovat sinun tiesi, sinä kansojen kuningas.
၃ထိုသူတို့သည် ဘုရားသခင်၏ ကျွန်မောရှေ၏ သီချင်းနှင့်သိုးသငယ်၏သီချင်းကိုသီ၍၊ အနန္တတန်ခိုး နှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩ ဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။
4 Kuka ei pelkäisi, Herra, ja ylistäisi sinun nimeäsi? Sillä sinä yksin olet Pyhä; sillä kaikki kansat tulevat ja kumartavat sinua, koska sinun vanhurskaat tuomiosi ovat julki tulleet."
၄အိုထာဝရဘုရား၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှား သည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည်လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။
5 Ja sen jälkeen minä näin: todistuksen majan temppeli taivaassa avattiin;
၅ထိုနောက် ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ။
6 ja ne seitsemän enkeliä, joilla oli ne seitsemän vitsausta, lähtivät temppelistä, puettuina puhtaisiin, hohtaviin pellavavaatteisiin ja rinnoilta vyötettyinä kultaisilla vöillä.
၆ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန် အဝတ်ကို ဝတ်လျက် ၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။
7 Ja yksi niistä neljästä olennosta antoi niille seitsemälle enkelille seitsemän kultaista maljaa, täynnä Jumalan vihaa, hänen, joka elää aina ja iankaikkisesti. (aiōn )
၇သတ္တဝါလေးပါးတွင် တပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက် တော်နှင့် ပြည့်သောရွှေဖလား ခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အားပေး၏။ (aiōn )
8 Ja temppeli tuli savua täyteen Jumalan kirkkaudesta ja hänen voimastansa, eikä kukaan voinut mennä sisälle temppeliin, ennenkuin niiden seitsemän enkelin seitsemän vitsausta oli käynyt täytäntöön.
၈ဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်တော် ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်၍ ကောင်းကင် တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မှီတိုင်အောင် ဗိမာန်တော်ထဲသို့ အဘယ်သူမျှ မဝင်နိုင်။