< Psalmien 115 >
1 Älä meille, Herra, älä meille, vaan omalle nimellesi anna kunnia armosi ja totuutesi tähden.
၁အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ ကိုယ်တော်၏နာမ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေ သတည်း။
2 Miksi pakanat saisivat sanoa: "Missä on heidän Jumalansa?"
၂သူတို့၏ ဘုရားသခင်သည် အဘယ်မှာရှိ သနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း။
3 Meidän Jumalamme on taivaissa; mitä ikinä hän tahtoo, sen hän tekee.
၃ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။
4 Mutta heidän epäjumalansa ovat hopeata ja kultaa, ihmiskätten tekoa.
၄သူတို့၏ရုပ်တုများမူကား ငွေလည်းဖြစ်၏။ ရွှေလည်း ဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။
5 Niillä on suu, mutta eivät ne puhu, niillä on silmät, mutta eivät näe.
၅ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။
6 Niillä on korvat, mutta eivät kuule, niillä on nenä, mutta eivät hajua tunne.
၆နားရှိ၍မကြားတတ်။ နှာခေါင်းရှိ၍မနမ်းတတ်။
7 Niiden kädet eivät koske, niiden jalat eivät astu, ei tule ääntä niiden kurkusta.
၇လက်ရှိ၍ မကိုင်တတ်။ ခြေရှိ၍မသွားတတ်။ သူတို့လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား။
8 Niiden kaltaisia ovat niiden tekijät ja kaikki, jotka turvaavat niihin.
၈လုပ်သောသူတို့လည်း အတူတူပါတကား။
9 Israel, turvaa Herraan-hän on heidän apunsa ja kilpensä.
၉အို ဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစား လော့။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသော သူ၊ ကွယ်ကာသောသူဖြစ်တော်မူ၏။
10 Te, Aaronin suku, turvatkaa Herraan-hän on heidän apunsa ja kilpensä.
၁၀အိုအာရုန်အမျိုးအနွယ်၊ ထာဝရဘုရားကို ကိုးစားလော့။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။
11 Te, Herraa pelkääväiset, turvatkaa Herraan-hän on heidän apunsa ja kilpensä.
၁၁ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထိုဘုရားကို ကိုးစားကြလော့။ ထာဝရဘုရားသည် ထိုသို့ သော သူတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော် မူ၏။
12 Herra muistaa meitä ja siunaa, hän siunaa Israelin sukua, hän siunaa Aaronin sukua,
၁၂ထာဝရဘုရားသည် ငါတို့ကို အောက်မေ့တော် မူ၏။ ကောင်းကြီးပေးတော်မူမည်။ ဣသရေလအမျိုးကို ကောင်းကြီးပေးတော်မူမည်။ အာရုန်အမျိုးအနွယ်ကို ကောင်းကြီးပေးတော်မူမည်။
13 hän siunaa niitä, jotka Herraa pelkäävät, niin pieniä kuin suuriakin.
၁၃ထာဝရဘုရားကို ကြောက်ရွံ့သောသူ အကြီး အငယ်တို့ကို ကောင်းကြီးပေးတော်မူမည်။
14 Herra lisätköön teitä, sekä teitä että teidän lapsianne.
၁၄ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ သားမြေးတို့၌ မင်္ဂလာကို တိုးပွားစေတော်မူမည်။
15 Te olette Herran siunatut, hänen, joka on tehnyt taivaan ja maan.
၁၅သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန် ဆင်းသော ထာဝရဘုရား ကောင်းကြီးပေးတော်မူသော သူ ဖြစ်ကြ၏။
16 Taivas on Herran taivas, mutta maan hän on antanut ihmisten lapsille.
၁၆ကောင်းကင်ကား၊ ထာဝရဘုရား၏ ကောင်း ကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော် မူပြီ။
17 Eivät kuolleet ylistä Herraa, ei kukaan hiljaisuuteen astuneista.
၁၇သေလွန်သောသူ၊ ငြိမ်းရာထဲသို့ ဆင်းသောသူ ရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်းရကြ။
18 Mutta me, me kiitämme Herraa, nyt ja iankaikkisesti. Halleluja!
၁၈ငါတို့မူကား၊ ထာဝရဘုရားကို ယခုမှစ၍ အစဉ် အဆက် ကောင်းကြီးပေးကြလေအံ့သတည်း။ ဟာလေ လုယ။